< Hopa 16 >

1 Katahi a Hopa ka whakautu, ka mea,
ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
2 Ka maha nga mea pena kua rangona nei e ahau: he kaiwhakamarie haumaruru rawa koutou katoa.
ထိုသို့ သောစကားများ တို့ကို ငါကြား ဘူးပြီ။ သင် တို့ရှိသမျှ သည် နှစ်သိမ့် စေခြင်းငှါ ပြုသော်လည်း၊ ပင်ပန်း စေသောသူဖြစ် ကြပါသည်တကား။
3 E whai mutunga ranei nga kupu tikangakore? Na te aha ranei koe i whakaoho ki te whakahoki kupu mai?
အချည်းနှီး သော စကားမကုန် နိုင်သလော။ သင် သည်စကားတုံ့ပြန် ပြောခြင်းငှါ အဘယ်ကြောင့် ရဲရင့် သနည်း။
4 E taea ano e ahau te korero pena i a koutou; me i penei to koutou wairua me toku wairua, hono tonu aku kupu ki a koutou, ka ruru ano toku upoko ki a koutou.
သင် တို့ပြော သကဲ့သို့ငါ သည်လည်း ပြော နိုင်၏။ သင် တို့သည် ငါ ကဲ့သို့ဖြစ် လျှင် ၊ ငါသည်သင် တို့တစ်ဘက် က စကား များကို ပုံ၍ထားနိုင်၏။ ခေါင်း ကိုလည်း ခါ နိုင်၏။
5 E whakakaha ano ia toku mangai i a koutou, ka ai ano hoki te whakamarie a oku ngutu hei pehi i to koutou mamae.
ထိုသို့ငါသည်မပြုဘဲ၊ သင် တို့ကို ငါ့ စကား နှင့် မစ မည်။ အချည်းနှီးသောစကားကို ငါချုပ်တည်း မည်။
6 Ahakoa korero ahau, kahore toku pouri e iti iho; ki te mutu taku, ko tehea wahi o toku mamae ka taharahara iho.
ယခုမှာငါသည် ပြော သော်လည်း မ သက်သာ ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ။
7 Inaianei ano kua meinga ahau e ia kia ruha: moti iho i a koe toku whakaminenga katoa.
ဘုရားသခင်သည် ငါ့ ကိုပင်ပန်း စေတော်မူပြီ။ ငါ့ အိမ် ကို သုတ်သင် ပယ်ရှင်းတော်မူပြီ။
8 Na kua mau kita koe ki ahau, hei kaiwhakaatu i toku he: e whakatika ana mai hoki toku hirokitanga ki ahau, hei whakapuaki i toku he: e whakatika ana mai hoki toku hirokitanga ki ahau hei whakapuaki i toku he.
ငါ့ ကိုခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည်ငါ့ တစ်ဘက်က သက်သေခံ ၏။ ငါ ပိန်ကြုံ ခြင်းအရာသည် လည်း ငါ့ တစ်ဘက် ကထ ၍ မျက်နှာ ချင်းဆိုင်လျက် သက်သေခံ ၏။
9 Haehaea ana ahau e ia i a ia e riri ana, e tukino ana ia i ahau; pakiri ana ona niho ki ahau; e whakakoi mai ana toku hoariri i ona kanohi ki ahau.
အမျက် တော်သည် ငါ့ ကိုအပိုင်းပိုင်းဆွဲဖြတ် ၍ ညှဉ်းဆဲတတ်၏။ ငါ့ အပေါ် မှာ အံသွား ခဲကြိတ် ခြင်းကို ပြုတော်မူ၏။ ငါ့ ရန်သူ သည်ငါ့ ကို မျက်စောင်း ထိုး၏။
10 Hamama mai ana o ratou mangai ki ahau; whakahewea mai ana, kei te papaki ratou i toku paparinga; huihui ana ratou kia kotahi hei whawhai ki ahau.
၁၀သူတပါးတို့သည် ငါ့ ကို ပစပ် ဟ ကြ၏။ အရှက် ခွဲ၍ ပါး ကိုပုတ် ကြ၏။ ငါ့ တဘက် က တညီတညွတ် တည်းစုဝေး ကြ၏။
11 Kua tukua ahau e te Atua ki te hunga he, whakarerea putia ana ahau ki nga ringa o te hunga kino.
၁၁ဘုရား သခင်သည်ငါ့ ကို မ တရားသောသူတို့တွင် ချုပ်ထား တော်မူပြီ။ လူဆိုး တို့၏ လက် သို့ အပ် တော်မူပြီ။
12 Humarie ana taku noho, heoi kua wawahi ia i ahau; kua mau ia ki toku kaki, tatatia ake ahau kia pakaru rikiriki; whakaturia ana ahau e ia hei koperenga pere mana.
၁၂ငါသည်ငြိမ်ဝပ် လျက်နေသောအခါ ငါ့ အရိုးတို့ကို ချိုး တော်မူ၏။ လည်ပင်း ကိုကိုင် ၍ အပိုင်းပိုင်းပြတ်စေ ခြင်းငှါလှုပ် တော်မူ၏။ ငါ့ ကို ပစ်စရာစက်သွင်းတော်မူ ၏။
13 Karapotia ana ahau e ana kaikopere, motumotuhia ana e ia oku whatumanawa, kahore hoki e tohungia; ringihia ana e ia toku au ki te whenua.
၁၃မြှား တော်တို့သည် ငါ့ ကိုဝိုင်း ၍ ကရုဏာ တော် မ ရှိဘဲ၊ ငါ့ ကျောက်ကပ် ကို စူးစေတော်မူ၏။ ငါ့ သည်းခြေ အရည်ကိုမြေ ပေါ် ၌ သွန်း တော်မူ၏။
14 He mea wawahi ahau nana, he wahanga, he wahanga; ano he tangata kaha ia e rere mai ana ki runga ki ahau.
၁၄ငါ့ ကိုအထပ်ထပ်ဆွဲဖြတ်၍၊ သူရဲ ကဲ့သို့ ငါ့ ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။
15 Tuituia ana e ahau he kakahu taratara mo toku kiri, whakaititia iho e ahau toku haona ki te puehu.
၁၅ငါသည်ကိုယ် အရေ ပေါ် မှာ လျှော်တေ အဝတ်ကို ချုပ် ၍ ကိုယ် ဦးချို ကို ရွှံ့ နှင့် လူး ပြီ။
16 Paruparu noa iho toku mata i te tangihanga, kei runga i oku kamo te atarangi o te mate;
၁၆ငို ခြင်းအားဖြင့် ငါ့ မျက်နှာ ပျက်လျက်၊ ငါ့မျက်ခမ်း အပေါ် မှာ သေခြင်း အရိပ်လွှမ်းမိုးလျက် ရှိ၏။
17 Ahakoa kahore he tutu i oku ringa, a he ma taku inoi.
၁၇သို့သော်လည်းငါ့ လက် ၌ မ တရားသော အမှုမ ရှိ။ ငါပြုသော ပဌနာ သည် သန့်ရှင်း ၏။
18 Kaua, e te whenua, e hipokina oku toto, kei whai wahi tanga ano hoki taku karanga.
၁၈အိုမြေကြီး ၊ ငါ့ အသွေး ကိုဖုံး ၍ မ ထားပါနှင့်။ ငါ အော်ဟစ် ခြင်းအသံကို သင်၌မ နေ စေနှင့်။
19 Kei te rangi nei ano inaianei te kaiwhakaatu o taku, kei te wahi i runga toku kaititiro.
၁၉ဤအမှု၌ ငါ့ သက်သေ သည် ကောင်းကင် ပေါ် မှာ ရှိ၏။
20 E tawai mai ana oku hoa ki ahau, maturuturu tonu ia nga roimata o toku kanohi ki te Atua.
၂၀ငါ့သဘောကို သိသောသူသည် မြင့် သောအရပ်၌ ရှိ၏။ ငါ့ အဆွေ ခင်ပွန်းတို့သည် ငါ့ ကိုကဲ့ရဲ့ ၍၊ ငါသည် ဘုရား သခင့်ရှေ့တော်၌ မျက်ရည် ကျလျက်နေ၏။
21 Kia tohe koa ia i to te tangata tika ki te Atua, i to te tama hoki a te tangata ki tona hoa!
၂၁လူ သည် မိမိ အသိ အကျွမ်းနှင့် ဆွေးနွေး သကဲ့သို့ဘုရား သခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။
22 Kia taka mai hoki nga tau torutoru nei, ka haere ahau i te ara e kore ai ahau e hoki mai ano.
၂၂နှစ် ပေါင်းမကြာမမြင့်မှီတဖန်ပြန် ၍ မ လာရ သောလမ်း သို့ ငါလိုက်သွား ရတော့မည်။

< Hopa 16 >