< Ekoruhe 33 >

1 Na ka mea a Ihowa ki a Mohi, Haere, turia atu ki runga, koutou ko te iwi i kawea mai nei e koe i te whenua o Ihipa, ki te whenua i oati ai ahau ki a Aperahama, ki a Ihaka, ki a Hakopa, i mea ia, Ka hoatu e ahau ki ou uri:
ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား ``သင်​သည် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သူ​တို့​နှင့် အ​တူ ဤ​အ​ရပ်​မှ​ထွက်​၍၊ ငါ​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​နှင့်​သူ​တို့​၏​အ​ဆက်​အ​နွယ် တို့​အား​ပေး​မည်​ဟု​က​တိ​ထား​ခဲ့​သော ပြည်​သို့​သွား​လော့။-
2 A ka unga he anahera e ahau ki mua i a koe, maku ano hoki e pei nga Kanaani, nga Amori, nga Hiti, nga Perihi, nga Hiwi, me nga Iepuhi:
သင်​တို့​အား​လမ်း​ပြ​ရန်​ကောင်း​ကင်​တ​မန် ကို​ငါ​စေ​လွှတ်​မည်။ ခါ​နာန်​အ​မျိုး​သား၊ အာ မော​ရိ​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ အ​မျိုး​သား​တို့​ကို​ငါ​နှင်​ထုတ်​မည်။-
3 Ki te whenua e rerengia ana e te waiu, e te honi: e kore hoki ahau e haere atu i roto i a koe; he iwi kaki maro hoki koe: kei pau koe i ahau ki te ara.
သင်​တို့​ကို​အ​စာ​ရေ​စာ​ပေါ​များ​၍​မြေ သြ​ဇာ​ထက်​သန်​သော​ပြည်​သို့​ပို့​ဆောင်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​ခေါင်း​မာ​သော​လူ​မျိုး ဖြစ်​၍၊ လမ်း​ခ​ရီး​၌​သင်​တို့​ကို​ငါ​သေ​ကြေ ပျက်​စီး​စေ​မည်​စိုး​သော​ကြောင့် ငါ​ကိုယ်​တိုင် သင်​တို့​နှင့်​အ​တူ​ခ​ရီး​မ​သွား'' ဟု​မိန့် တော်​မူ​၏။
4 A, i te rongonga o te iwi i tenei rongo kino, ka pouri, kihai ano i whakanohoia e tetahi ona whakapaipai.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​သို့​မိန့် တော်​မူ​သည်​ကို​ကြား​သိ​ရ​သော​အ​ခါ၊ ဝမ်း နည်း​ပူ​ဆွေး​လျက်​လက်​ဝတ်​တန်​ဆာ​များ ကို​မ​ဝတ်​ဆင်​ကြ​တော့​ချေ။-
5 A i ki atu a Ihowa ki a Mohi, Mea atu ki nga tama a Iharaira, He iwi kaki maro koutou: kia mea kau ka puta atu ahau ki waenganui i a koe, a ka ngaro koe i ahau: na, whakarerea atu ou whakapaipai, a ka mohio ahau ki taku e mea ai ki a koe.
ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``သင်​တို့ သည်​ခေါင်း​မာ​သော​လူ​မျိုး​ဖြစ်​၏။ သင်​တို့ နှင့်​အ​တူ​ခ​ဏ​မျှ​ဖြစ်​စေ​ငါ​သည်​ခ​ရီး သွား​ရ​လျှင်၊ သင်​တို့​အား​တစ်​ယောက်​မျှ မ​ကျန်​သေ​ကျေ​ပျက်​စီး​စေ​မည်။ ယ​ခု ပင်​လျှင်​သင်​တို့​၏​လက်​ဝတ်​တန်​ဆာ​များ ကို​ချွတ်​လော့။ ထို​နောက်​မှ​ငါ​သည်​သင်​တို့ အား​အ​ဘယ်​သို့​စီ​ရင်​ရ​မည်​ကို​ဆုံး​ဖြတ် မည်'' ဟု​မိန့်​တော်​မူ​၏။-
6 Na i aurutia e nga tama a Iharaira o ratou whakapaipai i Maunga Horepa ahu atu.
ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သိ​နာ​တောင်​မှ​ထွက်​ခွာ​ပြီး​သည်​နောက်၊ လက် ဝတ်​တန်​ဆာ​များ​ကို​မည်​သည့်​အ​ခါ​မျှ မ​ဝတ်​ကြ​တော့​ချေ။
7 Na tango ai a Mohi i te tapenakara ka whakatu ki waho o te puni ki tetahi wahi mamao atu i te puni, a huaina ana e ia, Ko te tapenakara o te whakaminenga. A i haere nga tangata katoa e rapu ana i a Ihowa, ki te tapenakara o te whakaminenga, ki wa ho o te puni.
ဣ​သ​ရေ​လ​အ​မျိုး​သား​များ​စ​ခန်း​ချ သည့်​အ​ခါ​တိုင်း၊ မော​ရှေ​သည်​တဲ​တော်​ကို စ​ခန်း​အ​ပြင်​ဘက်​ခပ်​လှမ်း​လှမ်း​အ​ကွာ နေ​ရာ​တွင်​ဆောက်​လေ့​ရှိ​၏။ တဲ​တော်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် ဟူ​၍​နာ​မည်​မှည့်​ခေါ်​၏။ ထာ​ဝ​ရ​ဘု​ရား ၏​အ​လို​တော်​ကို​သိ​လို​သူ​သည် ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​သို့​သွား ရ​သည်။-
8 A, i a Mohi e haere ana ki te tapenakara ka whakatika te iwi katoa, a ka tu tera, tera, i te kuwaha o tona teneti, a ka titiro ki muri i a Mohi, a haere noa ia ki roto ki te tapenakara.
တဲ​တော်​သို့​မော​ရှေ​သွား​သည့်​အ​ခါ​တိုင်း၊ လူ​များ​သည် မိ​မိ​တို့​တဲ​ရှေ့​တွင်​ရပ်​လျက်၊ မော​ရှေ​တဲ​တော်​သို့​ဝင်​သွား​သည့်​အ​ထိ စောင့်​ကြည့်​လေ့​ရှိ​ကြ​၏။-
9 A, i a Mohi e haere ana ki roto ki te tapenakara, ka heke iho te pou kapuna, a tu ana i te whatitoka o te tapenakara, a ka korero a Ihowa ki a Mohi.
မော​ရှေ​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ၊ မိုး တိမ်​တိုက်​သည်​ဆင်း​သက်​လာ​၍၊ တဲ​ဝ​တွင် ရပ်​တန့်​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် တိမ်​တိုက်​ထဲ​မှ​မော​ရှေ​အား​မိန့်​ကြား တော်​မူ​၏။-
10 A ko te kitenga o te iwi katoa i te pou kapua e tu ana i te whatitoka o te tapenakara, na ka whakatika te iwi katoa, ka koropiko hoki ia tangata, ia tangata, i te whatitoka o tona teneti.
၁၀လူ​အ​ပေါင်း​တို့​သည်၊ တဲ​တော်​ဝ​၌​တိမ် တိုက်​ကို​မြင်​ရ​လျှင်၊ ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။-
11 Na ka korero a Ihowa ki a Mohi, he kanohi, he kanohi, pera hoki me te tangata e korero nei ki tona hoa. A hoki ana ia ki te puni: ko tana tangata ia, ko Hohua, tama a Nunu, kihai taua taitamariki i neke atu i roto i te tapenakara.
၁၁မိတ်​ဆွေ​ချင်း​စ​ကား​ပြော​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မော​ရှေ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​စ​ကား ပြော​တော်​မူ​၏။ ထို​နောက်​မော​ရှေ​သည်​စ​ခန်း သို့​ပြန်​လာ​၏။ သို့​သော်​သူ​၏​လက်​ထောက်​ဖြစ် သူ၊ နုန်​၏​သား၊ လူ​ငယ်​ယော​ရှု​သည်၊ တဲ​တော် တွင်း​၌​နေ​ရစ်​လေ​၏။
12 A i mea a Mohi ki a Ihowa, Titiro, kua mea mai nei koe ki ahau, Kawea tenei iwi ki runga: a kahore i whakaaturia mai e koe ki ahau tau e unga ai hei hoa moku. Kua mea mai ano koe ki ahau, E mohio ana ahau ki a koe, ki tou ingoa hoki, kua manakoh ia ano koe e ahau.
၁၂မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား သည်​မှာ``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို၊ ဤ​သူ တို့​အား ထို​သို့​ပို့​ဆောင်​ရန်​မိန့်​တော်​မူ​ပြီ။ သို့​ရာ​တွင်​အ​ကျွန်ုပ်​နှင့်​အ​တူ​မည်​သူ့​ကို စေ​လွှတ်​မည်​ဟူ​၍​မ​မိန့်​ကြား​ခဲ့​ပါ။ ကိုယ်​တော် က`သင့်​ကို​ရင်း​နှီး​စွာ​ငါ​သိ​၏။ သင့်​အား နှစ်​သက်​၏' ဟု​မိန့်​တော်​မူ​ပါ​သည်။-
13 Na, ki te mea kua manakohia ahau e koe, tena, whakaaturia mai ki ahau ou ara, kia mohio ai ahau ki a koe, kia manakohia ai ahau e koe; kia mahara hoki he iwi nau tenei iwi.
၁၃ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​နှစ်​သက်​တော် မူ​ပါ​လျှင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​၍၊ စိတ်​တော်​နှင့်​တွေ့​နိုင်​စေ ရန်၊ ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​များ​ကို ဖော်​ပြ​တော်​မူ​ပါ။ ဤ​လူ​မျိုး​သည်​ကိုယ်​တော် ရွေး​ချယ်​ထား​သော​လူ​မျိုး​တော်​ဖြစ်​ကြောင်း ကို​လည်း​သ​တိ​ရ​တော်​မူ​ပါ။''
14 Na ka mea ia, Ka haere atu toku aroaro, a ka mea ahau i a koe kia okioki.
၁၄ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင် နှင့်​အ​တူ​ကြွ​သွား​၍၊ သင့်​အား​အောင်​မြင် ခွင့်​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
15 Na ka mea ia ki a ia, Ki te kahore tou aroaro e haere, kaua matou e kawea ki runga i konei.
၁၅မော​ရှေ​က``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ ကြွ​သွား​တော်​မ​မူ​လျှင်၊ အ​ကျွန်ုပ်​တို့​အား ဤ​အ​ရပ်​မှ​မ​ထွက်​ခွာ​စေ​တော်​မူ​ပါ​နှင့်။-
16 Ma te aha hoki e mohiotia ai kua manakohia matou ko tau iwi e koe? he teka ianei mau kia haere tahi i a matou? penei ka motuhia matou ko tau iwi i nga iwi katoa i te mata o te whenua.
၁၆ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ကြွ သွား​တော်​မ​မူ​ပါ​လျှင်၊ ကိုယ်​တော်​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်​နှင့်​အ​ကျွန်ုပ်​အား​နှစ် သက်​ကြောင်း​မည်​သို့​သိ​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​ခြင်း ဖြင့်၊ အ​ကျွန်ုပ်​တို့​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး တ​ကာ​တို့​နှင့်​ခြား​နား​ကြောင်း​ကို​သိ​ရ ပါ​မည်'' ဟု​လျှောက်​လေ​၏။
17 Na ka mea a Ihowa ki a Mohi, Ko tenei mea ano i korerotia mai na e koe, ka rite i ahau: no te mea e manakohia ana koe e ahau, a e mohio ana ahau ki a koe, ki tou ingoa hoki.
၁၇ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည် သင့်​ကို​ရင်း​နှီး​စွာ​သိ​၍​နှစ်​သက်​သ​ဖြင့်၊ သင်​တောင်း​လျှောက်​သည့်​အ​တိုင်း​ငါ​ပြု မည်'' ဟု​မိန့်​တော်​မူ​၏။
18 Na ka mea ia, Tena ra, whakakitea mai ki ahau tou kororia.
၁၈ထို​နောက်​မော​ရှေ​က``ကိုယ်​တော်​၏​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ခွင့်​ပေး တော်​မူ​ပါ'' ဟု​တောင်း​ပန်​လျှောက်​ထား​၏။
19 Na ka mea ia, Ka meatia e ahau toku pai katoa kia haere atu i tou aroaro, a ka karangatia e ahau te ingoa o Ihowa i tou aroaro, ka atawhai hoki ahau i taku e atawhai ai, ka tohu hoki i taku e tohu ai.
၁၉ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​ဂုဏ်​အ​သ​ရေ တော်​ရှိ​သ​မျှ​ကို​သင့်​အား​ပြ​သ​၍၊ ငါ​၏ နာ​မ​တော်​ကို​လည်း​သင့်​အား​ကြေ​ညာ မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ သ​နား​ကြင်​နာ​လို​သူ​အား​သ​နား​ကြင် နာ​မည်။ ငါ​ကျေး​ဇူး​ပြု​လို​သူ​အား ကျေး​ဇူး​ပြု​မည်။
20 I mea ano ia, E kore e taea e koe te titiro ki toku mata: e kore hoki tetahi tangata e titiro ki ahau, a e ora.
၂၀ငါ့​ကို​မြင်​သော​သူ​သည်​အ​သက်​မ​ရှင်​နိုင် သော​ကြောင့်၊ သင့်​အား​ငါ​၏​မျက်​နှာ​ကို​ဖူး မြင်​ခွင့်​မ​ပေး။-
21 I mea ano a Ihowa, Nana, he wahi tenei kei ahau, a me tu koe ki runga ki te kamaka:
၂၁သို့​ရာ​တွင်​ငါ့​အ​နား​တွင်​ရှိ​သော​ကျောက် ဆောင်​ပေါ်​၌​ရပ်​နေ​လော့။-
22 A, ka haere atu toku kororia, na, ka kawea koe e ahau ki roto ki te kapiti kohatu, a ka taupokina koe e ahau ki toku ringa, i ahau e haere atu ana:
၂၂ငါ​၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော် ဖြတ်​သန်း​သွား​သည့်​အ​ခါ၊ ငါ​သည်​သင့်​အား ကျောက်​ဆောင်​ကြား​တွင်​နေ​စေ​၍၊ ငါ​လွန် သွား​သည်​တိုင်​အောင်​သင့်​ကို​ငါ​၏​လက် တော်​ဖြင့်​ဖုံး​အုပ်​ထား​မည်။-
23 A ka tangohia e ahau toku ringa, a ka kite koe i muri oku: ko toku mata ia e kore e kitea.
၂၃ထို​နောက်​မှ​ငါ​၏​လက်​တော်​ကို​ရုပ်​သိမ်း​သ ဖြင့်၊ သင်​သည်​ငါ​၏​ကျော​ကို​ဖူး​မြင်​ရ​မည်။ ငါ​၏​မျက်​နှာ​ကို​မူ​ကား​မ​ဖူး​ရ'' ဟု​မိန့် တော်​မူ​၏။

< Ekoruhe 33 >