< Hopa 9 >

1 Na ka whakahoki a Hopa, ka mea,
ယောဘပြန်၍ မြွက်ဆိုသည်ကား၊
2 E mohiotia ana ano tenei e ahau; engari ma te aha ka tika ai te tangata ki te Atua?
မှန်ပါ၏။ ထိုစကားမှန်ကြောင်းကိုငါသိ၏။ သို့သော်လည်း လူသည်ဘုရားသခင့်ရှေ့တော်၌ အဘယ် သို့ဖြောင့်မတ်ရာသို့ ရောက်နိုင်သနည်း။
3 Ki te pai ia ki te totohe ki a ia, kahore he kupu kotahi o roto i te mano e taea e ia te whakahoki ki a ia.
ဘုရားသခင်သည် အပြစ်တင်ခြင်းငှါ အလိုတော်ရှိလျှင်၊ လူသည်အပြစ်တထောင်တွင် တခုမျှ မဖြေနိုင်။
4 He ngakau mohio ia, he pakari tona kaha: ko wai e whakauaua ki a ia, a e whiwhi i te pai?
ဘုရားသခင်သည်ထူးဆန်းသောဥာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။
5 E nekehia ana e ia nga maunga, te mohio ratou; hurihia ake e ia i a ia e riri ana.
ဘုရားသခင်သည် တောင်တို့ကို အမှတ်တမဲ့ ရွှေ့တော်မူ၏။ အမျက်ထွက်၍ မှောက်လှန်တော်မူ၏။
6 E whakangaueuetia ana e ia te whenua, e nekehia atu ana i tona wahi, wiri ana ona pou.
မြေကြီးကိုရွေ့စေခြင်းငှါ တွန်းတော်မူ၍၊ မြေတိုင်းတို့သည် တုန်လှုပ်ကြ၏။
7 E korero nei ki te ra, a kore ake e whiti; hiritia putia iho e ia nga whetu.
နေကိုမှာထားတော်မူ၍ သူသည်မထွက်ရ။ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ၏။
8 Ko ia nei anake hei hora i nga rangi, hei takahi i runga i nga ngaru o te moana.
မိုဃ်းကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်မိုးတော်မူ၏။ သမုဒ္ဒရာလှိုင်းတံပိုးကို နင်းတော်မူ၏။
9 Nana nei i hanga a Aketura, a Tautoru, a Matariki, me nga ruma i te tonga.
အာရှကြယ်၊ ခသိလကြယ်၊ ခိမကြယ်စုမှစ၍ တောင်မျက်နှာ ကြယ်တိုက်တို့ကို ဖန်ဆင်းတော်မူ၏။
10 Nana nei i mahi nga mea nunui, e kore nei e taea te rapu atu, ae ra nga mea whakamiharo, e kore nei e taea te tatau.
၁၀စစ်၍မသိနိုင်အောင် အလွန်ကြီးသောအမှု၊ မရေတွက်နိုင်အောင်များ၍ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူ၏။
11 Ina tonu ia e haere atu nei, a kahore ahau i kite; ka pahemo atu hoki ia, a kahore ahau e matau ki a ia.
၁၁ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ ရှောက်ဘွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ။
12 Nana, ka hopu ia i tana i aru ai, ma wai ia e arai? Ko wai hei ki atu ki a ia, E aha ana koe?
၁၂သိမ်းယူတော်မူသောအခါ အဘယ်သူသည် ဆီးတားနိုင်သနည်း။ ကိုယ်တော်သည်အဘယ်သို့ ပြုသနည်းဟု အဘယ်သူဆိုဝံ့သနည်း။
13 E kore te Atua e whakahoki iho i tona riri; e piko ana ki raro i a ia nga kaiawhina o Rahapa.
၁၃ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင်၊ မာနကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချ ခြင်းကို ခံရကြ၏။
14 A kia whakahoki kupu ano ahau ki a ia, kia whiriwhiri kupu ano maku ki a ia?
၁၄ထိုမျှမက ငါသည်အဘယ်သို့ ပြန်လျှောက်ရအံ့နည်း။ ရှေ့တော်၌ အဘယ်သို့သောစကားကို ရွေး၍ လျှောက်ရအံ့နည်း။
15 Ahakoa he tika ahau, e kore ahau e whakahoki kupu atu; engari ka inoi ahau ki toku kaiwhakawa.
၁၅ငါသည် ဖြောင့်မတ်သော်လည်း ပြန်၍ မလျှောက်ဝံ့ဘဲ၊ တရားမှုကို ဆုံးဖြတ်တော်မူသော အရှင်ကို တောင်းပန်ရုံမျှသာပြုရ၏။
16 Me i karanga atu ahau, a whakahokia mai ai e ia te kupu ki ahau, kihai ahau i whakaae tera kua whakarongo mai ia ki toku reo.
၁၆ငါခေါ်၍ အရှင်သည်ထူးတော်မူသော်လည်း၊ ငါ့စကားကို နားထောင်တော်မူမည်ဟု ငါမယုံနိုင်။
17 E aki ana hoki ia ia ahau ki te tupuhi, e whakanui takekore ana hoki i oku mate.
၁၇အကြောင်းမူကား၊ မိုဃ်းသက်မုန်တိုင်းဖြင့် ငါ့ကို ညှဉ်းဆဲ၍၊ အကြောင်းမရှိဘဲငါ၌ အနာတို့ကို များပြား စေတော်မူ၏။
18 Kahore ahau e tukua e ia kia ta toku manawa; otiia whakakiia ana e ia toku wairua ki te kawa.
၁၈ငါ့ကို အသက်ရူရသောအခွင့်မပေး။ ခါးစွာသော ဝေဒနာနှင့် ပြည့်စုံတော်မူ၏။
19 Ki te korero tatou mo te kaha o te hunga pakari, nana, kei reira ia! A ki te mea he whakawa, ko wai ra hei whakatakoto i te taima moku?
၁၉တန်ခိုးကိုအမှီပြုမည်ဆိုသော်၊ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ တရားကိုအမှီပြုမည်ဆိုပြန် သော်၊ အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း။
20 Ahakoa he tika ahau, ma toku mangai ano ahau e whakahe; ahakoa he tikanga tapatahi taku, ma reira ano e whakaatu toku ngaunga ketanga.
၂၀ကိုယ်အပြစ်ကို ပြေစေခြင်းငှါပြုလျှင်၊ ကိုယ်စကားအားဖြင့် တရားရှုံးလိမ့်မည်။ ငါသည် စုံလင်ပြီဟု ဆိုပြန်လျှင်၊ ငါ့သဘောကောက်ကြောင်း ထင်ရှားလိမ့် မည်။
21 He tapatahi ahau; kahore ahau e whakaaro ki ahau ano; e whakahawea ana ahau ki toku ora.
၂၁တဖန်စုံလင်သော်လည်း၊ ကိုယ်စိတ်သဘောကို ကိုယ်မသိရ။ ကိုယ်အသက်ကို ပမာဏမပြုရ။
22 He kotahi tonu ena; koia ahau ka mea, e whakamotitia ana e ia te tapatahi raua ko te kino.
၂၂ငါပြောအံ့သောစကားတချက်ဟူမူကား၊ ဘုရားသခင်သည် စုံလင်သောသူတို့ကို၎င်း၊ ဆိုးညစ်သော သူတို့ကို၎င်း ဖျက်ဆီးတော်မူတတ်၏။
23 Na ka whakamate tata nei te whiu, he kata tana ki te whakamatautauranga o te hunga harakore.
၂၃ချက်ခြင်းဘေးတစုံတခု ရောက်သောအခါ၊ အပြစ်မရှိသောသူခံရသည်အကြောင်းကို ရယ်တော်မူ၏။
24 Kua hoatu te whenua ki te ringa o te tangata kino; e taupokina ana e ia nga mata o nga kaiwhakawa; ki te mea ehara i a ia, tena ko wai?
၂၄မြေကြီးကိုလူဆိုးတို့ လက်၌အပ်၍၊ တရားသူကြီးတို့၏ မျက်နှာကို ဖျက်တော်မူ၏။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကားအဘယ်သူနည်း။
25 Na, ko te hohoro o oku ra, nui atu i to te kaikawe pukapuka; e rere ana, kahore hoki e kite i te pai.
၂၅တမြို့မှတမြို့သို့ စာပို့သောလုလင်ထက်၊ ငါ့နေ့ ရက်တို့သည် လျင်မြန်၍၊ ကောင်ကျိုးကိုမခံရဘဲ ပြေးတတ် ကြ၏။
26 Kua pahemo, kua pera me nga kaipuke tere, me te ekara ano e topa iho ana ki tana kai.
၂၆လျင်မြန်သော သင်္ဘောကဲ့သို့၎င်း၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့၎င်း၊ လွန်သွားတတ်ကြ ၏။
27 Ki te mea ahau, ka wareware ahau ki taku tangi, ka unuhia atu e ahau te pouri o toku mata, a ka marama:
၂၇ငါသည်မြည်တမ်းသော စကားကိုဖြတ်၍၊ ရွှင်လန်းသောမျက်နှာကိုဆောင်လျက်၊ ရဲရင့်ခြင်းသို့ ရောက်မည်ဟု ငါဆိုသော်လည်း၊
28 E wehi ana ahau i oku mamae katoa, e mohio ana ahau e kore ahau e meinga e koe he harakore.
၂၈ငါခံရသော ဒုက္ခဝေဒနာများသောကြောင့်၊ ကြောက်သောသဘောရှိ၏။ အပြစ်လွှတ်စေဟု ငါ၌စီရင်တော် မမူကြောင်းကို ငါသိ၏။
29 Tera hoki ahau e whakahengia; he aha ahau i whakangenge kau ai i ahau?
၂၉ငါသည် အပြစ်သင့်ရောက်သည်ဖြစ်၍၊ အဘယ်ကြောင့် အချည်းနှီးကြိုးစားရမည်နည်း။
30 Ki te horoi ahau i ahau ki te hukarere, a ka meinga oku ringa kia ma rawa;
၃၀ငါ့ကိုယ်ကို မိုဃ်းပွင့်ရေနှင့်ဆေး၍၊ ငါ့လက်ကို ရှင်းရှင်းစင်ကြယ်စေသော်လည်း၊
31 Katahi ahau ka rumakina e koe ki te poka, a whakarihariha mai ana oku kakahu ki ahau.
၃၁ရွှံ့ထဲသို့ တွန်းချတော်မူ၍၊ ငါ့အဝတ်ပင် ငါ့ကိုယ် ကိုရွံလိမ့်မည်။
32 Ehara hoki ia i te tangata, i te penei me ahau nei, e whakahoki kupu ai ahau ki a ia, e haere tahi ai maua ki te whakawa.
၃၂ငါသည် ဘုရားသခင်၏စကားကို တဦးနှင့်တဦး တရားတွေ့နိုင်မည်အကြောင်း၊ ဘုရားသခင်သည် ငါကဲ့သို့ လူဖြစ်တော်မူသည်မဟုတ်။
33 Kahore he kaiwhakatikatika mo ta maua, kahore he tangata hei whakapa i tona ringa ki a maua tahi.
၃၃ငါတို့နှစ်ဦးကို ဆီးတားပိုင်သော စပ်ကြားနေ အမှုစောင့်မရှိ။
34 Me tango atu e ia tana patu i ahau, a kaua hoki tana whakamataku e whakawehi i ahau:
၃၄ငါ့ကိုဒဏ်ခတ်တော်မမူပါစေနှင့်။ ပြုတော်မူသော ဘေးကြောင့် ငါမကြောက်ပါစေနှင့်။
35 Hei reira ahau ka korero, a kahore e wehi i a ia; kahore hoki ahau e pera i roto i ahau.
၃၅သို့ဖြစ်လျှင်၊ ငါသည်မကြောက်ဘဲပြောရသော အခွင့်ရှိလိမ့်မည်။ ယခုမူကား၊ ပြောရသောအခွင့်ကိုမရ။

< Hopa 9 >