< 1 Hamuera 15 >

1 Na ka mea a Hamuera ki a Haora, I tonoa mai ahau e Ihowa ki te whakawahi i a koe hei kingi mo tana iwi, mo Iharaira: na whakarongo mai ki te reo o nga kupu a Ihowa.
ရှ​မွေ​လ​သည်​ရှော​လု​အား``ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​လူ​စု​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရင်​အ​ဖြစ် သင့်​အား​ဘိ​သိက်​ပေး​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။ သို့​ဖြစ်​၍​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ကို​နား​ထောင်​လော့။-
2 Ko te kupu tenei a Ihowa o nga mano, E whakaaro ana ahau ki ta Amareke i mea ai ki a Iharaira, ki tana whanganga i a ia i te ara i tona haerenga mai i Ihipa.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ထွက်​လာ​သော​အ​ခါ အာ​မ​လက် အ​မျိုး​သား​တို့​က​ဆီး​တား​ကြ​၏။ ထို့​ကြောင့် ကိုယ်​တော်​သည်​သူ​တို့​အား​ဒဏ်​ခတ်​တော် မူ​မည်။-
3 Na tikina, patua a Amareke, whakangaromia rawatia a ratou mea katoa, kaua hoki ratou e tohungia; engari whakamatea ngatahitia te tane me te wahine, te potiki me te mea ngote u, te kau me te hipi, te kamera me te kaihe.
သင်​သည်​အာ​မ​လက်​အမျိုး​သား​တို့​အား​သွား ရောက်​တိုက်​ခိုက်​လော့။ သူ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ သ​မျှ​ကို​ဖျက်​ဆီး​ပစ်​ရ​မည်။ တစ်​စုံ​တစ်​ခု မျှ​မ​ကျန်​စေ​နှင့်။ ရှိ​သ​မျှ​ယောကျာ်း၊ မိန်း​မ၊ က​လေး​သူ​ငယ်၊ နို့​စို့​များ​အ​ပြင်​ရှိ​သ​မျှ သိုး၊ နွား၊ ကု​လား​အုတ်၊ မြည်း​များ​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​လော့'' ဟု​ဆို​၏။-
4 Na ka huihuia te iwi e Haora, a taua ana e ia ki Teraimi, e rua rau mano, he hunga haere i raro, me nga tangata hoki o Hura, kotahi tekau mano.
ရှော​လု​သည်​တေ​လိမ်​မြို့​တွင်​မိ​မိ​၏​စစ် သည်​တပ်​သား​အ​ပေါင်း​ကို​စု​ရုံး​၍​ကြည့် ရှု​စစ်​ဆေး​ရာ ဣ​သ​ရေ​လ​နယ်​မှ​တပ်​သား နှစ်​သိန်း​နှင့်​ယု​ဒ​နယ်​မှ​တပ်​သား​တစ် သောင်း​ရှိ​သ​တည်း။-
5 Na ko te haerenga atu o Haora ki te pa o Amareke, a whakatakoto pehipehi ana i roto i te awaawa.
ထို​နောက်​သူ​သည်​မိ​မိ​စစ်​သူ​ရဲ​များ​နှင့် အ​တူ အာ​မ​လက်​မြို့​သို့​ချီ​တက်​၍​ခြောက် သွေ့​နေ​သော​မြစ်​ဝှမ်း​တွင်​တပ်​စ​ခန်း​ချ လျက်​နေ​၏။-
6 I mea hoki a Haora ki nga Keni, Whakatika, mawehe atu, haere ki raro i roto i nga Amareki, kei huna tahitia koe e ahau me ratou; i puta hoki ta koutou atawhai ki nga tamariki katoa a Iharaira i to ratou haerenga mai i Ihipa. Heoi ka mawehe nga Ke ni i roto i a Amareki.
သူ​သည်​ကေ​နိ​အမျိုး​သား​များ​အား``သင်​တို့ သည်​ဣ​သ​ရေ​လ​အမျိုး​သား​တို့​အီ​ဂျစ်​ပြည် မှ​ထွက်​လာ​ကြ​စဉ်​အ​ခါ​က သူ​တို့​အား ကျေး​ဇူး​ပြု​ခဲ့​ကြ​ပါ​၏။ သို့​ဖြစ်​၍​သင်​တို့ အား​ငါ​မ​သတ်​မိ​စေ​ရန် အာ​မ​လက်​အ​မျိုး သား​တို့​ထံ​မှ​တိမ်း​ရှောင်​သွား​ကြ​လော့'' ဟု ကြို​တင်​သ​တိ​ပေး​ထား​၏။ ထို့​ကြောင့်​ကေ​နိ အ​မျိုး​သား​တို့​သည်​တိမ်း​ရှောင်​သွား​ကြ လေ​သည်။
7 Na tukitukia ana e Haora nga Amareki i Hawira atu a tae noa koe ki Huru, ki te ritenga atu o Ihipa.
ရှော​လု​သည်​ဟ​ဝိ​လ​မြို့​မှ​အီ​ဂျစ်​ပြည်​၏ အ​ရှေ့​ဘက်​၌​ရှိ​သော ရှု​ရ​မြို့​တိုင်​အောင်​အာ မ​လက်​အ​မျိုး​သား​တို့​အား​လိုက်​လံ​တိုက် ခိုက်​လေ​သည်။-
8 Hopukia oratia ana hoki e ia a Akaka kingi o Amareke, ko te iwi katoa hoki i whakangaromia rawatia e ia ki te mata o te hoari.
သူ​သည်​အာ​မ​လက်​ဘု​ရင်​အာ​ဂတ်​ကို​လက်​ရ ဖမ်း​ဆီး​မိ​၏။ လူ​အ​ပေါင်း​တို့​ကို​မူ​သုတ်​သင် ပစ်​၏။-
9 Otiia i tohungia e Haora ratou ko te iwi a Akaka, me nga mea papai o nga hipi, o nga kau, o nga mea momona hoki, me nga reme, me nga mea pai katoa, kihai hoki i aro ki te whakangaro i a ratou: engari nga mea e whakaparahakotia ana, e rukea ana, k o ena a ratou i whakangaro ai.
သို့​ရာ​တွင်​ရှော​လု​နှင့်​သူ​၏​တပ်​သား​တို့​သည် အာ​ဂတ်​ကို အ​သက်​ချမ်း​သာ​ပေး​၍​အ​ဆူ​ဖြိုး ဆုံး​သော​သိုး​နွား​များ၊ အ​လှ​ဆုံး​သော​နွား သူ​ငယ်​သိုး​သူ​ငယ်​များ​နှင့် ကောင်း​မွန်​သည့် အ​ရာ​ရှိ​သ​မျှ​တို့​ကို​မ​ဖျက်​မ​ဆီး​ကြ။ အ​သုံး​မ​ဝင်​သော​အ​ရာ၊ တန်​ဖိုး​မ​ရှိ​သော အရာ​များ​ကို​သာ​လျှင်​ဖျက်​ဆီး​ပစ်​ကြ လေ​သည်။
10 Katahi ka puta te kupu a Ihowa ki a Hamuera, ka mea,
၁၀ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား``ရှော​လု​ကို ဘု​ရင်​ခန့်​မိ​သည်​မှာ​မှား​လေ​စွ။ သူ​သည်​ငါ့​အား ကျော​ခိုင်း​ကာ​ငါ​၏​အ​မိန့်​တော်​တို့​ကို​လွန်​ဆန် ခဲ့​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ရှ​မွေ​လ​သည် ဒေါ​သ​ထွက်​၏။ သူ​သည်​တစ်​ညဥ့်​လုံး​ထာ​ဝ​ရ ဘု​ရား​အား​လျှောက်​လဲ​အ​သ​နား​ခံ​ပြီး​နောက်၊-
11 Kua puta ke oku whakaaro i meinga ai e ahau a Haora hei kingi; kua hoki atu hoki ia i te whai i ahau, a kihai hoki i whakamana i aku kupu. Na ka oho te riri a Hamuera; a pau katoa taua po i a ia e tangi ana ki a Ihowa.
၁၁
12 Na ka maranga wawe a Hamuera i te ata ki te whakatau i a Haora; a ka korerotia ki a Hamuera, ka meatia, I te mai a Haora ki Karamere, na whakaturia ana e ia he tohu mana, a haere awhio atu ana, kua pahemo atu, kua riro ki raro, ki Kirikara.
၁၂နံ​နက်​စော​စော​၌​ရှော​လု​ကို​ရှာ​ရန်​ထွက်​ခွာ သွား​၏။ ရှော​လု​သည်​က​ရ​မေ​လ​မြို့​သို့​သွား ၍ မိ​မိ​အ​တွက်​အ​မှတ်​တ​ရ​ကျောက်​တိုင်​ကို တည်​ဆောက်​ကြောင်း၊ ထို​မှ​တစ်​ဆင့်​ဂိ​လ​ဂါ​လ မြို့​သို့​ထွက်​ခွာ​သွား​ကြောင်း​ရှ​မွေ​လ​ကြား သိ​ရ​၏။-
13 Na ka tae atu a Hamuera ki a Haora, a ka mea a Haora ki a ia, Kia manaakitia koe e Ihowa, kua whakamana e ahau te kupu a Ihowa.
၁၃ရှ​မွေ​လ​သည်​ရှော​လု​ရှိ​သည့်​အ​ရပ်​သို့ ရောက်​သော်​ရှော​လု​က``ကိုယ်​တော်​အား​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​နာ​ခံ​ခဲ့​ပါ​ပြီ'' ဟု​ဆို​၍​ကြို​ဆို​၏။
14 Na ka mea a Hamuera, He aha koia tenei tangi o nga hipi i roto nei i oku taringa, me te tangi o nga kau e rongo nei ahau?
၁၄ရှ​မွေ​လ​က``ယင်း​သို့​ဖြစ်​ပါ​မူ​အ​ဘယ် ကြောင့်​သိုး​နွား​တို့​အော်​မြည်​သံ​ကို​ငါ​ကြား ရ​ပါ​သ​နည်း'' ဟု​မေး​၏။
15 Ano ra ko Haora, He mea mau mai e ratou i nga Amareki: i tohungia hoki e te iwi nga mea papai o nga hipi, o nga kau, hei mea patunga tapu ki a Ihowa, ki tou Atua; a ko te toenga, whakangaromia iho e matou.
၁၅ရှော​လု​က``အ​ကျွန်ုပ်​၏​လူ​တို့​သည်​ထို​သိုး နွား​များ​ကို​အာ​မ​လက်​အ​မျိုး​သား​တို့​ထံ မှ​သိမ်း​ယူ​ခဲ့​ကြ​ပါ​၏။ သူ​တို့​သည်​အ​ဆူ ဖြိုး​ဆုံး​သော​သိုး​နွား​တို့​ကို အ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန် ထား​ရှိ​ကြ​ပါ​၏။ အ​ခြား​ကျန်​ရှိ​သည့် အ​ရာ​များ​ကို​မူ​လုံး​ဝ​ဖျက်​ဆီး လိုက်​ကြ​ပါ​ပြီ'' ဟု​ဖြေ​ကြား​၏။
16 Katahi ka mea a Hamuera ki a Haora, Kati, kia korerotia e ahau ki a koe ta Ihowa i mea ai ki ahau i tenei po. Ano ra ko tera, Korero.
၁၆ရှ​မွေ​လ​က``နား​ထောင်​လော့။ ထာ​ဝ​ရ​ဘု​ရား သည် ငါ့​အား​ယ​မန်​နေ့​ည​က​အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို​သင့်​အား​ငါ​ဖော်​ပြ​မည်'' ဟု​ဆို​လျှင်​ရှောလု​က``အ​မိန့်​ရှိ​ပါ'' ဟု​ဆို​၏။
17 A ka mea a Hamuera, I a koe e iti ana ki tou whakaaro, kihai ianei koe i meinga hei upoko mo nga iwi o Iharaira, i whakawahia e Ihowa hei kingi mo Iharaira?
၁၇ရှ​မွေ​လ​က``သင်​သည်​မိ​မိ​ကိုယ်​ကို​သေး နုတ်​သူ​ဟု​ယူ​ဆ​သော်​လည်း သင်​သည်​ဣ​သ ရေ​လ​အနွယ်​တို့​၏​ခေါင်း​ဆောင်​ဖြစ်​ချေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​တော်​မူ​ခဲ့​၏။-
18 Na ka tono a Ihowa i a koe kia haere, ka mea, Tikina, whakangaromia te hunga hara, nga Amareki, whawhai hoki ki a ratou a poto noa ratou.
၁၈ယုတ်​မာ​သော​ထို​အာ​မ​လက်​အ​မျိုး​သား​တို့ အား သုတ်​သင်​ပစ်​ရန်​အ​မိန့်​ပေး​၍​သင့်​ကို​စေ လွှတ်​ခဲ့​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​တစ် ယောက်​မ​ကျန်​သတ်​ဖြတ်​ပြီး​သည်​တိုင်​အောင် စစ်​တိုက်​ရန်​မှာ​ကြား​တော်​မူ​ခဲ့​၏။-
19 He aha koe te whakarongo ai ki te reo o Ihowa, i aurara atu ai ki nga taonga parakete, i mahi ai i te kino i te tirohanga a Ihowa?
၁၉သင်​သည်​အ​ဘယ်​ကြောင့်​ကိုယ်​တော်​၏​အ​မိန့် တော်​ကို​မ​နာ​ခံ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် လက်​ရ​ပစ္စည်း​များ​ကို​မက်​မက်​မော​မော​သိမ်း ယူ​ကာ ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက်​သော အ​မှု​ကို​ပြု​ဘိ​သ​နည်း'' ဟု​ဆို​၏။
20 Na ka mea a Haora ki a Hamuera, Ina, i whakarongo ano ahau ki te reo o Ihowa, i haere i te ara i tonoa ai ahau e Ihowa, kua kawea mai ano hoki e ahau a Akaka kingi o Amareke; ko nga Amareki ano hoki, whakangaromia iho e ahau.
၂၀ရှော​လု​က``အ​ကျွန်ုပ်​သည်​အ​မှန်​ပင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​နာ​ခံ​ခဲ့​ပါ​၏။ ကိုယ် တော်​စေ​ခိုင်း​တော်​မူ​သည့်​အ​တိုင်း​သွား​ရောက် ၍​အာ​ဂတ်​မင်း​ကို​ခေါ်​ဆောင်​ခဲ့​ပါ​၏။ အာ​မ လက်​အ​မျိုး​သား​အ​ပေါင်း​ကို​လည်း​သုတ် သင်​ပစ်​ခဲ့​ပါ​၏။-
21 Na te iwi hoki i tango etahi o nga taonga, o nga hipi, o nga kau, nga mea tino papai o nga mea e whakangaromia ana hei mea patunga tapu ki a Ihowa, ki tou Atua, ki Kirikara.
၂၁သို့​ရာ​တွင်​အ​ကျွန်ုပ်​၏​လူ​တို့​သည်​မိ​မိ​တို့ လက်​ရ​အ​ဆူ​ဖြိုး​ဆုံး​သိုး​နွား​များ​ကို​မ သတ်​ဘဲ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန် ဤ​ဂိ​လ​ဂါ​လ မြို့​သို့​ယူ​ဆောင်​ခဲ့​ကြ​ပါ​၏'' ဟု​ပြန်​လည် ဖြေ​ကြား​၏။
22 Ano ra ko Hamuera, Ki ta Ihowa, he pera ranei te ahuareka o nga tahunga tinana, o nga patunga tapu, me te whakarongo ki te reo o Ihowa? Nana, pai atu te whakarongo i te patunga tapu, te ngakau mahara i te ngako o nga hipi toa.
၂၂ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ရှို့ ရာ​ယဇ်​အ​စ​ရှိ​သည့်​ပူ​ဇော်​သကာ​များ ဆက်​သ​မှု​နှင့် မိ​မိ​၏​အ​မိန့်​တော်​နာ​ခံ မှု​တို့​အ​နက်​မည်​သည်​ကို​ပို​၍​နှစ်​သက်​တော် မူ​ပါ​သ​နည်း။ နာ​ခံ​ခြင်း​သည်​အ​ဆူ​ဖြိုး ဆုံး​သိုး​ကို​ယဇ်​ပူ​ဇော်​ခြင်း​ထက်​ပို​၍​မြတ်​၏။-
23 Rite tonu hoki te tutu ki te hara makutu; te whakatuturi ki te kino, ki te karakia whakapakoko. He whakaparahako nau ki te kupu a Ihowa, ka whakaparahako hoki ia ki a koe hei kingi.
၂၃ကိုယ်​တော်​အား​ပုန်​ကန်​ခြင်း​သည်​စုံး​အ​တတ် ကဲ့​သို့​ဆိုး​ရွား​၍ မောက်​မာ​ထောင်​လွှား​ခြင်း သည်​လည်း​ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း​ကဲ့​သို့ ပင်​အ​ပြစ်​ကြီး​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​ပယ်​သော​ကြောင့် ကိုယ်​တော် သည်​သင့်​ကို​ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ ပြီ'' ဟု​ဆို​၏။
24 Na ka ki a Haora ki a Hamuera, Kua hara ahau, i ahau i takahi nei i te kupu a Ihowa, i au kupu ano hoki: i wehi hoki ahau i te iwi, i whakarongo ki to ratou reo.
၂၄ထို​အ​ခါ​ရှော​လု​က``မှန်​ပါ​၏။ အ​ကျွန်ုပ်​သည် အ​ပြစ်​ကူး​လွန်​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​လည်း​ကောင်း၊ အ​ရှင်​၏ ညွှန်​ကြား​ချက်​များ​ကို​လည်း​ကောင်း​လွန်​ဆန်​မိ ပါ​ပြီ။ မိ​မိ​၏​လူ​တို့​ကို​ကြောက်​သ​ဖြင့် အ​ကျွန်ုပ် သည်​သူ​တို့​၏​ဆန္ဒ​အ​တိုင်း​ပြု​မိ​ပါ​၏။-
25 Tena ra, whakarerea noatia iho toku hara, kia hoki atu taua, kia koropiko ai ahau ki a Ihowa.
၂၅သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ကျွန်ုပ်​ဝတ် ပြု​ကိုး​ကွယ်​ခွင့်​ရ​စေ​ရန် အ​ရှင်​သည်​အ​ကျွန်ုပ် ၏​အ​ပြစ်​ကို​ဖြေ​လွှတ်​၍ အ​ကျွန်ုပ်​နှင့်​အ​တူ ဂိ​လ​ဂါ​လ​မြို့​သို့​လိုက်​ခဲ့​ပါ​ရန်​အ​ကျွန်ုပ် တောင်း​ပန်​ပါ​၏'' ဟု​ဆို​လေ​၏။
26 Ano ra ko Hamuera ki a Haora, E kore ahau e hoki tahi taua; he mea hoki kua whakaparahako koe ki te kupu a Ihowa, a kua whakaparahako a Ihowa ki a koe hei kingi mo Iharaira.
၂၆ရှ​မွေ​လ​က​လည်း``သင်​နှင့်​ငါ​မ​ပြန်။ သင်​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ပယ်​သော ကြောင့် ကိုယ်​တော်​သည်​သင့်​ကို​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ​ပြီ'' ဟု​ဆို​၏။
27 A, i te tahuritanga o Hamuera ki te haere, ka mau tera ki te pito o tona kakahu, a kua pakaru.
၂၇ထို​နောက်​ရှ​မွေ​လ​သည်​လှည့်​၍​ထွက်​ခွာ​မည်​ပြု သော​အ​ခါ ရှော​လု​သည်​သူ​၏​ဝတ်​လုံ​ကို​ဆွဲ ကိုင်​လိုက်​သ​ဖြင့်​ဝတ်​လုံ​စုတ်​သွား​လေ​သည်။-
28 Na ka mea a Hamuera ki a ia, Kua haea mai e Ihowa inaianei tou kingitanga i roto i a Iharaira, kua hoatu ki tou hoa e pai atu ana i a koe.
၂၈ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ယ​နေ့​ပင် ဣ​သ​ရေ​လ​နိုင်​ငံ​ကို​သင့်​ထံ​မှ​ဆွဲ​ယူ​ကာ သင့်​ထက်​ကောင်း​မြတ်​သူ​တစ်​ဦး​၏​လက်​သို့ ပေး​အပ်​တော်​မူ​လေ​ပြီ။-
29 E kore ano hoki te Kaha o Iharaira e teka; e kore ano hoki e puta ke ona whakaaro; no te mea ehara ia i te tangata e puta ke ai ona whakaaro.
၂၉ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​မြင့်​မြတ်​သော ဘု​ရား​သည်​မု​သား​ကို​သုံး​တော်​မ​မူ။ စိတ်​တော် ကို​လည်း​ပြောင်း​လဲ​တော်​မ​မူ။ ကိုယ်​တော်​သည် လူ​ကဲ့​သို့​မိ​မိ​၏​စိတ်​တော်​ကို​ပြောင်း​လဲ​တော် မူ​သည်​မ​ဟုတ်'' ဟု​ဆို​၏။
30 Ano ra ko tera, Kua hara ahau: otiia whakahonoretia ahau aianei i te aroaro o nga kaumatua o toku iwi, i te aroaro o Iharaira, kia hoki tahi taua, kia koropiko ai ahau ki a Ihowa, ki tou Atua.
၃၀ရှော​လု​က``အ​ကျွန်ုပ်​သည်​အ​ပြစ်​ကူး​လွန်​မိ​ပါ ပြီ။ သို့​ရာ​တွင်​ယုတ်​စွ​အ​ဆုံး​အ​ကျွန်ုပ်​၏​အ​မျိုး သား​ခေါင်း​ဆောင်​များ​ရှေ့​၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​၏​ရှေ့​၌​လည်း​ကောင်း အ​ကျွန်ုပ် ၏​ဂုဏ်​အ​သ​ရေ​မ​ပျက်​စေ​ဘဲ အ​ကျွန်ုပ်​သည်​အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်ပြု​ကိုး ကွယ်​နိုင်​ရန်​အ​ကျွန်ုပ်​နှင့်​အ​တူ​အ​ရှင်​ပြန်​၍ လိုက်​ခဲ့​ပါ'' ဟု​တောင်း​ပန်​၏။-
31 Heoi hoki ana a Hamuera i muri i a Haora, a karakia ana a Haora ki a Ihowa.
၃၁ထို​ကြောင့်​ရှ​မွေ​လ​သည်​သူ​နှင့်​အ​တူ​ဂိ​လ​ဂါ​လ မြို့​သို့​လိုက်​သွား​၏။ ရှော​လု​သည်​လည်း​ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​၏။
32 Katahi a Hamuera ka mea, Kawea mai ki ahau a Akaka kingi o Amareke. Na ka ata hikoi a Akaka ki a ia. A ka mea a Akaka, He pono kua pahemo ke te ngau kino a te mate.
၃၂ရှ​မွေ​လ​က``အာ​ဂတ်​မင်း​ကို​ငါ့​ထံ​သို့​ခေါ်​ခဲ့ လော့'' ဟု​ဆို​၏။ အာ​ဂတ်​က``သေ​ဘေး​သည် အ​လွန်​ဆိုး​ရွား​ပါ​သည်​တ​ကား'' ဟု​တစ်​ကိုယ် တည်း​စဉ်း​စား​ကာ​တုန်​လှုပ်​လျက်​ရှ​မွေ​လ​ထံ သို့​လာ​၏။-
33 Ano ra ko Hamuera, Na tau hoari i kore ai nga uri o nga wahine, ka pena ano tou whaea te urikore i roto i nga wahine. Na haua iho a Akaka e Hamuera i te aroaro o Ihowa i Kirikara.
၃၃ထို​အ​ခါ​ရှ​မွေ​လ​က``သင်​၏​ဋ္ဌား​ဖြင့်​မိ​ခင် အ​များ​ပင် မိ​မိ​တို့​၏​သား​များ​ကို​ဆုံး​ရှုံး​ခဲ့​ရ ကြ​၏။ သို့​ဖြစ်​၍​ယ​ခု​သင့်​မိ​ခင်​သည်​လည်း​သူ ၏​သား​ဆုံး​ရှုံး​ရ​ပေ​တော့​အံ့'' ဟု​ဆို​ကာ​အာ ဂတ်​အား​ဂိ​လ​ဂါ​လ​မြို့​ယဇ်​ပလ္လင်​ရှေ့​တွင်​အ ပိုင်း​ပိုင်း​ခုတ်​ဖြတ်​လိုက်​လေ​သည်။
34 Katahi ka haere a Hamuera ki Rama; ko Haora ia i haere ki runga ki tona whare, ki Kipea o Haora.
၃၄ထို​နောက်​ရှ​မွေ​လ​သည်​ရာ​မ​မြို့​သို့​သွား ၏။ ရှော​လု​မင်း​သည်​လည်း​ဂိ​လ​ဂါ​လ​နန်း တော်​သို့​ပြန်​လေ​၏။-
35 Kihai hoki a Haora i tirotirohia e Hamuera i muri iho a taea noatia te ra i mate ai ia: heoi tangihia ana a Haora e Hamuera: i puta ke ano hoki nga whakaaro o Ihowa i meinga ai e ia a Haora hei kingi mo Iharaira.
၃၅ရှ​မွေ​လ​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး နောင်​အ​ဘယ်​အ​ခါ​မျှ​မင်း​ကြီး​နှင့်​မ​တွေ့ ရ​တော့​ချေ။ သို့​ရာ​တွင်​သူ​သည်​ရှော​လု​အ​တွက် များ​စွာ​ဝမ်း​နည်း​မိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် လည်း​ရှော​လု​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ် ခန့်​ထား​မိ​ခဲ့​သည့်​အ​တွက်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​၏။

< 1 Hamuera 15 >