< Ehekiera 9 >

1 I karanga ano ia ki oku taringa, he nui te reo, i mea, Kia whakatata mai nga kaitirotiro o te pa, me tana patu whakangaro i te ringa o tenei, o tenei.
ဖျက်ဆီး သော လက်နက် ကို အသီးအသီး ကိုင် လျက် ၊ ဤမြို့ ခံရသောဒဏ်တို့ကို အနီးသို့ဆောင် ခဲ့ကြလော့ ဟု ကျယ် သောအသံ နှင့် ခေါ် တော်မူသည်ကို ငါ ကြား ၏။
2 Na tokoono nga tangata e haere mai ana i te ara o to runga kuwaha e anga ana ki te raki, me tana patu whakamate ano i te ringa o tenei, o tenei: ko tetahi tangata ano i roto i a ratou he rinena tona kakahu, he pounamu ano na te kaituhituhi i tona taha. Na tomo ana ratou, tu ana i te taha o te aata parahi.
ထိုအခါ လူ ခြောက် ယောက်တို့သည် အသီးအသီး ကွပ်မျက် စရာ လက်နက် ကို ကိုင် လျက် ၊ တယောက် သည်လည်း ၊ ပိတ် အဝတ်ကိုဝတ် ၍ နံ ပါး၌ မှင်အိုး ပါလျက်၊ မြောက် မျက်နှာ ဘက် အထက် တံခါး လမ်း ဖြင့် ဝင် ၍ ၊ ကြေးဝါ ပလ္လင် အနား မှာရပ် နေကြ၏။
3 Na kua kake atu te kororia o te Atua o Iharaira i te kerupa, ko tona taunga nei tera, ki te paepae o te whare: na ka karanga tera ki te tangata, he rinena nei tona kakahu, ki tera kei tona taha nei te pounamu a te kaituhituhi;
ဣသရေလ အမျိုး၏ဘုရားသခင် ဘုန်း တော် သည် ကျိန်းဝပ်ရာ ခေရုဗိမ် မှ အိမ် တော်တံခါး ခုံသို့ တက် ၍၊ ပိတ် အဝတ်ကိုဝတ် လျက်၊ နံပါး ၌ မှင်အိုး ပါသောသူ ကို ခေါ် ၍ ၊
4 A ka mea a Ihowa ki a ia, E tika na waenganui i te pa, na waenga i Hiruharama, ka whakapiri i tetahi tohu ki nga rae o nga tangata e aue ana, e tangi ana, mo nga mea whakarihariha katoa e mahia ana i waenganui o konei.
ထာဝရဘုရား က၊ ယေရုရှလင် မြို့အလယ် ၌ ရှောက်သွား လော့။ မြို့ ထဲ၌ ပြု သမျှ သော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကြောင့် ၊ ညည်းတွား ငိုကြွေး သောသူ တို့၏ နဖူး ကို ထိုး မှတ်လော့ဟူ၍၎င်း ၊
5 I mea ano ia ki era atu, me te whakarongo ano ahau, E tika koutou na waenganui o te pa i muri i a ia patu ai: kaua o koutou kanohi e manawapa, kaua e tohu.
အခြားသောသူတို့ အားလည်း၊ ထိုသူ နောက် မြို့ ထဲ၌ ရှောက်သွား ၍ ဒဏ်ခတ် ကြလော့။ နှမြော စုံမက်ခြင်းမ ရှိကြနှင့်။
6 Patua kia ngaro te kaumatua, te taitama, te kotiro, me nga kohungahunga, me nga wahine; kaua ia e tata ki tetahi tangata i a ia nei te tohu; me timata ki toku wahi tapu. Na kua timata ratou ki nga kaumatua i te aronga o te whare.
အသက်ကြီး သောသူ၊ အသက် ငယ်သောသူ၊ အပျိုမ ၊ သူငယ် ၊ မိန်းမ တို့ကို ရှင်းရှင်းသတ် ကြလော့။ သို့ရာတွင် ၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏ သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည် ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာသတ်ကြ၏။
7 I mea ano ia ki a ratou, Whakapokea te whare, whakakiia nga marae ki te tupapaku: haere koutou. Heoi haere ana ratou, na kei te patu i roto i te pa.
တဖန်တုံ ၊ အိမ် တော်ကိုညစ်ညူး စေ၍ ၊ ကွပ်မျက်သော သူအသေ ကောင်တို့နှင့် တန်တိုင်း များကို ပြည့် စေပြီးမှ၊ ထွက်သွား ကြလော့ဟု မိန့် တော်မူသည် အတိုင်း ၊ သူတို့သည်ထွက် ၍ မြို့ ထဲ၌ ကွပ်မျက် ကြ၏။
8 Na i a ratou e patu ana, a ka mahue ahau, ka tapapa ahau, ka karanga, ka mea, Aue, e te Ariki, e Ihowa! ka ngaro ianei i a koe nga morehu katoa o Iharaira, i te mea ka ringihia nei e koe tou weriweri ki runga ki Hiruharama?
ထိုသို့ သူ တို့သည် ကွပ်မျက် ကြသောအခါ ၊ ငါ နေရစ် စဉ်တွင်ပြပ်ဝပ် ၍ ၊ အိုအရှင် ထာဝရဘုရား ၊ ယေရုရှလင် မြို့အပေါ် သို့ အမျက် တော်ကို သွန်းလောင်း ၍ ၊ ကျန်ကြွင်း သမျှ သောဣသရေလ အမျိုးကို ဖျက်ဆီး တော်မူ မည်လော ဟု ကြွေးကြော် ၍ လျှောက် လေ၏။
9 Ano ra ko ia ki ahau, He nui rawa te he o te whare o Iharaira raua ko Hura, kua ki hoki te whenua i te toto, kua ki ano te pa i te whakariroinga o te whakawa: e mea ana hoki ratou, Kua mahue te whenua i a Ihowa, e kore a Ihowa e kite.
ထာဝရဘုရားကလည်း၊ ဣသရေလ အမျိုး နှင့် ယုဒ အမျိုး၏အပြစ် သည် အလွန် တရာကြီး ၏။ တပြည်လုံး သည် လူ အသက်ကိုသတ်ခြင်းအပြစ်နှင့်ပြည့် ၏။ မြို့ သည်လည်း ဖောက်ပြန် ခြင်း အပြစ်နှင့်ပြည့် ၏။ သူတို့က၊ ထာဝရဘုရား သည် မြေကြီး ကို စွန့်ပစ် လေပြီ။ ထာဝရဘုရား မမြင် ဟု ဆို ကြ၏။
10 Na, ko ahau nei hoki, e kore toku kanohi e manawapa, e kore ahau e tohu; ka hoatu e ahau te utu o to ratou ara ki runga ki to ratou mahunga.
၁၀ထိုကြောင့် ၊ ငါ သည် နှမြော စုံမက်ခြင်းမ ရှိဘဲ၊ သူ တို့အကျင့် တို့၏ အကျိုးအပြစ်ကို သူ တို့ခေါင်း ပေါ် သို့ သက်ရောက် စေမည်ဟု ငါ့အား မိန့်တော်မူ၏။
11 Na, ko te tangata i te kakahu rinena, tera kei tona taha ra te pounamu mangumangu, korerotia ana e ia taua mea, i ki ia, Kua oti i ahau tau i whakahau ra ki ahau.
၁၁ပိတ် အဝတ်ကို ဝတ် ၍ နံပါး ၌ မှင်အိုး ပါသောသူ ကလည်း၊ ကိုယ်တော် မှာ ထားတော်မူသည်အတိုင်း အကျွန်ုပ်ပြု ပါပြီဟု ပြန်လျှောက် လေ၏။

< Ehekiera 9 >