< 2 Kingi 12 >

1 No te whitu o nga tau o Iehu i kingi ai a Iehoaha; a e wha tekau ona tau i kingi ai ia ki Hiruharama: a, ko te ingoa o tona whaea, ko Tipia o Peerehepa.
ယေဟု နန်းစံ ခုနစ် နှစ် တွင် ယောရှ သည် အသက် ခုနစ် နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ အနှစ် လေးဆယ် စိုးစံ ၏။ မယ်တော် ကား၊ ဗေရရှေဘ မြို့သူဇိဗိ အမည်ရှိ၏
2 A tika tonu nga mahi a Iehoaha ki te titiro a Ihowa i ona ra katoa i akona ai ia e Iehoiara tohunga.
ယဇ်ပုရောဟိတ် ယောယဒ သွန်သင် သော ကာလ ပတ်လုံးယောရှ သည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု ၏
3 Ko nga wahi tiketike ia kihai i whakakahoretia; i patu whakahere tonu te iwi, i tahu whakakakara ki runga ki nga wahi tiketike.
သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့်၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ ကြ၏
4 Na i mea a Iehoaha ki nga tohunga, Ko te moni katoa o nga mea e whakatapua ana, e kawea ana ki te whare o Ihowa, ko te moni o nga tangata e haere atu ana i te tauanga, ko te moni e whakaritea ai tera, tera, ko nga moni katoa e puta ake i roto i t e ngakau o tetahi kia kawea mai ki roto ki te whare o Ihowa,
ယောရှ မင်းကလည်း ၊ ဗိမာန်တော် ထဲသို့ သွင်း သော အလှူဥစ္စာကို ရောင်း၍ရသောငွေ၊ စာရင်းဝင် သောသူတိုင်းကိုယ်အတွက်ပေးသောငွေ၊ ကိုယ်ဘိုးပြတ်၍ ရသောငွေ၊ အလိုလို လှူသောငွေရှိသမျှကို၊”
5 Me tango mai e nga tohunga, e tera, e tera i tana tangata i mohio ai: a ma ratou e hanga nga wahi pakaru o te whare i nga wahi katoa e kitea ai he pakaru.
ယဇ် ပုရောဟိတ်တို့သည် မိမိတို့အသိအကျွမ်း လှူသည်အတိုင်း ခံ ယူ၍ ၊ ဗိမာန်တော် ပြိုပျက် ရာရှိသမျှ တို့ကို ပြုပြင် ကြစေဟု ယဇ်ပုရောဟိတ် တို့အား မိန့် တော်မူ ၏
6 I te rua tekau ma toru ia o nga tau o Kingi Iehoaha kahore ano i hanga nga wahi pakaru o te whare e nga tohunga.
သို့သော်လည်း ယောရှ မင်းကြီး နန်းစံနှစ်ဆယ် သုံး နှစ် တွင်၊ ယဇ် ပုရောဟိတ်တို့သည် ဗိမာန်တော် ပြိုပျက် ရာတို့ကို မ ပြုပြင် ကြသေး
7 Katahi ka karanga a Kingi Iehoaha ki a Iehoiara tohunga, ki era atu tohunga hoki, a ka mea ki a ratou, He aha koutou te hanga ai i nga wahi pakaru o te whare? Na kati koutou te tango moni i a koutou tangata i mohio ai, engari me homai mo nga wahi pakaru o te whare.
ထိုအခါ ယောရှ မင်းကြီး သည် ယဇ်ပုရောဟိတ် ယောယဒ နှင့် အခြားသော ယဇ် ပုရောဟိတ်တို့ကိုခေါ် ၍ ၊ သင် တို့သည် ဗိမာန်တော် ပြိုပျက် ရာတို့ကို အဘယ် ကြောင့်မ ပြုပြင် ဘဲ နေကြသနည်း။ နောက် တဖန် အသိအကျွမ်းလှူသော ငွေကိုကိုယ်တိုင်မယူကြနှင့်။ ဗိမာန်တော် ပြိုပျက် ရာတို့ကို ပြုပြင်ဘို့ရာအပ် ကြလော့ဟု ဆိုသည်အတိုင်း၊”
8 Na whakaae ana nga tohunga kia kaua ratou e tango moni mai ano i te iwi, kia kaua hoki e hanga i nga wahi pakaru o te whare.
ယဇ် ပုရောဟိတ်တို့သည် နောက် တဖန် လူ များ လှူသောငွေ ကို မ ခံ ရ။ ဗိမာန် တော်ပြိုပျက် ရာကိုလည်း မ ပြုပြင် ရဟုဝန်ခံ ကြ၏
9 Otiia i mau a Iehoiara tohunga ki tetahi pouaka, a pokaia ana e ia he kohao ki tona taupoki, whakatakotoria ana ki te taha o te aata, ki te taha ki matau, i te mea ka haere tetahi ki te whare o Ihowa: a tukua iho ana ki roto e nga tohunga tiaki o te tatau nga moni katoa i kawea mai ki te whare o Ihowa.
ယဇ်ပုရောဟိတ် ယောယဒ သည် သေတ္တာ ကို ယူ ၍ အဖုံး ကို ဖောက် ပြီးလျှင် ၊ ဗိမာန်တော် အထဲသို့ ဝင် သောလမ်းလက်ျာ ဘက် ယဇ် ပလ္လင်နား မှာထား လေ ၏။ ဗိမာန်တော် သို့ဆောင် ခဲ့သော ငွေ ရှိသမျှ ကို တံခါး စောင့် ယဇ် ပုရောဟိတ်တို့သည် သေတ္တာ ထဲ မှာထား ကြ၏
10 A, ka kitea kua nui te moni i roto i te pouaka, na ka haere te kaituhituhi a te kingi raua ko te tino tohunga, ka whaowhina ki roto ki nga peeke, a taua ana te moni i kitea i roto i te whare o Ihowa.
၁၀ငွေ များ သည် ကိုသိ မြင်လျှင် ၊ ရှင်ဘုရင် ၏ စာရေး တော်ကြီးနှင့် ယဇ်ပုရောဟိတ် မင်း သည် လာ ၍ ဗိမာန်တော် ၌စုသောငွေ ကို ထုတ် ထားလျက် စာရင်း ယူ၏
11 Na hoatu ana e ratou te moni i paunatia ra ki nga ringa o nga kaimahi i te mahi, o nga kaitohutohu i te whare o Ihowa: a na ratou i utu atu ki nga kamura, ki nga kaihanga i mahia ai te whare o Ihowa,
၁၁ထိုသို့ ချိန် ထားသော ငွေ ကို ဗိမာန်တော် အုပ် အမှု တော်စောင့် တို့၌ အပ် ၍ ၊ ဗိမာန်တော် ၌ အလုပ် လုပ် သော လက်သမား၊”
12 Ki nga kaimahi kohatu, ki nga kaitarai kohatu; hei hoko ano i nga rakau, i nga kohatu tarai, hei hanga mo nga wahi pakaru o te whare o Ihowa, hei utu hoki mo nga mea katoa i riro hei hanga mo te whare.
၁၂ပန်းရန် သမား၊ ကျောက်ဆစ် သမားတို့အတွက် ဗိမာန်တော် ပြိုပျက် ရာကို ပြုပြင် စရာ ကျောက် နှင့် သစ်သား ကိုဝယ် ၍ ကုန်သမျှသောအတွက်ပေးဝေကြ၏
13 Otiia kihai i hanga mo te whare o Ihowa he kapu hiriwa, he kuku, he peihana, he tetere, he oko koura, he oko hiriwa, ki te moni i kawea mai ki te whare o Ihowa:
၁၃ဗိမာန်တော် အဘို့ငွေ ဖလား ၊ မီးညှပ် ၊ အင်တုံ ၊ တံပိုး ၊ ရွှေ တန်ဆာ ၊ ငွေ တန်ဆာ တို့ကို ထိုငွေ နှင့် မ လုပ် သေး
14 I hoatu hoki ki nga kaimahi i te mahi, hei hanga i nga wahi pakaru o te whare o Ihowa.
၁၄အလုပ် လုပ် သောသူတို့အား သာ ပေး ၍ ၊ ဗိမာန်တော် ကို ပြုပြင် ကြ၏
15 Kihai hoki i uiuia nga meatanga a aua tangata i hoatu nei e ratou te moni ki o ratou ringa kia hoatu ki nga kaimahi i te mahi; he pono hoki ta ratou mahi.
၁၅အလုပ် လုပ် သောသူတို့ အား ပေး စေခြင်းငှါ ၊ ငွေ ကို လက်ခံ သောသူတို့ သည် သစ္စာ စောင့် သောသူဖြစ် သောကြောင့် စာရင်း မ ပေးကြ
16 Ko te moni mo te he, me te moni mo te hara, kihai i kawea mai e ratou ki te whare o Ihowa: i nga tohunga tena.
၁၆ဒုစရိုက် ငွေ ၊ အပြစ် ငွေ ကိုမူကား ၊ ဗိမာန်တော် သို့ မ သွင်း ဘဲ ယဇ် ပုရောဟိတ်တို့သည် ယူ ကြ၏
17 Katahi ka haere a Hataere kingi o Hiria, whawhai ana ki Kata, a horo ana i a ia: na ka anga te kanohi o Hataere, ka mea ki te haere ki runga, ki Hiruharama.
၁၇ထိုအခါ ရှုရိ ရှင်ဘုရင် ဟာဇေလ သည် ဂါသ မြို့ ကို စစ်ချီ ၍ တိုက်ယူ ပြီးမှ ၊ ယေရုရှလင် မြို့သို့ ချီ အံ့သောငှါ အားထုတ်လေ၏
18 Na ka mau a Iehoaha kingi o Hura ki nga mea tapu katoa i whakatapua e ona matua, e Iehohapata, e Iehorama, e Ahatia, e nga kingi o Hura, ki ana mea tapu ano, ki te koura katoa i kitea i roto i nga toa taonga o te whare o Ihowa, o te whare hoki o te kingi, a tukua ana ki a Hataere kingi o Hiria: a haere atu ana ia i Hiruharama.
၁၈ယုဒ ရှင်ဘုရင် ယောရှ သည် ဘိုးတော် ဘေးတော်တည်းဟူသော ယုဒ ရှင်ဘုရင် ယောရှဖတ် ၊ ယဟောရံ ၊ အာခဇိ လှူ သမျှ သော တန်ဆာ နှင့် ကိုယ်တိုင် သန့်ရှင်း သမျှသောတန်ဆာများ၊ ဗိမာန်တော် ဘဏ္ဍာ ၊ နန်းတော် ဘဏ္ဍာတွင် တွေ့ သမျှ သောရွှေ ကိုယူ၍ ရှုရိ ရှင်ဘုရင် ဟာဇေလ ထံ သို့ပေး လိုက်သောကြောင့် ၊ ဟာဇေလသည် ယေရုရှလင် မြို့ကို ထား၍ သွား ၏
19 Na, ko era atu meatanga a Ioaha me ana mahi katoa, kahore ianei i tuhituhia ki te pukapuka o nga meatanga o nga ra o nga kingi o Hura?
၁၉ယောရှ ပြုမူသောအမှု အရာ ကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
20 Na ka whakatika ana tangata, a whakatupuria ana e ratou he he mona, a patua iho a Ioaha ki te whare o Miro i te heketanga iho ki Hira.
၂၀ထိုမင်း ၏ကျွန် ရှိမတ် သား ယောဇဗဒ် နှင့် ရှိမရိတ် သား ယဟောဇဗပ် တို့သည် ထ ၍ သင်းဖွဲ့ ပြီးလျှင် ၊ သိလ ရွာသို့ သွား သောလမ်း၊ မိလ္လော စံနန်းတွင်ယောရှ ကို သေ အောင်လုပ်ကြံ ၍၊ “
21 Na ana tangata hoki, na Iotaka tama a Himeata raua ko Iehotapara tama a Homere ia i patu, a mate iho; na tanumia ana ia ki ona matua ki te pa o Rawiri: a ko Amatia, ko tana tama, te kingi i muri i a ia.
၂၁ဘိုးဘေး တို့နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ကြ၏။ သား တော်အာမဇိ သည် ခမည်းတော် အရာ ၌နန်းထိုင် ၏

< 2 Kingi 12 >