< 2 Hamuera 15 >

1 Na, muri iho i tenei ka mea hariata a Apoharama mona, me etahi hoiho, me nga tangata e rima tekau hei rere i tona aroaro.
ထိုနောက် မှအဗရှလုံ သည် ရထား များနှင့် မြင်း များကို၎င်း ၊ မိမိ ရှေ့ မှာ ပြေး ရသောလူ ငါး ဆယ်ကို၎င်းပြင်ဆင် လေ၏။
2 Na ka maranga wawe a Apoharama, a ka tu ki te taha o te huarahi, ki te kuwaha, na ki te mea he take ta tetahi tangata e tika ana kia tae ki te kingi kia whakaritea, ka karanga a Apoharama ki a ia, ka mea, No tehea pa koe? A ka pea tera, No tetahi o nga iwi o Iharaira tau pononga.
အဗရှလုံ သည် စောစောထ ၍ တံခါးဝ မှာ ရပ် နေတတ်၏။ အမှု ရှိ သော သူသည် စီရင် တော်မူခြင်းကိုခံ အံ့သောငှါ ၊ ရှင်ဘုရင် ထံ တော်သို့ လာသောအခါ အဗရှလုံ က၊ သင် သည်အဘယ် မြို့ သားဖြစ်သနည်းဟုမေး လျှင် ၊ ထိုသူက ကိုယ်တော် ကျွန် သည် ဤမည်သော ဣသရေလ အမျိုးအနွယ် သားဖြစ်ပါ၏ဟု ပြန်လျှောက် သော်၊
3 Na ka mea a Apoharama ki a ia, Nana, he pai au korero, he tika; heoi kahore he tangata a te kingi hei whakarongo ki a koe.
အဗရှလုံ က၊ သင့် အမှု သည် ဟုတ်မှန် လျောက်ပတ် ပေ၏။ သို့သော်လည်း သင့် အမှုကို ရှင်ဘုရင် မှစ၍ အဘယ်သူ မျှနား မထောင်ဟု ပြောဆိုတတ်၏။
4 I mea ano a Apoharama, Aue, me i tu ahau hei kaiwhakarite mo te whenua, a ka tae mai ki ahau nga tangata katoa he take nei ta ratou, he whakawa, ina ka whakarite tika ahau ki a ia!
တဖန်တုံ ၊ ငါသည်ဤပြည် ၌ တရား စီရင်သော မင်းဖြစ် ပါစေသော။ သို့ဖြစ်လျှင် တရားမှု ရှိ သော အမှုသည် အပေါင်း တို့သည် ငါ့ ထံသို့ လာ ၍ ငါသည် တရား သဖြင့် စီရင်မည်ဟုဆို တတ်၏”
5 Na ka whakatata mai he tangata ka piko ki a ia, na ka totoro tona ringa ka hopu i a ia, ka kihi i a ia.
လူတစုံတယောက် သည် ရိုသေ စွာပြု၍ ချဉ်းကပ် သောအခါ ၊ အဗရှလုံသည် လက် ကိုဆန့် ၍ ထိုသူ ကို ကိုင် လျက် နမ်း လေ့ရှိ၏။
6 Penei tonu te mahi a Apoharama ki a Iharaira katoa, i haere mai ki te kingi kia whakaritea he whakawa; na tahaetia ana e Apoharama nga ngakau o nga tangata o Iharaira.
ထိုသို့စီရင် တော်မူခြင်းကိုခံ အံ့သောငှါ ၊ ရှင်ဘုရင် ထံ တော်သို့လာ သော ဣသရေလ အမျိုးသားအပေါင်း တို့အား အဗရှလုံ ပြု ၍ သူတို့စိတ် နှလုံးကို ခိုး လေ၏။
7 Na, ka pau nga tau e wha, ka mea a Apoharama ki te kingi, Tukua ahau kia haere ki te whakamana i aku kupu taurangi, ki Heperona, i puaki ra i ahau ki a Ihowa.
လေး နှစ် လွန် သောအခါ အဗရှလုံ သည် ရှင်ဘုရင် ထံ တော်သို့ဝင်၍၊ ထာဝရဘုရား သည် အကျွန်ုပ် ကို တဖန်ယေရုရှလင် မြို့သို့ဆောင် တော်မူလျှင် ၊ ထာဝရဘုရား ဝတ် ကိုအကျွန်ုပ်ပြုပါမည်ဟု ကိုယ်တော် ကျွန် သည် ရှုရိ ပြည် ဂေရှုရ မြို့၌ နေ သောအခါ သစ္စာဂတိ ပြု ပါပြီ။
8 I puaki hoki te kupu taurangi a tau pononga i ahau e noho ana i Kehuru i Hiria; i mea ahau, Ki te whakahokia ahau e Ihowa ki Hiruharama, katahi ahau ka mahi ki a Ihowa.
သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရား အား သစ္စာဂတိပြု သည်အတိုင်း ၊ ဟေဗြုန် မြို့သို့ သွား ၍ သစ္စာဝတ် ကို ဖြေ ရမည်အကြောင်း အခွင့်ပေးတော်မူပါဟု လျှောက် လျှင်၊
9 Na ka mea te kingi ki a ia, Haere marie. Na whakatika ana ia, a haere ana ki Heperona.
ရှင် ဘုရင်က၊ ငြိမ်ဝပ် စွာသွား လော့ဟု မိန့် တော်မူ၏။ ထိုအခါ အဗရှလုံသည်ထ ၍ ဟေဗြုန် မြို့သို့ သွား ၏။
10 Otiia ka tono tutei a Apoharama puta noa i nga iwi katoa o Iharaira, hei mea, Rongo kau koutou i te tangi o te tetere, ko reira koutou ka mea, Ko Apoharama te kingi kei Heperona.
၁၀သို့ရာတွင် လျှို့ဝှက် သောသူတို့ကို ဣသရေလ အမျိုးအနွယ် ရှိသမျှ သို့ အနှံ့အပြားစေလွှတ် သဖြင့်၊ သင် တို့သည် တံပိုး မှုတ်သံ ကို ကြား သောအခါ အဗရှလုံ သည် ဟေဗြုန် မြို့၌ နန်း ထိုင်တော်မူပြီဟု ပြောဆို ကြလော့ဟု မှာ ထားလေ၏”
11 E rua rau ano nga tangata i haere tahi i a Apoharama i Hiruharama, he hunga i karangatia: otiia he haere noa ta ratou, kihai hoki i mohio ki tetahi mea.
၁၁အဗရှလုံ ခေါ် သော လူ နှစ် ရာတို့သည် ယေရုရှလင် မြို့ထဲက ထွက်သွား ကြ၏။ သူတို့သည် အဘယ် အမှု ကိုမျှ မ သိ ဘဲကောင်း သောစိတ် နှင့် လိုက် ကြ၏။
12 I tikina ano e Apoharama a Ahitopere Kironi, te kaiwhakatakoto whakaaro a Rawiri i tona pa i Kiroho, i a ia ano e patu ana i nga patunga tapu. Na kua kaha te whakapiko; i tini haere hoki nga tangata a Apoharama.
၁၂ဒါဝိဒ် ၏တိုင်ပင်မတ် ၊ ဂိလော မြို့သားအဟိသောဖေလ သည် မိမိ နေရာဂိလော မြို့ ၌ ယဇ် ပူဇော် လျက်ရှိ၍ အဗရှလုံ ခေါ်လေ၏။ အဗရှလုံ နောက်သို့ လိုက်သောသူတို့ သည် တိုးပွား များပြား သဖြင့် ပုန်ကန်ခြင်းအမှု အားကြီးလေ၏။
13 Na ko te taenga o tetahi kaikorero ki a Rawiri, ko tana kupu, Kei te whai i a Apoharama nga ngakau o nga tangata o Iharaira.
၁၃သိတင်းပြော သောသူတယောက်သည် ဒါဝိဒ် ထံသို့ လာ ၍၊ ဣသရေလ အမျိုးသား တို့၏ စိတ် နှလုံးသည် အဗရှလုံ ဘက် သို့ ပါသွားပါပြီဟု ကြား လျှောက်လေ၏။
14 Na ka mea a Rawiri ki ana tangata katoa i tona taha i Hiruharama, Whakatika, ka rere tatou; kei kore hoki he mawhititanga atu mo tetahi o tatou i te aroaro o Apoharama: hohoro te haere, kei hohoro mai ia, a ka mau tatou; na ka akina mai e ia he kino ki a tatou, a ka tukitukia te pa ki te mata o te hoari.
၁၄ဒါဝိဒ် ကလည်း ၊ ငါတို့သည် ထ ၍ပြေး ကြကုန်အံ့၊ မပြေးလျှင် အဗရှလုံ လက်နှင့်မ လွတ် ၊ အလျင်အမြန် ထွက် ကြကုန်အံ့။ သို့မဟုတ်လျှင် သူသည် ချက်ခြင်း တိုက်လာသဖြင့် ၊ ငါ တို့ကို ဘေး ပြု၍ မြို့ ကိုလည်း ထား နှင့် လုပ်ကြံ လိမ့်မည်ဟု ယေရုရှလင် မြို့တွင် အထံ တော်၌ရှိသော ကျွန် အပေါင်း တို့အား မိန့် တော်မူ၏။
15 Na ka mea nga tangata a te kingi ki te kingi, Tenei au pononga hei mea i nga mea katoa e whakarite ai toku ariki, te kingi.
၁၅ရှင်ဘုရင် ၏ ကျွန် တို့ကလည်း ၊ အရှင် မင်းကြီး စီရင် တော်မူသမျှ တို့ကို ကိုယ်တော် ကျွန် တို့သည် ပြုပါမည် ဟုလျှောက် ကြလျှင်၊
16 Na haere ana te kingi me tona whare katoa i muri i a ia. Na i mahue i te kingi tekau nga wahine, he wahine iti nana, hei tiaki i te whare.
၁၆ရှင် ဘုရင်သည် နန်းတော်သား အပေါင်း တို့နှင့်တကွ ထွက်သွား ၏။ သို့ရာတွင် နန်း တော်ကို စောင့် စေခြင်းငှါ ၊ ကိုယ်လုပ်တော် မိန်းမ တကျိပ် တို့ကို ထားခဲ့ လေ၏။
17 A haere ana te kingi ratou ko te iwi katoa i muri i a ia, a whanga ana i Petemerehaka.
၁၇ထိုသို့ ရှင်ဘုရင် နှင့် ကိုယ်တော်၌ပါသောသူ အပေါင်း တို့သည် ထွက်သွား ၍ ဗေသာမေရက်ရွာမှာ စားခန်းချ ကြ၏။
18 I haere atu ano ana tangata katoa i tona taha; i haere atu ano hoki i mua i te kingi, nga Kereti katoa, nga Pereti katoa, me nga Kiti katoa; nga rau e ono i whai mai nei i a ia i Kata.
၁၈ကျွန် တော်မျိုးအပေါင်း တို့သည် ခြံရံလျက် လိုက်ကြ၏။ ဂါသ မြို့မှ လိုက်လာ သော သူ ခြောက် ရာ တည်းဟူသောဂိတ္တိ လူအပေါင်း နှင့် ခေရသိ လူ၊ ပေလသိ လူအပေါင်း သည် ရှေ့ တော်၌ ချီသွား ကြ၏။
19 Na ka mea te kingi ki a Itai Kiti, He aha koe i haere mai ai i a matou? hoki atu, e noho i te kingi: he tangata ke hoki koe, he noho ke i tou whenua.
၁၉ထိုအခါ ရှင် ဘုရင်သည် ဂိတ္တိ လူအိတ္တဲ အား လည်း၊ ငါ တို့နှင့် အဘယ်ကြောင့် လိုက် သနည်း။ ရှင်ဘုရင် ထံသို့ပြန် ၍ နေ လော့။ သင် သည် တပါး အမျိုးသား၊ နေရာ မကျ သော ဧည့်သည်ဖြစ်၏။
20 Nonanahi noa nei koe i tae mai ai, a kia mea ahau i a koe i tenei ra kia kopikopiko noa iho i a matou, i taku haere noa atu? Hoki atu, whakahokia ano ou teina; kia whai tahi te pono me te aroha i a koe.
၂၀မနေ့က သာရောက် လာသည်ဖြစ်၍ ၊ ယနေ့ ငါ တို့ နှင့်အတူ အရပ်ရပ်လှည့်လည် ရမည်လော။ ငါ သည် သွား ရသောအခွင့်ရှိသည်အတိုင်း သွား ရသောကြောင့် ၊ သင်သည် အမျိုးသား ချင်းတို့ကို ခေါ်၍ ပြန် လော့။ ကရုဏာ နှင့် သစ္စာ ရှိပါစေသောဟု မိန့် တော်မူ၏။
21 Na ka whakahoki a Itai ki te kingi, ka mea, E ora ana a Ihowa, e ora ana hoki toku ariki te kingi, na, ko te wahi e noho ai toku ariki, te kingi, ahakoa i te mate, ahakoa i te ora, ko reira ano tau pononga.
၂၁အိတ္တဲ ကလည်း ၊ ထာဝရဘုရား အသက် ၊ အရှင် မင်းကြီး အသက် ရှင်တော်မူသည်အတိုင်း၊ အကယ်၍ အရှင် မင်းကြီး အသက် တော်ဆုံးသည်ဖြစ်စေ ၊ ချမ်းသာ သည်ဖြစ်စေ ၊ ရှိ တော်မူရာ အရပ် ၌ ကိုယ်တော် ကျွန် ရှိ ပါ လိမ့်မည်ဟု ရှင်ဘုရင် အား ပြန် လျှောက်သော်၊
22 Ano ra ko Rawiri ki a Itai, Hoatu, whiti atu. Na whiti ana a Itai Kiti, ratou ko ana tangata katoa me nga tamariki katoa i a ia.
၂၂ဒါဝိဒ် က၊ ချီ သွား လော့ဟု အိတ္တဲ အား မိန့် တော်မူသဖြင့် ၊ ဂိတ္တိ လူအိတ္တဲ သည် မိမိ ၌ ပါသော လူကြီး လူငယ် အပေါင်း တို့နှင့်တကွ ချီသွား လေ၏။
23 Nui atu hoki te reo i tangi ai te whenua katoa, a ka whiti atu te iwi katoa; i whiti atu hoki te kingi i te awaawa o Kitirono, a i whiti atu ano te iwi katoa i te huarahi e tika ana ki te koraha.
၂၃ပြည်သူ ပြည်သားအပေါင်း တို့သည် ပြင်းစွာ ငိုကြွေး ကြ၏။ နောက်တော်၌ လိုက်သောသူ အပေါင်း တို့ သည် ချီသွား ၍ ၊ ရှင် ဘုရင်သည် ကိုယ်တော်တိုင် ကေဒြုန် ချောင်း ကို ကူး လျှင် ၊ လူ အပေါင်း တို့သည် ကူး ၍တော လမ်း သို့ လိုက်သွားကြ၏။
24 Ko Haroko ano tera, me nga Riwaiti katoa e amo ana i te aaka o te kawenata a te Atua: na ka whakatakotoria te aaka a te Atua; na ka piki a Apiatara, a poto noa te iwi katoa te whiti atu i roto i te pa.
၂၄ဇာဒုတ် နှင့် လေဝိ လူအပေါင်း တို့သည်လည်း ဘုရား သခင်၏ ပဋိညာဉ် သေတ္တာ တော်ကို ထမ်း လျက် ရောက်လာ၍ သေတ္တာ တော်ကို ချထား ကြ၏။ လူ အပေါင်း တို့သည် မြို့ ထဲက ထွက် ၍ မ ကုန် မှီတိုင်အောင်အဗျာသာ သည် ယဇ်ပူဇော် လျက် နေ၏။
25 Na ka mea te kingi ki a Haroko, Whakahokia te aaka a te Atua ki te pa: ki te manakohia ahau e Ihowa, ka whakahokia ahau, a ka whakakitea taua aaka me tona nohoanga ki ahau.
၂၅ရှင် ဘုရင်သည် ဇာဒုတ် ကို ခေါ်၍၊ ဘုရား သခင်၏ သေတ္တာ တော်ကို မြို့ ထဲသို့ ပြန်ပို့ လော့။ ထာဝရဘုရား သည် ငါ့ကို စိတ် တော်နှင့်တွေ့လျှင် ငါ့ ကိုပို့ပြန် ၍ သေတ္တာတော်ကို၎င်း၊ ကျိန်းဝပ် တော်မူရာအရပ်ကို၎င်းပြ တော်မူမည်။
26 A ki te mea ia ki ahau, Kahore ahau e pai ki a koe; tenei ahau, mana e mea ki ahau te mea e pai ana ki tana titiro.
၂၆သို့မဟုတ် သင့် ကိုငါအလို မ ရှိဟု ငါ့အားမိန့် တော်မူလျှင် ငါ ရှိပါ၏။ အလိုတော်ရှိသည်အတိုင်း ပြု တော်မူစေသတည်းဟူ၍၎င်း၊
27 I mea ano te kingi ki a Haroko tohunga, Ehara ianei koe i te matakite? hoki marie ki te pa, koutou ko a korua tama tokorua, ara tau tama a Ahimaata, me Honatana tama a Apiatara.
၂၇ယဇ်ပုရောဟိတ် ဇာဒုတ် အား လည်း သင် သည် ပရောဖက်ဖြစ်သည်မဟုတ်လော။ သင် ၏သား အဟိမတ် နှင့် အဗျာသာ ၏သား ယောနသန် ၊ ထိုသား နှစ် ယောက်ကို ခေါ်၍ မြို့ သို့ငြိမ်ဝပ် စွာ ပြန် သွားလော့။
28 Nana, me tatari ahau ki nga kauanga i te koraha, kia tae ake ra ano he korero i a korua hei whakaatu tikanga ki ahau.
၂၈သင် တို့ကြား လျှောက်စေသော စကား မ ရောက် မှီ ငါ သည်တော လွင်ပြင် ၌ ဆိုင်းလင့် ၍နေမည်ဟု မိန့်တော်မူ သည်အတိုင်း၊
29 Na whakahokia ana te aaka a te Atua e Haroko raua ko Apiatara ki Hiruharama, a noho ana raua i reira.
၂၉ဇာဒုတ် နှင့် အဗျာသာ တို့သည် ဘုရား သခင်၏ သေတ္တာ တော်ကို ယေရုရှလင် မြို့သို့ ပြန်ပို့ ၍ ထို မြို့၌ နေ ကြ၏။
30 Na piki atu ana a Rawiri i te pikitanga o Maunga Oriwa, me te tangi, me te piki haere; hipoki rawa tona matenga, kahore hoki ona hu i a ia e haere ana: na, ko nga tangata katoa i a ia, hipoki rawa te matenga o tenei, o tenei; heoi piki ana ratou, me te tangi ano i a ratou e piki ana.
၃၀ဒါဝိဒ် သည်လည်း ငို လျက် ၊ ဦးခေါင်း ကို ခြုံ လျက် ၊ ခြေနင်း ကိုချွတ်လျက် သံလွင် တောင် ပေါ် သို့ တက် လေ ၏။ နောက်တော်၌ လိုက်သော သူ အပေါင်း တို့သည်လည်း ဦးခေါင်း ကိုခြုံ လျက် ငိုကြွေး လျက် တက် ကြ၏။
31 Na ka korero tetahi ki a Rawiri, ka mea, Kei roto a Ahitopere i nga kaiwhakatupu i te he, kei a Apoharama. Na ka mea a Rawiri, Tena ra, e Ihowa, whakakuwaretia nga whakaaro o Ahitopere.
၃၁အဗရှလုံ နှင့် ဝိုင်း ၍ ပုန်ကန်သော လူစုထဲမှာ ၊ အဟိသောဖေလ လည်း ပါကြောင်းကို ဒါဝိဒ် သည် ကြား လျှင် ၊ အိုထာဝရဘုရား ၊ အဟိသောဖေလ ပေးသောအကြံ ကို မိုက် သောအကြံဖြစ်စေတော်မူပါဟု ဆုတောင်း လေ၏။
32 A, no te ekenga o Rawiri ki te tihi, ki te wahi e koropiko ai ki te Atua, na, ko Huhai Araki ka whakatau i a ia, he mea haehae tona kakahu, me te oneone i runga i tona matenga.
၃၂တောင်ပေါ် သို့ ရောက် သောအခါ ဒါဝိဒ် သည် ဘုရား သခင်ကို ကိုးကွယ် ၏။ အာခိ မြို့သားဟုရှဲ သည် လည်း အင်္ကျီ ကိုဆုတ် လျက် ခေါင်း ပေါ် မှာ မြေမှုန့် ကို တင်လျက် ခရီးဦးကြို ပြုအံ့သောငှါ လာ၏။
33 Na ka mea a Rawiri ki a ia, Ki te haere tahi tatou, hei whakaware kau koe ki ahau:
၃၃ဒါဝိဒ် ကလည်း ၊ သင်သည်ငါ နှင့်အတူ လိုက် လျှင် ငါ့ ကို နှောက်ရှက် လိမ့်မည်။
34 Engari ki te hoki koe ki te pa, a ka mea ki a Apoharama, Hei pononga ahau mau, e te kingi, he pononga ahau na tou papa i mua, inaianei hei pononga ahau mau: penei mau e whakataka te whakaaro o Ahitopere moku.
၃၄မြို့ သို့ပြန် ၍ အဗရှလုံ အား ၊ အရှင်မင်းကြီး ၊ ကျွန်တော် သည် ခမည်းတော် ထံ၌ကျွန် ခံ ဘူးသည်နည်းတူကိုယ်တော် ထံ၌ကျွန် ခံပါမည်ဟု လျှောက် လျှင် ၊ အဟိသောဖေလ ပေး သော အကြံ ကို ငါ့ ဘက် မှာနေ၍ ဖျက် နိုင်လိမ့်မည်။
35 Kahore ianei i reira hei hoa mou a Haroko raua ko Apiatara nga tohunga? na, ko nga mea katoa e rongo ai koe ki te whare o te kingi, mau e whakaatu ki nga tohunga, ki a Haroko raua ko Apiatara.
၃၅မြို့တွင်သင် နှင့်အတူ ယဇ် ပုရောဟိတ်ဇာဒုတ် နှင့် အဗျာသာ တို့သည် ရှိကြသည်မ ဟုတ်လော။ သို့ဖြစ်၍ နန်း တော်၌ ကြား သမျှ ကို ယဇ်ပုရောဟိတ် တို့အား ပြန် ပြောရမည်။
36 Na kei reira, kei a raua tonu a raua tama tokorua, a Ahimaata, ta Haroko, a Honatana, ta Apiatara; me unga hei kawe mai ki ahau i nga mea katoa e rongo ai koutou.
၃၆သူ တို့၌ ဇာဒုတ် ၏သား အဟိမတ် နှင့် အဗျာသာ ၏သား ယောနသန် သား နှစ် ယောက်ရှိ ကြ၏။ ကြား နိုင်သမျှ ကို ထိုသားတို့တွင် ငါ့ ထံသို့ ပေးလိုက် ရမည်ဟု မိန့် တော်မူသည် အတိုင်း၊
37 Na haere ana a Huhai, te hoa o Rawiri ki te pa, a ka tae hoki a Apoharama ki Hiruharama.
၃၇ဒါဝိဒ် ၏အဆွေ ခင်ပွန်းဟုရှဲ သည် မြို့ သို့ပြန်သွား ၏။ အဗရှလုံ သည်လည်း ယေရုရှလင် မြို့သို့ ဝင် လေ၏။

< 2 Hamuera 15 >