< Kenehi 50 >

1 Na ka hinga a Hohepa ki runga ki te mata o tona papa, a ka tangi i runga i a ia, ka kihi hoki i a ia.
ထိုအခါ ယောသပ် သည် အဘ ၏မျက်နှာ ပေါ် မှာ ငုံ့ ၍ ၊ ငို လျက် နမ်း လျက်နေ၏။
2 Na ka whakahau a Hohepa i ana tangata, i nga kairongoa, kia whakapakokotia tona papa; na whakapakokotia ana a Iharaira e nga kairongoa.
အဘ ၏အလောင်း ကို နံ့သာမျိုးနှင့် ပြင်ဆင်စေခြင်းငှါ ၊ မိမိ ကျွန် ဆေးသမား တို့ကို အမိန့် ရှိ၍ ၊ သူတို့သည် နံ့သာမျိုးနှင့် ပြင်ဆင်ကြ၏။
3 Na ka tutuki ona ra e wha tekau; ko nga ra hoki ena e whakatutukitia ana mo te hunga e whakapakokotia ana: a e whitu tekau nga ra i uhungatia ai ia e nga Ihipiana.
နံ့သာမျိုး နှင့်ပြင်ဆင်သော အလောင်းကို၊ ထုံးစံ ရှိသည်အတိုင်း ထား၍၊ အရက် လေးဆယ် လွန်လျှင်၊ အဲဂုတ္တု လူတို့သည် ယာကုပ် ကြောင့်၊ အရက် ခုနစ် ဆယ် ပတ်လုံးငိုကြွေး မြည်တမ်းခြင်းကိုပြုကြ၏။
4 A, ka taka nga ra e uhungatia ia ia, ka korero a Hohepa ki te whare o Parao, ka mea, Na, ki te mea kua manakohia ahau e koutou, tena, korero atu ki nga taringa o Parao, mea atu,
ငိုကြွေး မြည်တမ်းသောနေ့ရက် လွန် သောအခါ ၊ ယောသပ် သည် နန်းတော် သား အချို့တို့ကိုခေါ် ၍ ၊ သင် တို့ သည် ကျွန်ုပ်ကိုစေတနာ စိတ်ရှိ လျှင် ၊ ဖာရော ဘုရင် ထံ တော်သို့သွား၍၊
5 I whakaoati toku papa i ahau, i mea, Ka mate tenei ahau: hei roto i taku tanumanga i keria e ahau moku ki te whenua o Kanaana, hei reira ahau tanumia ai e koe. Na kia tukua ahau e koe aianei kia haere ki runga, ki te tanu i toku papa, ka hoki mai ai.
ကျွန်တော် အဘ က၊ ငါ သေ တော့မည်။ ခါနာန် ပြည် ၌ ကိုယ် ဘို့ ငါတူး ဘူးသော သင်္ချိုင်း တွင်း၌ ၊ ငါ့ ကို သင်္ဂြိုဟ် ရမည်ဟူ၍ကျွန်တော် ကို ကျိန်ဆို စေပါပြီ။ ထိုကြောင့်ကျွန်တော်သွား ၍ ၊ အဘ ကို သင်္ဂြိုဟ် ပြီးမှ ပြန် လာပါမည် အကြောင်းကို အသနားတော်ခံပါသည်ဟု နားတော် လျှောက်ကြပါလော့ဟုဆို၏။
6 Na ka mea a Parao, Haere ki runga ki te tanu i tou papa, kia rite ki tana i whakaoati ai i a koe.
ဖာရော မင်းကလည်း ၊ သင် ၏အဘ ကျိန်ဆို စေသည်အတိုင်း သွား ၍ ၊ သင်္ဂြိုဟ် လော့ဟု မိန့် တော်မူ၏။
7 Na haere ana a Hohepa ki runga ki te tanu i tona papa, i haere tahi ano i a ia nga pononga katoa a Parao, nga kaumatua o tona whare, me nga kaumatua katoa o te whenua o Ihipa,
ယောသပ် သည် အဘ ကိုသင်္ဂြိုဟ် ခြင်းငှါ ထွက်သွား ၍ ၊ ဖာရော မင်း၏ ကျွန် များတည်းဟူသောနန်းတော် အရာရှိ ၊ အဲဂုတ္တု ပြည် အရာရှိ အပေါင်း တို့နှင့်၊
8 Me te whare katoa ano hoki o Hohepa, ratou ko ona tuakana, me te whare ano hoki o tona papa; ko a ratou tamariki anake, me a ratou hipi, me a ratou kau i mahue i a ratou i te whenua o Kohena.
ယောသပ် အိမ်သား၊ အစ်ကို တို့ အိမ်သား ၊ အဘ အိမ်သား ရှိသမျှ တို့ သည်လိုက်ကြ၏။ သူငယ် တို့နှင့် သိုး နွား များကိုသာ ၊ ဂေါရှင် ပြည် ၌ ကျန်ရစ် စေကြ၏။
9 I haere tahi ano i a ia nga hariata me nga tangata hoiho: he nui whakaharahara te tira.
ထိုသို့လျှင် ရထား များ၊ မြင်းစီးသူရဲ များတည်းဟူသောအလွန် များစွာသော အလုံး အရင်းတို့သည် ယောသပ် နှင့်တကွ လိုက်သွား ကြ၏။
10 Na ka tae ratou ki te patunga witi a Atara, i tawahi o Horano, a he tino nui whakaharahara te tangihanga i tangi ai ratou ki reira: e whitu hoki nga ra i uhungatia ai e ia tona papa.
၁၀ယော်ဒန် မြစ်နား မှာ အာတဒ် ကောက်နယ်တလင်းသို့ ရောက် သောအခါ ၊ အလွန် ကြီးစွာ သော ငိုကြွေး မြည်တမ်းခြင်းကို ပြု ကြပြန်၏။ ယောသပ်သည် မိမိ အဘ ကြောင့် ခုနစ် ရက်ပတ်လုံးငိုကြွေး မြည်တမ်း ခြင်း ကိုပြု လေ၏။
11 A, ka kite nga tangata whenua, nga Kanaani, i te uhunga i te patunga witi a Atara, ka mea ratou, He uhunga nui tenei na nga Ihipiana: na reira i huaina ai te ingoa o reira ko Apere Mitiraima, kei tawahi hoki o Horano.
၁၁ထိုသို့အာတဒ် ကောက်နယ်တလင်း၌ ပြုသောငိုကြွေးမြည်တမ်းခြင်းကို၊ ထို ပြည်သား ခါနာန် လူတို့သည် မြင် လျှင် ၊ အဲဂုတ္တု လူတို့သည် ပြင်းစွာ ငိုကြွေး မြည်တမ်းပါသည်တကားဟုဆို ကြ၏။ ထိုကြောင့် ယော်ဒန် မြစ်နား မှာ ရှိသော ထို အရပ်ကို၊ အဗေလမိဇရိမ် ဟူ၍သမုတ် ကြသတည်း။
12 Na rite tonu ki tana i whakahau ai ki a ratou tana tama i mea ai ki a ia:
၁၂ယာကုပ် သား တို့သည်၊ အဘမှာ ထားသည် အတိုင်း ပြု ကြ၏။
13 I kawea hoki ia e ana tama ki te whenua o Kanaana, a tanumia ana ki te ana i te parae o Makapera, i hokona tahitia nei e Aperahama me te parae i a Eperona Hiti, kia puritia hei tanumanga, kei te ritenga atu o Mamere.
၁၃ခါနာန် ပြည် သို့ ဆောင်သွား ၍ ၊ အာဗြဟံ သည် ကိုယ်ပိုင် သောသင်္ချိုင်း ဘို့၊ ဟိတ္တိ အမျိုးသားဧဖရုန် ၌ ဝယ် သော မံရေ မြို့ရှေ့ ၊ မပ္ပေလ လယ်ပြင် တွင်ရှိသောမြေတွင်း ၌ သင်္ဂြိုဟ် ကြ၏။
14 Na hoki ana a Hohepa ki Ihipa, ratou tahi ko ona tuakana, ko nga tangata katoa ano hoki i haere tahi i a ia ki runga ki te tanu i tona papa, i te mutunga o tana tanu i tona papa.
၁၄ယောသပ် သည် အဘ ကိုသင်္ဂြိုဟ် ပြီးလျှင် ၊ အစ်ကို များမှစ၍ မသာလိုက် လာသောသူအပေါင်း တို့နှင့်တကွ ၊ အဲဂုတ္တု ပြည်သို့ ပြန် လေ၏။
15 Na, i te kitenga o nga tuakana o Hohepa kua mate to ratou papa, ka mea ratou, Tera pea e kino mai a Hohepa ki a tatou, a ka utua mai e ia a tatou kino katoa i meatia e tatou ki a ia.
၁၅ယောသပ် အစ်ကို တို့သည် အဘ သေ သည်ကို သိမြင် လျှင် ၊ ငါ တို့ကို ယောသပ် သည် အငြိုး ထားကောင်း ထားလိမ့်မည်။ ငါ တို့သည် အထက်က သူ့ ကို ညှဉ်းဆဲ သောကြောင့် ၊ ငါ တို့အား ဧကန်အမှန်ပြန် ၍ ညှဉ်းဆဲလိမ့်မည်ဟု စိုးရိမ်လျက်၊
16 Na ka tuku tangata ratou ki a Hohepa, a ka mea, I whakahau mai tou papa i mua ake i tona matenga, i mea mai,
၁၆သူ့ ထံ သို့တမန်ကိုစေလွှတ် ၍ ၊ ကိုယ်တော် အစ်ကို တို့သည် မကောင်း သောအမှုကို ကိုယ်တော်အား ပြု မိ၍၊
17 Kia penei ta koutou kupu ki a Hohepa, Tena, whakarerea te he o ou tuakana, me to ratou hara; he kino hoki ta ratou mahi ki a koe: na, tena whakarerea te he o nga pononga a te Atua o tou papa. A ka tangi a Hohepa i a ratou kupu ki a ia.
၁၇ကိုယ်တော် ကို ပြစ်မှား သောအပြစ် ကို လွှတ်တော်မူပါဟု၊ ကိုယ်တော်အား ကြား လျှောက်ရမည် အကြောင်း၊ ခမည်း တော်မသေမှီ ကျွန်တော်တို့ကို မှာ ထားခဲ့သည်ဖြစ်၍၊ ယခု တွင် ခမည်း တော်၏ ဘုရားသခင် ကျွန် တို့၏ အပြစ် ကို လွှတ် တော်မူပါဟု လျှောက်ကြ၏။ ထိုသို့ လျှောက် ကြသောအခါ ၊ ယောသပ် သည် မျက်ရည် ကျလေ၏။
18 Na ka haere ona tuakana, ka tapapa ki tona aroaro; ka mea, Tenei matou hei pononga mau.
၁၈အစ်ကို တို့သည်လည်း ဝင် ၍ ယောသပ် ရှေ့ မှာ ပြပ်ဝပ် လျက် ၊ ကျွန်တော် တို့သည် ကိုယ်တော် ၏ ကျွန် ဖြစ်ကြပါသည်ဟု လျှောက် ကြ၏။
19 A ka mea a Hohepa ki a ratou, Kaua e wehi: he kaiwhakakapi oti ahau mo to te Atua wahi?
၁၉ယောသပ် ကလည်း ၊ မ စိုးရိမ် ကြနှင့်။ ကျွန်ုပ် သည် ဘုရားသခင် ကိုယ်စား ဖြစ်သလော။
20 Ko koutou hoki, i he o koutou whakaaro ki ahau; he pai ia to te Atua whakaaro, kia meatia ai tenei inaianei, kia whakaorangia ai hoki nga tangata tokomaha.
၂၀သင် တို့သည် ကျွန်ုပ် ကို ညှဉ်းဆဲ မည်ကြံ ကြသော်လည်း ၊ ဘုရားသခင် သည် ယနေ့ ဖြစ်သည်အတိုင်း ၊ လူ များ အသက် ချမ်းသာစေခြင်းငှါ ကျေးဇူး ပြု မည် ကြံ တော်မူ၏။
21 Heoi kaua e wehi; maku koutou e atawhai, koutou ko a koutou tamariki. A ka whakamarie ia i a ratou, ka whakamama hoki i o ratou ngakau.
၂၁ထိုကြောင့် ၊ မ စိုးရိမ် ကြနှင့်။ သင် တို့နှင့် သူငယ် များကို ကျွန်ုပ် ကျွေးမွေး မည်ဟုဆိုလျက်၊ သူ တို့ကို နှစ်သိမ့် စေ၍ မေတ္တာ စကားကို ပြော လေ၏။
22 Na ka noho a Hohepa ki Ihipa, ratou ko te whare o tona papa: a kotahi rau kotahi tekau nga tau i ora ai a Hohepa.
၂၂ထိုသို့ ယောသပ် သည် မိမိ အဘ ၏ အမျိုးသား တို့နှင့် အဲဂုတ္တု ပြည်၌ နေ ၍ ၊ အသက် တရာ တဆယ် ကိုမှီ ၏။
23 A i kite a Hohepa i te tuatoru o nga whakatupuranga o nga tamariki a Eparaima: i whakatupuria ano hoki nga tamariki a Makiri, tama a Manahi, ki runga ki nga turi o Hohepa.
၂၃ဧဖရိမ် ၏မြေး ကို မြင် ရ၏။ မနာရှေ ၏သား ၊ မာခိရ ၏သားသမီး တို့ကိုလည်း မိမိ ဒူး ပေါ် မှာ မွေးစား ရ၏။
24 Na ka mea a Hohepa ki ona tuakana, Ka mate ahau; otiia ka ata tirohia koutou e te Atua, a ka kawea atu koutou e ia i tenei whenua ki runga, ki te whenua i oati ai ia ki a Aperahama, ki a Ihaka, ki a Hakopa.
၂၄ယောသပ် ကလည်း ၊ ကျွန်ုပ် သေ တော့မည်။ အကယ် စင်စစ်ဘုရားသခင် သည် သင် တို့ကို အကြည့် အရှု ကြွလာတော်မူမည်။ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသော ပြည် သို့ ၊ ဤ ပြည် မှ ဆောင်သွား တော်မူမည်ဟု အစ်ကို တို့အား ဆို ၏။
25 Na ka whakaoatitia nga tama a Iharaira e Hohepa, ka mea ia, Ka tikina mai koutou, ka ata tirohia e te Atua, a me kawe atu e koutou oku iwi i konei ki runga.
၂၅တဖန် တုံ၊ အကယ်စင်စစ်ဘုရားသခင် သည် သင် တို့ကို အကြည့် အရှုကြွလာတော်မူမည်။ ကျွန်ုပ် အရိုး တို့ကို ဤ အရပ်မှ ယူ သွားရမည်ဟူ၍ဣသရေလ အမျိုးသား တို့ကို ကျိန်ဆို စေ၏။
26 Na ka mate a Hohepa i te kotahi rau i te kotahi tekau o ona tau: a ka whakapakokotia e ratou, ka whakatakotoria hoki ki te kawhena i Ihipa.
၂၆ထိုသို့ ယောသပ် သည် အသက် တရာ တဆယ် ရှိသော်အနိစ္စ ရောက်လေ၏။ အလောင်း ကိုကား၊ နံ့သာမျိုး နှင့် ပြင်ဆင်ပြီးလျှင် အဲဂုတ္တု ပြည်၌ တလား နှင့် ထား ကြလေ၏။

< Kenehi 50 >