< 2 Hamuera 22 >

1 I korerotia e Rawiri ki a Ihowa nga kupu o tenei waiata i te ra i whakaorangia ai ia e Ihowa i te ringa o ona hoariri katoa, i te ringa ano o Haora:
ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့ လက်မှ ထာဝရဘုရားကယ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရသောအခါ၊ ထာဝရဘုရားရှေ့တော်တွင် မြွက်ဆိုသော သီချင်းစကားဟူမူကား၊
2 I mea ia, Ko Ihowa toku teko, toku pourewa, ko toku kaiwhakaora hoki ia, ae ra ko toku;
ထာဝရဘုရားသည်ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကို ကယ်လွှတ်သော သခင်၊
3 Ko te Atua toku kamaka, ka whakawhirinaki ahau ki a ia; ko toku whakangungu rakau, ko te haona o toku whakaoranga, ko toku pa tiketike, ko toku rerenga atu; e toku kaiwhakaora, whakaorangia ana ahau e koe i te tutu.
ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သောဦးချို၊ ငါ၏ ရဲတိုက်၊ ငါခိုလှုံရာ၊ ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ကယ်လွှတ်တော်မူ၏။
4 Ka karanga ahau ki a Ihowa e tika nei kia whakamoemititia: a ka whakaorangia ahau i oku hoariri.
ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက်၍၊ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ ရောက်၏။
5 I karapotia ahau e nga ngaru o te mate, i whakawehia ahau e nga waipuke o te kino.
သေခြင်းလှိုင်းတံပိုးတို့သည် ငါ့ကို ဝိုင်းမိ၍ ဖျက်ဆီးတတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့် ရ၏။
6 I roritia ahau e nga taura a te reinga: potaea ana ahau e nga mahanga a te mate. (Sheol h7585)
မရဏာနိုင်ငံ၏ ကြိုးတို့သည် ဝိုင်း၍ သေမင်း၏ ကျော့ကွင်းသည် ငါ့ကို ကျော့မိလျက် ရှိ၏။ (Sheol h7585)
7 I karanga ahau ki a Ihowa i toku paweratanga, ae ra, i karanga ahau ki toku Atua: a i whakarongo ia ki toku reo i roto i tona temepara, i tae hoki taku hamama ki ona taringa.
ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ၊ ထာဝရဘုရားကို ခေါ်၍ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။
8 Na ka ngaueue te whenua, ka ru; wiri ana nga putake o nga rangi, ngaueue ana, no te mea e riri ana ia.
ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ မိုဃ်းကောင်းကင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏။
9 I kake he paowa i ona pongaponga, a ka kai te kapura o roto o tona mangai: ngiha ana nga waro.
နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော်ထဲက မီးလောင်သောအားဖြင့် မီးခဲတောက်လေ၏။
10 I whakapingoretia e ia nga rangi, a ka heke iho: a i raro te pouri kerekere i ona waewae.
၁၀မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက်တော်မူ၍၊ ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ် လေ၏။
11 Na ka eke ia ki te kerupa, a rere ana: ina, i kitea ia i runga i nga parirau o te hau.
၁၁ခေရုဗိမ်ကို စီးလျက်ပျံတော်မူ၏။ လေ၏ အတောင်တို့အပေါ်မှာ ထင်ရှားတော်မူ၏။
12 I meinga ano e ia te pouri hei teneti a tawhio noa, nga wai pouri, nga kapua matotoru o te rangi.
၁၂မှောင်မိုက်တည်းဟူသော တခဲနက်သော ရေနှင့် ထူထပ်သောမိုဃ်းတိမ်တို့ကို ကိုယ်တော်၌ ကာရံစေတော်မူ၏။
13 Ngiha ana nga waro i te wherikotanga o tona aroaro.
၁၃ရှေ့တော်၌ ရောင်ခြည်ကြောင့် မီးခဲတောက်လျက် ရှိ၏။
14 Papa ana te whatitiri a Ihowa i nga rangi; puaki ana te reo o te Runga Rawa.
၁၄ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာမိုဃ်းချုန်း၍၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။
15 Kokiritia mai ana e ia nga pere, a marara ana ratou; he uira, a ka whati ratou.
၁၅လေးမြှားတို့ကိုပစ်၍ လျှပ်စစ်ပြက်စေသဖြင့်၊ ရန်သတို့ကို အရပ်ရပ်သို့ ခွဲ၍ ရှုံးစေတော်မူ၏။
16 Na ka kitea nga takere o te moana, ka takoto kau nga putake o te ao i te whakatupehupehunga a Ihowa, i te whenunga o te manawa o ona pongaponga.
၁၆ထိုအခါ ထာဝရဘုရားသည် အပြစ်တင်၍၊ နှာခေါင်းတော်ထဲက အသက်ရှုတော်မူသောအားဖြင့် သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ဖွင့်လှစ်ထင်ပေါ်လျက် ရှိကြ၏။
17 I tono karere mai ia i runga, ka mau ki ahau; kumea ake ahau e ia i roto i nga wai maha.
၁၇အထက်အရပ်က လက်တော်ကိုဆန့်၍၊ တခဲနက်သော ရေထဲက ငါ့ကို ဆယ်ယူတော်မူ၏။
18 Nana ahau i whakaora i toku hoariri kaha, i te hunga e kino ana ki ahau: he kaha rawa hoki ratou i ahau.
၁၈ငါ့ကိုမုန်းသော သူတည်းဟူသော ငါပြိုင်၍ မနိုင်နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။
19 Huakina tatatia ana ahau e ratou i te ra o toku matenga: ko Ihowa ia toku whakawhirinakitanga.
၁၉ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးထားသော်လည်း၊ ထာဝရဘုရားသည် ငါမှီခိုရာ ဖြစ်၍၊
20 A whakaputaina ana ahau e ia ki te wahi whanui: i whakaorangia ahau e ia, no te mea i whakaahuareka ia ki ahau.
၂၀ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။
21 Rite tonu ki taku mahi tika ta Ihowa utu ki ahau; rite tonu ki te ma o oku ringa tana i whakahoki mai ai ki ahau.
၂၁ငါဖြောင့်မတ်ခြင်းရှိသည်အလျောက် ထာဝရဘုရားသည် အကျိုးကိုပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏။
22 I pupuri hoki ahau i nga ara a Ihowa; a kihai i he, i whakarere i toku Atua.
၂၂အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏ လမ်းတော်သို့အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၍ မသွား။
23 Kei mua tonu hoki i ahau ana whakaritenga katoa; a, ko ana tikanga, kihai era i matara atu i ahau.
၂၃စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု၏။ အထုံးအဖွဲ့တော်တို့မှမလွှဲ။
24 I tu tika ano ahau ki tona aroaro: i tiaki ano i ahau kei kino.
၂၄ရှေ့တော်မှာဖြောင့်မတ်၍ ကိုယ်ဒုစရိုက်ကို ကြဉ်ရှောင်၏ ။
25 No reira i homai ai e Ihowa he utu ki ahau, rite tonu ki toku tika; rite tonu ki toku ma ki tana titiro.
၂၅ထိုကြောင့်ရှေ့တော်မှာ ထင်ရှားသော ငါ၏ဖြောင့်မတ်ခြင်း၊ စင်ကြယ်ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရားသည် ငါ၌အကျိုးကို ပေးတော်မူပြီ။
26 He tangata atawhai, ka atawhai ano koe; he tangata tika, ka tika ano koe.
၂၆သနားတတ်သောသူအား ကိုယ်တော်သည်သနားခြင်းသဘောကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်းသဘောကို၎င်း၊
27 He tangata ma, ka ma ano koe; he tangata whakakeke, he whakakeke hoki tau mahi.
၂၇သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘောကို ၎င်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သော သဘောကို ၎င်း ပြတော်မူ၏။
28 E whakaorangia hoki e koe te iwi e tukinotia ana: kei runga ia ou kanohi i te hunga whakakake, kia whakahokia iho ratou e koe ki raro.
၂၈နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင်၍၊ မာနထောင်လွှားသော သူတို့ကို ကားရှုတ်ချ ခြင်းငှါ ကြည့်မှတ်တော်မူ၏။
29 Ko koe hoki toku rama, e Ihowa: ma Ihowa e whakamarama toku pouri.
၂၉အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏ မှောင်မိုက်ကို လင်းစေတော်မူ၏။
30 Nau hoki ahau i rere ai ki runga ki te ropu: na toku Atua ka peke ahau i te taiepa.
၃၀အကျွန်ုပ်သည်ကိုယ်တော်ကို အမှီပြု၍ တပ်ကို ဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ဝါပပြီ။
31 Tena ko te Atua, tika tonu tona ara; he parakore te kupu a Ihowa; he whakangungu rakau ia ki te hunga katoa e whakawhirinaki ana ki a ia.
၃၁ဘုရားသခင်စီရင်တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏ သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံသောသူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။
32 Ko wai oti te Atua, ki te kahore a Ihowa? Ko wai hoki te kamaka, ki te kahore to tatou Atua?
၃၂ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း။ ငါတို့ ဘုရားသခင်မှ တပါးအဘယ်မည်သော ကျောက်ရှိသနည်း။
33 Ko te Atua toku pa kaha: ko ia hei arahi i te hunga tika i tona ara.
၃၃ထိုဘုရားသခင်သည် ငါ၏ခွန်အား၊ ငါ၏တန်ခိုး ဖြစ်၍ ငါသွားရာလမ်းကို ဖြောင့်စေတော်မူ၏။
34 Ko ia nei hei mea i oku waewae kia rite ki o te hata: mana hoki ahau e whakatu ki runga ki oku wahi tiketike.
၃၄ငါ့ခြေကိုသမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏ မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။
35 Ko ia hei whakaako i oku ringa ki te whawhai; hei mea i oku ringa kia whakapiko i te kopere parahi.
၃၅ငါ့လက်ကို စစ်မှု၌ လေ့ကျက်စေခြင်းငှါ သွန် သင်တော်မူ၍၊ ကြေးဝါလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင် ၏။
36 Kua homai hoki e koe ki ahau te whakangungu rakau o tau whakaoranga; whakanuia ana ahau e tou whakaaro mahaki.
၃၆ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍၊ သည်းခံတော်မူခြင်းအားဖြင့်အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။
37 I whakanuia e koe oku takahanga i raro i ahau, te paheke oku waewae.
၃၇အကျွန်ုပ်သွားသော လမ်းကို ရှင်းလင်း၍ ခြေ မချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့်၊
38 Kua arumia e ahau oku hoariri, a huna iho ratou e ahau: kihai ano ahau i tahuri, a moti noa ratou.
၃၈အကျွန်ုပ်သည် ရန်သူတို့ကို လိုက်ဖျက်၍၊ သူတို့ကို မပယ်ရှင်းမှီ တိုင်အောင်မပြန်ပါ။
39 Moti iho ratou i ahau, mongamonga noa, te ahei te whakatika: ina, hinga ana ratou ki raro i oku waewae.
၃၉သူတို့သည် အကျွန်ုပ် ခြေအောက်မှာ လဲလျက်ရှိ၍၊ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပယ်ရှင်း ပါ၏။
40 Nau hoki ahau i whitiki ki te kaha mo te whawhai: piko ana i a koe ki raro i ahau te hunga i whakatika mai ki ahau.
၄၀အကြောင်းမူကား၊ စစ်တိုက်စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။
41 Kua meinga hoki e koe kia hurihia mai e oku hoariri o ratou tuara ki ahau, kia huna e ahau te hunga e kino ana ki ahau.
၄၁အကျွန်ုပ်ကို မုန်းသော ရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌အပ်၍ ဖျက်ဆီးရသော အခွင့်ကို ပေးတော် မူ၏။
42 I tirotiro ratou, heoi kahore he kaiwhakaora: ki a Ihowa rawa, heoi kihai ia i whakahoki kupu ki a ratou.
၄၂သူတို့သည် အော်ဟစ်ကြသောအခါ ကယ်တင်သော သူမရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။
43 Na tukia ana ratou e ahau, a rite noa ki te puehu o te whenua: mohungahunga noa ratou i ahau, me te mea he paru no nga huarahi; a titaritaria ana ratou e ahau.
၄၃ထိုအခါအကျွန်ုပ်သည်သူတို့ကို မြေမှုန့်ကိုကဲ့သို့ ညက်ညက်ချေပြီးမှ၊ လမ်း၌ အမှိုက်ကိုကဲ့သို့နင်း၍ ဖြန့်ကြဲ လေ၏။
44 Nau hoki ahau i ora ai i nga ngangautanga a toku iwi; nau ahau i tiaki hei upoko mo nga tauiwi: hei apa moku te iwi kahore nei i matauria e ahau.
၄၄လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကို ကယ်လွှတ်၍၊ တပါးအမျိုးသားတို့၏ အကဲအမှူး ဖြစ်စေခြင်းငှါ စောင့်ရှောက်တော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဘူးသော လူစုသည် အကျွန်ုပ်ထံ၌ ကျွန်ခံ ပါ၏။
45 Ka tuku mai nga tangata iwi ke ki raro i ahau: kia rongo kau te taringa, kakama tonu mai ratou ki ahau.
၄၅တပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်၍ အကျွန်ုပ်စကားသံကိုကြားသည် ခဏခြင်းတွင် နားထောင်ကြပါ၏။
46 Ka memeha haere nga tangata iwi ke: ka puta wehi mai hoki i roto i o ratou kuhunga.
၄၆ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက် ထွက်ကြပါ၏။
47 E ora ana a Ihowa, kia whakapaingia toku kamaka: kia whakanuia te Atua o te kamaka o toku whakaoranga:
၄၇ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်သော ကျောက်၏ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။
48 Ara te Atua e rapu nei i te utu moku, e pehi nei i te iwi ki raro i ahau,
၄၈ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာနှိမ့်ချသော သူကား ဘုရားသခင်ပေတည်း။
49 E whakaputa nei i ahau i roto i oku hoariri: ae ra, e mea ana koe i ahau kia teitei ake i te hunga e whakatika mai ana ki ahau: whakaorangia ana ahau e koe i te tangata tutu.
၄၉ရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တဘက်၌ထသော သူတို့အပေါ်သို့ ကိုယ်တော် သည် အကျွန်ုပ်ကို မြှောက်တင်၍၊ လုယူဖျက်ဆီးတတ်သော သူ၏လက်မှ ကယ်လွှတ်တော်မူ၏။
50 Mo konei ka whakawhetai ahau ki a koe, e Ihowa, i roto i nga tauiwi, ka himene ki tou ingoa.
၅၀ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း၍ နာမ တော်ကို ထောမနာသီချင်းဆိုပါမည်။
51 He pourewa whakaora ia ki tana kingi; e whakaputa aroha ana ki tana tangata i whakawahi ai, ki a Rawiri ratou ko ona uri ake ake.
၅၁ဘုရားသခင်သည် မိမိခန့်ထားသောမင်းကြီးကို ကယ်တင်သော ရဲတိုက်ဖြစ်တော်မူ၏။ ဘိသိက်တော်ကို ခံရသောဒါဝိဒ်မှစ၍ အမျိုးအနွယ်အား၊ ကာလအစဉ်အဆက် ကရုဏာကျေးဇူးကို ပြုတော်မူ၏။

< 2 Hamuera 22 >