< 2 Kingi 20 >
1 I aua ra ka mate a Hetekai, whano marere, Na ka tae mai a Ihaia poropiti tama a Amoho ki a ia, ka mea ki a ia, Ko te kupu tenei a Ihowa, Whakahaua iho tou whare; no te mea ka mate koe, kahore e ora.
၁ထိုအချိန်ကာလ၌ပင်ဟေဇကိမင်းသည် သေလုမတတ်ဖျားနာ၏။ အာမုတ်၏သား ပရောဖက်ဟေရှာယသည် မင်းကြီးကိုလာ ရောက်ကြည့်ရှုပြီးနောက်``အရှင်သည်ပြန်လည် ကျန်းမာလာတော့မည်မဟုတ်သဖြင့် အရှင် နောက်ဆုံးမှာကြားရန်ရှိသည်တို့ကိုမှာကြား ခဲ့ရန် ထာဝရဘုရားမိန့်တော်မူပါ၏။ သို့ ဖြစ်၍သေရန်အသင့်ပြင်ပါလော့'' ဟုဆင့် ဆို၏။
2 Katahi ka tahuri tona mata ki te pakitara, ka inoi ki a Ihowa, ka mea,
၂ဟေဇကိသည် နံရံဘက်သို့မျက်နှာလှည့်လျက်၊-
3 Tena ra, e Ihowa, kia mahara ki oku haereerenga i tou aroaro i runga i te pono, i te ngakau tapatahi, ki taku meatanga i te pai ki tau titiro. Na tangi ana a Hetekia, nui atu te tangi.
၃``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော် ၏အမှုတော်ကိုသစ္စာနှင့်ဆောင်ရွက်လျက် ကိုယ် တော်ပြုစေလိုသည်အတိုင်းပြုသည်ကိုသတိ ရတော်မူပါ'' ဟုပတ္ထနာပြုပြီးလျှင်အလွန် ငိုကြွေးလေ၏။
4 Na kahore ano a Ihaia kia puta noa ki waenganui o te pa, kua puta mai te kupu a Ihowa ki a ia, kua mea,
၄ဟေရှာယသည်မင်းကြီးထံမှထွက်ခွာသွား ရာ နန်းတော်အလယ်ဝင်းကိုမဖြတ်မီဟေ ရှာယထံသို့၊-
5 Hoki atu, mea atu ki te rangatira o taku iwi, ki a Hetekia, Ko te kupu tenei a Ihowa, a te Atua o Rawiri, o tou tupuna, Kua whakarangona tau inoi e ahau, a kua kite ahau i ou roimata: nana, me whakaora koe e ahau: hei te toru o nga ra ka haere ko e ki runga, ki te whare o Ihowa.
၅``ငါထာဝရဘုရား၏လူမျိုးတော်ကို အစိုး ရသူဟေဇကိမင်းထံသို့ပြန်သွား၍`သင်၏ ဘိုးတော်ဒါဝိဒ်၏ဘုရားသခင်၊ ငါထာဝရ ဘုရားသည် သင်၏ပတ္ထနာကိုကြားတော်မူ၍ သင်၏မျက်ရည်ကိုမြင်တော်မူပြီ။ ငါသည် သင်၏အနာရောဂါကိုပျောက်ကင်းစေမည် ဖြစ်၍ သင်သည်သုံးရက်ကြာသော်ဗိမာန် တော်သို့သွားနိုင်လိမ့်မည်။-
6 Ka tapiritia ano e ahau ou ra ki nga tau kotahi tekau ma rima: a ka whakaorangia koe me tenei pa e ahau i te ringa o te kingi o Ahiria; a ka tiakina e ahau tenei pa, he whakaaro ki ahau ano, ki taku tangata hoki, ki a Rawiri.
၆ငါသည်သင့်အားနောက်ထပ်တစ်ဆယ့်ငါးနှစ် အသက်ရှင်စေမည်။ ငါသည်သင်နှင့်ဤယေရု ရှလင်မြို့ကို အာရှုရိဧကရာဇ်မင်း၏လက် မှကယ်ဆယ်မည်။ ငါ၏ဂုဏ်တော်ကိုလည်းကောင်း၊ ငါ၏အစေခံဒါဝိဒ်အားငါပေးသည့်ကတိ တော်ကိုလည်းကောင်းထောက်၍ ငါသည်ဤမြို့ ကိုကာကွယ်မည်' ဟုဆင့်ဆိုလော့'' ဟုထာဝရ ဘုရားဗျာဒိတ်တော်ရောက်လာ၏။
7 I ki ano hoki a Ihaia, Tikina he papa piki. Na tikina ana e ratou, whakapakia ana ki te whewhe, na kua ora ia.
၇ဟေရှာယသည်မင်းကြီး၏အစေခံတို့ အား``အရှင်၏အနာစိမ်းကိုသင်္ဘောသဖန်း သီးဖြင့်အုံ၍ထားပါ။ ထိုအနာသည်သက် သာပျောက်ကင်းသွားပါလိမ့်မည်'' ဟုပြော၏။-
8 Na ka mea a Hetekia ki a Ihaia, He aha te tohu moku ka whakaorangia ahau e Ihowa? moku ka haere i te toru o nga ra ki te whare o Ihowa?
၈မင်းကြီးက``ထာဝရဘုရားသည်ငါ၏အနာ ကိုပျောက်ကင်းစေသဖြင့် ငါသည်သုံးရက်ကြာ သော်ဗိမာန်တော်သို့သွားနိုင်လိမ့်မည်ဖြစ်ကြောင်း အဘယ်သက်သေလက္ခဏာအားဖြင့်သိရှိနိုင် ပါမည်နည်း'' ဟုမေးတော်မူ၏။-
9 Ano ra ko Ihaia, Ko te tohu tenei a Ihowa ki a koe, ka oti i a Ihowa tana kupu i korero ai ia: kia tekau ranei nga nekehanga e neke atu ai te atarangi; kia tekau ranei nga whakahokinga e hoki ai?
၉ဟေရှာယက``ထာဝရဘုရားသည်မိမိ၏ ကတိတော်အတိုင်းပြုတော်မူမည်ဖြစ်ကြောင်း အရှင်သိရှိစေရန်သက်သေလက္ခဏာတစ်ခု ကိုပြတော်မူမည်။ အရှင်သည်လှေကား ပေါ်တွင်ကျလျက်ရှိသောအရိပ်ကိုရှေ့သို့ ဆယ်ထစ်တိုးစေလိုပါသလော။ သို့မဟုတ် နောက်သို့ဆယ်ထစ်ဆုတ်စေလိုပါသလော'' ဟုပြန်၍မေး၏။
10 Ano ra ko Hetekia, He mea noa iho kia tekau nga nekehanga e neke atu ai te atarangi; erangi kia tekau nga nekehanga e hoki ai te atarangi ki muri.
၁၀ဟေဇကိက``အရိပ်ကိုဆယ်ထစ်တိုးစေရန် မှာလွယ်ကူ၏။ သို့ဖြစ်၍ဆယ်ထစ်ဆုတ်ပါ လေစေ'' ဟုဆို၏။
11 Katahi a Ihaia poropiti ka karanga ki a Ihowa, a whakahokia ana e ia te atarangi, tekau nga nekehanga, o nga nekehanga i heke iho ai i te whakaatu haora a Ahata.
၁၁ဟေရှာယသည်ထာဝရဘုရားထံပတ္ထနာ ပြုခြင်းအားဖြင့် အာခတ်မင်းဆောက်လုပ်ထား ခဲ့သည့်လှေကားပေါ်တွင်ကျလျက်ရှိသော အရိပ်သည်နောက်သို့ဆယ်ထစ်ဆုတ်လေ၏။
12 I taua wa ka tukua e Peroraka Pararana, tama a Pararana kingi o Papurona he pukapuka me tetahi hakari ki a Hetekia: no te mea i rongo ia i te mate a Hetekia.
၁၂ထိုအချိန်ကာလ၌ဗာလဒန်မင်း၏သားတော် ဗာဗုလုန်ဘုရင်မေရောဒဗာလဒန်သည် ဟေ ဇကိမင်းဖျားနာလျက်ရှိကြောင်းကြားသိရ သဖြင့် သဝဏ်လွှာတစ်စောင်နှင့်လက်ဆောင်ပေး ပို့ရာ၊-
13 A i whakarongo a Hetekia ki a ratou, whakakitea ana e ia ki a ratou te whare katoa o ana mea papai, te hiriwa, te koura, nga kinaki kakara, te hinu utu nui, me te whare o ana mea mo te whawhai me nga mea katoa i rokohanga ki roto ki ona taonga: kahore tetahi mea o tona whare, o tona kingitanga katoa, i kore te whakakitea e Hetekia ki a ratou.
၁၃ဟေဇကိသည်စေတမန်တို့ကိုကြိုဆိုပြီး လျှင် မိမိ၏ဘဏ္ဍာတော်များဖြစ်သည့် ရွှေ၊ ငွေ၊ နံ့သာမျိုး၊ နံ့သာဆီနှင့်လက်နက်ရှိသမျှ ကိုပြ၏။ ပစ္စည်းသိုလှောင်ခန်းများနှင့်နိုင်ငံ တော်အရပ်ရပ်တွင်ရှိသမျှသောအရာများ ကို ထိုသူတို့အားမင်းကြီးပြလေ၏။-
14 Katahi ka haere mai a Ihaia poropiti ki a Kingi Hetekia, ka mea ki mai hoki ratou ki a koe i hea? Ano ra ko Hetekia, i haere mai ratou i te whenua hoi, i Papurona.
၁၄ထိုနောက်ဟေရှာယသည်ဟေဇကိမင်းထံသွား ၍``ထိုသူတို့သည်အဘယ်အရပ်မှလာကြပါ သနည်း။ သူတို့ကအရှင်အားအဘယ်သို့တင် လျှောက်ကြပါသနည်း'' ဟုမေး၏။ ဟေဇကိ က``သူတို့သည်အလွန်ဝေးသောဗာဗုလုန် ပြည်မှလာပါသည်'' ဟုဖြေ၏။
15 Ano ra ko tera, He aha nga mea i kitea e ratou ki tou whare? Ka whakahokia e Hetekia, Kua kitea e ratou nga mea katoa i toku whare: kahore tetahi mea o oku taonga i kore te whakakitea e ahau ki a ratou.
၁၅ဟေရှာယက``သူတို့သည်နန်းတော်တွင်း၌ အဘယ်အရာများကိုတွေ့မြင်သွားကြ ပါသနည်း'' ဟုမေးပြန်၏။ ဟေဇကိက``သူတို့သည်နန်းတော်တွင်း၌ရှိ သမျှသောအရာတို့ကိုတွေ့မြင်ကြပါ၏။ ပစ္စည်းသိုလှောင်ခန်းများထဲမှသူတို့အား ငါ မပြသောအရာတစ်စုံတစ်ခုမျှမရှိ'' ဟု မိန့်တော်မူ၏။
16 Na ka mea a Ihaia ki a Hetekia, Whakarongo ki te kupu a Ihowa.
၁၆ထိုအခါဟေရှာယသည်မင်းကြီးအား``အရှင့် နန်းတော်တွင်ရှိသမျှသောအရာတို့ကိုလည်း ကောင်း၊ ယနေ့တိုင်အောင်အရှင့်ဘိုးဘေးတို့စု ဆောင်းထားရှိခဲ့သည့်ပစ္စည်းဥစ္စာရှိသမျှကို လည်းကောင်း ဗာဗုလုန်ပြည်သို့ဆောင်ယူသွား ရာနေ့ရက်ကာလရောက်ရှိလာလိမ့်မည်။ အဘယ်အရာတစ်စုံတစ်ခုမျှကျန်ရစ် လိမ့်မည်မဟုတ်။-
17 Nana, kei te haere mai nga ra e kawea ai nga mea katoa o tou whare, me nga mea kua rongoatia nei e ou matua taea noatia tenei ra, ki Papurona: e kore tetahi mea e mahue, e ai ta Ihowa.
၁၇
18 A ka tangohia e ratou etahi o au tama e puta mai i roto i a koe, e whanau mau; a hei unaka ratou i roto i te whare o te kingi o Papurona.
၁၈အရှင့်သားမြေးအရင်းအချာအချို့တို့သည် လည်းအဖမ်းခံရလျက် ဗာဗုလုန်ဘုရင်၏နန်း တော်တွင် မိန်းမစိုးများအဖြစ်ဖြင့်အမှုထမ်း ရကြလိမ့်မည်ဖြစ်ကြောင်း အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူပါ၏'' ဟုဆင့် ဆိုလေသည်။
19 Ano ra ko Hetekia ki a Ihaia, He pai te kupu a Ihowa i korerotia mai na e koe. I mea ano hoki ia, Ehara oti i te pai ki te mau te rongo me te pono i oku ra?
၁၉ဟေဇကိမင်းသည်မိမိ၏လက်ထက်၌ ငြိမ်း ချမ်းသာယာမှုနှင့်ဘေးမဲ့လုံခြုံမှုရှိလိမ့် မည်ဟု အနက်အဋ္ဌိပ္ပါယ်ကောက်ယူကာ``ငါ့အား ဆင့်ဆိုသည့်ထာဝရဘုရားထံမှဗျာဒိတ် တော်သည်ကောင်းပေ၏'' ဟုဆို၏။
20 Na, ko era atu meatanga a Hetekia me ana mahi toa katoa, me tana hanganga i te puna, i te awakeri, a whakaputaina ana e ia he wai ki te pa, kihai ianei ena i tuhituhia ki te pukapuka o nga meatanga o nga ra o nga kingi o Hura?
၂၀ဟေဇကိမင်း၏လက်ရုံးရည်၊ ရေလှောင်ကန် ဆောက်လုပ်ခြင်း၊ မြို့တွင်းသို့ရေသွင်းပြွန်သွယ် ခြင်းအပါအဝင် သူလုပ်ဆောင်ခဲ့သည့်အခြား အမှုအရာရှိသမျှကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။-
21 Na ka moe a Hetekia ki ona matua, a ko tana tama, ko Manahi, te kingi i muri i a ia.
၂၁ဟေဇကိကွယ်လွန်သောအခါသူ၏သားတော် မနာရှေသည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။