< Ehetere 5 >

1 Na i te toru o nga ra ka kakahuria e Ehetere ona kakahu kuini, a tu ana ia i te marae o roto o te whare o te kingi, i te ritenga atu o te whare o te kingi; ko te kingi hoki e noho ana i runga i te torona o tona kingitanga i te whare kingi, i te r itenga mai o te tatau o te whare.
သုံး ရက်မြောက်သောနေ့ ၌ ၊ ဧသတာ သည် မိဖုရား အဝတ်တန်ဆာကို ဝတ်ဆင် ၍ ၊ နန်းတော်အဆောင်မှတဘက်တချက် ၊ နန်းတော် အတွင်း တန်တိုင်း ထဲ မှာ ရပ် နေ၏။ ရှင် ဘုရင်သည် နန်းတော် တံခါး တစ်ဘက်တချက် ၊ နန်းတော် ထဲ ၊ ရာဇ ပလ္လင်ပေါ် မှာ ထိုင် တော်မူ၏။
2 A, i te kitenga atu o te kingi i a Ehetere, i te kuini, e tu ana i te marae ka manakohia ia e ia, a ka torona mai e te kingi te hepeta koura i tona ringa ki a Ehetere. Heoi ka whakatata atu a Ehetere, a ka pa ki te pito o te hepeta.
မိဖုရား ဧသတာ သည် တန်တိုင်း တော်ထဲ မှာ ရပ် နေသည်ကို ရှင်ဘုရင် မြင် လျှင် ၊ နူးညွတ် သောစိတ်ရှိ၍ လက် တော်၌ ပါသော ရွှေ ရာဇ လှံတံကို၊ ဧသတာ သို့ ကမ်း တော်မူသဖြင့် ၊ ဧသတာ သည် ချဉ်းကပ် ၍ ရာဇ လှံတံတော်အထွဋ် ကိုတို့ လေ၏။
3 Katahi ka mea te kingi ki a ia, He aha tau mea, e te kuini, e Ehetere? he aha hoki te mea e tonoa nei e koe? ahakoa ko te hawhe o te kingitanga, ka hoatu ki a koe.
ရှင် ဘုရင်ကလည်း ၊ မိဖုရား ဧသတာ ၊ သင် သည် အဘယ် အလိုရှိသနည်း။ အဘယ် ဆုကို တောင်း ချင် သနည်း။ တောင်းသမျှကို နိုင်ငံ တော် တဝက် တိုင်အောင် ငါပေး မည်ဟု မိန့် တော်မူလျှင်၊
4 Ano ra ko Ehetere, Ki te mea he pai ki ta te kingi, kia haere mai te kingi raua ko Hamana aianei ki te hakari kua oti i ahau te taka mana.
ဧသတာ က၊ အရှင်မင်းကြီး အလို တော်ရှိလျှင် ၊ အရှင် မင်းကြီးအဘို့ ကျွန်တော်မပြင်ဆင် သော ပွဲ သို့ ဟာမန် နှင့်တကွ ယနေ့ ကြွ တော်မူပါဟု လျှောက် သော်၊
5 Ano ra ko te kingi, Whakahohorotia a Hamana hei mea i ta Ehetere i ki ai. Na haere ana te kingi raua ko Hamana ki te hakari kua oti nei te taka e Ehetere.
ရှင် ဘုရင်က၊ ဧသတာ လျှောက် သည်အတိုင်း ပြု အံ့သောငှါ ၊ ဟာမန် သည် အလျင် အမြန်လာစေဟု မိန့် တော်မူသဖြင့် ၊ ဧသတာ ပြင်ဆင် သော ပွဲ သို့ ဟာမန် နှင့်တကွ ရှင်ဘုရင် ကြွ တော်မူ၏။
6 A ka mea te kingi ki a Ehetere i te mea e inu waina ana, He aha tau e mea nei mau? ka hoatu ano ki a koe: he aha hoki tau e tono nei? ahakoa ko te hawhe o te kingitanga, ka meatia.
တဖန် စပျစ်ရည် သောက်ပွဲ ခံစဉ်၊ ရှင် ဘုရင်က၊ သင်သည် အဘယ်သို့အလိုရှိသနည်း။ အလိုရှိသည် အတိုင်း ငါပေးမည်။ အဘယ် ဆုကို တောင်း ချင်သနည်း။ တောင်း သမျှကိုနိုင်ငံ တော်တဝက် တိုင်အောင် ငါပေး မည် ဟု ဧသတာ အား မိန့် တော်မူလျှင်၊
7 Katahi ka whakautu a Ehetere, ka mea, Ko taku i mea ai maku, ko taku i tono ai,
ဧသတာ က၊ ကျွန်တော် မအလို ရှိ၍ ကျွန်တော် မ တောင်း ချင်သော ဆုဟူမူကား ၊
8 Ki te mea kua manakohia ahau e te kingi, ki te pai te kingi kia homai taku i mea ai maku, kia meatia taku i tono ai, me haere mai te kingi raua ko Hamana ki te hakari e taka e ahau ma raua; a, apopo ka whakaritea e ahau te kupu a te kingi.
ကျွန်တော်မကို အရှင်မင်းကြီး ၏စိတ် နှင့် တွေ့ တော်မူလျှင် ၎င်း ၊ ကျွန်တော်မအလို ရှိ၍ ကျွန်တော် မတောင်း ချင်သောဆုကို ပေး သနားခြင်းငှါ အရှင်မင်းကြီးအလိုတော်ရှိလျှင်၎င်း၊ ကျွန်တော်မပြင်ဆင် သော ပွဲ သို့ အရှင် မင်းကြီးသည် ဟာမန် နှင့်တကွ တဖန်ကြွ တော်မူပါ။ အမိန့် တော်ရှိသည်အတိုင်း နက်ဖြန် နေ့၌ ကျွန်တော်မပြု ပါမည်ဟု ပြန်လျှောက် လေ၏။
9 Na ka puta atu a Hamana ki waho i taua ra me te koa, me te pai o te ngakau. Kei te kitenga ia o Hamana i a Mororekai i te kuwaha o te kingi, a kihai tera i whakatika, i oraora ki a ia, ki tonu a Hamana i te riri ki a Mororekai.
ထို နေ့ ၌ ဟာမန် သည် ဝမ်းမြောက် ရွှင်လန်း သောစိတ် နှင့် ထွက် သွားသော်လည်း ၊ နန်းတော်တံခါးဝ မှာ မော်ဒကဲ သည် ရိုသေစွာမ ထ ၊ အလျှင်းမ လှုပ် ဘဲနေသည် ကို မြင် သောအခါ ၊ မော်ဒကဲ ကို အလွန်အမျက် ထွက် လေ၏။
10 Otiia i whakamanawanui a Hamana, a hoki ana ki tona whare; a ka tonoa e ia he tangata ki te tiki i ona hoa, i tana wahine hoki, i a Herehe.
၁၀သို့ရာတွင် မိမိစိတ်ကို ချုပ်တည်း လျက်သွား ၍ ၊ မိမိ အိမ် သို့ ရောက် သောအခါ ၊ မယား ဇေရက် နှင့် အဆွေ ခင်ပွန်းတို့ကို ခေါ် ပြီးလျှင်၊
11 A korerotia ana e Hamana ki a ratou te kororia o ona taonga, te tokomaha o ana tamariki, me a te kingi whakanuinga katoa i a ia, me tana whakanekehanga i a ia ki runga ake i nga rangatira, i nga tangata a te kingi.
၁၁မိမိ ဘုန်း စည်းစိမ် ကြီးကြောင်း၊ သား သမီးများ ကြောင်း၊ ရှင်ဘုရင်အလွန်ချီးမြှောက်၍ မှူးတော် မတ်တော် ကျွန်တော်မျိုးများထက်သာ၍မြတ်သောအရာ ၌ ခန့်ထားတော်မူကြောင်းများကို ဘော်ပြလျက်၊
12 I mea ano a Hamana, He pono kihai tetahi i tukua mai e te kuini, e Ehetere hei hoa mo te kingi ki te hakari i taka e ia, ko ahau anake; kua kiia mai ano ahau hei hoa atu mo te kingi ki a ia apopo.
၁၂မိဖုရား ဧသတာ သည် မိမိပြင်ဆင် သော ပွဲ သို့ ငါ မှတပါး ၊ အဘယ်သူကိုမျှ ရှင်ဘုရင် နှင့်အတူ မ ဝင် စေ။ နက်ဖြန် နေ့၌ လည်း ရှင်ဘုရင် နှင့်အတူ ငါ့ ကို ဘိတ် ပြန်၏။
13 Heoi kahore he pai o tenei katoa ki ahau i ahau e kite tonu ana i te Hurai, i a Mororekai, e noho ana i te kuwaha o te kingi.
၁၃သို့ရာတွင် ၊ ယုဒ လူမော်ဒကဲ သည် နန်းတော်တံခါးဝ မှာ ထိုင် လျက်ရှိသည်ကို ငါ မြင် ရသည် ကာလ ပတ်လုံး ၊ ယခု ဘော်ပြသမျှ တို့သည် ငါ ၌ ကျေးဇူးမ ရှိဟု ဆို ၏။
14 Katahi ka ki atu tana wahine, a Herehe, ratou ko ona hoa katoa ki a ia, Me hanga he tarawa, kia rima tekau whatianga te tiketike, a i te ata mau e ki atu ki te kingi kia taronatia a Mororekai ki runga; katahi koe ka haere koa ai, korua ko te kin gi ki te hakari. Na pai tonu taua kupu ki a Hamana, a ka meinga e ia kia hanga taua tarawa.
၁၄ထိုအခါ မယား ဇေရက် နှင့် အဆွေ ခင်ပွန်းရှိသမျှ တို့က၊ အတောင် ငါးဆယ် မြင့် သော လည်ဆွဲချတိုင် ကိုစိုက် ပါစေ။ ထိုတိုင် ၌ မော်ဒကဲ ကိုလည်ဆွဲ ချစေမည် အကြောင်း နက်ဖြန် သံတော်ဦး တင်လော့။ ထိုနောက်မှစိတ်ရွှင်လန်း လျက် ရှင်ဘုရင် နှင့်အတူ ပွဲ သို့ ဝင် လော့ဟု ပြောဆိုသောစကား ကို ဟာမန်သည် နှစ်သက် ၍၊ လည်ဆွဲ ချတိုင်ကို လုပ် စေ၏။

< Ehetere 5 >