< Tiuteronomi 34 >

1 Na ka piki atu a Mohi i nga mania o Moapa ki Maunga Nepo, ki te tihi o Pihika, e titiro ana ki Heriko. A whakakitea ana e Ihowa ki a ia te whenua katoa o Kireara a tae noa ki Rana;
ထိုနောက် ၊ မောရှေ သည် မောဘ လွင်ပြင် မှ သွား ၍ ယေရိခေါ မြို့တဘက် ၊ နေဗော တောင် ၊ ပိသဂါ ထိပ် ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရား သည် ဒန် မြို့တိုင်အောင် ၊ ဂိလဒ် ပြည် တရှောက်လုံး၊
2 A Napatari katoa, me te whenua o Eparaima, o Manahi hoki, te whenua katoa hoki o Hura, tae noa atu ki te moana whakamutunga mai;
နဿလိ ပြည် တရှောက်လုံး ၊ ဧဖရိမ် ပြည် ၊ မနာရှေ ပြည်နှင့်တကွ အဝေး ဆုံးသော ပင်လယ် တိုင်အောင် ၊ ယုဒ ပြည် တရှောက်လုံး၊
3 Te tonga me te mania i te papatairitetanga o Heriko, o te pa nikau, a Toara atu ana.
တောင် ပြည်နှင့်တကွ ဇောရ မြို့တိုင်အောင် စွန်ပလွံ မြို့တည်းဟူသောယေရိခေါ မြို့တည်သော ချိုင့် နှင့် လွင်ပြင် တို့ကို ပြတော်မူ၏။
4 Na ka mea a Ihowa ki a ia, Ko te whenua tenei i oati ai ahau ki a Aperahama, ki a Ihaka, ki a Hakopa, i mea ai, Ka hoatu e ahau a reira ki ou uri: kua meinga koe e ahau kia kite a kanohi i reira, otiia e kore koe e whiti ki reira.
ထာဝရဘုရား ကလည်း၊ ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို ၍ သင် ၏အမျိုးအနွယ် အား ငါပေး မည်ဟု ဂတိထားသောပြည် ကို ကြည့်လော့။ သင် သည် ကိုယ် မျက်စိ နှင့် မြင် ရသောအခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး ၍မ သွားရဟု မိန့် တော်မူ၏။
5 Na ka mate a Mohi, te pononga a Ihowa ki reira, ki te whenua o Moapa, ka pera me ta Ihowa i korero ai.
ထိုသို့ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ထာဝရဘုရား ၏ကျွန် မောရှေ သည်မောဘ ပြည် ၊ ထို အရပ်၌အနိစ္စရောက် ၍၊
6 A tanumia iho ia e ia ki tetahi kokoru o te whenua o Moapa, i te ritenga o Petepeoro: otiia kahore tetahi tangata e mohio ana ki tona urupa a mohoa noa nei.
ဗက်ပေဂုရ မြို့တဘက် ၊ မောဘ ပြည် ၊ တစုံတခုသောချိုင့် ၌ သင်္ဂြိုဟ် တော်မူ၏။ မောရှေ ၏ သင်္ချိုင်း ကို ယနေ့ တိုင်အောင် အဘယ်လူ မျှမ သိ ရာ။
7 A kotahi rau e rua tekau nga tau o Mohi i tona matenga: kahore ano i ataruatia ona kanohi, kahore ano hoki i heke noa tona kaiotatanga.
မောရှေ သည် အနိစ္စ ရောက်သောအခါ အသက် တရာ နှစ်ဆယ် ရှိ၏။ သူ ၏မျက်စိ မ မှုန် သေး။ ခွန်အား လည်း မ လျော့ သေး။
8 Na uhungatia ana a Mohi e nga tama a Iharaira i nga mania o Moapa, e toru tekau nga ra: a taka noa nga ra i uhungatia ai, i tangihia ai a Mohi.
ဣသရေလ အမျိုးသား တို့သည် မောရှေ ကို အောက်မေ့၍၊ မောဘ လွင်ပြင် ၌ အရက် သုံး ဆယ်ပတ်လုံးငိုကြွေး မြည်တမ်း ခြင်းကို ပြု ကြ၏။
9 A ki tonu a Hohua, te tama a Nunu, i te wairua o te matauranga; na Mohi hoki i whakapa ona ringa ki runga ki a ia; a rongo ana ki a ia nga tama a Iharaira, mea ana i nga mea i whakahaua e Ihowa ki a Mohi.
မောရှေ အတွက် ငိုကြွေးမြည်တမ်းသော နေ့ရက် ကာလလွန်ပြီးမှ၊ နုန် ၏သား ယောရှု သည် အထက်က မောရှေ ၏ လက် တင်မင်္ဂလာကို ခံရသဖြင့်၊ ပညာ သဘော နှင့် ပြည့်စုံ သောသူဖြစ်၍၊ ဣသရေလ အမျိုးသား တို့သည် ယောရှု၏စကားကို နားထောင် လျက်၊ မောရှေ အား ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု ကြ၏။
10 A kahore ano kia ara i roto i a Iharaira i muri nei tetahi atu poropiti hei rite mo Mohi, i mohio nei a Ihowa ki a ia, titiro atu, titiro mai;
၁၀ထာဝရဘုရား စေလွှတ် တော်မူ၍ ၊ အဲဂုတ္တု ပြည် တွင် ဖါရော ဘုရင်နှင့် သူ ၏ကျွန် မှစ၍ပြည်သားအပေါင်း တို့၌ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှု အလုံးစုံ တို့ကို ပြု၍၊
11 Ara mo nga tohu katoa, mo nga merekara i unga ai ia e Ihowa ki te mahi i te whenua o Ihipa, ki a Parao ratou ko ona tangata katoa, ki tona whenua katoa hoki;
၁၁ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ မဟာ တန်ခိုးတော်နှင့် အလွန် ကြောက်မက် ဘွယ်သော အမှု အရာအပေါင်း တို့ကို ပြ လေရာတွင် ၊
12 Mo nga mahi katoa hoki a te ringa kaha, mo nga mea whakawehi nui i meatia e Mohi ki te aroaro o Iharaira katoa.
၁၂ထာဝရဘုရား ၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ်ဖူးမြင်ရသောပရောဖက် မောရှေ ကဲ့သို့ နောက် တဖန် ဣသရေလ အမျိုး ၌ သူနှင့်တူသော ပရောဖက်တစုံတပါးမျှ မ ပေါ် မထွန်း။

< Tiuteronomi 34 >