< Ekoruhe 14 >

1 Na ka korero a Ihowa ki a Mohi, ka mea,
ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည် လည်၍၊ ပိဟဟိရုတ်မြို့နား၊
2 Korero ki nga tama a Iharaira, kia tahuri, kia noho ki te ritenga atu o Pihahirota, i waenganui o Mikitoro, o te moana, ki te ritenga o Paarahepona: hei te wahi e hangai tonu ana ki reira, hei te taha o te moana koutou noho ai.
မိဂဒေါလမြို့နှင့် ပင်လယ်စပ်ကြား၊ ဗာလဇေဖုန်မြို့ရှေ့မှာ တပ်ချစေခြင်းငှာ မှာလိုက်လော့။ ထိုမြို့ရှေ့၊ ပင်လယ်ကမ်းနားမှာ တပ်ချရကြမည်။
3 A e kiia nga tama a Iharaira e Parao, E pohehe ana ratou i te whenua, kua tutakina mai ratou e te koraha.
အကြောင်းမူကား၊ ဖာရောဘုရင်က၊ ဣသရေလအမျိုးသားတို့သည် ကျဉ်းကျုပ်ရာသို့ ရောက်ကြပြီ။ တောလမ်းပိတ်လျက်ရှိ၏ဟု ဆိုလိမ့်မည်။
4 A maku e whakapakeke te ngakau o Parao, kia wahi ai ia i a ratou: a ka whai kororia ahau i a Parao ratou ko tona nuinga katoa; a ka mohio nga Ihipiana ko Ihowa ahau; a pera ana ratou.
ငါသည်လည်း၊ ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေ၍၊ သူသည် ဣသရေလတို့ကို လိုက်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိစေခြင်းငှာ၊ ထိုမင်းနှင့် သူ၏စစ်သူရဲအလုံးအရင်း အားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပြုကြ၏။
5 A ka korerotia ki te kingi o Ihipa, kua whati te iwi: na ka puta ke te ngakau o Parao ratou ko ana tangata, ki te iwi, a ka mea ratou, He aha tenei mahi a tatou, i tukua atu ai a Iharaira i a tatou mahi?
ထိုလူတို့ထွက်ပြေးကြောင်းကို၊ အဲဂုတ္တုရှင်ဘုရင်အား ကြားရှောက်သဖြင့်၊ သူမှစ၍ ကျွန်များတို့သည် မနာလိုသောစိတ် ဖောက်ပြန်လျှင်၊ ငါတို့သည် ဤသို့ပြု၍ ဣသရေလလူတို့ကို ငါတို့စေခိုင်းရာမှ အဘယ်ကြောင့် လွှတ်ရသနည်းဟု ပြောဆိုကြ၏။
6 Na ka here ia i tana hariata, i mauria ano hoki e ia tona iwi:
ထိုအခါ ဖာရောဘုရင်သည်၊ ရထားတော်ကို ပြင်၍၊ မိမိလူအပေါင်းတို့ကို ခေါ်လေ၏။
7 A takiritia ake e ia e ono rau hariata, whiriwhiri rawa, me nga hariata katoa o Ihipa, rite katoa i te rangatira.
ရွေးသော ရထားခြောက်ရာ၊ အဲဂုတ္တုမြင်းစီးသူရဲအပေါင်းနှင့်တကွ၊ ဗိုလ်မင်းအသီးအသီးတို့ကို ခေါ်ယူလေ၏။
8 Na whakapakeke ana a Ihowa i te ngakau o Parao kingi o Ihipa, ko te tino whainga i muri i nga tama a Iharaira: tena ko nga tama a Iharaira, kei runga tonu te ringaringa i haere atu ai ratou.
ထာဝရဘုရားသည်၊ ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသား တို့ကို လိုက်လေ၏။ သို့သော်လည်း၊ ဣသရေလလူတို့သည် ဝါကြွားသောအခြင်းအရာနှင့် ထွက်သွားကြ၏။
9 Na whai ana nga Ihipiana i a ratou, nga hoiho katoa, nga hariata a Parao, me ana hoia eke hoiho, me ana mano, a mau rawa ratou, i a ratou e noho ana i te tahatai, i Pihahirota, e titiro atu nei ki Paarahepona.
ထိုသို့ ဖာရောဘုရင်၏ မြင်းတော်၊ ရထားတော်၊ မြင်းစီးသူရဲဗိုလ်ပါ၊ အဲဂုတ္တုလူအပေါင်းတို့သည် လိုက်၍ ပိဟဟိရုတ်မြို့နား၊ ဗာလဇေဖုန်မြို့ရှေ့၌ ပင်လယ်ကမ်းနားမှာ တပ်ချလျက်နေသော ဣသရေလလူတို့ကို မှီကြ၏။
10 A, i te whakatatanga mai o Parao, na ka anga ake nga kanohi o nga tama a Iharaira, na, ko nga Ihipiana e whai ana i muri i a ratou; a tino wehi ana ratou: na ka karanga nga tama a Iharaira ki a Ihowa.
၁၀ဖာရောဘုရင်သည် ချဉ်းလာသောအခါ၊ ဣသရေလအမျိုးသားတို့သည် မြော်ကြည့်၍၊ အဲဂုတ္တုလူတို့ စစ်ချီလာကြောင်းကို မြင်လျှင်၊ အလွန်ကြောက်လန့်၍ ထာဝရဘုရားအား အော်ဟစ်ကြ၏။
11 A ka mea ratou ki a Mohi, He onge koia no te urupa o Ihipa i kahaki mai ai koe i a matou ki te koraha mate ai? He aha ra tenei mahi au ki a matou, i arahina mai ai matou e koe i Ihipa?
၁၁မောရှေကိုလည်း၊ အဲဂုတ္တုပြည်၌ သင်္ချိုင်းမရှိသောကြောင့်၊ ဤတော၌ သေစေခြင်းငှာ ငါတို့ကို ဆောင်ခဲ့သလော။ ငါတို့ကို ဤသို့ပြု၍၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။
12 Ehara koia tenei i ta matou kupu i ki ra ki a koe i Ihipa, i mea ra, Waiho ra matou kia whakamahia ana e nga Ihipiana? Pai ke kia whakamahia matou e nga Ihipiana i to matou mate ki te koraha.
၁၂ငါတို့သည် အဲဂုတ္တုလူတို့ထံ၌ အစေကျွန်ခံနေလျက် ရှိကြပါစေဟု အဲဂုတ္တုပြည်၌ ငါတို့ပြောရာတွင်၊ ဤအမှုကို ရည်ဆောင်၍ ပြောသည်မဟုတ်လော။ ငါတို့သည် ဤတော၌ သေရသည်ထက်၊ အဲဂုတ္တုလူတို့ထံ၌ အစေကျွန်ခံလျှင် သာ၍ကောင်းသည်ဟု ဆိုကြ၏။
13 Na ka mea a Mohi ki te iwi, Kaua e wehi; tu marie, ka titiro atu ki te whakaoranga a Ihowa e whakaputaina mai e ia ki a koutou i tenei ra: no ko nga Ihipiana e kitea atu ra e koutou i tenei ra, e kore e kitea ano e koutou a muri ake nei.
၁၃မောရှေကလည်း မစိုးရိမ်ကြနှင့်။ ငြိမ်ဝပ်စွာရပ်နေကြ။ ထာဝရဘုရားသည်၊ ယနေ့ပြတော်မူသော ကယ်တင်ခြင်းကို ကြည့်ရှုကြလော့။ သင်တို့သည် ယနေ့မြင်သော အဲဂုတ္တုလူတို့ကို၊ နောက်တဖန် အလျှင်းမမြင်ရကြ။
14 Ma Ihowa ta koutou pakanga; ko koutou ia e kore e hamumu.
၁၄သင်တို့ဘက်၌ ထာဝရဘုရားသည် စစ်တိုက်တော်မူလိမ့်မည်။ သင်တို့သည် ငြိမ်ဝပ်စွာနေရကြမည်ဟု လူများတို့အား ဆို၏။
15 Na ka mea a Ihowa ki a Mohi, He aha koe i karanga ai ki ahau? Ki atu ki nga tama a Iharaira kia maro te haere:
၁၅ထာဝရဘုရားကလည်း၊ အဘယ်ကြောင့် ငါ့ကို အော်ဟစ်သနည်း။ ဣသရေလအမျိုးသားတို့သည် တက်သွားစေခြင်းငှာ မှာလိုက်လော့။
16 Na hapainga e koe tau tokotoko, ka whakamaro atu ai i tou ringa ki runga ake i te moana, kia wehea ai; na ka haere atu nga tama a Iharaira ma waenga moana, i te wahi maroke.
၁၆သင်မူကား၊ လှံတံကို ချီပြီးလျှင်၊ ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍ ပင်လယ်ရေကို ခွဲလော့။ ဣသရေလ အမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားရကြမည်။
17 A ko ahau, ina, maku e whakapakeke nga ngakau o nga Ihipiana, a ka whai ratou i muri i a ratou: a ka whai kororia ahau i a Parao, i ana mano, i ana hariata, i ana hoia eke hoiho.
၁၇ငါသည်လည်း အဲဂုတ္တုလူတို့၏ နှလုံးကို ခိုင်မာစေသဖြင့်၊ သူတို့သည် လိုက်ကြလိမ့်မည်။ ဖာရောဘုရင်နှင့် သူ၏ဗိုလ်ခြေ၊ ရထား၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်။
18 A ka mohio nga Ihipiana ko Ihowa ahau, ina whai kororia ahau i a Parao, i ana hariata, i ana hoia eke hoiho.
၁၈ထိုသို့ ဖာရောဘုရင်နှင့် သူ၏ရထားများ၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၊ အဲဂုတ္တုလူတို့သည် သိရကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။
19 Na ka whakatika te anahera a te Atua, i haere ra i mua i te ope o Iharaira, a haere ana ki muri i a ratou; i neke atu ano te pou kapua i to ratou aroaro, a tu ana i muri i a ratou:
၁၉ထိုအခါ ဣသရေလတပ်ရှေ့မှာသွားသော ဘုရားသခင်၏ ကောင်းကင်တမန်သည် နောက်၌ လိုက်သဖြင့်၊ မိုဃ်းတိမ်တိုင်သည် သူတို့ရှေ့ကရွှေ့၍ နောက်၌ ရပ်နေလေ၏။
20 I haere hoki ki waenganui o te nohoanga o nga Ihipiana, o te nohoanga hoki o Iharaira; a tera te kapua me te pouri, otiia e whakamarama ana ia i te po: a kihai tetahi i whakatata ki tetahi a pau katoa te po.
၂၀ထိုသို့ အဲဂုတ္တုတပ်နှင့် ဣသရေလတပ်စပ်ကြားသို့ ရောက်လျှင်၊ အဲဂုတ္တုလူတို့၌ မိုက်သော မိုဃ်းတိမ် ဖြစ်၍၊ ဣသရေလလူတို့အား အလင်းကို ပေးလျက်နေသဖြင့်၊ တညဉ့်လုံး တပ်တဦးနှင့်တဦး မချဉ်းနိုင်ရာ။
21 Na torona atu ana e Mohi tona ringa ki runga i te moana; a panaia ana ki muri e Ihowa te moana ki tetahi hau nui, ki te marangai, a pau noa taua po, na kua maroke te moana, kua tuwhera nga wai.
၂၁မောရှေသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ ထာဝရဘုရားသည် တညဉ့်လုံး၌ အားကြီးသော အရှေ့လေအားဖြင့် ပင်လယ်ရေကို လှန်ပြန်၍၊ မြေကို ပေါ်စေတော်မူသည်နှင့်၊ ရေသည် ကွဲပြတ်လျက်ရှိ၏။
22 A haere ana nga tama a Iharaira i waenga moana ra te wahi maroke: hei taiepa ano nga wai ki a ratou i te taha ki matau, ki maui.
၂၂ဣသရေလအမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားကြ၍၊ ရေသည် သူတို့ လက်ျာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ၏။
23 Na ka whai nga Ihipiana, a haere ana i muri i a ratou, nga hoiho katoa a Parao, ana hariata, me ana hoia eke hoiho, ki waenga moana.
၂၃အဲဂုတ္တုလူများ၊ ဖာရောဘုရင်၌ပါသော မြင်း၊ ရထား၊ မြင်းစီးသူရဲအပေါင်းတို့သည်၊ ပင်လယ်အလယ်သို့ လိုက်ဝင်ကြ၏။
24 A, i to te ata whakaaraara, na, ka titiro a Ihowa ki te ope o nga Ihipiana, i roto i te pou ahi, i te pou kapua, ka whakararu hoki i te ope o nga Ihipiana,
၂၄နံနက်ယံ၌ ထာဝရဘုရားသည် မီးမိုဃ်းတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု၍ နှောင့်ရှက်တော်မူ၏။
25 A whakamareretia ana e ia nga wira o nga hariata, kia puhoi ai te haere: a ka mea nga Ihipiana, Kia oma atu tatou i te aroaro o Iharaira: kei a ratou hoki a Ihowa e whawhai mai ana ki nga Ihipiana.
၂၅သူတို့ရထား အသွားခက်စေခြင်းငှာ ရထားဘီးများကို ချို့တဲ့စေတော်မူ၏။ အဲဂုတ္တုလူတို့ကလည်း၊ ဣသရေလလူတို့ထံမှ ပြေးကြစို့။ ထာဝရဘုရားသည် သူတို့ဘက်၊ အဲဂုတ္တုလူတို့တဘက်၌ စစ်တိုက်သည်ဟု ပြောဆိုကြ၏။
26 Na ka mea a Ihowa ki a Mohi, Whakamarokia tou ringa ki runga i te moana, kia hoki ai nga wai ki runga ki nga Ihipiana, ki a ratou hariata, ki a ratou hoia eke hoiho.
၂၆ထာဝရဘုရားကလည်း၊ ပင်လယ်ရေသည် အဲဂုတ္တုလူများ၊ ရထားများ၊ မြင်းစီးသူရဲများတို့အပေါ်သို့ ပြန်စေခြင်းငှာ၊ ပင်လယ်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
27 A, ko te whakamarokanga o te ringa o Mohi ki runga i te moana, na takiri rawa ake te ata, kua hoki te moana ki tona tuturutanga; tutataki pu ki nga Ihipiana e rere ana; a taia iho nga Ihipiana e Ihowa ki waenga moana.
၂၇မိုဃ်းလင်းသောအခါ၊ မောရှေသည် လက်ကို ပင်လယ်ပေါ်မှာ ဆန့်သဖြင့်၊ ပင်လယ်ရေသည် အားကြီး၍ ပြန်လာသည်ကို၊ အဲဂုတ္တုလူတို့သည် ပြေးကြသော်လည်း၊ ထာဝရဘုရားသည် သူတို့ကို ပင်လယ် အလယ်၌ လှဲတော်မူ၏။
28 A hoki ana nga wai, taupokina iho nga hariata, me nga hoia eke hoiho, me te ope katoa o Parao, i haere i muri i a ratou ki te moana: kihai rawa tetahi o ratou i toe.
၂၈ထိုသို့ ပင်လယ်ရေသည် ပြန်လာ၍၊ ပင်လယ်ထဲသို့ လိုက်ဝင်သော ဖာရောဘုရင်၏ ရထား၊ မြင်းစီးသူရဲ၊ ဗိုလ်ခြေအပေါင်းတို့ကို လွှမ်းမိုးသဖြင့်၊ တစုံတယောက်မျှ မကျန်ရစ်ရ၊
29 Tena ko nga tama a Iharaira, i haere ratou ra te wahi maroke i waenganui o te moana; ko nga wai hoki hei taiepa ki a ratou, ki te taha matau, ki te taha maui.
၂၉ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌ မြေပေါ်မှာရှောက်သွား၍၊ ရေသည် သူတို့လက်ျာ ဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ၏။
30 A, whakaorangia ana e Ihowa a Iharaira i taua ra i nga ringa o nga Ihipiana; a ka kite a Iharaira i nga Ihipiana i te tahatai, he tupapaku katoa.
၃၀ထိုသို့ ထာဝရဘုရားသည် ထိုနေ့၌ ဣသရေလလူတို့ကို၊ အဲဂုတ္တုလူတို့လက်မှ ကယ်လွှတ်တော်မူသဖြင့်၊ ပင်လယ်ကမ်းနားမှာ အဲဂုတ္တုလူ အသေကောင်တို့ကို မြင်ရကြ၏။
31 A i kite a Iharaira i te mahi nui i mahia e Ihowa ki nga Ihipiana: a ka wehi te iwi a Ihowa, whakapono ana ki a Ihowa, ki tana pononga hoki, ki a Mohi.
၃၁ထိုသို့ အဲဂုတ္တုလူတို့၌ ထာဝရဘုရားပြုတော်မူသောအမှုကြီးကို၊ ဣသရေလလူတို့သည် မြင်၍၊ ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားနှင့် ကိုယ်တော်၏ ကျွန်မောရှေကို ယုံကြည်ကြ၏။

< Ekoruhe 14 >