< Ihaia 2 >

1 Ko te kupu i kitea e Ihaia tama a Amoho mo Hura raua ko Hiurharama.
ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင်၍၊ အာမုတ်၏သားဟေရှာယခံရသော ဗျာဒိတ်တော်အချက် ဟူမူကား၊
2 Na tenei ake, kei nga ra whakamutunga, ka whakapumautia te maunga i to Ihowa whare ki te tihi o nga maunga, ka whakanekehia ake ano ki runga i nga pukepuke; a ka rere nga iwi katoa ki reira.
နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။
3 Ka haere hoki nga iwi maha, ka mea, Haere mai, tatou ka haere ki runga ki te maunga o Ihowa, ki te whare o te Atua o Hakopa: ka whakaakona tatou e ia ki ana ara; ka haere hoki tatou i ana huarahi; no te mea ka puta mai te ture i Hiona, me te kupu a Ihowa i Hiruharama.
များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိကုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက် လိမ့်မည်။
4 Ka whakarite hoki ia i nga whakawa a nga iwi, ka riria ano e ia nga iwi maha: na ka patupatua e ratou a ratou hoari hei hea parau, a ratou tao hei mea tapahi manga; e kore tetahi iwi e hapai hoari ki tetahi iwi, mutu pu ta ratou ako ki te whawhai.
ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင် ၍၊ များပြားသောသူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း ထုလုပ်ကြ လိမ့်မည်။ တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကို လည်း နောက်တဖန်မသင်ရကြ။
5 E te whare o Hakopa, haere mai, tena tatou ka haere i to Ihowa marama.
အိုယာကုပ် အမျိုးသားတို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ ကျင်လည်ကြကုန်အံ့။
6 Kua whakarerea nei e koe tau iwi, te whare o Hakopa, no te mea kei te ki ratou i nga tikanga mai no te rawhiti, a he tohunga maori ratou, he pera me nga Pirihitini, e papaki ringa ana hoki ratou me nga tamariki a rau o iwi.
အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုး သားတည်းဟူသော ကိုယ်တော်၏လူတို့ကို စွန့်ပစ်တော် မူပြီ။ အကြောင်းမူကား၊ သူတို့သည် အရှေ့ပြည်အတတ် နှင့် ကြွယ်ဝ၍၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိဆရာ ဖြစ်ကြ၏။ တပါးအမျိုးသားနှင့် အပေါင်းအဘော် ပြုကြ၏။
7 Ki tonu hoki to ratou whenua i te hiriwa, i te koura, a kahore he mutunga o o ratou taonga: kapi tonu hoki to ratou whenua i te hoiho, a kahore he mutunga o a ratou hariata.
သူတို့ပြည်သည် ရွှေငွေနှင့်ကြွယ်ဝ၍၊ ဥစ္စာ ပစ္စည်း အတိုင်းမသိများ၏။ သူတို့ပြည်သည် မြင်းနှင့် ကြွယ်ဝ၍၊ မြင်းရထား အတိုင်းမသိများ၏။
8 Ko to ratou whenua ki tonu i te whakapakoko; e koropiko ana ratou ki te mahi a o ratou ringa, ki ta o ratou maihao i hanga ai.
သူတို့ပြည်သည် ရုပ်တုဆင်းတုနှင့်ကြွယ်ဝ၍၊ မိမိလက်နှင့်လုပ်သောအရာ၊ မိမိလက်ချောင်းတို့နှင့် ဖန်ဆင်းသောအရာကိုပင် သူတို့သည် ဦးချကြသည် တကား။
9 A e whakapikoa ana te tangata ware, e whakaititia ana te tangata nui; mo reira kaua ratou e tohungia.
ထိုကြောင့်၊ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူတို့ အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ။
10 E tomo ki roto ki te kamaka, e huna ki roto ki te puehu, i te wehi ki a Ihowa, i te kororia o tona nui.
၁၀ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသော ထိုအခါ၊ ဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့်၊ ကျောက်ထဲသို့ ဝင်လော့။ မြေမှုန့်၌ ပုန်း၍နေလော့။
11 Ka whakaititia nga kanohi whakapehapeha o te tangata, ka whakapikoa iho ano hoki te whakakae o nga tangata, a ko Ihowa anake e whakanuia i taua ra.
၁၁ထိုကာလ၌ လူတို့၏မော်သော မျက်နှာကို နှိမ့်ရ မည်။ လူတို့၏မာနကိုလည်း ရှုတ်ချရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့် မည်။
12 No te mea ka tae iho he ra no Ihowa o nga mano ki te hunga whakapehapeha, ki te hunga whakakae katoa, ki te hunga katoa kua neke ake; a ka whakaititia iho:
၁၂ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နေ့ရက် ကာလသည် ကြီးမြင့်သောအရာနှင့် မိုမောက်သောအရာ ရှိသမျှတို့ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချခြင်းရှိကြ လိမ့်မည်။
13 Ki nga hita katoa ano o Repanona kua tiketike, kua neke ake, ki nga oki katoa ano o Pahana;
၁၃ကြီးမြင့်သော လေဗနုန်အာရဇ်ပင် ရှိသမျှကို၎င်း၊
14 Ki nga maunga tiketike katoa, ki nga pukepuke katoa kua purero ki runga:
၁၄မြင့်သောတောင်ရှိသမျှကို၎င်း၊ မိုမောက်သော တောင်ပို့ရှိသမျှကို၎င်း၊
15 Ki nga pourewa tiketike katoa, ki nga taiepa kaha katoa ano hoki,
၁၅မြင့်သော ရဲတိုက်ရှိသမျှကို၎င်း၊ ခိုင်ခံ့သော မြို့ရိုးရှိသမျှကို၎င်း၊
16 Ki nga kaipuke katoa o Tarahihi, ki nga whakaahua katoa e minaminatia ana.
၁၆တာရှုသင်္ဘောအပေါင်းတို့ကို၎င်း၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံတို့ကို၎င်း ဆီးတားလိမ့်မည်။
17 A e whakapikoa iho to te tangata whakapehapeha, e whakaititia iho ana ano hoki te whakakake o nga tangata, ko Ihowa anake e whakanuia i taua ra.
၁၇ထိုကာလ၌ လူတို့၏မာနကို ရှုတ်ချ၍၊ လူတို့၏ စိတ်မြင့်သော သဘောကိုနှိမ့်ရမည်။ ထာဝရဘုရား တပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူ လိမ့်မည်။
18 A ka ngaro whakarere nga whakapakoko,
၁၈ရုပ်တု ဆင်းတုတို့သည် ရှင်းရှင်းကွယ်ပျောက်ကြလိမ့် မည်။
19 A ka haere nga tangata ki nga ana o nga kamaka, ki nga rua o te whenua, i te wehi ki a Ihowa, i te kororia o tona nui, ina whakatika ia ki te rure kaha i te whenua.
၁၉ထာဝရဘုရားသည် မြေကြီးကိုချောက် လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။
20 A taua ra ka akiritia atu e te tangata ana whakapakoko hiriwa me ana whakapakoko koura i hanga e ratou hei koropikotanga mana, ki nga kiore, ki nga pekapeka;
၂၀ထိုကာလ၌ လူတို့သည် မိမိတို့ကိုးကွယ်ဘို့ မိမိတို့ လုပ်ဘူးသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့ များ၌ ပစ်ထားကြလိမ့်မည်။
21 Haere ai ki nga ana o nga kohatu, ki nga kapiti o nga kamaka, i te wehi ki a Ihowa, i te kororia o tona nui, ina whakatika ia ki te rurerure i te whenua.
၂၁ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် ကျောက်တွင်း၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်။
22 Kati ta koutou mea ki te tangata kei ona pongaponga nei tona manawa; kia pehea hoki te whakaaro ki a ia?
၂၂နှာခေါင်းနှင့်အသက်ရှူတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သော သူကိုအဘယ်သို့ ပမာဏ ပြုစရာရှိသနည်း။

< Ihaia 2 >