< Heremaia 29 >

1 Ko nga kupu enei o te pukapuka i tukua e Heremaia poropiti i Hiruharama ki nga morehu o nga kaumatua i whakaraua atu nei, ki nga tohunga, ki nga poropiti, ki te iwi katoa i whakaraua atu e Nepukaneha i Hiruharama ki Papurona;
ရှင်ဘုရင် ယေခေါနိ နှင့်တကွ မိဖုရား အစ ရှိသောမိန်းမစိုး များ၊ ယုဒ ပြည် ယေရုရှလင် မြို့ မှူး တော်မတ်တော်များ၊ လက်သမား ၊ ပန်းပဲသမား များတို့သည် ယေရုရှလင် မြို့မှ သွား သောနောက် ၊
2 I muri tenei i te haerenga atu o Kingi Hekonia i Hiruharama, ratou ko te kuini, ko nga unaka, ko nga rangatira o Hura, o Hiruharama, me nga kamura ratou ko nga parakimete;
ယုဒ ရှင်ဘုရင် ဇေဒကိ သည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ထံ ၊ ဗာဗုလုန် မြို့သို့စေလွှတ် သော ရှာဖန် သား ဧလာသာ နှင့် ဟိလခိ သား ဂေမရိ တွင်၊ ပရောဖက် ယေရမိ သည်စာရေး၍
3 He mea kawe na Eraha tama a Hapana, raua ko Kemaria tama a Hirikia; he mea unga ano enei na Terekia kingi o Hura ki Papurona, ki a Nepukaneha kingi o Papurona; i mea ia,
ယေရုရှလင် မြို့မှ ဗာဗုလုန် မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွား ခြင်းကိုခံရသော အသက်ကြီး သူ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ ဆင်းရဲသားကျန်ကြွင်းသမျှတို့နေရာသို့ ယေရုရှလင် မြို့မှ ပေးလိုက် သော စာဟူမူကား၊
4 Ko te kupu tenei a Ihowa o nga mano, a te Atua o Iharaira, ki nga whakarau katoa, i meinga nei e ahau kia whakaraua atu i Hiruharama ki Papurona;
ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ယေရုရှလင် မြို့မှ ဗာဗုလုန် မြို့သို့ သိမ်း သွားစေတော်မူသော သူအပေါင်း တို့ အား မိန့် တော်မူသည်ကား ၊
5 Hanga he whare mo koutou, ka noho i roto; whakatokia he kari, ka kai i o ratou hua;
အိမ် တို့ကိုဆောက် ၍ နေရာချ ကြလော့။
6 Marenatia he wahine, kia whanau he tama, he tamahine ma koutou; meatia he wahine ma a koutou tama, tukua hoki a koutou tamahine ki te tane, kia whanau ai he tama, he tamahine ma ratou; a kia tini koutou ki reira, kaua hei torutoru.
ဥယျာဉ် တို့ကို စိုက်ပျိုး ၍ အသီး ကို စား ကြလော့။ သင်တို့သည် ထို ပြည်၌ ခေါင်းပါး ခြင်းမ ရှိ၊ တိုးပွား များပြားမည်အကြောင်း၊ မယား နှင့်နေ ၍ သား သမီး ကို ဘွားမြင် ကြလော့။ သား သမီး တို့ကိုလည်း၊ အချင်းချင်းတယောက်ကိုတယောက်ပေးစား ၍၊ တဖန် သား သမီး ကို ဘွားမြင် စေကြလော့။
7 Rapua hoki te rongo mau mo te pa kua meinga na koutou e ahau kia whakaraua ki reira, inoi hoki ki a Ihowa mo reira; ma te mau hoki o tona rongo ka whiwhi ai koutou ki te rangimarie.
ငါသည် သင် တို့ကို သိမ်း သွားစေသော မြို့ သည်လည်း ၊ ငြိမ်သက် ခြင်းရှိမည်အကြောင်းကို ပြုစု ၍၊ ထို မြို့အဘို့ အလိုငှာ၊ ထာဝရဘုရား အား မေတ္တာ ပို့ကြလော့။ ထိုမြို့ ၏ငြိမ်သက် ခြင်းအားဖြင့် ၊ သင် တို့သည်လည်း ငြိမ်သက် ခြင်းရှိ ကြလိမ့်မည်။
8 Ko te kupu hoki tenei a Ihowa o nga mano, a te Atua o Iharaira: Kei tinihangatia koutou e a koutou poropiti, e a koutou tohunga tuaahu e noho na i roto i a koutou, kaua hoki e rongo ki a koutou moe e meinga na e koutou kia moea.
ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့တွင် ရှိ သော ပရောဖက် ဆရာ၊ အနာဂတ် ဆရာတို့သည် သင် တို့ကို မ လှည့်စား ကြစေနှင့်။ သင် တို့မြင် စေသော အိပ်မက် တို့ကို လည်း မ ယုံ မမှတ်ကြနှင့်။
9 No te mea e poropiti teka ana ratou ki a koutou i runga i toku ingoa: ehara ratou i te mea naku i unga, e ai ta Ihowa.
တဖန်မိန့်တော်မူသည်ကား၊ ထိုဆရာ တို့သည် ငါစေလွှတ် သောသူမဟုတ် ဘဲ၊ ငါ့ နာမ ကို အမှီပြု ၍ မုသာ စကား ကို ဟော ပြောတတ်ကြ၏။
10 Ko te kupu hoki tenei a Ihowa, Kia rite nga tau e whitu tekau ki Papurona, ka tirohia koutou e ahau; a ka whakatutukitia e ahau taku kupu pai ki a koutou, mo koutou kia whakahokia mai ki tenei wahi.
၁၀တဖန်မိန့် တော်မူသည်ကား ၊ ဗာဗုလုန် မြို့၌ အနှစ် ခုနစ်ဆယ် စေ့ သောအခါ၊ သင် တို့ကို ငါအကြည့်အရှု ကြွ လာမည်။ ငါ ထားသော ဂတိ ကောင်း ကိုတည် စေ၍၊ သင် တို့ကို ဤ ပြည် သို့ ငါပို့ဆောင် ဦးမည်။
11 Kei te mohio hoki ahau ki nga whakaaro e whakaaro nei ahau ki a koutou, e ai ta Ihowa, he whakaaro mo te rongo mau, ehara mo te kino, kia hoatu te tumanako ki a koutou i o koutou ra whakamutunga.
၁၁တဖန်မိန့် တော်မူ သည်ကား၊ ငါ သည် သင် တို့ကိုအကျိုးနည်း စေခြင်းငှာ ကြံစည်သော အကြံမဟုတ် ဘဲ၊ သင်တို့သည် မြော်လင့် သော အကျိုးကိုရ မည်အကြောင်း ၊ ငြိမ်ဝပ် စေခြင်းငှာသာ၊ သင် တို့အဘို့ ကြံစည် သော အကြံ တို့ကို ငါ သိ ၏။
12 A tera koutou e karanga ki ahau, a ka haere koutou ka inoi ki ahau, a ka rongo ahau ki a koutou.
၁၂တဖန် မိန့်တော်မူ သည်ကား၊ သင်တို့သည် ငါ့ ကိုခေါ် ၍ သွား လာကြလိမ့်မည်။ ဆုတောင်း သောအခါ သင် တို့စကားကို ငါနားထောင် မည်။
13 Ka rapua ano ahau e koutou, a ka kitea e koutou, ina whakapaua o koutou ngakau ki te rapu i ahau.
၁၃ငါ့ ကိုရှာ သောအခါ စိတ်နှလုံး အကြွင်းမဲ့ နှင့် ရှာ လျှင် တွေ့ ကြလိမ့်မည်။
14 A ka kitea ahau e koutou, e ai ta Ihowa, ka whakahokia hoki e ahau to koutou whakaraunga, a ka kohikohia koutou e ahau i roto i nga iwi katoa, i nga wahi katoa i peia atu ai koutou e ahau, e ai ta Ihowa; a ka whakahokia mai koutou e ahau ki te w ahi i whakaraua atu ai koutou e ahau.
၁၄ငါသည်လည်း၊ သင် တို့အတွေ့ ကိုခံ မည်။ အထက်က ငါနှင်ထုတ်၍ သင် တို့ခံရသောသိမ်းသွား ခြင်း အမှုကို ငါသည် ဖြေရှင်းခြင်းငှာ၊ တိုင်း နိုင်ငံအရပ်ရပ် တို့မှ သင် တို့ကို ငါစုသိမ်း ပြီးလျှင် ၊ အထက်က ငါနှင်ထုတ် ၍ သင် တို့ရှုံး သော ပြည် သို့ တဖန်ငါဆောင် ခဲ့ဦးမည်ဟုထာဝရဘုရား မိန့် တော်မူ၏။
15 Kua ki hoki koutou, Kua ara i a Ihowa etahi poropiti mo tatou i Papurona.
၁၅ဒါဝိဒ် ၏ ရာဇ ပလ္လင်ပေါ် မှာထိုင် သော ရှင်ဘုရင် မှစ၍ ၊ ဤ မြို့ ၌ နေ သောသူ အပေါင်း တည်းဟူသော၊ သင် တို့နှင့်အတူ သိမ်း သွားခြင်းကို မ ခံရသော သင် တို့ညီအစ်ကို များကိုရည်မှတ်၍၊
16 Ko te kupu hoki tenei a Ihowa mo te kingi e noho ana i runga i te torona o Rawiri, mo te iwi katoa hoki e noho ana i tenei pa, mo o koutou teina kihai nei i haere tahi koutou i te whakaraunga;
၁၆ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူ တို့အပေါ် မှာထား ဘေး၊ မွတ်သိပ် ခြင်း ဘေး၊ ကာလနာ ဘေးတို့ကို ငါ စေလွှတ် မည်။ မ စား နိုင်အောင် အလွန်ညံ့ သော သင်္ဘော သဖန်းသီးကဲ့သို့ ငါဖြစ် စေမည်။
17 Ko te kupu tenei a Ihowa o nga mano: Nana, ka unga atu e ahau ki runga ki a ratou te hoari, te hemokai, te mate uruta, a ka meinga ratou e ahau kia rite ki nga piki kikino, e kore nei e taea te kai i te kino rawa.
၁၇သူတို့ကို ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် ငါညှဉ်းဆဲ မည်။ ငါနှင် ရာအရပ်ရပ် တို့၌ လူ အမျိုးမျိုး တို့တွင် ၊ သူတို့သည် ကျိန်ဆဲ ရာ၊ အံ့ဩဘွယ်ရာ ၊ ကဲ့ရဲ့ သံကိုကြားရာ၊ အသရေ ရှုတ်ချရာဖြစ်မည် အကြောင်း ၊ မြေ ပေါ်မှာ တိုင်း နိုင်ငံရှိသမျှ တို့၏ နှောင့်ရှက် ခြင်းသို့ သူ တို့ကို ငါအပ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
18 A ka whaia ratou e ahau ki te hoari, ki te hemokai, ki te mate uruta, ka tukua hoki ratou kia poipoia i waenganui i nga kingitanga katoa o te whenua, hei kanga, hei miharotanga, hei whakahianga atu, a hei hahani, i roto i nga iwi katoa e peia at u ai ratou e ahau.
၁၈အကြောင်းမူကား၊ ငါသည် စောစောထ ၍ ၊ အထပ်ထပ်မှာထားစေလွှတ် သော ငါ ၏ကျွန် ပရောဖက် တို့၏ စကား ကို သူတို့သည် နား မ ထောင်ကြဟု ထာဝရဘုရား မိန့် တော်မူ၏။
19 No te mea kihai ratou i rongo ki aku kupu, e ai ta Ihowa, ki aku kupu i unga ra e ahau kia kawea ki a ratou e aku pononga, e nga poropiti, moata ai i te ata ki te unga i a ratou; heoi kihai koutou i rongo, e ai ta Ihowa.
၁၉ထို့ကြောင့် သိမ်းသွားခြင်း ကို ခံရ၍၊ ယေရုရှလင် မြို့မှ ဗာဗုလုန် မြို့သို့ ငါစေလွှတ် သော သူအပေါင်း တို့၊ ထာဝရဘုရား ၏ စကား ကို နားထောင် ကြလော့ဟု မိန့်တော်မူ၏။
20 Mo reira whakarongo mai ki te kupu a Ihowa, koutou katoa o te whakaraunga, kua unga atu nei e ahau i Hiruharama ki Papurona.
၂၀ထာဝရဘုရား သည် ငါတို့အဘို့ ပရောဖက်များ ကို ဗာဗုလုန်မြို့၌ ပေါ်ထွန်းစေတော်မူပြီဟု သင်တို့ဆိုကြသည်ဖြစ်၍၊
21 Ko te kupu tenei a Ihowa o nga mano, a te Atua o Iharaira, mo Ahapa tama a Koraia, mo Terekia tama a Maaheia, e poropiti teka na ki a koutou i runga i toku ingoa: Nana, ka hoatu raua e ahau ki te ringa o Nepukareha kingi o Papurona; a mana raua e whakamate i o koutou aroaro.
၂၁ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏နာမ ကို အမှီပြု ၍ သင် တို့အား မုသာစကား ကို ဟော ပြောသော၊ ကောလာယ သား အာဟပ် နှင့် မာသေယ သား ဇေဒကိ တို့ကို ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လက် သို့ ငါ အပ် ၍၊ ထိုမင်းသည် သူ တို့ကို သင် တို့မျက်မှောက် ၌ သတ် လိမ့်မည်။
22 A ka ai raua hei kanga ma nga whakarau katoa o Hura i Papurona, ka korerotia, Kia meinga koe e Ihowa kia rite ki a Terekia raua ko Ahapa, i tunua nei e te kingi o Papurona ki te ahi;
၂၂ဗာဗုလုန် မြို့သို့ သိမ်း သွားခြင်းကို ခံရသောယုဒ အမျိုးသားအပေါင်း တို့က၊ ဗာဗုလုန် ရှင် ဘုရင်သည် မီးရှို့ သော ဇေဒကိ နှင့် အာဟပ် ကဲ့သို့ ၊ ထာဝရဘုရား သည် သင့် ကို ဖြစ် စေတော်မူပါစေဟု ထိုသူ တို့ကို ပုံဆောင် ၍ ကျိန်ဆဲ ကြလိမ့်မည်။
23 Kua mahi poauau hoki raua i roto i a Iharaira, kua puremu ki nga wahine a o raua hoa, kua korero hoki i nga kupu teka i runga i toku ingoa, he mea kihai i whakahaua atu e ahau ki a raua; ko ahau tenei e mohio ana, ko ahau te kaiwhakaatu, e ai ta Ihowa.
၂၃အကြောင်း မူကား၊ သူတို့သည် ဣသရေလ အမျိုး၌ အဓမ္မ အမှုကို ပြု ကြပြီ။ သူ့ မယား တို့ကို ပြစ်မှား ကြပြီ။ ငါမ မှာ ထားဘဲ၊ ငါ ၏နာမ ကို အမှီ ပြု၍ မုသာ စကား ကို ဟော ပြောကြပြီ။ ငါ သိ သည်အတိုင်း သက်သေ ဖြစ်သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
24 Na mo Hemaia Neherami me korero koe, me ki atu,
၂၄နဟေလံ ရွာသား ရှေမာယ ကို လည်း ပြော ရမည်မှာ
25 Ko te kupu tenei a Ihowa o nga mano, a te Atua o Iharaira, e mea ana ia, I te mea kua tukua e koe etahi pukapuka i runga i tou ake ingoa ki te iwi katoa i Hiruharama, ki te tohunga, ki a Tepania tama a Maaheia, ratou ko nga tohunga katoa, kua me a atu,
၂၅ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် သည် ငါ ၏နာမ ကို အမှီပြု ၍၊ ယဇ်ပုရောဟိတ် မာသေယ သား ဇေဖနိ အစ ရှိသော ယဇ် ပုရောဟိတ်များတို့နှင့် ယေရုရှလင် မြို့သား ရှိသမျှ တို့ကို စာ ပေး လိုက်၍၊
26 Kua oti koe te mea e Ihowa hei tohunga i muri i a Iehoiara tohunga, kia waiho ai ko koutou hei kaitirotiro i roto i te whare o Ihowa mo te tangata katoa e haurangi ana, e whakaporopiti ana i a ia, kia maka e koe ki nga here waewae, ki nga here r inga.
၂၆သင်သည် ဗိမာန် တော်၌ လူ စောင့်ကို ခန့်ထားသဖြင့်၊ ပရောဖက် လုပ်သော အရူး ရှိသမျှ ကို ထောင် ထဲမှာ လှောင်၍ ထိတ်ခတ် စေခြင်းငှာ၊ ထာဝရဘုရား သည် ယဇ်ပုရောဟိတ် ယောယဒ ၏ကိုယ်စား သင့် ကို ယဇ်ပုရောဟိတ် အရာ၌ ခန့် ထားတော်မူ၏။
27 Na he aha ra te riria ai e koe a Heremaia Anatoti, e whakaporopiti na i a ia ki a koutou?
၂၇သို့ ဖြစ်၍၊ သင် တို့တွင် ပရောဖက် လုပ်သော အာနသုတ် ရွာသား ယေရမိ ကို အဘယ်ကြောင့် မ ဆုံးမ သနည်း။
28 Kua tukua mai nei hoki e ia he kupu ki a matou ki Papurona, e mea ana, Ka roa te whakaraunga: hanga he whare mo koutou, ka noho i roto; whakatokia he kari, kainga o ratou hua.
၂၈သူကလည်း၊ ဤအမှု ကြာ လိမ့်မည်။ အိမ် တို့ကို ဆောက် ၍ နေရာ ချကြလော့။ ဥယျာဉ် တို့ကို စိုက်ပျိုး ၍ အသီး ကို စား ကြလော့ဟု၊ ဗာဗုလုန် မြို့၌နေသောငါ တို့ကို မှာ လိုက်ပါပြီတကားဟု၊
29 Na i korerotia tenei pukapuka e Tepania tohunga ki nga taringa o Heremaia poropiti.
၂၉ရှေမာယ ပေးလိုက် သောစာ ကို ယဇ်ပုရောဟိတ် ဇေဖနိ သည် ပရောဖက် ယေရမိ ရှေ့ မှာ ဘတ် လေ၏။
30 Katahi ka puta mai te kupu a Ihowa ki a Heremaia, i mea ia,
၃၀ထိုအခါ နဟေလံ ရွာသား ရှေမာယ ကို ရည်မှတ် ၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ မ စေလွှတ် ဘဲ ရှေမာယ သည် သင် တို့အား ပရောဖက် ပြု၍ မုသာ ၌ ခိုလှုံ စေသောကြောင့် ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊
31 Tukua he kupu ki nga whakarau katoa, mea atu, Ko te kupu tenei a Ihowa mo Hemaia Neherami: Kua poropiti na a Hemaia ki a koutou, a kihai hoki ia i unga e ahau, a kua meinga koutou e ia kia whakawhirinaki ki te teka,
၃၁နဟေလံ ရွာသား ရှေမာယ နှင့် သူ ၏အမျိုး ကို ငါ သည် ဒဏ်ပေး မည်။ ဤ အမျိုးသား တို့တွင် ၊ သူ၏လူ တယောက် မျှ နေ ရသောအခွင့် မ ရှိ ရ။
32 Mo reira ko te kupu tenei a Ihowa, Nana, ka whiua e ahau a Hemaia Neherami ratou ko ona uri; kore iho he tangata mona hei noho i roto i tenei iwi, e kore hoki ia e kite i te pai e mahia e ahau ki taku iwi, e ai ta Ihowa; no te mea kua korero ia i te tutu mo Ihowa.
၃၂ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူသည် ထာဝရဘုရား ကို ပုန်ကန် စေခြင်းငှာသွန်သင် သောကြောင့် ၊ ငါ ၏လူမျိုး ၌ ငါ ပြု လတံ့သော ကျေးဇူး ကို သူသည် မ မြင် ရဟု၊ သိမ်းသွား ခြင်းကို ခံရသောသူအပေါင်း တို့ကို စာပေး လိုက်ရမည်အကြောင်းထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၍ မှာ ထားတော်မူ၏။

< Heremaia 29 >