< 2 Kingi 24 >

1 I ona ra ka haere mai a Nepukaneha kingi o Papurona; na ka pononga a Iehoiakimi ki a ia, e toru tau. Katahi tera ka tahuri, ka whakakeke ki a ia.
ယောယကိမ်မင်းလက်ထက် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ၍၊ ယောယကိမ်သည် သုံးနှစ် ကျွန်ခံပြီးမှ တဖန်လှန်ပြန်၍ ပုန်ကန်လေ၏။
2 Na ka ngarea mai e Ihowa ki a ia nga ope o nga Karari, me nga ope o nga Hiriani, me nga ope o nga Moapi, me nga ope o nga tama a Amona; a ngarea ana mai ratou e ia ki a Hura hei huna mo reira, i rite ai te kupu a Ihowa i korerotia e ana pononga, e nga poropiti.
ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် မိန့်တော်မူသော စကားတော်အတိုင်း၊ ယုဒပြည်ကို ဖျက်သိမ်းစေခြင်းငှါ၊ ခါလဒဲတပ်သား၊ ရှုရိတပ်သား၊ မောဘတပ်သား၊ အမ္မုန်တပ်သားတို့ကို စစ်ချီစေတော် မူ၏။
3 He pono, na te kupu a Ihowa i pa ai tenei ki a Hura, hei whakawatea atu i a ratou i tona aroaro, mo nga hara o Manahi, ara mo ana mea katoa i mea ai ia,
မနောရှမင်းပြုမိသမျှသောအပြစ်၊
4 Mo te toto harakore hoki i whakahekea e ia; i kapi katoa hoki a Hiruharama i a ia i te toto harakore, a kihai a Ihowa i pai kia whakarerea noatia tenei.
အသေမခံထိုက်သော သူတို့ကို သတ်၍ သူတို့ အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေသော အပြစ်များ ကို ထာဝရဘုရားသည် လွှတ်တော်မမူ။ ယုဒအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားလိုသောငှါ စီရင်တော်မူသည် အတိုင်းသာ ထိုအမှုရောက်သတည်း။
5 Na, ko era atu meatanga a Iehoiakimi me ana mea katoa i mea ai ia, kihai ianei i tuhituhia ki te pukapuka o nga meatanga o nga ra o nga kingi o Hura?
ယောယကိမ်ပြုမူသော အမှုအရာကြွင်းလေ သမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
6 Na ka moe a Iehoiakimi ki ona matua, a ko Iehoiakini, ko tana tama, te kingi i muri i a ia.
ယောယကိမ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော် ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
7 Na heoi ano putanga o te kingi o Ihipa i tona whenua; kua riro hoki i te kingi o Papurona nga wahi katoa o te kingi o Ihipa, no te awa ra ano o Ihipa tae noa ki te awa ki Uparati.
အဲဂုတ္တုမြစ်မှစ၍ ဥဖရတ်မြစ်တိုင်အောင် အဲဂုတ္တုရှင်ဘုရင်ပိုင်သမျှသော မြေကို ဗာဗုလုန်ရှင်ဘုရင် သောကြောင့်၊ နောက်တဖန် အဲဂုတ္တုရှင်ဘုရင်သည် မိမိပြည်မှ မချီမထွက်ရ။
8 Kotahi tekau ma waru nga tau o Iehoiakini i tona kingitanga, a e toru nga marama i kingi ai ia ki Hiruharama. A ko te ingoa o tona whaea ko Nehuhuta, he tamahine na Erenatana o Hiruharama.
ယေခေါနိသည် အသက်ဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သား ဧလနာ သန်၏သမီး နဟုတ္တအမည်ရှိ၏။
9 A he kino tana mahi ki te titiro a Ihowa, i rite ki nga mea katoa i mea ai tona papa.
ထိုမင်းသည် ခမည်းတော်ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ဒုစရိုက်ကိုပြု၏။
10 I taua wa ka whakaekea a Hiruharama e nga tangata a Nepukaneha kingi o Papurona, a whakapaea ana te pa.
၁၀ထိုကာလ၌ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့စစ်ချီ၍ ဝိုင်းထားကြ ၏။
11 Na ka haere mai a Nepukaneha kingi o Papurona ki te pa, i te mea e whakapaea ana a reira e ana tangata.
၁၁ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ကိုယ်တိုင်ရောက်၍၊ သူ၏ကျွန်တို့သည် မြို့ကို ဝိုင်းထား ကြသောအခါ၊
12 Na ka puta a Iehoiakini kingi o Hura ki te kingi o Papurona, a ia, tona whaea, ana tangata, ana rangatira, me ana kaiwhakahaere: na kua mau i te kingi o Papurona i te waru o nga tau o tona kingitanga.
၁၂ယုဒရှင်ဘုရင် ယေခေါနိသည် မယ်တော်မှစသော ကျွန်၊ မှူးမတ်၊ အရာရှိတို့နှင့်တကွ ဗာဗုလုန် ရှင်ဘုရင်ထံသို့ ထွက်၍ ဗာဗုလုန်ရှင်ဘုရင်သည် နန်းစံ ရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကိုရ၏။
13 Na maturia atu ana e ia i reira nga taonga katoa o te whare o Ihowa, me nga taonga o te whare o te kingi; tapatapahia ana hoki e ia nga oko koura katoa i hanga e Horomona kingi o Iharaira ki te temepara o Ihowa, pera ana me ta Ihowa i korero ai.
၁၃ထာဝရဘုရား မိန့်တော်မူဘူးသည်အတိုင်း ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်း သွား၍၊ ဗိမာန်တော်အဘို့ ဣသရေလ ရှင်ဘုရင်လုပ် သော ရွှေတန်ဆာအလုံးစုံတို့ကို အပိုင်းပိုင်းဖြတ်လေ၏။
14 Whakahekea katoatia ana hoki e ia a Hiruharama katoa, nga rangatira katoa, me nga marohirohi katoa, tekau mano nga parau, me nga kaimahi katoa, me nga parakimete; kihai tetahi i mahue, heoi ano ko te hunga rawakore o te whenua.
၁၄ယေရုရှလင်မြို့သား မှူးမတ်၊ ခွန်အားကြီးသော စစ်သူရဲတသောင်း၊ အထူးထူးအပြားပြားသော ဆရာ သမားအပေါင်းတို့ကို သိမ်းသွား၍၊ သာမညဆင်းရဲသားမှ တပါးအဘယ်သူမျှ မကျန်ကြွင်းရ။
15 A i whakahekea e ia a Iehoiakini ki Pupurona; me te whaea o te kingi, me nga wahine a te kingi, me ana kaiwhakahaere, me te hunga nunui o te whenua; whakahekea ana ratou e ia i Hiruharama hei parau ki Papurona.
၁၅ယေခေါနိနှင့် မယ်တော်အစရှိသော မိဖုရား များ၊ အရာရှိများ၊ အားကြီးသော ပြည်သားများ အပေါင်း၊
16 Me nga toa, e whitu mano, nga kaimahi, nga parakimete, kotahi mano, nga marohirohi katoa e pai ana hei whawhai: kawea ana ratou e te kingi hei parau ki Papurona.
၁၆စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ ရှိသမျှ၊ ခွန်အားကြီးသော လူခုနစ်ထောင်၊ အထူးထူးအပြား အပြားသော ဆရာသမားတထောင်တို့ကို ယေရုရှလင် မြို့မှ ဗာဗုလုန်မြို့သို့ လက်ရသိမ်းသွားလေ၏။
17 Na meinga ana e te kingi o Papurona ko Matania, teina o tona papa, hei kingi i muri i a ia, whakawhitia ketia ana tona ingoa ko Terekia.
၁၇ဗာဗုလုန် ရှင်ဘုရင်သည် ယေခေါနိ ဘထွေး တော်မဿနိကို ဇေဒကိအမည်ဖြင့်မှည့်၍ ယေခေါနိ အရာ၌ နန်းတင်၏။
18 E rua tekau ma tahi nga tau o Terekia i tona kingitanga, a kotahi tekau ma tahi nga tau i kingi ai ki Hiruharama. A ko te ingoa o tona whaea ko Hamutara, he tamahine na Heremaia o Ripina.
၁၈ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌တဆယ်တနှစ်စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏သမီး ဟာမု ဘာလအမည်ရှိ၏။
19 A he kino tana mahi ki te titiro a Ihowa; i rite ki nga mea katoa i mea ai a Iehoiakimi.
၁၉ထိုမင်းသည် ယောယကိမ်ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
20 Na reira, i a Ihowa ka riri nei, ka puta te aitua ki Hiruharama, ki a Hura, a maka noatia atu ratou i tona aroaro: a whakakeke ana a Terekia ki te kingi o Papurona.
၂၀ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင် မြို့သားတို့ကို အထံတော်မှ မနှင့်ထုတ်မှီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန် ရှင်ဘုရင်ကို ပုန်ကန်လေ၏။

< 2 Kingi 24 >