< 2 Kingi 20 >

1 I aua ra ka mate a Hetekai, whano marere, Na ka tae mai a Ihaia poropiti tama a Amoho ki a ia, ka mea ki a ia, Ko te kupu tenei a Ihowa, Whakahaua iho tou whare; no te mea ka mate koe, kahore e ora.
ထို​အ​ချိန်​ကာ​လ​၌​ပင်​ဟေ​ဇ​ကိ​မင်း​သည် သေ​လု​မ​တတ်​ဖျား​နာ​၏။ အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် မင်း​ကြီး​ကို​လာ ရောက်​ကြည့်​ရှု​ပြီး​နောက်``အ​ရှင်​သည်​ပြန်​လည် ကျန်း​မာ​လာ​တော့​မည်​မ​ဟုတ်​သ​ဖြင့် အ​ရှင် နောက်​ဆုံး​မှာ​ကြား​ရန်​ရှိ​သည်​တို့​ကို​မှာ​ကြား ခဲ့​ရန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​၏။ သို့ ဖြစ်​၍​သေ​ရန်​အ​သင့်​ပြင်​ပါ​လော့'' ဟု​ဆင့် ဆို​၏။
2 Katahi ka tahuri tona mata ki te pakitara, ka inoi ki a Ihowa, ka mea,
ဟေ​ဇ​ကိ​သည် နံ​ရံ​ဘက်​သို့​မျက်​နှာ​လှည့်​လျက်၊-
3 Tena ra, e Ihowa, kia mahara ki oku haereerenga i tou aroaro i runga i te pono, i te ngakau tapatahi, ki taku meatanga i te pai ki tau titiro. Na tangi ana a Hetekia, nui atu te tangi.
``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​အ​မှု​တော်​ကို​သစ္စာ​နှင့်​ဆောင်​ရွက်​လျက် ကိုယ် တော်​ပြု​စေ​လို​သည်​အ​တိုင်း​ပြု​သည်​ကို​သ​တိ ရ​တော်​မူ​ပါ'' ဟု​ပတ္ထ​နာ​ပြု​ပြီး​လျှင်​အ​လွန် ငို​ကြွေး​လေ​၏။
4 Na kahore ano a Ihaia kia puta noa ki waenganui o te pa, kua puta mai te kupu a Ihowa ki a ia, kua mea,
ဟေ​ရှာ​ယ​သည်​မင်း​ကြီး​ထံ​မှ​ထွက်​ခွာ​သွား ရာ နန်း​တော်​အ​လယ်​ဝင်း​ကို​မ​ဖြတ်​မီ​ဟေ ရှာ​ယ​ထံ​သို့၊-
5 Hoki atu, mea atu ki te rangatira o taku iwi, ki a Hetekia, Ko te kupu tenei a Ihowa, a te Atua o Rawiri, o tou tupuna, Kua whakarangona tau inoi e ahau, a kua kite ahau i ou roimata: nana, me whakaora koe e ahau: hei te toru o nga ra ka haere ko e ki runga, ki te whare o Ihowa.
``ငါ​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ကို အ​စိုး ရ​သူ​ဟေ​ဇ​ကိ​မင်း​ထံ​သို့​ပြန်​သွား​၍`သင်​၏ ဘိုး​တော်​ဒါ​ဝိဒ်​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ ဘု​ရား​သည် သင်​၏​ပတ္ထ​နာ​ကို​ကြား​တော်​မူ​၍ သင်​၏​မျက်​ရည်​ကို​မြင်​တော်​မူ​ပြီ။ ငါ​သည် သင်​၏​အ​နာ​ရော​ဂါ​ကို​ပျောက်​ကင်း​စေ​မည် ဖြစ်​၍ သင်​သည်​သုံး​ရက်​ကြာ​သော်​ဗိ​မာန် တော်​သို့​သွား​နိုင်​လိမ့်​မည်။-
6 Ka tapiritia ano e ahau ou ra ki nga tau kotahi tekau ma rima: a ka whakaorangia koe me tenei pa e ahau i te ringa o te kingi o Ahiria; a ka tiakina e ahau tenei pa, he whakaaro ki ahau ano, ki taku tangata hoki, ki a Rawiri.
ငါ​သည်​သင့်​အား​နောက်​ထပ်​တစ်​ဆယ့်​ငါး​နှစ် အ​သက်​ရှင်​စေ​မည်။ ငါ​သည်​သင်​နှင့်​ဤ​ယေ​ရု ရှ​လင်​မြို့​ကို အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​၏​လက် မှ​ကယ်​ဆယ်​မည်။ ငါ​၏​ဂုဏ်​တော်​ကို​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ငါ​ပေး​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍ ငါ​သည်​ဤ​မြို့ ကို​ကာ​ကွယ်​မည်' ဟု​ဆင့်​ဆို​လော့'' ဟု​ထာ​ဝ​ရ ဘု​ရား​ဗျာ​ဒိတ်​တော်​ရောက်​လာ​၏။
7 I ki ano hoki a Ihaia, Tikina he papa piki. Na tikina ana e ratou, whakapakia ana ki te whewhe, na kua ora ia.
ဟေ​ရှာ​ယ​သည်​မင်း​ကြီး​၏​အ​စေ​ခံ​တို့ အား``အ​ရှင်​၏​အ​နာ​စိမ်း​ကို​သ​င်္ဘော​သ​ဖန်း သီး​ဖြင့်​အုံ​၍​ထား​ပါ။ ထို​အ​နာ​သည်​သက် သာ​ပျောက်​ကင်း​သွား​ပါ​လိမ့်​မည်'' ဟု​ပြော​၏။-
8 Na ka mea a Hetekia ki a Ihaia, He aha te tohu moku ka whakaorangia ahau e Ihowa? moku ka haere i te toru o nga ra ki te whare o Ihowa?
မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​အ​နာ ကို​ပျောက်​ကင်း​စေ​သ​ဖြင့် ငါ​သည်​သုံး​ရက်​ကြာ သော်​ဗိ​မာန်​တော်​သို့​သွား​နိုင်​လိမ့်​မည်​ဖြစ်​ကြောင်း အ​ဘယ်​သက်​သေ​လက္ခ​ဏာ​အား​ဖြင့်​သိ​ရှိ​နိုင် ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။-
9 Ano ra ko Ihaia, Ko te tohu tenei a Ihowa ki a koe, ka oti i a Ihowa tana kupu i korero ai ia: kia tekau ranei nga nekehanga e neke atu ai te atarangi; kia tekau ranei nga whakahokinga e hoki ai?
ဟေ​ရှာ​ယ​က``ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​၏ ကတိ​တော်​အ​တိုင်း​ပြု​တော်​မူ​မည်​ဖြစ်​ကြောင်း အ​ရှင်​သိ​ရှိ​စေ​ရန်​သက်​သေ​လက္ခ​ဏာ​တစ်​ခု ကို​ပြ​တော်​မူ​မည်။ အ​ရှင်​သည်​လှေ​ကား ပေါ်​တွင်​ကျ​လျက်​ရှိ​သော​အ​ရိပ်​ကို​ရှေ့​သို့ ဆယ်​ထစ်​တိုး​စေ​လို​ပါ​သ​လော။ သို့​မ​ဟုတ် နောက်​သို့​ဆယ်​ထစ်​ဆုတ်​စေ​လို​ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။
10 Ano ra ko Hetekia, He mea noa iho kia tekau nga nekehanga e neke atu ai te atarangi; erangi kia tekau nga nekehanga e hoki ai te atarangi ki muri.
၁၀ဟေ​ဇ​ကိ​က``အ​ရိပ်​ကို​ဆယ်​ထစ်​တိုး​စေ​ရန် မှာ​လွယ်​ကူ​၏။ သို့​ဖြစ်​၍​ဆယ်​ထစ်​ဆုတ်​ပါ လေ​စေ'' ဟု​ဆို​၏။
11 Katahi a Ihaia poropiti ka karanga ki a Ihowa, a whakahokia ana e ia te atarangi, tekau nga nekehanga, o nga nekehanga i heke iho ai i te whakaatu haora a Ahata.
၁၁ဟေ​ရှာ​ယ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​ပတ္ထ​နာ ပြု​ခြင်း​အား​ဖြင့် အာ​ခတ်​မင်း​ဆောက်​လုပ်​ထား ခဲ့​သည့်​လှေ​ကား​ပေါ်​တွင်​ကျ​လျက်​ရှိ​သော အ​ရိပ်​သည်​နောက်​သို့​ဆယ်​ထစ်​ဆုတ်​လေ​၏။
12 I taua wa ka tukua e Peroraka Pararana, tama a Pararana kingi o Papurona he pukapuka me tetahi hakari ki a Hetekia: no te mea i rongo ia i te mate a Hetekia.
၁၂ထို​အ​ချိန်​ကာ​လ​၌​ဗာ​လ​ဒန်​မင်း​၏​သား​တော် ဗာ​ဗု​လုန်​ဘု​ရင်​မေ​ရော​ဒ​ဗာ​လ​ဒန်​သည် ဟေ ဇ​ကိ​မင်း​ဖျား​နာ​လျက်​ရှိ​ကြောင်း​ကြား​သိ​ရ သ​ဖြင့် သ​ဝဏ်​လွှာ​တစ်​စောင်​နှင့်​လက်​ဆောင်​ပေး ပို့​ရာ၊-
13 A i whakarongo a Hetekia ki a ratou, whakakitea ana e ia ki a ratou te whare katoa o ana mea papai, te hiriwa, te koura, nga kinaki kakara, te hinu utu nui, me te whare o ana mea mo te whawhai me nga mea katoa i rokohanga ki roto ki ona taonga: kahore tetahi mea o tona whare, o tona kingitanga katoa, i kore te whakakitea e Hetekia ki a ratou.
၁၃ဟေ​ဇ​ကိ​သည်​စေ​တ​မန်​တို့​ကို​ကြို​ဆို​ပြီး လျှင် မိ​မိ​၏​ဘဏ္ဍာ​တော်​များ​ဖြစ်​သည့် ရွှေ၊ ငွေ၊ နံ့​သာ​မျိုး၊ နံ့​သာ​ဆီ​နှင့်​လက်​နက်​ရှိ​သ​မျှ ကို​ပြ​၏။ ပစ္စည်း​သို​လှောင်​ခန်း​များ​နှင့်​နိုင်​ငံ တော်​အ​ရပ်​ရပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​များ ကို ထို​သူ​တို့​အား​မင်း​ကြီး​ပြ​လေ​၏။-
14 Katahi ka haere mai a Ihaia poropiti ki a Kingi Hetekia, ka mea ki mai hoki ratou ki a koe i hea? Ano ra ko Hetekia, i haere mai ratou i te whenua hoi, i Papurona.
၁၄ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း​ထံ​သွား ၍``ထို​သူ​တို့​သည်​အ​ဘယ်​အ​ရပ်​မှ​လာ​ကြ​ပါ သ​နည်း။ သူ​တို့​က​အ​ရှင်​အား​အ​ဘယ်​သို့​တင် လျှောက်​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ ဟေ​ဇ​ကိ က``သူ​တို့​သည်​အ​လွန်​ဝေး​သော​ဗာ​ဗု​လုန် ပြည်​မှ​လာ​ပါ​သည်'' ဟု​ဖြေ​၏။
15 Ano ra ko tera, He aha nga mea i kitea e ratou ki tou whare? Ka whakahokia e Hetekia, Kua kitea e ratou nga mea katoa i toku whare: kahore tetahi mea o oku taonga i kore te whakakitea e ahau ki a ratou.
၁၅ဟေ​ရှာ​ယ​က``သူ​တို့​သည်​နန်း​တော်​တွင်း​၌ အ​ဘယ်​အ​ရာ​များ​ကို​တွေ့​မြင်​သွား​ကြ ပါ​သ​နည်း'' ဟု​မေး​ပြန်​၏။ ဟေ​ဇ​ကိ​က``သူ​တို့​သည်​နန်း​တော်​တွင်း​၌​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​တွေ့​မြင်​ကြ​ပါ​၏။ ပစ္စည်း​သို​လှောင်​ခန်း​များ​ထဲ​မှ​သူ​တို့​အား ငါ မ​ပြ​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ'' ဟု မိန့်​တော်​မူ​၏။
16 Na ka mea a Ihaia ki a Hetekia, Whakarongo ki te kupu a Ihowa.
၁၆ထို​အ​ခါ​ဟေ​ရှာ​ယ​သည်​မင်း​ကြီး​အား``အ​ရှင့် နန်း​တော်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​လည်း ကောင်း၊ ယ​နေ့​တိုင်​အောင်​အ​ရှင့်​ဘိုး​ဘေး​တို့​စု ဆောင်း​ထား​ရှိ​ခဲ့​သည့်​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို လည်း​ကောင်း ဗာ​ဗု​လုန်​ပြည်​သို့​ဆောင်​ယူ​သွား ရာ​နေ့​ရက်​ကာ​လ​ရောက်​ရှိ​လာ​လိမ့်​မည်။ အ​ဘယ်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​ကျန်​ရစ် လိမ့်​မည်​မ​ဟုတ်။-
17 Nana, kei te haere mai nga ra e kawea ai nga mea katoa o tou whare, me nga mea kua rongoatia nei e ou matua taea noatia tenei ra, ki Papurona: e kore tetahi mea e mahue, e ai ta Ihowa.
၁၇
18 A ka tangohia e ratou etahi o au tama e puta mai i roto i a koe, e whanau mau; a hei unaka ratou i roto i te whare o te kingi o Papurona.
၁၈အ​ရှင့်​သား​မြေး​အ​ရင်း​အ​ချာ​အ​ချို့​တို့​သည် လည်း​အ​ဖမ်း​ခံ​ရ​လျက် ဗာ​ဗု​လုန်​ဘု​ရင်​၏​နန်း တော်​တွင် မိန်း​မ​စိုး​များ​အ​ဖြစ်​ဖြင့်​အ​မှု​ထမ်း ရ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​၏'' ဟု​ဆင့် ဆို​လေ​သည်။
19 Ano ra ko Hetekia ki a Ihaia, He pai te kupu a Ihowa i korerotia mai na e koe. I mea ano hoki ia, Ehara oti i te pai ki te mau te rongo me te pono i oku ra?
၁၉ဟေ​ဇ​ကိ​မင်း​သည်​မိ​မိ​၏​လက်​ထက်​၌ ငြိမ်း ချမ်း​သာ​ယာ​မှု​နှင့်​ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လိမ့် မည်​ဟု အ​နက်​အ​ဋ္ဌိပ္ပါယ်​ကောက်​ယူ​ကာ``ငါ့​အား ဆင့်​ဆို​သည့်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ဗျာ​ဒိတ် တော်​သည်​ကောင်း​ပေ​၏'' ဟု​ဆို​၏။
20 Na, ko era atu meatanga a Hetekia me ana mahi toa katoa, me tana hanganga i te puna, i te awakeri, a whakaputaina ana e ia he wai ki te pa, kihai ianei ena i tuhituhia ki te pukapuka o nga meatanga o nga ra o nga kingi o Hura?
၂၀ဟေ​ဇ​ကိ​မင်း​၏​လက်​ရုံး​ရည်၊ ရေ​လှောင်​ကန် ဆောက်​လုပ်​ခြင်း၊ မြို့​တွင်း​သို့​ရေ​သွင်း​ပြွန်​သွယ် ခြင်း​အ​ပါ​အ​ဝင် သူ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား အမှု​အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။-
21 Na ka moe a Hetekia ki ona matua, a ko tana tama, ko Manahi, te kingi i muri i a ia.
၂၁ဟေ​ဇ​ကိ​ကွယ်​လွန်​သော​အ​ခါ​သူ​၏​သား​တော် မ​နာ​ရှေ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

< 2 Kingi 20 >