< Kenehi 48 >

1 Na, i muri i enei mea, ka korerotia ki a Hohepa, Nana, e mate ana tou papa: a ka tango ia i ana tamariki tokorua, i a Manahi raua ko Eparaima, hei hoa mona.
နောက်တဖန်ယောသပ်သည် အဘနာကြောင်းကို ကြားသဖြင့်၊ သားနှစ်ယောက် မနာရှေနှင့်ဧဖရိမ်ကို ယူ၍သွား၏။
2 A ka korerotia ki a Hakopa, ka meatia, Na, ko Hohepa, ko tau tama, tenei te haere mai nei ki a koe: na ka whakakaha ake a Iharaira i a ia, a ka noho ki runga i te moenga.
သားယောသပ်လာကြောင်းကို ယာကုပ်သည် ကြားလျှင်၊ အားထုတ်၍ ခုတင်ပေါ်မှာထိုင်၏။
3 Na ka mea a Hakopa ki a Hohepa, I puta mai te Atua Kaha Rawa ki ahau i Rutu, i te whenua o Kanaana, i manaaki i ahau,
ထိုအခါ ယာကုပ်က၊ အနန္တတန်ခိုးရှင် ဘုရား သခင်သည်၊ ခါနာန်ပြည် လုဇမြို့၌ ငါ့အားထင်ရှား၍ ကောင်းကြီးပေးတော်မူလျက်၊
4 I mea ano ki ahau, Na, ka meinga koe e ahau kia hua, ka whakanui ahau i a koe, ka meinga hoki koe e ahau hei huinga iwi; a ka hoatu e ahau tenei whenua ki ou uri i muri i a koe hei kainga pumau.
ငါသည်သင့်ကို တိုးပွါးများပြားစေမည်။ သင့်ကို များစွာသော လူဖြစ်စေမည်။ သင်၏အမျိုးအနွယ်သည် သင့်နောက်မှ ဤပြည်ကို အစဉ်အမြဲပိုင်စေခြင်းငှါ ငါပေး မည်ဟု မိန့်တော်မူ၏။
5 Na, ko au tama tokorua, ko Eparaima raua ko Manahi, i whanau nei mau ki te whenua o Ihipa i mua ake o toku taenga mai ki a koe, ki Ihipa, maku ena; ka riro mai raua i ahau, ka pera ano me Reupena raua ko Himiona.
သင်နေသော အဲဂုတ္တုပြည်သို့ ငါမရောက်မှီ၊ အဲဂုတ္တုပြည်၌ သင်ရနှင့်သော သားနှစ်ယောက်၊ ဧဖရိမ် နှင့် မနာရှေတို့သည် ငါ့သားဖြစ်ရမည်။ ရုဗင်နှင့်ရှိမောင် ကဲ့သို့ ငါ့သားဖြစ်ရမည်။
6 A, ko tau whanau e whanau mau i muri i a raua, mau ena; ka huaina ki a ratou te ingoa o o ratou tuakana i to ratou kainga pumau.
နောက်မှသင်ရသော သားတို့သည် သင်၏သား ဖြစ်၍ မိမိအမွေခံရာတွင် မိမိအစ်ကိုတို့အမည်ဖြင့် သမုတ် ရကြမည်။
7 Ko ahau hoki, i toku haerenga mai i Parana, ka mate a Rahera ki toku taha, ki te whenua o Kanaana, ki te ara, e takoto mai ana he wahi e haere atu ai ki Eparata: a tanumia ana e ahau ki reira ki te ara ki Eparata, ara ki Peterehema.
ငါသည်ပါဒနာရံအရပ်မှ လာသည်ကာလ၊ ခါနာန်ပြည်၌ ခရီးသွား၍၊ ဧဖရတ်မြို့နှင့်နီးသောအခါ၊ သင့်အမိရာခေလသည် ငါ့အနားမှာ သေရှာ၏။ သေ သောအရပ် ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့ သွား သောလမ်း၌ သင်္ဂြိုဟ်လေသည်ဟု ယောသပ်အားဆို၏။
8 A ka kite a Iharaira i nga tama a Hohepa, ka mea, Ko wai enei?
တဖန်ဣသရေလသည် ယောသပ်၏သားတို့ကို ကြည့်ရှု၍၊ ဤသူတို့ကား အဘယ်သူနည်းမေးလျှင်၊
9 A ka mea a Hohepa ki tona papa, Ko aku tama enei i homai e te Atua ki ahau i konei. Ka mea ia, Nekehia mai nei ki ahau, kia manaaki ai ahau i a raua.
ယောသပ်က၊ဤပြည်၌ အကျွန်ုပ်အား ဘုရား သခင် ပေးသနားတော်မူသော အကျွန်ုပ်၏ သားဖြစ်ပါ သည်ဟု အဘအားဆိုသော်၊ အဘက၊ ငါ့ထံသို့ လာပါစေ လော့။ သူတို့ကို ငါကောင်းကြီးပေးမည်ဟု ဆို၏။
10 Na he atarua nga kanohi o Iharaira, na te koroheke hoki, kihai ia i ahei te kite atu. Na ka whakatata ia i a raua ki a ia; a ka kihi ia i a raua, ka wahi hoki i a raua.
၁၀ဣသရေလသည် အသက်ကြီး၍ မျက်စိမှုန် သဖြင့်၊ မမြင်နိုင်သောကြောင့်၊ သားတို့ကို အနီးသို့ ချဉ်းကပ်စေ၍ ပိုက်ဘက်နမ်းရှုပ်လေ၏။
11 Na ka mea a Iharaira ki a Hohepa, Kihai ahau i mea ka kite ahau i tou mata: kua whakakitea mai nei ano hoki e te Atua ou uri ki ahau.
၁၁ဣသရေလကလည်း၊ ငါသည် သင်၏မျက်နှာကို မြင်ရမည်ဟု ငါမထင်။ ယခုတွင်သင်၏သားတို့ကိုပင် ဘုရားသခင်ပြတော်မူပြီဟု ယောသပ်အား ဆို၏။
12 Na ka nekehia atu raua e Hohepa i roto i ona turi, a ka piko tona mata ki te whenua.
၁၂ယောသပ်သည်လည်း၊ သားတို့ကို အဘ၏ဒူး ကြားမှ ထုတ်၍ အဘရှေ့၌ဦးညွှတ်ချစေ၏။
13 Na ka puritia raua e Hohepa, a Eparaima e tona ringa matau ki te maui o Iharaira, a Manahi e tona maui ki te matau o Iharaira, a ka whakatata atu ia i a raua ki a ia.
၁၃တဖန်ယောသပ်သည် သားတို့ကိုယူ၍ ဧဖရိမ်ကို လက်ျာလက်နှင့် ကိုင်လျက်၊ ဣသရေလ လက်ဝဲလက်သို့၎င်း၊ မနာရှေကို လက်ဝဲလက်နှင့် ကိုင်လျက်၊ ဣသရေလ လက်ျာလက်သို့၎င်း ချဉ်းကပ်စေ၏။
14 Na ka torona e Iharaira tona ringa matau, a whakatakotoria ana e ia ki runga ki te matenga o Eparaima, ko ia ano hoki te teina, me tona ringa maui hoki ki runga ki te matenga o Manahi, he ata whakatakoto hoki nana i ona ringa, ko Manahi hoki te matamua.
၁၄မနာရှေသည်သားဦးဖြစ်သော်လည်း၊ ဣသ ရေလသည် မိမိလက်တို့ကို ဆန့်၍လိမ္မာစွာ ပဲ့ပြင်လျက်၊ အသက်ငယ်သောသူ ဧဖရိမ်၏ခေါင်းပေါ်မှာ လက်ျာ လက်ကို တင်ပြီးလျှင်၊ လက်ဝဲလက်ကို မနာရှေ၏ ခေါင်း ပေါ်မှာ တင်၏။
15 Na ka manaaki ai i a Hohepa, ka mea, Ma te Atua i haereere nei oku matua, a Aperahama raua ko Ihaka i tona aroaro, ma te Atua mana nei ahau i whangai i ahau i ora nei a taea moatia tenei ra,
၁၅ယောသပ်ကို ကောင်းကြီးပေးလျက်၊ ငါ့အဘ အာဗြဟံနှင့်ဣဇာက်ကိုးကွယ်သော ဘုရားသခင်၊ ငါ့ကို တသက်လုံး ယနေ့တိုင်အောင် ကျွေးမွေးတော်မူသော ဘုရားသခင်တည်းဟူသော၊
16 Ma te anahera nana nei ahau i whakaora i roto i nga he katoa, e manaaki enei tamariki; a kia huaina toku ingoa ki a raua, me te ingoa hoki o oku matua, o Aperahama raua ko Ihaka; a kia tino nui haere raua i waenganui i te whenua.
၁၆ငါ့ကိုခပ်သိမ်းသော ဘေးဒဏ်အထဲက ကယ် နှုတ်တော်မူသော ကောင်းကင်တမန်သည်၊ ဤသူငယ် တို့ကို ကောင်းကြီးပေးတော်မူပါစေသော။ သူတို့ကို ငါ့အမည်ဖြင့်၎င်း၊ ငါ့အဘအာဗြဟံနှင့် ဣဇာက်၏အမည် ဖြင့်၎င်း၊ ထပ်၍မှည့်ပါစေသော။ သူတို့သည် မြေကြီးပေါ် မှာ အလွန်တိုး ပွါးများပြားပါစေသောဟု မြွက်ဆို၏။
17 A, no te kitenga o Hohepa kua whakatakotoria e tona papa tona matau ki runga ki te matenga o Eparaima, ka kino ki tana titiro: a ka whakarewaina ake e ia te ringa o tona papa, kia nekehia atu e ia i te matenga o Eparaima ki runga ki te matenga o Manahi.
၁၇အဘသည်လက်ျာလက်ကို ဧဖရိမ်၏ခေါင်းပေါ်မှာ တင်သည်ကို ယောသပ်မြင်လျှင်၊ အားမရ သည်ဖြစ်၍၊
18 A ka mea a Hohepa ki tona papa, Kaua e pena, e toku papa; ko te tuakana hoki tenei; whakatakotoria tou matau ki runga ki tona matenga.
၁၈မဟုတ်ပါအဘ။ ဤသူသည် သားဦးဖြစ်ပါ၏။ သူ၏ခေါင်းပေါ်မှာ လက်ျာလက်ကိုတင်ပါဟု ဆိုလျက် အဘ၏ လက်ကိုဧဖရိမ်ခေါင်းပေါ်က မနာရှေခေါင်းပေါ် သို့ ပြောင်းခြင်းငှါ ချီလေ၏။
19 Na ka whakakahore tona papa, ka mea, E mohio ana ahau, e taku tama, e mohio ana ahau: ka whakatupu iwi ano tenei, ka nui ano hoki ia: otiia ka nui atu tona teina i a ia, a ka waiho ona uri hei iwi maha.
၁၉အဘသည်ငြင်း၍၊ ငါသိ၏ငါသား၊ ငါသိ၏။ သူသည် ကြီးစွာသော လူစုဖြစ်လိမ့်မည်။ သို့သော်လည်း၊ သူ့ညီသည် သူ့ထက်သာ၍ ကြီးသဖြင့်၊ သူ၏ အမျိုး အနွှယ်သည် များစွာသော လူအစုစုဖြစ်လိမ့်မည်ဟု ဆို၏။
20 Na ka manaaki ia i a raua i taua rangi, ka mea, Ko koe ta Iharaira manaakitanga, a ka korerotia, Kia meinga koe e te Atua kia rite ki a Eparaima, kia rite hoki ki a Manahi: na ka maka e ia a Eparaima ki mua i a Manahi.
၂၀တဖန်ဘုရားသခင်သည် သင့်ကို ဧဖရိမ်ကဲ့သို့ ၎င်း၊ မနာရှေကဲ့သို့၎င်း ဖြစ်စေတော်မူပါစေသောဟူ၍ ဣသရေလအမျိုးသားတို့ သည်သင်အားဖြင့် ကောင်းကြီးပေးကြလိမ့်မည်ဟု တိုနေ့၌သူတို့ကိုကောင်းကြီးပေးလေ၏။ ထိုသို့မနာရှေရှေ့မှာ ဧဖရိမ်ကိုနေရာချသတည်း။
21 Na ka mea a Iharaira ki a Hohepa, Ka mate tenei ahau: hei a koutou ia te Atua, mana hoki koutou e whakahoki ki te whenua o o koutou matua.
၂၁ဣသရေလကလည်း၊ ငါသေတော့မည်။ သို့သော်လည်း၊ ဘုရားသခင်သည် သင်တို့ဘက်၌ရှိ၍၊ သင်တို့ကို ဘိုးဘေးနေရာ ပြည်သို့ တဖန် ဆောင်တော်မူလိမ့်မည်။
22 Na kotahi te wahi ka hoatu nei e ahau mou, e hira ake ai tou i to ou tuakana, ko taku hoki i tango ai i nga Amori ki taku hoari, ki taku kopere.
၂၂ထိုမှတပါး သင်၏အစ်ကိုတို့အားပေးသည်ထက် သင့်အားသာ၍ ပေးသောအရာဟူမူကား၊ ငါ့ထား၊ ငါ့ လေးဖြင့် အာမောရိအမျိုးသားလက်မှ နှုတ်ယူသောအရာ ကို သင့်အား ငါပေးသည်ဟု ယောသပ်ကို ပြောဆို၏။

< Kenehi 48 >