< Ekoruhe 7 >

1 A ka mea a Ihowa ki a Mohi, Na, kua oti koe te mea e ahau hei atua ki a Parao; ko Arona hoki, ko tou tuakana, hei poropiti mau.
ထာဝရဘုရားကလည်း၊ သို့ဖြစ်၍ သင့်ကို ဖါရောဘုရင်၏ ဘုရားအရာ၌ ငါခန့်ထား၏။ သင်၏အစ်ကို အာရုန်သည်၊ သင်၏ပရောဖက် ဖြစ်ရလိမ့်မည်။
2 Korerotia nga mea katoa e ki ai ahau ki a koe; a ma Arona, ma tou tuakana, e korero ki a Parao, kia tukua e ia nga tama a Iharaira i tona whenua.
ငါမိန့်တော်မူသမျှတို့ကို သင်သည် ပြန်ပြောရမည်။ ဖါရောဘုရင်သည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်လိုက်ရမည်အကြောင်းကို၊ သင်၏အစ်ကို အာရုန်သည် သူ့ထံ၌လျှောက်ရမည်။
3 A maku e whakapakeke te ngakau o Parao, e whakamaha hoki aku tohu me aku merekara ki te whenua o Ihipa.
ငါသည်လည်း ဖါရောမင်း၏ နှလုံးကို ခိုင်မာစေ၍၊ အဲဂုတ္တုပြည်၌ ငါ၏နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကို များပြားစေမည်။
4 Otiia e kore a Parao e rongo ki a korua, a ka pa toku ringa ki Ihipa, he nui ano hoki nga whakawa e whakaputaina ai e ahau aku mano tini, taku iwi, nga tama a Iharaira, i te whenua o Ihipa.
သို့သော်လည်း ဖါရောမင်းသည် သင်တို့စကားကို နားမထောင်ဘဲနေလိမ့်မည်။ ငါသည်လည်း ငါ့လက် ကို အဲဂုတ္တုပြည်အပေါ်မှာတင်၍ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် ငါ၏ဗိုလ်ပါများ၊ ငါ၏လူဣသရလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်မည်။
5 A e mohio nga Ihipiana ko Ihowa ahau, ina totoro toku ringa ki Ihipa, a ka whakaputaina mai e ahau nga tama a Iharaira i roto i a ratou.
ထိုသို့အဲဂုတ္တုပြည်အပေါ်မှာ ငါ့လက်ကိုဆန့်၍၊ ဣသရေလအမျိုးသားတို့ကို သူတို့အထဲမှ နုတ်ဆောင် သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။
6 I mea ano a Mohi raua ko Arona i ta Ihowa i whakahau ai ki a raua, pera ana raua.
မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရား မိန့်တော်မူသမျှ အတိုင်းပြုကြ၏။
7 A e waru tekau nga tau o Mohi, e waru tekau ma toru nga tau o Arona, i ta raua korerotanga ki a Parao.
ဖါရောဘုရင်ထံ၌ လျှောက်ကြသောအခါ၊ မောရှေ၏အသက်သည် အနှစ်ရှစ်ဆယ်ရှိ၏။ အာရုန်၏ အသက်သည် အနှစ်ရှစ်ဆယ်သုံးနှစ်ရှိ၏။
8 A i korero a Ihowa ki a Mohi raua ko Arona, i mea,
တဖန်ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား၊
9 Ki te puta ki a korua ta Parao kupu, Tena koa, tetahi merekara i a korua; ko reira koe mea ai ki a Arona, E mau ki tau tokotoko, maka iho ki te aroaro o Parao, a ka nakahi.
ဖါရောဘုရင်က၊ သင်တို့အတွက် ထူးဆန်းသော တန်ခိုးကို ပြလော့ဟုဆိုလျှင်၊ သင်၏ လှံတံကိုယူ၍ ရှေ့တော်၌ချလော့ဟု အာရုန်အားပြောလော့။ လှံတံသည်လည်း မြွေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
10 Na ka haere a Mohi raua ko Arona ki a Parao, a peratia ana e raua me ta Ihowa i mea ai: maka iho ana e Arona tona tokotoko ki te aroaro o Parao, ki te aroaro hoki o ana tangata, na, kua nakahi.
၁၀မောရှနှင့်အာရုန်သည် ဖါရောဘုရင်ထံသို့ဝင်၍ ထာဝရဘုရားမိန့်တော်မူသည်အတိုင်းပြုသဖြင့်၊ အာရုန်သည် ဖါရောဘုရင်ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချ၍ မြွေဖြစ်လေ၏။
11 Na ka karanga hoki a Parao i nga tangata mohio, i nga tohunga maori: na, ko ratou, ko nga tohunga o Ihipa, i pera ano ratou ki a ratou nei karakia maori.
၁၁ထိုအခါ ဖါရောဘုရင်သည် ပညာရှိများ၊ ပြုစားတတ်သောသူများတို့ကိုခေါ်၍၊ အဲဂုတ္တုအမျိုး ဝိဇ္ဇာဆရာ တို့သည်၊ ဝိဇ္ဇာအတတ်အားဖြင့် ထိုအကူပြု၍၊
12 Maka iho ana hoki e tenei, e tenei, a ratou tokotoko, a nakahi ana: otiia i horomia a ratou tokotoko e te tokotoko a Arona.
၁၂မိမိတို့ကိုင်သော လှံတံများကိုချ၍ မြွေဖြစ်ကြလေ၏။ သို့သော်လည်း အာရုန်၏လှံတံသည် သူတို့၏ လှံတံများကို မျိုလေ၏။
13 Na ka whakapakeketia e ia te ngakau o Parao, a kihai ia i rongo ki a raua, ko ta Ihowa hoki i ki ai.
၁၃ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကို နား မထောင်ဘဲနေ၏။
14 I mea ano a Ihowa ki a Mohi, E pakeke ana te ngakau o Parao, kahore ia e whakaae ana ki te tuku i te iwi.
၁၄ထာဝရဘုရားကလည်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ ဣသရေလလူတို့ကို မလွှတ်ဘဲနေ၏။
15 Haere ki a Parao i te ata, na, e haere ana ia ki te wai; a hei te pareparenga o te awa tu atu ai koe ki a ia; ko te tokotoko hoki i nakahi ra, maua i tou ringa.
၁၅နံနက်အချိန်၌ ဖါရောဘုရင်ထံသို့ သွားလော့။ သူသည် ရေဆိပ်သို့ သွားလိမ့်မည်။ သူမရောက်မှီ သင် သည် မြစ်ကမ်းနားမှာ ရပ်နေလော့။ မြွေဖြစ်သော လှံတံကိုလည်း လက်တွင်ကိုင်လော့။
16 A ka mea koe ki a ia, Na Ihowa, na te Atua o nga Hiperu ahau i unga mai ki a koe; e mea ana ia, Tukua taku iwi kia mahi ki ahau i te koraha: titiro, kahore koe kia rongo a mohoa noa nei.
၁၆ဟေဗြဲအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားက၊ ငါ့လူတို့သည်တော၌ ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကိုလွှတ်လော့ဟု အမိန့်တော်ပါသော ကျွန်ုပ်ကို ကိုယ်တော်ထံသို့ စေလွှတ်တော်မူပြီ။ ကိုယ်တော်သည် ယခုတိုင်အောင် နားမထောင်ဘဲနေပါသည် တကား။
17 Ko te kupu tenei a Ihowa, ma konei e mohio ai koe ko Ihowa ahau: nana, maku e patu nga wai i te awa ki te tokotoko i toku ringa, a ka riro ke hei toto.
၁၇ထာဝရဘုရားက၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်သည်အဘယ်သို့ သိရမည်နည်းဟူမူကား၊ ငါကိုင်သောလှံတံနှင့် မြစ်ရေကိုရိုက်၍ ထိုရေသည် အသွေးဖြစ်လိမ့်မည်။
18 E mate hoki nga ika i roto i te awa, a e piro te awa; a e anuanu nga Ihipiana ki te inu i te wai o te awa.
၁၈မြစ်၌ရှိသော ငါးတို့သည်သေကြလိမ့်မည်။ မြစ်ရေလည်းနံလိမ့်မည်၊ အဲဂုတ္တုလူတို့သည်လည်း မြစ်ရေ ကို ရွံကြလိမ့်မည် အကြောင်းကို ပြန်ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
19 A i korero a Ihowa ki a Mohi, Mea atu ki a Arona, E mau ki tau tokotoko, totoro hoki tou ringa ki nga wai o Ihipa, ki o ratou wai e rere ana, ki o ratou awa, ki o ratou roto, ki o ratou huihuinga wai katoa, kia meinga ai hei toto; a ka whai toto nga oko rakau, kohatu hoki, i te whenua katoa o Ihipa.
၁၉တဖန် ထာဝရဘုရားသည် မောရှေကိုမိန့်တော်မူပြန်သည်ကား၊ အာရုန်အား သင်၏လှံတံကိုယူ၍ အဲဂုတ္တုပြည်၌ရှိသော ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေ၊ ကန်ရေ၊ တွင်းရေရှိသမျှအပေါ်မှာ လက်ကိုဆန့်လော့။ ထိုရေရှိသမျှတို့သည် အသွေးဖြစ်လိမ့်မည်။ အဲဂုတ္တုပြည် တရှောက်လုံး၊ သစ်ခွက်၊ ကျောက်အိုး၌မျှ မကြွင်း အသွေး ရှိလိမ့်မည်အကြောင်းကို ပြောလော့ဟု မိန့်တော်မူ၏။
20 A peratia ana e Mohi raua ko Arona me ta Ihowa i ako ai; hapainga ana e ia te tokotoko, patua ana ki nga wai o te awa, i te tirohanga a Parao, i te tirohanga ano hoki a ana tangata; a riro ke ana hei toto nga wai katoa o te awa.
၂၀မောရှေနှင့် အာရုန်သည် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြု၍၊ အာရုန်သည် ဖါရောဘုရင် ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချီ၍ မြစ်ရေကို ရိုက်သဖြင့်၊ မြစ်ရေရှိသမျှသည် အသွေးဖြစ်လေ၏။
21 A mate ana nga ika i te awa; a piro ana te awa, kihai hoki i ahei i nga Ihipiana te inu i te wai o te awa: na he toto tera i te whenua katoa o Ihipa.
၂၁မြစ်၌ရှိသော ငါးတို့သည်လည်း သေကြ၍၊ မြစ်ရေနံသောကြောင့်၊ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်ကြ။ အဲဂုတ္တုပြည်တရှောက်လုံး၌ အသွေးနှံ့ပြားလျက် ရှိလေ၏။
22 A, peratia ana e nga tohunga o Ihipa ki a ratou na mahi maori: a ka whakapakeketia te ngakau o Parao, kahore hoki ia i whakarongo ki a raua; i rite tonu ki ta Ihowa i korero ai.
၂၂အဲဂုတ္တုအမျိုးသား ဝိဇ္ဇာဆရာတို့လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြုကြ၏။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကို နားမထောင်ဘဲနေ၏။
23 Na tahuri ana a Parao, haere ana ki roto ki tona whare, kihai ano hoki i whakaanga i tona ngakau ki tenei.
၂၃နန်းတော်သို့လှည့်လည်ပြန်သွား၍ ထိုအမှုကို နှလုံးမသွင်းဘဲ နေလေ၏။
24 Na ka keri nga Ihipiana katoa ki nga taha o te awa i te wai hei inu; kihai hoki i ahei te inu i te wai o te awa.
၂၄ထိုအခါ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်သောကြောင့်၊ သောက်ရေကိုရခြင်းငှါ မြစ်နားမှာ တွင်းတူးကြ၏။
25 Na kua rite nga ra e whitu i muri i ta Ihowa patunga i te awa.
၂၅ထာဝရဘုရားသည် မြစ်ကိုဒဏ်ခတ်၍ ခုနစ်ရက်ကို လွန်စေတော်မူ၏။

< Ekoruhe 7 >