< 1 Hamuera 24 >

1 A, no te hokinga o Haora i te whai i nga Pirihitini, na ka korerotia te korero ki a ia, Nana, kei te koraha o Enekeri a Rawiri.
ရှောလု သည်လည်း ဖိလိတ္တိ လူတို့ကို လိုက် ရာမှ ပြန် လာသောအခါ ၊ ဒါဝိဒ် သည် အင်္ဂေဒိ တော ၌ ရှိ ပါ၏ဟု ကြား လျှောက်ကြလျှင်၊
2 Katahi ka takiritia e Haora etahi tangata, e toru mano, he hunga whiriwhiri roto i a Iharaira katoa, a haere ana ki te rapu i a Rawiri ratou ko ana tangata ki nga kamaka o nga koati mohoao.
ဣသရေလ အမျိုးသားအပေါင်း တို့တွင် ရွေးကောက် သော လူ သုံး ထောင် တို့ကို ခေါ် ၍ ၊ တောဆိတ် နေရာ ကျောက် တောင်တို့အပေါ် မှာ ဒါဝိဒ် နှင့် သူ ၏လူ တို့ကို ရှာ အံ့သောငှါ သွား လေ၏။
3 A ka tae ki nga taiepa hipi i te ara, he ana hoki kei reira, a ka haere atu a Haora ki te uhi i ona waewae, heoi i nga wahi i roto rawa o te ana a Rawiri ratou ko ana tangata e noho ana.
လမ်း နား မှာ သိုး ခြံ ရှိရာသို့ ရောက် ၍ ဥမင် ကို တွေ့သဖြင့် ၊ ရှောလု သည် အိပ်မည်ဟု ဝင် လေ၏။ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် ထိုဥမင် နံဖေးတစ်ဘက်တချက် ၌ နေ ကြ၏။
4 Na ka mea nga tangata a Rawiri ki a ia, Na, ko te ra tenei i mea ai a Ihowa ki a koe, Nana, ka hoatu e ahau tou hoariri ki tou ringa, a ka meatia e koe ki a ia ta tou hinengaro e pai ai. Katahi ka whakatika a Rawiri, a tapahia pukutia ana e ia te pito o te koroka o Haora.
ဒါဝိဒ် ၏လူ တို့ကလည်း ၊ ထာဝရဘုရား က၊ သင် ၏ရန်သူ ကို သင့် လက် ၌ ငါ အပ် မည်။ သူ ၌ သင်ပြု ချင်တိုင်း ပြုရသော အခွင့်ရှိလိမ့်မည်ဟု ကိုယ်တော် အား မိန့် တော်မူသော နေ့ရက် ရောက်ပါပြီဟု ဆို ကြလျှင် ၊ ဒါဝိဒ် သည် ထ ၍ ရှောလု ဝတ်လျက်ရှိသော အင်္ကျီ အောက် ပိုင်းကို တိတ်ဆိတ် စွာ လှီးဖြတ် လေ၏။
5 A muri iho ka whakawiri te ngakau o Rawiri i roto i a ia, mona i tapahi i te pito o te koroka o Haora.
ထိုသို့ ရှောလု ၏ အင်္ကျီကို လှီးဖြတ် မိသောကြောင့် ၊ ဒါဝိဒ် သည် နောက်တဖန် နောင်တရ၍၊
6 Na ka mea ia ki ana tangata, Ma Ihowa ahau e arai kei meatia tenei mea ki toku ariki, ki ta Ihowa i whakawahi ai, kia totoro atu toku ringa ki a ia, ko ta Ihowa hoki ia i whakawahi ai.
ထာဝရဘုရား ပေးတော်မူသောဘိသိက် ကိုခံသောငါ အရှင် သည်၊ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသူဖြစ်သောကြောင့် ၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါငါ လက် ဆန့် သော အမှု ကို ထာဝရဘုရား ဆီးတား တော်မူပါစေသောဟု မိမိ လူ တို့အား ဆို သဖြင့်၊
7 Ko nga kupu enei a Rawiri i haukotia ai e ia ana tangata, a kihai i tukua kia whakatika ki a Haora. Na whakatika ana a Haora i roto i te ana, a haere ana i tona ara.
ရှောလု ကို ထိခိုက် စေခြင်းငှါ အခွင့် မ ပေးမြစ်တားလေ၏။ ရှောလု သည်လည်း ထ ၍ ဥမင် ထဲက ထွက်သွား လေ၏။
8 Ka whakatika a Rawiri i muri, a puta ana ano i te ana, ka karanga i muri i a Haora, ka mea, E toku ariki, e te kingi. A, i te tirohanga o Haora ki muri i a ia, ka tuohu te mata o Rawiri, a piko ana ki te whenua.
ထိုနောက် ဒါဝိဒ် သည် ထ ၍ ဥမင် ထဲက ထွက် လျက် ၊ ကျွန်တော် ၏ သခင် အရှင်မင်းကြီး ဟု ရှောလု နောက် ၌ ဟစ် သဖြင့် ၊ ရှောလု သည် နောက် သို့ကြည့် သောအခါ ၊ ဒါဝိဒ် သည် မြေ ပေါ်၌ ဦးချ ၍ ပြပ်ဝပ် လျက်၊
9 Na ka mea a Rawiri ki a Haora, He aha koe i whakarongo ai ki nga kupu a te tangata ina mea, Kei te rapu a Rawiri i te he mou?
ဒါဝိဒ် သည် ကိုယ်တော် ၏အကျိုးကို ဖျက် ခြင်းငှါရှာကြံ သည်ဟု လူ အချို့ပြောသောစကား ကို အဘယ်ကြောင့် နားထောင် တော်မူသနည်း။
10 Na kua kite nei ou kanohi i tenei ra i ta Ihowa homaitanga i a koe inaianei ki toku ringa i roto i te ana; a i ki mai etahi kia patua koe; otiia i tohu toku kanohi i a koe; i mea hoki ahau, E kore toku ringa e totoro ki toku ariki; ko ta Ihowa i a i whakawahi ai.
၁၀ယနေ့ ထာဝရဘုရား သည် ဥမင် ထဲမှာ ကိုယ်တော် ကို ကျွန်တော် လက် ၌ အပ် တော်မူကြောင်း ကို ကြည့်ရှု တော်မူပါ။ အသက်တော်ကိုသတ် စေခြင်းငှါ အချို့တို့သည် တိုက်တွန်း သော်လည်း ၊ ကျွန်တော်သည် နှမြော သောစိတ် ရှိ၍ ၊ ငါ့ အရှင် သည် ထာဝရဘုရား ၏ ဘိသိက် ခံသူ ဖြစ်တော်မူသောကြောင့် ၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါငါသည် လက် ကို မ ဆန့် ဟု အကြံရှိပါ၏။
11 Titiro mai ano hoki, e toku papa, ae ra, tirohia mai te pito o tou koroka i toku ringa nei; ta te mea i ahau nei i tapahi ai i te pito o tou koroka, a kihai i patu i a koe, na ka mohio koe, ka kite, kahore he kino, he tutu ranei i toku ringa; ka hore ano oku hara ki a koe; heoi e whaia nei ahau e koe kia whakamatea.
၁၁ထိုမှတပါး ကျွန်တော် အဘ ကြည့်ရှု တော်မူပါ။ ကျွန်တော် လက် ၌ အင်္ကျီ တော်အောက် ပိုင်းကို ကြည့်ရှု တော်မူပါ။ အသက်တော်ကို မ သတ် ၊ အင်္ကျီ တော်အောက် ပိုင်းကို လှီးဖြတ် ရုံမျှသာပြုသောကြောင့် ၊ ကျွန်တော်၌ ဒုစရိုက် အပြစ်မရှိ။ လွန်ကျူး ခြင်းအပြစ်မ ရှိကြောင်း ကို သိမြင် တော်မူပါ။ ကိုယ်တော် ကို မ ပြစ်မှား ပါ။ သို့သော်လည်း ကျွန်တော် အသက် ကိုသတ် အံ့သောငှါ လိုက်၍ ရှာ တော်မူပါသည်တကား။
12 Ma Ihowa e whakarite ta taua whakawa, me Ihowa ano e rapu he utu moku i a koe; ko toku ringa ia e kore e pa ki a koe.
၁၂ထာဝရဘုရား သည် ကျွန်တော် နှင့် ကိုယ်တော် စပ်ကြား မှာ စီရင် တော်မူပါစေသော။ ကျွန်တော် အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရား ဆပ်ပေး တော်မူပါစေသော။ သို့ရာတွင် ကျွန်တော် လက် သည် ကိုယ်တော် အပေါ် သို့ မ ရောက် ပါစေနှင့်။
13 E ki nei hoki te whakatauki onamata, no te hunga kino mai te kino; na e kore toku ringa e pa ki a koe.
၁၃ရှေး ပုံ စကားလာ သည်အတိုင်း ၊ ဆိုး သောသူလက်မှ ဆိုး သောအမှုထွက် တတ်၏။ သို့ရာတွင် ကျွန်တော် လက် သည် ကိုယ်တော် အပေါ် သို့ မ ရောက် ပါစေနှင့်။
14 He whai i a wai i puta mai ai te kingi o Iharaira? ko wai tenei te arumia nei e koe? he kuri mate, he puruhi.
၁၄ဣသရေလ ရှင် ဘုရင်သည် အဘယ်သူ ၏အတွက်ကြောင့် ကြွလာ တော်မူသနည်း။ ကိုယ်တော် သည် အဘယ်သူ ကို လိုက် ၍ ရှာတော်မူသနည်း။ ခွေး သေ ကောင်ကို လိုက် ၍ ရှာတော်မူသလော။ ခွေးလှေး ကို လိုက် ၍ရှာတော်မူသလော။
15 Ma Ihowa e whakarongo, e whakarite ta taua whakawa, mana e titiro mai, e tohe taku tohe, e whakaora hoki ahau i roto i tou ringa.
၁၅သို့ဖြစ်၍ ထာဝရဘုရား သည် တရားသူကြီး လုပ် တော်မူပါစေသော။ ကျွန်တော် နှင့် ကိုယ်တော် စပ်ကြား မှာ စီရင် တော်မူပါစေသော။ ကြည့်ရှု ၍ ကျွန်တော် အမှု ကို စောင့် သဖြင့် ၊ ကျွန်တော် ကို ကိုယ်တော် လက် မှ ကယ်လွှတ် တော်မူပါစေသောဟု ရှောလု အား လျှောက်ဆို ၏။
16 A, i te mutunga o ta Rawiri korero i enei kupu ki a Haora, ka mea a Haora, Ko tou reo tena, e taku tama, e Rawiri? Na ka puaki nui te reo o Haora ka tangi.
၁၆ထိုသို့ ဒါဝိဒ် သည် ရှောလု အား အကုန်အစင် လျှောက်ဆို ပြီးမှ ၊ ရှောလု က ငါ့ သား ဒါဝိဒ် ၊ ငါကြားသော စကားသံသည် သင့် စကား သံလောဟုမေး လျက် အသံ ကို လွှင့် ၍ ငိုကြွေး လေ၏။
17 Na ka mea ia ki a Rawiri, Tika rawa koe i ahau; he pai hoki tau utu ki ahau, ko taku utu ia ki a koe he kino.
၁၇တဖန် လည်း၊ သင် သည် ငါ့ ထက် သာ၍တရား စောင့်၏။ သင့် အကျိုးကို ငါ ဖျက် သော်လည်း ၊ သင် သည် ငါ ၌ အကျိုး ကျေးဇူးပြု ပြီ။
18 Kua whakakitea mai nei hoki e koe inaianei te pai o tau mahi ki ahau: i ta Ihowa tukunga putanga hoki i ahau ki tou ringa, na kihai koe i patu i ahau.
၁၈ငါ ၌ အဘယ်သို့ကျေးဇူး ပြု သည်ကို သင်သည် ယနေ့ ပြ ပြီ။ အကြောင်းမူကား၊ ထာဝရဘုရား သည် ငါ့ ကို သင့် လက် ၌ အပ် တော်မူသော်လည်း ၊ သင်သည် မ သတ် ဘဲနေပါသည်တကား။
19 Ki te tupono hoki te tangata ki tona hoariri, tera ranei ia e tukua paitia atu e ia kia haere? Na ma Ihowa e homai te pai ki a koe hei utu mo tau mahi ki ahau i tenei ra.
၁၉လူ သည် ရန်သူ ကို တွေ့ လျှင် ချမ်းသာ စွာ လွှတ် လိမ့်မည်လော။ သို့ဖြစ်၍ သင်သည် ငါ ၌ ယနေ့ ပြု သောကျေးဇူး ကို ထာဝရဘုရား ဆပ် တော်မူပါစေသော။
20 Na e mohio ana tenei ahau ko koe pu ano hei kingi, a ka pumau ki tou ringa te kingitanga o Iharaira.
၂၀ယခု မှာ သင်သည် စင်စစ်ရှင် ဘုရင်ဖြစ်လိမ့်မည်ဟူ၍၎င်း၊ ဣသရေလ နိုင်ငံ သည် သင့် လက် ၌ တည် လိမ့်မည်ဟူ၍၎င်း၊ ငါအမှန်သိ ၏။
21 Na oatitia mai a Ihowa ki ahau e kore e hautopea atu e koe oku uri i muri i ahau, e kore ano hoki e huna e koe toku ingoa i roto i te whare o toku papa.
၂၁သို့ဖြစ်၍ သင်သည် ငါ ၏သားစဉ် မြေးဆက်တို့ကို မ သုတ်သင် ၊ ငါ့ အဆွေအမျိုး ထဲက ငါ ၏နာမ ကို မ ပယ်ရှင်း မည်အကြောင်းထာဝရဘုရား ကို တိုင်တည် ၍ ငါ့ အား ကျိန်ဆိုခြင်းကို ပြုလော့ဟု ဒါဝိဒ် အား ဆို ပြီးမှ၊
22 Na oati ana a Rawiri ki a Haora, a haere ana a Haora ki tona whare; ko Rawiri ia ratou ko ana tangata i haere ki te pourewa.
၂၂ဒါဝိဒ် သည် ရှောလု အား ကျိန်ဆို ခြင်းကိုပြု၍ ရှောလု သည် မိမိ နေရာ သို့ သွား ၏။ ဒါဝိဒ် နှင့် သူ ၏လူ တို့သည်လည်း ခိုင်ခံ့ သောအရပ်သို့ သွား ကြ၏။

< 1 Hamuera 24 >