< Tiuteronomi 3 >

1 Katahi tatou ka tahuri, ka haere ki runga na te huarahi ki Pahana: na ka puta mai a Oka kingi o Pahana ki te tu i a tatou, a ia me tona iwi katoa, ki Eterei whawhai ai.
ထိုအခါ ငါတို့သည်လှည့် ၍ ၊ ဗာရှန် ပြည်သို့ ခရီး သွား ကြ၏။ ဗာရှန် ရှင်ဘုရင် ဩဃ သည်လည်း မိမိ လူ အပေါင်း တို့နှင့်တကွ ဧဒြိ အရပ်မှာ စစ်တိုက် ခြင်းငှါ ချီ လာ၏။
2 A ka mea a Ihowa ki ahau, Kei wehi i a ia: ta te mea kua hoatu ia e ahau ki tou ringa, me tona iwi katoa, me tona oneone; a ka rite tau meatanga ki a ia ki tau i mea ai ki a Hihona, ki te kingi o nga Amori, i noho ra i Hehepona.
ထာဝရဘုရား ကလည်း ၊ သူ့ ကိုမ ကြောက် နှင့်။ သူ နှင့်တကွ သူ ၏ လူ အပေါင်း တို့ကို၎င်း ၊ သူ့ မြေ ကို၎င်း၊ သင့် လက် ၌ ငါအပ် ပေးမည်။ ဟေရှဘုန် မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ ဤ မင်းကိုလည်း ပြု ရ မည်ဟု ငါ့ အား မိန့် တော်မူ၏။
3 Na homai ana e Ihowa, e to tatou Atua, ki to tatou ringa a Oka hoki, te kingi o Pahana me tona iwi katoa; a patua ana ia e tatou, a kahore tetahi morehu ona i mahue.
ထိုသို့ ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ဗာရှန် ရှင်ဘုရင် ဩဃ နှင့် သူ ၏လူ အပေါင်း တို့ကို ငါ တို့လက် ၌ အပ် တော်မူသဖြင့် ၊ တယောက်မျှ မ ကြွင်း စေခြင်းငှါ လုပ်ကြံ ကြ၏။
4 Na ka horo i a tatou i taua wa ano ona pa katoa, kahore he pai i kore te tangohia e tatou i a ratou, e ono tekau nga pa, ko nga wahi katoa o Arakopa, o te rangatiratanga o Oka i Pahana.
ထိုအခါ ငါတို့သည် မြို့ ခြောက်ဆယ် နှင့် ပြည့်စုံ သော အာဂေါဘ တိုင်း ၊ ဗာရှန် ရှင်ဘုရင်ဩဃ မင်း၏ နိုင်ငံ ကို၊ တမြို့ မျှ မ ကြွင်းစေခြင်းငှါ တိုက်ယူ ကြ၏။
5 Ko enei pa katoa hanga rawa ki nga taiepa teitei, ki nga tatu, ki nga tutaki; haunga nga kainga noho koraha, tona tini.
ထို မြို့ ရှိသမျှ တို့သည် မြင့် သောမြို့ရိုး ၊ မြို့တံခါး များ၊ ကန့်လန့်ကျင် များနှင့် ခိုင်ခံ့သော မြို့ ဖြစ်သတည်း။ ထိုမှတပါး များစွာ သော ရွာ တို့ကိုလည်း တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီး ကြ၏။
6 I huna katoatia enei e tatou, i peratia me ta tatou i mea ai ki a Hihona, ki te kingi o Hehepona, huna iho nga tangata o nga pa katoa, me nga wahine, me nga tamariki.
ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ ၊ အရပ်ရပ် ၌ ယောက်ျား မိန်းမ သူငယ် တို့ကို သုတ်သင် ပယ်ရှင်းကြ၏။
7 Ko nga kararehe ia, me nga taonga o nga pa, i tangohia ma tatou.
တိရစ္ဆာန် များ၊ မြို့ ရွာ၌ လက်ရဥစ္စာ များ ရှိသမျှ တို့ ကို ကိုယ် ဘို့ သိမ်းယူ ကြ၏။
8 Na i taua wa ano ka tangohia e tatou i te ringa o nga kingi tokorua o nga Amori te whenua i tenei taha o Horano, o te awa, o Aranona atu a tae noa ki Maunga Heremona;
ထိုအခါ အာနုန် မြစ် မှစ၍ ဟေရမုန် တောင် တိုင်အောင် ၊ ယော်ဒန် မြစ်အရှေ့ ဘက်၌ ရှိ သောမြေ ကို ငါတို့သည် သိမ်းယူ ကြ၏။
9 Ko Heremona i huaina e nga Haironi ko Hiriona; na nga Amori ia i hua ko Heniri;
ဟေရမုန် တောင်ကို ဇိဒုန် လူတို့သည် စိရုန် ဟူ၍၎င်း ၊ အာမောရိ လူတို့သည် ရှုနိရ ဟူ၍၎င်း ခေါ်ဝေါ် ကြ၏။
10 Ko nga pa katoa o te mania, me Kireara katoa, me Pahana katoa, a tae noa ki Hareka, ki Eterei, nga pa hoki o te rangatiratanga o Oka i Pahana.
၁၀ချိုင့်၌ ရှိသမျှ သောမြို့ တို့နှင့် ဂိလဒ် ပြည် တရှောက်လုံး ၊ ဩဃ မင်း၏ နိုင်ငံ အဝင်၊ သာလက မြို့၊ ဧဒြိ မြို့တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး ကို သိမ်းယူကြ၏။
11 Ko Oka anake hoki, ko te kingi o Pahana, i mahue, he morehu no nga tangata roroa. Na ko tona moenga he moenga rino; kahore iana i Rapata, i nga tama a Amona? e iwa whatianga te roa, e wha hoki whatianga te whanui, ki to te tangata whatianga.
၁၁အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန် ရှင်ဘုရင် ဩဃ တယောက်တည်း သာ ကျန်ကြွင်း ၏။ လူ အတောင် အားဖြင့် အလျား ကိုး တောင် ၊ အနံ လေး တောင် ရှိသောသူ ၏ သံ ခုတင် သည် အမ္မုန် ပြည် ရဗ္ဗတ် မြို့ ၌ ရှိသည်မဟုတ်လော။
12 A ko tenei whenua i riro mai na i a tatou i taua wa, i Aroera atu, i tera i te awa, i Aranona, me tetahi taha o te whenua maunga o Kireara, me ona pa, i hoatu e ahau ki nga Reupeni ratou ko nga Kari.
၁၂ထိုအခါ ငါတို့သိမ်းယူ သောမြေ ကို၊ အာနုန် မြစ် နား တွင်ရှိသော အာရော် မြို့မှစ၍ ဂိလဒ် တောင် တဝက် တိုင်အောင် ၊ မြို့ များနှင့်တကွ ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသား တို့အား ငါပေး ၏။
13 A, ko te wahi o Kireara i mahue me Pahana katoa, te rangatiratanga o Oka, i hoatu e ahau ki tetahi taanga o te hapu o Manahi; ko nga wahi katoa o Arakopa me Pahana katoa e kiia nei ko te whenua o nga tangata roroa.
၁၃ဂိလဒ် တောင်တဝက် နှင့် ဩဃ မင်းအစိုးရသောနိုင်ငံအဝင်၊ အလွန် ကြီးမားသော လူမျိုးနေရာ ဟူ၍ခေါ်ဝေါ် သော အာဂေါဘ တိုင်း ၊ ဗာရှန် ပြည် တပြည်လုံး ကို မနာရှေ အမျိုးသား တဝက် အား ငါပေး ၏။
14 Na Haira tama a Manahi i tango te whenua katoa o Arakopa, a tae noa ki nga rohe o Kehuri, o Maakati; a huaina iho te ingoa ki tona, ko Pahana Hawotohaira, a tenei ano inaianei.
၁၄မနာရှေ အမျိုးသား ယာဣရ သည်၊ အာဂေါဘ တိုင်း တတိုင်းလုံး ကို ဂေရှုရ ရွာ ၊ မာခါ ရွာအထိ သိမ်းယူ ပြီးမှ ၊ ယနေ့ တိုင်အောင် မိမိ အမည် ကို လိုက် ၍ ဗာရှန် ဟာဝုတ် ယာဣရ ပြည်ဟု သမုတ် လေ၏။
15 A tukua atu ana e ahau a Kireara mo Makiri.
၁၅ဂိလဒ် မြို့ကိုကား ၊ မာခိရ အမျိုးသားတို့အား ငါပေး ၏။
16 I tukua e ahau ki nga Reupeni ratou ko nga Kari te wahi i Kireara a tae noa ki te awa, ki Aranona, ki waenganui o te awa me te rohe ano, a tae noa ki te awa, ki Iapoko, ko te rohe ia ki nga tama a Amona.
၁၆ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသားတို့အား လည်း ၊ ဂိလဒ် မြို့မှ အာနုန် မြစ် တိုင်အောင် ၊ မြစ် ကွေ့သော မြေ နှင့်တကွ ၊ အမ္မုန် ပြည် အပိုင်း အခြားဖြစ်သော ယဗ္ဗုတ် မြစ် တိုင်အောင် မြေတရှောက်လုံးကို၎င်း၊
17 Me te mania hoki, me Horano, me tona rohe, e takoto atu ana i Kinereta, taea noatia te moana i te mania, te Moana Tote, i raro i Ahatotopihika, whaka te rawhiti.
၁၇လွင်ပြင် နှင့်တကွ ယော်ဒန် မြစ်နား၊ ဂင်္နေသရက် အရပ်မှ လွင်ပြင် နှင့်ဆိုင်သော သောဒုံ အိုင် အရှေ့ ၊ အာဇုတ် ပိသဂါ မြို့တိုင်အောင် ၊ မြေတရှောက်လုံးကို၎င်းငါပေး၏။
18 A i whakahau ahau i a koutou i taua wa, i mea, Kua homai e Ihowa e to koutou Atua tenei whenua kia nohoia: haere, e nga maia katoa, me a koutou patu i mua i o koutou tuakana, i nga tama a Iharaira.
၁၈ထိုအခါ ငါက၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် ဤ မြေ ကို သင် တို့အား အပိုင် ပေး တော်မူပြီ။ သို့ရာတွင်စစ်တိုက် တတ်သော သူအပေါင်း တို့သည် လက်နက်ကိုကိုင်၍၊ သင် တို့ညီအစ်ကို ဣသရေလ အမျိုးသား တို့ရှေ့ မှာ ကူး သွားရကြမည်။
19 Ko a koutou wahine ia me a koutou potiki me a koutou kararehe, e mohio ana hoki ahau he tini a koutou kararehe, me noho ki o koutou pa i hoatu e ahau ki a koutou;
၁၉
20 Kia meinga ra ano e Ihowa o koutou tuakana kia okioki, kia penatia me koutou na, kia whiwhi ano ratou ki te whenua ka homai nei e Ihowa, e to koutou Atua, ki a ratou i tawahi o Horano: katahi koutou ka hoki, tera, tera, ki tona kainga i hoatu e ahau ki a koutou.
၂၀ထာဝရဘုရား သည် သင် တို့အားချမ်းသာ ပေးတော်မူသည်နည်းတူ ၊ ညီအစ်ကို တို့အား ပေးတော်မ မူမှီတိုင်အောင်၎င်း၊ ယော်ဒန် မြစ်တဘက် ၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြေ ကို သူ တို့သည်မသိမ်း မယူမှီတိုင်အောင်၎င်း၊ သင် တို့မယား ၊ သား သူငယ် များ၊ တိရစ္ဆာန် များတို့သည် ငါပေး သော မြို့ တို့၌ နေ ရကြမည်။ သင် တို့တွင် တိရစ္ဆာန် များစွာ ရှိသည် ကိုငါသိ ၏။ အမှုပြီးမှငါပေး နှင့်သည်အတိုင်း၊ သင်တို့ရှိသမျှသည်အသီးအသီး ပိုင်ထိုက် သောမြေသို့ ပြန်လာ ရကြမည်ဟု သင် တို့အား ငါမှာ ထား၏။
21 A i whakahau ano ahau i a Hohua i taua wa, i mea, Kua kite ou kanohi i nga mea katoa i mea ai a Ihowa, to koutou Atua, ki enei kingi tokorua: ka penatia e Ihowa nga rangatiratanga katoa ka whiti atu nei koe ki reira.
၂၁ထိုအခါ ယောရှု ကိုလည်း၊ သင် ၏ဘုရား သခင်ထာဝရဘုရား သည် ဤ ရှင်ဘုရင် နှစ်ပါး ၌ ပြု တော်မူသော အမှု အလုံးစုံ ကို သင်သည် ကိုယ်တိုင်မြင် ရပြီ။ ထိုအတူ၊ ထာဝရဘုရား သည် သင်ရောက်သမျှသောတိုင်း နိုင်ငံတို့၌ ပြု တော်မူလိမ့်မည်။
22 Kei wehi koutou i a ratou: na te mea, ma Ihowa, ma to koutou Atua, ta koutou whawhai.
၂၂ထိုသူ တို့ကို မ ကြောက် နှင့်။ သင် ၏ဘုရား သခင်ထာဝရဘုရား သည် သင့် ဘက် ၌ စစ်ကူ တော်မူမည်ဟု ငါမှာထားလေ၏။
23 I inoi ano ahau i taua wa ki a Ihowa, i mea,
၂၃ထိုအခါ ထာဝရဘုရား ကို ငါတောင်းပန် သည် ကား၊
24 E te Ariki, e Ihowa, kua timata nei koe te whakakite ki tau pononga i tou nui, i tou ringa kaha: ko wai hoki te Atua i te rangi, i te whenua ranei, e pena ana te mahi me au mahi, he rite ranei ki a koe te kaha?
၂၄အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ကိုယ်တော် ကျွန် အား တန်ခိုး အာနုဘော်တော်ကို၎င်း၊ အားကြီး သော လက် တော်ကို၎င်း ပြ စ ပြုတော်မူပြီ။ ကိုယ်တော် စီရင် ၍ တန်ခိုး တော်ကို ပြသည်အတိုင်း ၊ ကောင်းကင် မြေကြီး ပေါ် မှာအဘယ် မည်သော ဘုရား ပြု နိုင်ပါ သနည်း။
25 Tena ra, kia whiti atu ahau kia kite i tena whenua pai i tawahi o Horano, i tena maunga pai, i Repanona ano hoki.
၂၅အကျွန်ုပ်သည် ယော်ဒန် မြစ်တဘက် သို့ ကူး ၍၊ ထို ကောင်းမွန် သောပြည် နှင့် လေဗနုန် တောင်မှစ၍ တင့်တယ် သော တောင် များကို မြင် ရမည်အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်သော်လည်း၊
26 Otiia i riri mai a Ihowa ki ahau, mo ta koutou hoki, kahore ano hoki i rongo ki ahau: na ka mea mai a Ihowa ki ahau, Kati ra tau; kaua e korero mai ano ki ahau i tenei mea.
၂၆ထာဝရဘုရား သည် သင် တို့အတွက် ငါ့ ကို အမျက် ထွက်တော်မူသောကြောင့် ၊ ငါ့ စကားကို နားထောင် တော်မ မူ။ ထာဝရဘုရား ကလည်း ၊ တန် တော့၊ ဤ အမှု နှင့် ဆိုင်သော စကားကို နောက် တဖန် မ လျှောက် နှင့်။
27 Piki atu ki te tihi o Pihika, ka anga ai ou kanohi whaka te hauauru, whaka te raki, whaka te tonga, whaka te rawhiti, a ma ou kanohi e titiro atu; ta te mea e kore koe e whiti i tenei Horano.
၂၇ပိသဂါ တောင်ထိပ် ပေါ်သို့ တက် ပြီးလျှင် ၊ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် လေးမျက်နှာသို့မြော် ၍ ထို ပြည်ကို ကြည့်ရှု လော့။ ယော်ဒန် မြစ်ကို မ ကူး ရ။
28 Engari whakahaua a Hohua, whakatenatenangia hoki, whakamaiatia: ta te mea ko ia te haere atu i te aroaro o tenei iwi, mana ratou e whakawhiwhi ki te whenua e kite ai koe.
၂၈သို့ရာတွင် ယောရှု ကိုမှာ ခဲ့၍ အား ပေးလော့။ မစ ထောက်ပင့်လော့။ သူ သည် ဤ လူမျိုး ရှေ့ မှာသွား ၍ ၊ သင်မြင် ရသော ပြည် ကို အမွေခံ စေရမည်ဟု ငါ့အား မိန့်တော်မူ၏။
29 Na ka noho tatou ki te raorao i te ritenga atu o Petepeoro.
၂၉ထိုသို့ ငါတို့သည် ဗက်ပေဂုရ မြို့တဘက် ၌ ရှိသောချိုင့် တွင် နေ ရကြ၏။

< Tiuteronomi 3 >