< 2 Kingi 10 >

1 Na e whitu tekau nga tama a Ahapa i Hamaria. Na ka tuhituhi pukapuka a Iehu, a unga ana e ia kia kawea ki Hamaria ki nga rangatira o Ietereere, ara ki nga kaumatua, a ki nga tangata nana i atawhai nga tama a Ahapa; i mea ia,
အာဟပ်၏သားခုနစ်ကျိပ်တို့သည် ရှာမရိမြို့၌ ရှိသည်ဖြစ်၍၊ ယေဟုသည် ယေဇရေလမြို့အုပ်များ၊ အသက်ကြီးသူများ၊ အာဟပ်သားတို့ ကိုလုပ်ကျွေးသော သူများရှိရာ၊ ရှမာရိမြို့သို့ စားရေး၍ ပေးလိုက်လေ၏။
2 Na aianei, i te taenga atu ano o tenei pukapuka ki a koutou, i te mea kei a koutou na nga tama a to tatou ariki, a kei a koutou nga hariata me nga hoiho, me te pa kua oti te taiepa, me nga mea whawhai;
မှာလိုက်သောစာချက်ဟူမူကား၊ သင်တို့၌သင်တို့ သခင်၏သားများ၊ စစ်သူရဲ၊ မြင်းစီးသူရဲများ၊ ခိုင်ခံ့သောမြို့၊ လက်နက်စုံရှိသည်ဖြစ်၍၊ ဤစာရောက်သောအခါ၊
3 Tirohia e koutou te tangata pai, te tangata tika rawa o nga tama a to koutu ariki, ka whakanoho i a ia ki te torona o tona papa, ka whawhai mo te whare o to koutou ariki.
သင်တို့သခင်၏သားတို့တွင်သာ၍ ကောင်းမြတ် တော်သင့်သောသူကို ရွေးကောက်၍ ခမည်းတော်၏ရာဇ ပလ္လင်ပေါ်မှာတင်ပြီးလျှင်၊ သခင်အမျိုးအဘို့ စစ်တိုက်ကြ လော့ဟု မှာလိုက်သတည်း။
4 Otiia i tino nui to ratou wehi, i mea hoki, Nana, kihai nga kingi tokorua ra i tu ki tona aroaro; na me pehea tatou ka tu ai?
ထိုသူတို့က၊ ရှင်ဘုရင်နှစ်ပါးတို့သည် သူ့ရှေ့မှာ မခံမရပ်နိုင်သည် ဖြစ်၍၊ ငါတို့သည် အဘယ်သို့ ခံရပ်နိုင် မည်နည်းဟု အလွန်ကြောက်လျက် ဆိုကြ၏။
5 Na ka unga tangata te rangatira o te whare, me te rangatira o te pa, nga kaumatua hoki, me te hunga nana i atawahi nga tamariki, ki a Iehu, hei mea, Ko matou nga mea katoa e whakahaua mai e koe; e kore matou e whakakingi i tetahi: mau e mea ta to u kanohi i whakapai ai.
နန်းတော်အုပ်၊ မြို့အုပ်၊ အသက်ကြီးသူ၊ အာဟပ် သားတို့ကို လုပ်ကျွေးသော သူတို့ကလည်း၊ ကျွန်တော်တို့ သည် ကိုယ်တော်ကျွန်ဖြစ်ပါ၏။ မိန့်တော်မူသည်အတိုင်း ပြုပါမည်။ ကျွန်တော်တို့သည် ရှင်ဘုရင် ကိုမချီးမြှောက်ပါ။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါဟု ယေဟုထံသို့ ပြန်စာကို ပေးလိုက်ကြ၏။
6 Na ka tuhituhi pukapuka ano ia ki a ratou, ka mea, Ki te mea kei ahau koutou, a ka rongo koutou ki toku reo, tangohia nga upoko o aua tangata, o nga tama a to koutou ariki, ka haere mai ki ahau ki Ietereere i tenei takiwa apopo. Na, ko nga tama a te kingi, ko tona whitu tekau tangata, i nga tangata nunui o te pa, nana ra ratou i whakatuputupu.
ယေဟုကလည်း၊ သင်တို့သည် ငါ၏လူဖြစ်၍ ငါ့စကားကို နားထောင်လျှင်၊ သင်တို့သခင့်သားတို့၏ ဦးခေါင်းများကိုယူ၍ ယေဇရလေမြို့၊ ငါရှိရာသို့ နက်ဖြန် နေ့ယခုအချိန်၌ လာကြလော့ဟု တဖန်စားပေး လိုက်လေ၏။ ရှင်ဘုရင်၏သားတော်ပေါင်း ခုနစ်ကျိပ် ရှိသည်ဖြစ်၍၊ လုပ်ကျွေးသောမြို့သားအကြီးအကဲတို့၌ ရှိကြ၏။
7 Na, i te taenga o taua pukapuka ki a ratou, ka mau ratou ki nga tama a te kingi, a patua iho, ara te whitu tekau tangata, whaowhina ano o ratou upoko ki te kete, a tukua ana ratou ki a ia ki Ietereere.
ထိုစာရောက်သောအခါ၊ ရှင်ဘုရင်၏ သားတော် ခုနစ်ကျိပ်တို့ကိုယူ၍ သတ်သဖြင့်၊ ဦးခေါင်းများကို တောင်း တို့၌ ထည့်ပြီးလျှင်၊ ယေဇရေလမြို့၊ ယေဟုထံသို့ ပေးလိုက် လေ၏။
8 Na ka tae mai tetahi karere, ka korero kia i ai, Kua kawea mai e ratou nga upoko o nga tama a te kingi. Ano ra ko ia, Whakatakotoria kia rua nga puranga i te tomokanga o te kuwaha, a te ata ra ano.
လုလင်တယောက်သည် လာ၍ရှင်ဘုရင်သားတို့ ၏ ဦးခေါင်းများကို ဆောင်ခဲ့ပါပြီဟု လျှောက်လျှင်၊ ယေဟု က၊ မြို့တံခါးဝမှာ နံနက်တိုင်အောင် နှစ်စုပုံထားတော့ဟု ဆို၏။
9 Na i te ata ka puta ia ki waho, ka tu, ka korero ki te iwi katoa, He tika koutou: nana, i whakatupu ahau i te he mo toku ariki, a patua iho ia e ahau: engari na wai enei katoa i whakamate?
နံနက်ရောက်မှယေဟုသည် ထွက်၍ရပ်လျက် လူများတို့အား၊ အိုဖြောင့်မတ်သောလူတို့၊ ငါသည် ငါ့သခင် တဘက်၌ သင်းဖွဲ့၍ သတ်လေပြီ။ ဤသူအပေါင်းတို့ကို ကား အဘယ်သူသတ်သနည်း။
10 Na kia mohio, e kore e taka ki te whenua tetahi wahi o te kupu a Ihowa, i korero ai a Ihowa mo te whare o Ahapa: kua tutuki hoki i a Ihowa tana i korero ai, na tana pononga na Iraia.
၁၀ထာဝရဘုရားသည် အာဟပ်အမျိုး၌ မိန့်တော် မူသော စကားတော်တခွန်းမျှမြေသို့ မကျရသည်ကို သင်တို့ သိမှတ်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ဧလိယ အားဖြင့် မိန့်တော်မူသည်အတိုင်း ပြုတော်မူမည်ဟု ဆိုသဖြင့်၊
11 Heoi patua ana e Iehu nga morehu katoa o te whare o Ahapa i Ietereere, ana tangata rarahi, ona hoa i matatau ai ia, me ana tohunga; a kore noa iho tetahi morehu ona i waiho e ia.
၁၁ယေဇရေလမြို့၌ ကျန်ကြွင်းသော အာဟပ် အမျိုးသားအပေါင်းတို့နှင့် သူ၏ လူကြီးပေါက်ဘော်၊ ယဇ်ပုရောဟိတ်အပေါင်းတို့ကို တယောက်မျှမကျန်စေဘဲ သတ်လေ၏။
12 Na whakatika ana ia, turia atu ana, a haere ana ki Hamaria. A i a ia i te whare kutikuti o nga hepara i te ara,
၁၂နောက်မှထ၍ ရှမာရိမြို့သို့သွား၏။ လမ်းနားမှာ ရှိသော သိုးမွေးညှပ်ရာစရပ်သို့ ရောက်သောအခါ၊
13 Ka tutaki a Iehu ki nga teina o Ahatia kingi o Hura, a ka mea, Ko wai koutou? Ano ra ko ratou, He teina matou no Ahatia: a e haere ana matou ki raro, ki te oha ki nga tama a te kingi, ki nga tama hoki a te kuini.
၁၃ယုဒရှင်ဘုရင်အာခဇိ၏ ပေါက်ဘော်တို့ကို တွေ့လျှင်၊ သင်တို့သည် အဘယ်သူနည်းဟု မေးသော်၊ ငါတို့သည် အာခဇိမင်း၏ ဆွေတော်မျိုးတော်ဖြစ်၏။ ရှင်ဘုရင်၏ သားတော်တို့နှင့် မိဖုရား၏ သားတော်တို့ကို နှုတ်ဆက်အံ့သောငှါ သွားသည်ဟု ဆိုကြ၏။
14 Ano ra ko ia, Hopukia oratia ratou. Na hopukia oratia ana e ratou, a patua iho ki te rua i te whare kutikuti hipi, tona wha tekau ma rua tangata; kihai hoki tetahi o ratou i waiho e ia.
၁၄ယေဟုကလည်း၊ အရှင်ဘမ်းကြဟု စီရင်သည် အတိုင်း၊ အရှင်ဘမ်း၍ သိုးမွေးစရပ်တွင်းနားမှာ လေးကျိပ် နှစ်ယောက်တို့ကို တယောက်မျှမကျန်စေဘဲ သတ်ကြ၏။
15 Na, i tona haerenga atu i reira, ka tupono ia ki a Ionarapa, ki te tama a Rekapa, e haere ana mai ki te whakatau i a ia: heoi ka oha ki a ia, ka mea ki a ia, Kei te tika ranei tou ngakau, kei te rite ranei ki toku ngakau e mea nei ki tou ngakau? Ano ra ko Ionarapa, Kei te pena. Ki te mea ko te tikanga tena, homai tou ringa ki ahau. Na hoatu ana e ia tona ringa; a ka meinga e tera kia eke ki a ia ki runga ki te hariata.
၁၅ထိုစရပ်မှထွက်သောအခါ ခရီးဦးကြိုပြုအံ့ဟု လာသော ရေခပ်သားယောနဒပ်ကို တွေ့၍နှုတ်ဆက် သဖြင့်၊ ငါ့စိတ်နှလုံးသည် သင့်စိတ်နှလုံးနှင့် သင့်၍ သဘောဖြောင့်သကဲ့သို့ သင့်စိတ်နှလုံးသည် သဘောဖြောင့် သလောဟုမေးလျှင်၊ ဖြောင့်ပါသည်ဟုလျှောက်ဆိုသော်၊ ထိုသို့မှန်လျှင် သင့်လက်ကိုပေးပါဟုဆိုသည်အတိုင်း၊ လက်ကိုပေး၍ယေဟုသည် မိမိအနားသို့ ရထားပေါ်မှာ ဆွဲတင်လျက်၊
16 Na ka mea tera, Haere mai taua, kia kite ai koe i toku ngakau nui ki a Ihowa. Heoi ka meinga ia kia rere i runga i tona hariata.
၁၆ငါနှင့်အတူလိုက်၍ ထာဝရဘုရားဘက်၌ ငါ့စိတ်အားကြီးကြောင်းကို ကြည့်ရှုလော့ဟုဆိုသဖြင့် မိမိရထားကို စီးစေ၏။
17 A, i tona taenga ki Hamaria, patua iho e ia te hunga katoa o Ahapa i mahue ki Hamaria, a poto noa ia i a ia; peratia ana me ta Ihowa kupu i korero ai ki a Iraia.
၁၇ရှမာရိမြို့သို့ရောက်သောအခါ၊ ထာဝရဘုရား သည် ဧလိယအား မိန့်တော်မူသော စကားဘော်အတိုင်း၊ အာဟပ်အမျိုး အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့၌အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့၌ ကျန်ကြွင်းသေမျှတို့ကို သတ်လေ၏။
18 Na ka huihuia te iwi katoa e Iehu, ka mea ia ki a ratou, He iti ta Ahapa mahi ki a Paara; ka nui atu ia ta Iehu mahi ki a ia.
၁၈တဖန်ယေဟုသည် လူအပေါင်းတို့ကို စုဝေး စေ၍၊ အာဟပ်သည် ဗာလဘုရားကို အနည်းငယ်သာ ဝတ်ပြု၏။ ငါယေဟုမူကား များစွာပြုမည်။
19 Na karangatia aianei ki ahau nga poropiti katoa a Paara, ana tangata katoa, me ana tohunga katoa; kei ngaro tetahi: he whakahere nui hoki taku ki a Paara; ko te tangata e ngaro atu ana, e kore e ora. Otiia he mahi murere ta Iehu, kia whakangarom ia ai e ia nga tangata a Paara.
၁၉သို့ဖြစ်၍ ဗာလဘုရား၏ ပရောဖက်များ၊ အမှုစောင့်များ၊ ယဇ်ပုရောဟိတ်များ အပေါင်းတို့ကို ခေါ်ကြ။ တယောက်မျှမကြွင်းစေနှင့်။ ငါသည် ဗာလ ဘုရားအား ယဇ်ကြီးကို ပူဇော်မည်။ ကြွင်းသောသူ မည်သည်ကား အသက်မရှင်ရဟုဆို၏။ ထိုသို့ဆိုသော်၊ ဗာလကို ကိုးကွယ်သော သူတို့ကို ဖျက်ဆီးမည် အကြံနှင့် ပရိယာယ် ပြု၍ဆို၏။
20 Na ka mea a Iehu, Whakatapua he huihui nui ki a Paara. Na karangatia ana e ratou.
၂၀ဗာလဘုရားအဘို့ ဓမ္မပွဲကို ပြင်ဆင်ကြဟု တဖန် စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်ဟု ကြော်ငြာ ကြ၏။
21 Na ka unga tangata a Iehu puta noa i a Iharaira: a haere katoa mai ana nga tangata a Paara, kihai tetahi tangata i mahue, i kore te haere mai. Na haere ana ratou ki te whare o Paara, a kiki ana te whare o Paara i tetahi pito ki tetahi.
၂၁ဣသရေလပြည်တရှောက်လုံးသို့ စေလွှတ်၍၊ ဗာလတပည့် ရှိသမျှုတို့သည် တယောက်မျှ မကြွင်းလာကြ၏။ ဗာလ ကျောင်းထဲသို့ ဝင်ကြသဖြင့် တကျောင်းလုံးပြည့်လျက် ရှိ၏။
22 Na ka mea atu ia ki te kaitiaki kakahu, Mauria mai he kakahu mo nga tangata katoa a Paara. Na mauria ana mai e ia he kakahu mo ratou.
၂၂ယေဟုသည် အဝတ်တန်ဆာတိုက်စိုးကိုခေါ်၍၊ ဗာလဘုရားတပည့်တို့အဘို့ အဝတ်တန်ဆာကို ထုတ်ကြ ဟုဆိုသည်အတိုင်း ထုတ်လေ၏။
23 Na haere ana a Iehu raua ko Ionarapa tama a Rekapa ki te whare o Paara; a ka mea atu ia ki nga tangata a Paara, Rapua, tirohia, kei noho ki konei ki a koutou tetahi o nga tangata a Ihowa, engari ko nga tangata anake a Paara.
၂၃တဖန်ရေခပ်သားယောနဒပ်နှင့်အတူ ဗာလ ကျောင်းထဲသို့ ဝင်၍၊ သင်တို့သည် ထာဝရဘုရားတပည့် တယောက်မျှမပါ၊ ဗာလဘုရားတပည့် သက်သက်ရှိစေ မည်အကြောင်း ကြည့်ရှုစစ်ကြောကြလော့ဟု ဗာလ တပည့်တို့အား ဆို၏။
24 Na haere ana ratou ki te mea i nga whakahere, i nga tahunga tinana. Na, tera kua whakaritea e Iehu ki waho etahi tangata mana, e waru tekau, a i mea ia, Ki te puta tetahi o nga tangata i kawea mai nei e ahau ki o koutou ringa, ko te tangata nana ia i tuku, ko tona matenga hei utu mo to tera matenga.
၂၄မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကိုပူဇော်ခြင်းငှါ အထဲသို့ဝင်သောအခါ၊ ယေဟုသည် ကျောင်းပြင်၌ လူရှစ်ကျိပ်ကိုထား၍၊ သင်တို့ လက်သို့ငါဆောင်ခဲ့သော ဤသူတစုံတယောက်မျှလွတ်လျှင်၊ လွတ်စေသော သူသည် အသက်သေရမည်ဟု စီရင်၍၊
25 Na, i te mutunga o tana whakahere i te tahunga tinana, ka mea a Iehu ki nga kaitiaki ratou ko nga rangatira, Haere ki roto, patua ratou; kei puta tetahi ki waho. Na patu iho e ratou ki te mata o te hoari; a maka ana ratou e nga kaitiaki ratou ko nga rangatira ki waho, a haere ana ratou ki te pa o te whare o Paara.
၂၅မီးရှို့ရာယဇ်ကို ပူဇော်မှုပြီးသောအခါ၊ ယေဟုက ဝင်၍ သတ်ကြလော့။ တယောက်ကိုမျှ မထွက်စေနှင့်ဟု တပ်သားနှင့် တပ်မှူးတို့အားဆိုသည်အတိုင်း၊တပ်သားနှင့် တပ်မှူးတို့ သည် ထားနှင့်လုပ်ကြံ၍ အသေကောင်များကို ထုတ်ပစ်ပြီးမှ၊
26 Na whakaputaina ana e ratou nga whakapakoko o te whare o Paara, a tahuna ana ki te ahi.
၂၆ဗာလကျောင်းနှင့်ဆိုင်သော မြို့သို့သွား၍ ဗာလကျောင်းထဲကရုပ်တုများကို ထုတ်ပြီးလျှင် မီးရှို့ကြ၏။
27 I wahia hoki e ratou te whakapakoko o Paara, i wahia ano te whare o Paara, a meinga ana hei whare paru a tae noa ki tenei ra.
၂၇ဗာလ ဆင်းတုကို၎င်း၊ ကျောင်းကို၎င်း ဖြိုဖျက် ၍ ယနေ့တိုင်အောင် ကိုယ်သုတ်သင်ရာ အိမ်ဖြစ်စေ ကြ၏။
28 Ko te whakamotitanga tenei a Iehu i a Paara i roto i a Iharaira.
၂၈ထိုသို့ယေဟုသည် ဗာလကိုဣရေလပြည်မှ ပယ်ရှားဖျက်ဆီးလေ၏။
29 Ko nga hara ia o Ieropoama tama a Nepata i hara ai a Iharaira, kihai era i mahue i a Iehu te whai, ara nga kuao kau koura i Peteere, i Rana.
၂၉သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်တည်းဟူသော၊ ဗေသလမြို့နှင့် ဒန်မြို့မှာရှိသော ရွှေနွားသငယ်တို့ကို မစွန့်။
30 Na ka mea a Ihowa ki a Iehu, Kua pai nei tau, kua mahia e koe te tika ki toku aroaro, a kua meatia e koe ki te whare o Ahapa rite tonu ki nga mea katoa i toku ngakau, na e wha nga whakatupuranga o au tama e noho ki te torona o Iharaira.
၃၀ထာဝရဘုရားကလည်း၊ သင်သည်ငါ့ရှေ့မှာ ဖြောင့်သောအကျင့်ကို ကျင့်၍ ကောင်းမွန်စွာ ပြုသောကြောင့်၎င်း၊ ငါအလိုရှိသမျှအတိုင်း အာဟပ် အမျိုး၌ စီရင်သောကြောင့်၎င်း၊ သင့်သားမြေးလေးဆက် တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာ ထိုင်ရ မည်ဟု ယေဟုအား မိန့်တော်မူသော်လည်း၊
31 Otiia kihai a Iehu i aro nui ki te haere i runga i te ture a Ihowa, a te Atua o Iharaira, kihai i mahue i a ia nga hara o Ieropoama i hara ai a Iharaira.
၃၁ယေဟုသည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား တရားတော်လမ်းသို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်ခြင်းငှါ သတိမပြု၊ ဣသရေလအမျိုးကို ပြစ်မှား စေသော ယေရောဗောင်၏ ဒုစရိုက်တို့ကို မစွန့်။
32 I aua ra ka timata a Ihowa te tapahi i nga taha o Iharaira: i patua hoki ratou e Hataere i nga rohe katoa o Iharaira;
၃၂ထိုကာလတွင်၊ ထာဝရဘုရားသည် ဣသရေလ ပြည် စွန်းတို့ကို ဖြတ်တော်မူ၏။
33 I Horano atu whaka te rawhiti, ko te whenua katoa o Kireara, ko nga Kari, ko nga Reupeni, ko nga Manahi; i Aroere atu, i te awa o Aranono, ara a Kireara, a Pahana.
၃၃ဟာဇေလသည် ယော်ဒန်မြစ်အရှေ့ဘက်၊ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုးနေရာ၊ အာနုန်မြစ် နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်ပြည်၊ ဗာရှန်ပြည် တရှောက်လုံး အရပ်ရပ်တို့ကို လုပ်ကြံလေ၏။
34 Na, ko era atu meatanga a Iehu me ana mahi katoa, me ana mahi toa katoa, kahore ianei i tuhituhia ki te pukapuka o nga meatanga o nga ra o nga kingi o Iharaira?
၃၄ယေဟုပြုမူသော အမှုအရာ ကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည်၊ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
35 Na ka moe a Iehu ki ona matua, a tanumia iho ki Hamaria. A ko tana tama, ko Iehoahata te kingi i muri i a ia.
၃၅ယေဟုသည် ရှမာရိမြို့၌ မင်းပြု၍၊ ဣသရေလ နိုင်ငံကို နှစ်ဆယ်ရှစ်နှစ်စိုးစံပြီးမှ၊ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယောခတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
36 A ko nga ra i kingi ai a Iehu ki a Iharaira i Hamaria e rua tekau ma waru nga tau.
၃၆

< 2 Kingi 10 >