< 2 Hamuera 15 >

1 Na, muri iho i tenei ka mea hariata a Apoharama mona, me etahi hoiho, me nga tangata e rima tekau hei rere i tona aroaro.
ထိုနောက်မှအဗရှလုံသည် ရထားများနှင့်မြင်းများကို၎င်း၊ မိမိရှေ့မှာ ပြေးရသောလူငါးဆယ်ကို၎င်း ပြင်ဆင်လေ၏။
2 Na ka maranga wawe a Apoharama, a ka tu ki te taha o te huarahi, ki te kuwaha, na ki te mea he take ta tetahi tangata e tika ana kia tae ki te kingi kia whakaritea, ka karanga a Apoharama ki a ia, ka mea, No tehea pa koe? A ka pea tera, No tetahi o nga iwi o Iharaira tau pononga.
အဗရှလုံသည် စောစောထ၍ တံခါးဝမှာ ရပ်နေတတ်၏။ အမှုရှိသောသူသည် စီရင်တော်မူခြင်းကို ခံအံ့သောငှါ၊ ရှင်ဘုရင်ထံတော်သို့ လာသောအခါ အဗရှလုံက၊ သင်သည်အဘယ်မြို့သားဖြစ်သနည်းဟု မေးလျှင်၊ ထိုသူက ကိုယ်တော်ကျွန်သည် ဤမည်သော ဣသရေလအမျိုးအနွယ်သားဖြစ်ပါ၏ဟု ပြန်လျှောက်သော်၊
3 Na ka mea a Apoharama ki a ia, Nana, he pai au korero, he tika; heoi kahore he tangata a te kingi hei whakarongo ki a koe.
အဗရှလုံက၊ သင့်အမှုသည် ဟုတ်မှန်လျောက် ပတ်ပေ၏။ သို့သော်လည်း သင့်အမှုကို ရှင်ဘုရင်မှစ၍ အဘယ်သူမျှ နားမထောင်ဟု ပြောဆိုတတ်၏။
4 I mea ano a Apoharama, Aue, me i tu ahau hei kaiwhakarite mo te whenua, a ka tae mai ki ahau nga tangata katoa he take nei ta ratou, he whakawa, ina ka whakarite tika ahau ki a ia!
တဖန်တုံ၊ ငါသည်ဤပြည်၌ တရားစီရင်သော မင်းဖြစ်ပါစေသော။ သို့ဖြစ်လျှင် တရားမှုရှိသော အမှုသည် အပေါင်းတို့သည် ငါ့ထံသို့ လာ၍ ငါသည် တရားသဖြင့် စီရင်မည်ဟုဆိုတတ်၏။
5 Na ka whakatata mai he tangata ka piko ki a ia, na ka totoro tona ringa ka hopu i a ia, ka kihi i a ia.
လူတစုံတယောက်သည် ရိုသေစွာပြု၍ ချဉ်းကပ်သောအခါ၊ အဗရှလုံသည် လက်ကိုဆန့်၍ ထိုသူကို ကိုင်လျက် နမ်းလေ့ရှိ၏။
6 Penei tonu te mahi a Apoharama ki a Iharaira katoa, i haere mai ki te kingi kia whakaritea he whakawa; na tahaetia ana e Apoharama nga ngakau o nga tangata o Iharaira.
ထိုသို့စီရင်တော်မူခြင်းကို ခံအံ့သောငှါ၊ ရှင်ဘုရင်ထံတော်သို့လာသော ဣသရေလအမျိုးသား အပေါင်းတို့အား အဗရှလုံပြု၍ သူတို့စိတ်နှလုံးကို ခိုးလေ၏။
7 Na, ka pau nga tau e wha, ka mea a Apoharama ki te kingi, Tukua ahau kia haere ki te whakamana i aku kupu taurangi, ki Heperona, i puaki ra i ahau ki a Ihowa.
လေးနှစ်လွန်သောအခါ အဗရှလုံသည် ရှင်ဘုရင်ထံတော်သို့ ဝင်၍၊
8 I puaki hoki te kupu taurangi a tau pononga i ahau e noho ana i Kehuru i Hiria; i mea ahau, Ki te whakahokia ahau e Ihowa ki Hiruharama, katahi ahau ka mahi ki a Ihowa.
ထာဝရဘုရားသည် အကျွန်ုပ်ကို တဖန်ယေရုရှလင်မြို့သို့ ဆောင်တော်မူလျှင်၊ ထာဝရဘုရားဝတ်ကို အကျွနုပ်ပြုပါမည်ဟု ကိုယ်တော်ကျွန်သည် ရှုရိပြည် ဂေရှုရမြို့၌နေသောအခါ သစ္စာဂတိပြုပါပြီ။ သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရားအား သစ္စာဂတိပြုသည်အတိုင်း၊ ဟေဗြုန်မြို့သို့သွား၍ သစ္စာဝတ်ကိုဖြေရမည် အကြောင်း အခွင့်ပေးတော်မူပါဟု လျှောက်လျှင်၊
9 Na ka mea te kingi ki a ia, Haere marie. Na whakatika ana ia, a haere ana ki Heperona.
ရှင်ဘုရင်က၊ ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ၏။ ထိုအခါ အဗရှလုံသည်ထ၍ ဟေဗြုန်မြို့သို့သွား၏။
10 Otiia ka tono tutei a Apoharama puta noa i nga iwi katoa o Iharaira, hei mea, Rongo kau koutou i te tangi o te tetere, ko reira koutou ka mea, Ko Apoharama te kingi kei Heperona.
၁၀သို့ရာတွင် လျှို့ဝှက်သောသူတို့ကို ဣသရေလအမျိုးအနွယ်ရှိသမျှသို့ အနှံ့အပြားစေလွှတ်သဖြင့်၊ သင်တို့ သည် တံပိုးမှုတ်သံကို ကြားသောအခါ အဗရှလုံသည် ဟေဗြုန်မြို့၌ နန်းထိုင်တော်မူပြီဟု ပြောဆိုကြလော့ဟု မှာထားလေ၏။
11 E rua rau ano nga tangata i haere tahi i a Apoharama i Hiruharama, he hunga i karangatia: otiia he haere noa ta ratou, kihai hoki i mohio ki tetahi mea.
၁၁အဗရှလုံခေါ်သော လူနှစ်ရာတို့သည် ယေရုရှလင်မြို့ထဲက ထွက်သွားကြ၏။ သူတို့သည် အဘယ် အမှုကိုမျှ မသိဘဲကောင်းသော စိတ်နှင့်လိုက်ကြ၏။
12 I tikina ano e Apoharama a Ahitopere Kironi, te kaiwhakatakoto whakaaro a Rawiri i tona pa i Kiroho, i a ia ano e patu ana i nga patunga tapu. Na kua kaha te whakapiko; i tini haere hoki nga tangata a Apoharama.
၁၂ဒါဝိဒ်၏တိုင်ပင်မတ်၊ ဂိလောမြို့သားအဟိသော ဖေလသည် မိမိနေရာဂိလောမြို့၌ ယဇ်ပူဇော်လျက်ရှိ၍ အဗရှလုံခေါ်လေ၏။ အဗရှလုံနောက်သို့ လိုက်သော သူတို့သည် တိုးပွားများပြားသဖြင့် ပုန်ကန်ခြင်းအမှု အားကြီးလေ၏။
13 Na ko te taenga o tetahi kaikorero ki a Rawiri, ko tana kupu, Kei te whai i a Apoharama nga ngakau o nga tangata o Iharaira.
၁၃သိတင်းပြောသောသူတယောက်သည် ဒါဝိဒ်ထံ သို့လာ၍၊ ဣသရေလအမျိုးသားတို့၏ စိတ်နှလုံးသည် အဗရှလုံဘက်သို့ ပါသွားပါပြီဟု ကြားလျှောက်လေ၏။
14 Na ka mea a Rawiri ki ana tangata katoa i tona taha i Hiruharama, Whakatika, ka rere tatou; kei kore hoki he mawhititanga atu mo tetahi o tatou i te aroaro o Apoharama: hohoro te haere, kei hohoro mai ia, a ka mau tatou; na ka akina mai e ia he kino ki a tatou, a ka tukitukia te pa ki te mata o te hoari.
၁၄ဒါဝိဒ်ကလည်း၊ ငါတို့သည် ထ၍ပြေးကြကုန်အံ့၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ်၊ အလျင်အမြန် ထွက်ကြကုန်အံ့။ သို့မဟုတ်လျှင် သူသည် ချက်ခြင်းတိုက်လာသဖြင့်၊ ငါတို့ကို ဘေးပြု၍ မြို့ကိုလည်း ထားနှင့် လုပ်ကြံလိမ့်မည်ဟု ယေရုရှလင်မြို့တွင် အထံတော်၌ရှိသော ကျွန်အပေါင်းတို့အား မိန့်တော်မူ၏။
15 Na ka mea nga tangata a te kingi ki te kingi, Tenei au pononga hei mea i nga mea katoa e whakarite ai toku ariki, te kingi.
၁၅ရှင်ဘုရင်၏ ကျွန်တို့ကလည်း၊ အရှင်မင်းကြီး စီရင်တော်မူသမျှတို့ကို ကိုယ်တော်ကျွန်တို့သည် ပြုပါမည် ဟုလျှောက်ကြလျှင်၊
16 Na haere ana te kingi me tona whare katoa i muri i a ia. Na i mahue i te kingi tekau nga wahine, he wahine iti nana, hei tiaki i te whare.
၁၆ရှင်ဘုရင်သည် နန်းတော်သားအပေါင်း တို့နှင့်တကွ ထွက်သွား၏။ သို့ရာတွင် နန်းတော်ကို စောင့်စေခြင်းငှါ၊ ကိုယ်လုပ်တော် မိန်းမတကျိပ်တို့ကို ထားခဲ့လေ၏။
17 A haere ana te kingi ratou ko te iwi katoa i muri i a ia, a whanga ana i Petemerehaka.
၁၇ထိုသို့ရှင်ဘုရင်နှင့် ကိုယ်တော်၌ပါသောသူ အပေါင်းတို့သည် ထွက်သွား၍ ဗေသာမေရက်ရွာမှာ စားခန်းချကြ၏။
18 I haere atu ano ana tangata katoa i tona taha; i haere atu ano hoki i mua i te kingi, nga Kereti katoa, nga Pereti katoa, me nga Kiti katoa; nga rau e ono i whai mai nei i a ia i Kata.
၁၈ကျွန်တော်မျိုးအပေါင်းတို့သည် ခြံရံလျက် လိုက်ကြ၏။ ဂါသမြို့မှ လိုက်လာသော သူခြောက်ရာ တည်းဟူသော ဂိတ္တိလူအပေါင်းနှင့် ခေရသိလူ၊ ပေလသိ လူအပေါင်းသည် ရှေ့တော်၌ ချီသွားကြ၏။
19 Na ka mea te kingi ki a Itai Kiti, He aha koe i haere mai ai i a matou? hoki atu, e noho i te kingi: he tangata ke hoki koe, he noho ke i tou whenua.
၁၉ထိုအခါ ရှင်ဘုရင်သည် ဂိတ္တိလူအိတ္တဲအားလည်း၊ ငါတို့နှင့် အဘယ်ကြောင့် လိုက်သနည်း။ ရှင်ဘုရင်ထံသို့ ပြန်၍နေလော့။ သင်သည် တပါးအမျိုးသား၊ နေရာမကျ သော ဧည့်သည်ဖြစ်၏။
20 Nonanahi noa nei koe i tae mai ai, a kia mea ahau i a koe i tenei ra kia kopikopiko noa iho i a matou, i taku haere noa atu? Hoki atu, whakahokia ano ou teina; kia whai tahi te pono me te aroha i a koe.
၂၀မနေ့ကသာရောက်လာသည်ဖြစ်၍၊ ယနေ့ငါတို့ နှင့်အတူ အရပ်ရပ်လှည့်လည်ရမည်လော။ ငါသည် သွားရသော အခွင့်ရှိသည်အတိုင်း သွားရသောကြောင့်၊ သင်သည် အမျိုးသားချင်းတို့ကို ခေါ်၍ ပြန်လော့။ကရုဏာနှင့် သစ္စာရှိပါစေသောဟု မိန့်တော်မူ၏။
21 Na ka whakahoki a Itai ki te kingi, ka mea, E ora ana a Ihowa, e ora ana hoki toku ariki te kingi, na, ko te wahi e noho ai toku ariki, te kingi, ahakoa i te mate, ahakoa i te ora, ko reira ano tau pononga.
၂၁အိတ္တဲကလည်း၊ ထာဝရဘုရားအသက်၊ အရှင် မင်းကြီးအသက် ရှင်တော်မူသည်အတိုင်း၊ အကယ်၍ အရှင်မင်းကြီး အသကတော်ဆုံးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ရှိတော်မူရာအရပ်၌ ကိုယ်တော်ကျွန်ရှိပါ လိမ့်မည်ဟု ရှင်ဘုရင်အား ပြန်လျှောက်သော်၊
22 Ano ra ko Rawiri ki a Itai, Hoatu, whiti atu. Na whiti ana a Itai Kiti, ratou ko ana tangata katoa me nga tamariki katoa i a ia.
၂၂ဒါဝိဒ်က၊ ချီသွားလော့ဟု အိတ္တဲအား မိန့်တော်မူသဖြင့်၊ ဂိတ္တိလူအိတ္တဲသည် မိမိ၌ပါသော လူကြီးလူငယ် အပေါင်းတို့နှင့်တကွ ချီသွားလေ၏။
23 Nui atu hoki te reo i tangi ai te whenua katoa, a ka whiti atu te iwi katoa; i whiti atu hoki te kingi i te awaawa o Kitirono, a i whiti atu ano te iwi katoa i te huarahi e tika ana ki te koraha.
၂၃ပြည်သူပြည်သားအပေါင်းတို့သည် ပြင်းစွာငိုကြွေးကြ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့ သည် ချီးသွား၍၊ ရှင်ဘုရင်သည် ကိုယ်တော်တိုင် ကေဒြုန်ချောင်းကိုကူးလျှင်၊ လူအပေါင်းတို့သည် ကူ၍တောလမ်း သို့ လိုက်သွားကြ၏။
24 Ko Haroko ano tera, me nga Riwaiti katoa e amo ana i te aaka o te kawenata a te Atua: na ka whakatakotoria te aaka a te Atua; na ka piki a Apiatara, a poto noa te iwi katoa te whiti atu i roto i te pa.
၂၄ဇာဒုတ်နှင့် လေဝိလူအပေါင်းတို့သည်လည်း ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက် ရောက်လာ၍ သေတ္တာတော်ကို ချထားကြ၏။ လူအပေါင်းတို့သည် မြို့ထဲကထွက်၍ မကုန်မှီတိုင်အောင် အဗျာသာသည် ယဇ်ပူဇော်လျက် နေ၏။
25 Na ka mea te kingi ki a Haroko, Whakahokia te aaka a te Atua ki te pa: ki te manakohia ahau e Ihowa, ka whakahokia ahau, a ka whakakitea taua aaka me tona nohoanga ki ahau.
၂၅ရှင်ဘုရင်သည် ဇာဒုတ်ကိုခေါ်၍၊ ဘုရားသခင်၏ သေတ္တာတော်ကို မြို့ထဲသို့ ပြန်ပို့လော့။ ထာဝရ ဘုရားသည် ငါ့ကို စိတ်တော်နှင့်တွေ့လျှင် ငါ့ကိုပို့ပြန်၍ သေတ္တာတော်ကို၎င်း၊ ကျိန်းဝပ်တော်မူရာ အရပ်ကို၎င်း ပြတော်မူမည်။
26 A ki te mea ia ki ahau, Kahore ahau e pai ki a koe; tenei ahau, mana e mea ki ahau te mea e pai ana ki tana titiro.
၂၆သို့မဟုတ် သင့်ကိုငါအလိုမရှိဟု ငါ့အားမိန့်တော်မူလျှင် ငါရှိပါ၏။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူစေသတည်းဟူ၍၎င်း၊
27 I mea ano te kingi ki a Haroko tohunga, Ehara ianei koe i te matakite? hoki marie ki te pa, koutou ko a korua tama tokorua, ara tau tama a Ahimaata, me Honatana tama a Apiatara.
၂၇ယဇ်ပုရောဟိတ် ဇာဒုတ်အားလည်း သင်သည် ပရောဖက်ဖြစ်သည်မဟုတ်လော။ သင်၏သား အဟိမတ် နှင့် အဗျာသာ၏သား ယောနသန်၊ ထိုသားနှစ်ယောက်ကို ခေါ်၍ မြို့သို့ငြိမ်ဝပ်စွာ ပြန်သွားလော့။
28 Nana, me tatari ahau ki nga kauanga i te koraha, kia tae ake ra ano he korero i a korua hei whakaatu tikanga ki ahau.
၂၈သင်တို့ကြားလျှောက်စေသော စကားမရောက်မှီ ငါသည်တော လွင်ပြင်၌ ဆိုင်းလင့်၍နေမည်ဟု မိန့်တော် မူသည်အတိုင်း၊
29 Na whakahokia ana te aaka a te Atua e Haroko raua ko Apiatara ki Hiruharama, a noho ana raua i reira.
၂၉ဇာဒုတ်နှင့် အဗျာသာတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို ယေရုရှလင်မြို့သို့ ပြန်ပို့၍ ထိုမြို့၌ နေကြ၏။
30 Na piki atu ana a Rawiri i te pikitanga o Maunga Oriwa, me te tangi, me te piki haere; hipoki rawa tona matenga, kahore hoki ona hu i a ia e haere ana: na, ko nga tangata katoa i a ia, hipoki rawa te matenga o tenei, o tenei; heoi piki ana ratou, me te tangi ano i a ratou e piki ana.
၃၀ဒါဝိဒ်သည်လည်း ငိုလျက်၊ ဦးခေါင်းကို ခြုံလျက်၊ ခြေနင်းကိုချွတ်လျက် သံလွင်တောင်ပေါ်သို့ တက်လေ ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့သည်လည်း ဦးခေါင်းကိုခြုံလျက် ငိုကြွေးလျက် တတ်ကြ၏။
31 Na ka korero tetahi ki a Rawiri, ka mea, Kei roto a Ahitopere i nga kaiwhakatupu i te he, kei a Apoharama. Na ka mea a Rawiri, Tena ra, e Ihowa, whakakuwaretia nga whakaaro o Ahitopere.
၃၁အဗရှလုံနှင့်ဝိုင်း၍ ပုန်ကန်သော လူစုထဲမှာ၊ အဟိသောဖေလလည်း ပါကြောင်းကို ဒါဝိဒ်သည် ကြား လျှင်၊ အိုထာဝရဘုရား၊ အဟိသော ဖေလပေးသောအကြံကို မိုက်သောအကြံဖြစ်စေတော်မူပါဟု ဆုတောင်းလေ၏။
32 A, no te ekenga o Rawiri ki te tihi, ki te wahi e koropiko ai ki te Atua, na, ko Huhai Araki ka whakatau i a ia, he mea haehae tona kakahu, me te oneone i runga i tona matenga.
၃၂တောင်ပေါ်သို့ ရောက်သောအခါ ဒါဝိဒ်သည် ဘုရားသခင်ကို ကိုးကွယ်၏။ အာခိမြို့သားဟုရှဲသည် လည်း အင်္ကျီကိုဆုတ်လျက် ခေါင်းပေါ်မှာ မြေမှုန့်ကို တင်လျက် ခရီးဦးကြိုပြုအံ့သောငှါ လာ၏။
33 Na ka mea a Rawiri ki a ia, Ki te haere tahi tatou, hei whakaware kau koe ki ahau:
၃၃ဒါဝိဒ်ကလည်း၊ သင်သည်ငါနှင့်အတူ လိုက်လျှင် ငါ့ကို နှောက်ရှက်လိမ့်မည်။
34 Engari ki te hoki koe ki te pa, a ka mea ki a Apoharama, Hei pononga ahau mau, e te kingi, he pononga ahau na tou papa i mua, inaianei hei pononga ahau mau: penei mau e whakataka te whakaaro o Ahitopere moku.
၃၄မြို့သို့ပြန်၍ အဗရှလုံအား၊ အရှင်မင်းကြီး၊ ကျွန်တော်သည် ခမည်းတော်ထံ၌ ကျွန်ခံဘူးသည်နည်းတူ ကိုယ်တော်ထံ၌ ကျွန်ခံပါမည်ဟု လျှောက်လျှင်၊ အဟိသောဖေလ ပေး သော အကြံကို ငါ့ဘက်မှာနေ၍ ဖျက်နိုင်လိမ့်မည်။
35 Kahore ianei i reira hei hoa mou a Haroko raua ko Apiatara nga tohunga? na, ko nga mea katoa e rongo ai koe ki te whare o te kingi, mau e whakaatu ki nga tohunga, ki a Haroko raua ko Apiatara.
၃၅မြို့တွင်သင်နှင့်အတူ ယဇ်ပုရောဟိတ်ဇာဒုတ် နှင့် အဗျာသာတို့သည် ရှိကြသည်မဟုတ်လော။ သို့ဖြစ်၍ နန်းတော်၌ ကြားသမျှကို ယဇ်ပုရောဟိတ်တို့အား ပြန် ပြောရမည်။
36 Na kei reira, kei a raua tonu a raua tama tokorua, a Ahimaata, ta Haroko, a Honatana, ta Apiatara; me unga hei kawe mai ki ahau i nga mea katoa e rongo ai koutou.
၃၆သူတို့၌ ဇာဒုတ်၏သား အဟိမတ်နှင့် အဗျာသာ၏သား ယောနသန်သားနှစ်ယောက်ရှိကြ၏။ ကြားနိုင်သမျှကို ထိုသားတို့တွင် ငါ့ထံသို့ ပေးလိုက်ရမည်ဟု မိန့်တော်မူ သည်အတိုင်း၊
37 Na haere ana a Huhai, te hoa o Rawiri ki te pa, a ka tae hoki a Apoharama ki Hiruharama.
၃၇ဒါဝိဒ်၏ အဆွေခင်ပွန်းဟုရှဲသည် မြို့သို့ပြန်သွား၏။ အဗေရှလုံသည်လည်း ယေရုရှလင်မြို့သို့ ဝင်လေ၏။

< 2 Hamuera 15 >