< Kenehi 16 >

1 Na kahore a Harai, te wahine a Aperama, i whai tamariki mana; na he pononga wahine tana, no Ihipa, ko Hakara tona ingoa.
အာ​ဗြံ​၏​မ​ယား​စာ​ရဲ​တွင်​သား​တစ်​ယောက်​မျှ မ​ထွန်း​ကား​ချေ။ စာ​ရဲ​၌​ဟာ​ဂ​ရ​အ​မည်​ရှိ သော​အီ​ဂျစ်​ပြည်​သူ​ကျွန်​မ​တစ်​ယောက်​ရှိ​၏။-
2 Na ka mea a Harai ki a Aperama, Nana, kua tutakina nei ahau e Ihowa kei whanau tamariki: mau e haere ki roto, ki taku pononga; mana pea ahau e tu ai. A ka whakarongo a Aperama ki te reo o Harai.
သို့​ဖြစ်​၍​စာ​ရဲ​က​အာ​ဗြံ​အား``ထာ​ဝ​ရ​ဘု​ရား သည် ကျွန်​မ​ကို​သား​သ​မီး​မ​ထွန်း​ကား​စေ​ပါ။ ကျွန်​မ​၏​ကျွန်​မ​ကို​သိမ်း​ပိုက်​ပါ​လော့။ သူ့​အား ဖြင့်​ကျွန်​မ​သား​ရ​ကောင်း​ရ​လိမ့်​မည်'' ဟု​ပြော​၏။ အာ​ဗြံ​သည်​စာ​ရဲ​အ​ကြံ​ပေး​ချက်​ကို​လက်​ခံ သ​ဖြင့်၊-
3 Na ka tango a Harai, wahine a Aperama i a Hakara, i te wahine o Ihipa, i tana pononga, i te takanga o nga tau kotahi tekau o te nohoanga o Aperama i te whenua o Kanaana, a homai ana e ia ki a Aperama, ki tana tane, hei wahine mana.
စာ​ရဲ​သည်​ဟာ​ဂ​ရ​ကို​သူ့​လက်​သို့​အပ်​လေ​၏။ (အာ​ဗြံ​သည်​ခါ​နာန်​ပြည်​တွင်​ဆယ်​နှစ်​နေ​ထိုင် ပြီး​နောက် ဟာ​ဂ​ရ​ကို​မ​ယား​ငယ်​အ​ဖြစ် သိမ်း​ပိုက်​ခဲ့​လေ​သည်။-)
4 Na ka haere ia ki roto, ki a Hakara, a ka hapu ia: a, no tona kitenga kua hapu ia, ka iti tona rangatira wahine ki tana titiro.
အာ​ဗြံ​သည်​ဟာ​ဂ​ရ​နှင့်​ဆက်​ဆံ​သ​ဖြင့် ဟာ​ဂ​ရ ၌​ပ​ဋိ​သန္ဓေ​စွဲ​လေ​၏။ ဟာ​ဂ​ရ​သည်​သူ​၌​ပ​ဋိ သန္ဓေ​စွဲ​ကြောင်း​သိ​ရ​လျှင် မာန်​မာ​န​ဝင်​လာ​၍ စာ​ရဲ​ကို​မ​ထီ​လေး​စား​ပြု​လေ​၏။
5 Na ka mea a Harai ki a Aperama, Hei runga i a koe tenei tutu ki ahau: i hoatu e ahau taku pononga wahine ki tou uma; a, no tona kitenga kua hapu ia, ka iti ahau ki tana titiro iho: ma Ihowa e whakariterite taku korero me tau hoki.
ထို​အ​ခါ​စာ​ရဲ​က​အာ​ဗြံ​အား``ကိုယ်​တော်​ကြောင့် ဟာ​ဂ​ရ​သည် ကျွန်​မ​အား​မ​ထီ​လေး​စား​ပြု​ပါ ပြီ။ ကျွန်​မ​က​သူ့​ကို​ကိုယ်​တော်​ထံ​အပ်​၍ သူ​၌ ပ​ဋိ​သန္ဓေ​စွဲ​ကြောင်း​သိ​သည်​နှင့် ကျွန်​မ​အား မ​ထီ​လေး​စား​ပြု​လာ​ပါ​သည်။ ကိုယ်​တော်​နှင့် ကျွန်​မ​တို့​နှစ်​ဦး​အ​တွက် တ​ရား​သ​ဖြင့်​ဖြစ် စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​ပါ​စေ'' ဟု​ဆို​၏။
6 Na ka mea a Aperama ki a Harai, Ha, kei tou ringa ano tau pononga; mau e mea ki a ia te mea e pai ana ki tau titiro iho. Na ka whakatupu kino a Harai i a ia, a rere ana ia i tona aroaro.
အာ​ဗြံ​က``သူ​သည်​သင်​၏​ကျွန်​မ​ဖြစ်​၍​သင့် လက်​ထဲ​၌​ရှိ​သည်။ သူ့​အား​သင်​ပြု​လို​ရာ​ပြု နိုင်​သည်'' ဟု​ပြန်​ပြော​၏။ ထို​အ​ခါ​စာ​ရဲ​သည် ဟာ​ဂ​ရ​အား​မ​နေ​နိုင်​လောက်​အောင်​ညှင်း​ဆဲ သ​ဖြင့် ဟာ​ဂ​ရ​ထွက်​ပြေး​လေ​သည်။
7 A ka kitea ia e te anahera a te Atua i tetahi puna wai i te koraha, i te puna i te huarahi ki Huru,
ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ရှု​ရ​မြို့​သို့​သွား​ရာ​လမ်း၊ တော​ကန္တာ​ရ​ထဲ ရှိ​စမ်း​ရေ​တွင်း​အ​နီး​တွင်​ဟာ​ဂ​ရ​ကို​တွေ့ လျှင်၊-
8 Ka mea, E Hakara, e te pononga a Harai, i haere mai koe i hea? e anga ana hoki koe ko hea? a ka mea ia, E rere ana ahau i a Harai, i toku rangatira.
``စာ​ရဲ​၏​ကျွန်​မ​ဟာ​ဂ​ရ၊ သင်​ဘယ်​အ​ရပ် သို့​သွား​မည်​နည်း'' ဟု​မေး​လေ​၏။ ဟာ​ဂ​ရ​က``ကျွန်​မ​သည်​သ​ခင်​မ​ထံ​မှ​ထွက် ပြေး​လာ​ပါ​သည်'' ဟု​ပြန်​ဖြေ​၏။
9 Na ka mea te anahera a Ihowa ki a ia, Hoki atu ki tou rangatira, kia whakaririka hoki koe i raro i ona ringa.
ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က လည်း``သ​ခင်​မ​ထံ​သို့​ပြန်​၍​ကျွန်​ခံ​လော့'' ဟု ဆို​၏။-
10 Ka mea ano te anahera a Ihowa ki a ia, Ka whakanuia rawatia e ahau tou uri, a e kore e taea te tatau, i te tini hoki.
၁၀တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် က``သင်​၏​အ​မျိုး​အ​နွယ်​ကို​မ​ရေ​မ​တွက် နိုင်​အောင်​များ​ပြား​စေ​မည်။-
11 I mea ano te anahera a Ihowa ki a ia, Nana, e hapu ana koe, a ka whanau he tama, me hua e koe tona ingoa ko Ihimaera; mo Ihowa i whakarongo ki tau tangi.
၁၁သင်​သည်​သား​ကို​ဖွား​မြင်​လိမ့်​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​သင်​၏​ညည်း​တွား​သံ​ကို​ကြား တော်​မူ​ပြီ။ ထို​သား​ကို​ဣ​ရှ​မေ​လ​အ​မည် ဖြင့်​မှည့်​ခေါ်​ရ​မည်။-
12 A ka rite ia ki te kaihe mohoao i waenganui o te tangata; ka ara tona ringa ki te katoa, me te ringa o te katoa ki a ia; a ka noho ia i te aroaro o ona teina katoa.
၁၂သို့​ရာ​တွင်​သင်​၏​သား​သည်​မြည်း​ရိုင်း​ကဲ့​သို့​နေ ထိုင်​ရ​လိမ့်​မည်။ သူ​သည်​လူ​တိုင်း​နှင့်​ရန်​ဘက် ဖြစ်​၍ လူ​တိုင်း​က​လည်း​သူ့​ကို​ရန်​ဘက်​ပြု လိမ့်​မည်။ သူ​သည်​မွေး​ချင်း​ပေါက်​ဖော်​တို့​နှင့် ခွဲ​ခွာ​နေ​ထိုင်​ရ​လိမ့်​မည်'' ဟု​မြွက်​ဆို​လေ​၏။
13 Na ka huaina e ia te ingoa o Ihowa i korero nei ki a ia, He Atua koe e kite ana: i mea hoki ia, I titiro ranei ahau i koeni ki muri i toku kaititiro mai?
၁၃ထို​အ​ခါ​ဟာ​ဂ​ရ​က``ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ကို​အ​ကယ်​ပင်​ဖူး​မြင်​ရ​ပြီး​နောက် အ​သက်​ရှင်​သေး​ပါ​တ​ကား'' ဟု​ဆို​ပြီး လျှင်​သူ့​အား​ထို​သို့​မိန့်​ကြား​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို``မြင်​တော်​မူ​သော​ဘု​ရား'' ဟူ​သော​နာ​မည်​ဖြင့်​ခေါ်​ဝေါ်​လေ​၏။-
14 Koia i huaina ai taua puna ko Peererahairoi; na, kei waenganui i Karehe, i Perere.
၁၄ထို​အ​ကြောင်း​ကြောင့်​ကာ​ဒေ​ရှ​မြို့​နှင့်​ဗေ​ရက် မြို့​စပ်​ကြား​ရှိ​ရေ​တွင်း​ကို``ငါ့​ကို​မြင်​တော်​မူ သည့်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​၏​ရေ​တွင်း'' ဟု​ခေါ်​တွင်​လေ​သည်။
15 Na ka whanau te tama a Hakara raua ko Aperama: a huaina ana e Aperama te ingoa o tana tama, i whanau nei i a Hakara, ko Ihimaera.
၁၅အာ​ဗြံ​သည်​ဟာ​ဂ​ရ​ဖြင့်​သား​ကို​ရ​၍ သူ​သည် ထို​သား​ကို​ဣ​ရှ​မေ​လ​ဟု​နာ​မည်​မှည့်​ခေါ်​၏။-
16 Na e waru tekau ma ono nga tau o Aperama i te whanautanga o Ihimaera tama a Hakara raua ko Aperama.
၁၆ထို​သား​ဖွား​သော​အ​ချိန်​၌ အာ​ဗြံ​သည်​အ​သက် ရှစ်​ဆယ့်​ခြောက်​နှစ်​ရှိ​သ​တည်း။

< Kenehi 16 >