< 2 Whakapapa 16 >

1 I te toru tekau ma ono o nga tau o te kingitanga o Aha ka haere mai a Paaha kingi o Iharaira ki a Hura, a hanga ana a Rama e ia, kia kaua ai tetahi e tukua kia haere atu ranei, kia haere mai ranei ki a Aha kingi o Hura.
အာသမင်းနန်းစံသုံးဆယ်ခြောက်နှစ်တွင်၊ ဣသ ရေလရှင်ဘုရင်ဗာရှာသည် ယုဒပြည်သို့ စစ်ချီ၍၊ ယုဒ ရှင်ဘုရင် အာသထံသို့ အဘယ်သူမျှ မထွက်မဝင်စေခြင်း ငှါ၊ ရာမမြို့ကိုတည်၏။
2 Katahi ka tangohia katoatia e Aha te hiriwa me te koura i roto i nga taonga o te whare o Ihowa, o te whare ano o te kingi, a hoatu ana kia kawea ki a Peneharara kingi o Hiria, i Ramahiku hoki ia e noho ana; i mea ia,
ထိုအခါ ဗိမာန်တော် ဘဏ္ဍာနှင့်နန်းတော် ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို၊ အာသသည် ထုတ်၍၊ ဒမာသက်မြို့၌နေသော ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ် ထံသို့ပေးလိုက်၍၊
3 He kawenata ta taua, he pera me ta toku papa raua ko tou papa: nana, te hiriwa, te koura i hoatu na e ahau kia kawea atu ki a koe. Haere, whakataka tau kawenata ki a Paaha kingi o Iharaira, kia haere atu ai ia i toku taha.
ငါသည်သင်နှင့်၎င်း၊ ငါ့ခမည်းတော်သည် သင့် ခမည်းတော်နှင့်၎င်း၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေငွေကို ငါပေးလိုက်၏။ ဣသရေ လရှင်ဘုရင်ဗာရှာ သည် ငါ့ထံမှထွက်သွားစေခြင်းငှါ၊ သူနှင့်ဖွဲ့သော မိဿ ဟာယကို ဖျက်၍လာပါဟု မှာလိုက်လေ၏။
4 Na rongo tonu a Peneharara ki a Kingi Aha, a tonoa ana e ia nga rangatira o ana ope ki nga pa o Iharaira; patua iho e ratou a Iiono, a Rana, a Aperemaima, me nga pa taonga katoa o Napatari.
အာသမင်းကြီး၏ စကားကို ဗဟာဒဒ်သည် နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှါ၊ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့မှစ၍၊ နဿလိပြည်၌ရှိသမျှ သော ဘဏ္ဍာမြို့တို့ကို လုပ်ကြံကြ၏။
5 A, no te rongonga o Paaha, ka mutu tana hanga i Rama, a kore ake tona mahinga.
ထိုသိတင်းကို ဗာရှာသည်ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ အလုပ်ကိုဖြတ်၍နေ၏။
6 Na ka tikina e Kingi Aha a Hura katoa; a taria atu ana e ratou nga kohatu o Rama, me nga rakau o reira i hanga nei e Paaha; a hangaia ana e ia ki aua mea a Kepa me Mihipa.
ထိုအခါအာသမင်းကြီးသည် ယုဒလူအပေါင်းကို ခေါ်သဖြင့်၊ ရာမမြို့၌ ဗာရှာမင်းသွင်းသောကျောက်နှင့် သစ်သားကိုယူသွား၍၊ ဂေဘမြို့နှင့်မိဇပါမြို့ကိုတည်၏။
7 I taua wa ka haere a Hanani matakite ki a Aha kingi o Hura, a ka mea ki a ia, Kua okioki na koe ki te kingi o Hiria, a kihai hoki koe i okioki ki a Ihowa, ki tou Atua, mo reira ka mawhiti atu te ope o te kingi o Hiria i tou ringa.
ထိုအခါ ပရောဖက်ဟာနန်သည် ယုဒရှင်ဘုရင် အာသထံသို့လာ၍၊ မင်းကြီးသည် မိမိဘုရားသခင် ထာဝရဘုရားကို မခိုလှုံ၊ ရှုရိရှင်ဘုရင်ကို ခိုလှုံသော ကြောင့်၊ ရှုရိရှင်ဘုရင်၏ ဗိုလ်ခြေတို့သည် မင်းကြီး လက်မှ လွတ်သွားကြပြီ။
8 Ko nga Etiopiana, ko nga Rupimi, he teka ianei he ope tino nui ratou, he maha noa atu hoki a ratou hariata, a ratou kaieke hoiho? heoi, i tou okiokinga ki a Ihowa, homai ana ratou e ia ki tou ringa.
ကုရှလူနှင့်လိဗုလူတို့သည် ရထားများ၊ မြင်းစီး သူရဲများနှင့်တကွ၊ အားကြီးသော အလုံးအရင်ဖြစ်သည် မဟုတ်လော။ သို့သော်လည်း မင်းကြီးသည် ထာဝရ ဘုရားကို ခိုလှုံသောကြောင့်၊ ထိုအလုံးအရင်းကို မင်းကြီး လက်သို့ အပ်နှံတော်မူပြီ။
9 E kopikopiko ana hoki nga kanohi o Ihowa i te whenua katoa, hei whakaatu i te kaha o tana awhina i te hunga e tapatahi ana o ratou ngakau ki a ia. He mahi kuware tenei nau; na ka whai pakanga koe i nga wa e takoto ake nei.
ထာဝရဘုရားသည် စုံလင်သော စေတနာစိတ် ရှိသောသူတို့ဘက်၌၊ ခိုင်ခံ့စွာ နေခြင်းငှါ၊ မြေကြီးတပြင် လုံးကို အနှံ့အပြားကြည့်ရှုလျက် ရှိတော်မူ၏။ ဤအမှု၌ မင်းကြီးသည် မိုက်စွာပြုပြီ။ ယခုမှစ၍ စစ်မှုရှိလိမ့်မည်ဟု ဆို၏။
10 Katahi ka riri a Aha ki taua matakite, a hoatu ana e ia ki te whare herehere; he pukuriri hoki nona ki a ia mo tenei mea. I tukinotia ano e Aha etahi o te iwi i taua wa.
၁၀ထိုသို့ဆိုသောကြောင့်၊ အာသသည် ပရောဖက် ကို အမျက်ထွက်၍ ထောင်ထဲမှာ လှောင်ထား၏။ ထိုကာလ၌ ပြည်သူပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ ၏။
11 Na, ko nga meatanga a Aha, o te timatanga, o muri, kua oti te tuhituhi ki te pukapuka o nga kingi o Hura, o Iharaira.
၁၁အာသမင်းပြုမူသော အမှုအရာအစအဆုံးတို့ သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထား လျက်ရှိ၏။
12 Na i te toru tekau ma iwa o nga tau o tona kingitanga ka mate a Aha i ona waewae; a he tino nui tona mate; otiia i tona matenga kihai ia i rapu i ta Ihowa, engari i ta nga rata.
၁၂နန်းစံသုံးဆယ်ကိုးနှစ်တွင်၊ ခြေတော်၌ အနာ ရောဂါစွဲ၍ ပြင်းစွာ ခံရသော်လည်း၊ ထာဝရဘုရားကို မဆည်းကပ်၊ ဆေးသမားတို့ကိုသာ ဆည်းကပ်လေ၏။
13 Na kua moe a Aha ki ona matua; i mate hoki i te wha tekau ma tahi o nga tau o tona kingitanga.
၁၃အာသသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ နန်းစံ လေးဆယ်တနှစ်တွင် အနိစ္စရောက်သဖြင့်၊
14 A tanumia iho ia ki nga urupa i keria e ia mona ki te pa o Rawiri, whakatakotoria iho ki tetahi takotoranga e ki tonu ana i nga mea kakara, i nga tini mea whakaranu, he mea hanga na te kaiwhakaranu; a nui atu te tahunga i tahuna mona.
၁၄ဒါဝိဒ်မြို့မှာ မိမိအဘို့ မိမိလုပ်နှင့်သော သင်္ချိုင်း ၌၊ ပြည်သားတို့သည် သင်္ဂြိုဟ်သောအခါ၊ မွှေးကြိုင်သော နံ့သာမျိုးတို့ကို၊ ဆေးသမားအတတ်ဖြင့်ဘော်၍၊ တလား၌ အပြည့်ထည့်ပြီးလျှင်၊ အလောင်းတော်ကို တင်ထားကြ၏။ အလွန်ကြီးသောမီးရှို့ပွဲကိုလည်း ခံကြ၏။

< 2 Whakapapa 16 >