< 1 Kingi 21 >

1 A, i muri i enei mea, he mara waina ta Napoto Ietereeri i Ietereere, i te taha tonu o te whare o Ahapa kingi o Hamaria.
ယေ​ဇ​ရေ​လ​မြို့​ရှိ​အာ​ဟပ်​မင်း​၏​နန်း​တော် အ​နီး​တွင် နာ​ဗုတ်​ဆို​သူ​ပိုင်​သည့်​စ​ပျစ် ဥ​ယျာဉ်​ရှိ​သည်​ဖြစ်​၍၊-
2 Na ka korero a Ahapa ki a Napoto, ka mea, Homai tau mara waina ki ahau, hei kari otaota maku, e tata ana hoki ki te taha o toku whare, a me hoatu e ahau tetahi mara waina, he pai ke atu i tenei hei utu; ki te pai ranei ki tau titiro, me utu ki te moni.
အာ​ဟပ်​သည်​နာ​ဗုတ်​အား``သင်​၏​ဥ​ယျာဉ် ကို​ငါ​အ​လို​ရှိ​သည်။ ထို​ဥ​ယျာဉ်​သည်​ငါ့​နန်း တော်​အ​နီး​တွင်​ရှိ​သ​ဖြင့် ထို​မြေ​ကို​ယာ​ခင်း ပြု​လုပ်​လို​သည်။ သင့်​အား​ထို​ဥ​ယျာဉ်​ထက် ပို​၍​ကောင်း​သည့်​စ​ပျစ်​ဥ​ယျာဉ်​ကို​ငါ​ပေး မည်။ သို့​မ​ဟုတ်​သင်​အ​လို​ရှိ​လျှင်​သင့်​လျော် သော​အ​ဖိုး​ငွေ​ကို​ငါ​ပေး​မည်'' ဟု​ဆို​၏။
3 Na ka mea a Napoto ki a Ahapa, E! ma Ihowa ahau e arai kei hoatu e ahau te kainga tupu o oku matua ki a koe!
နာ​ဗုတ်​က``အ​ကျွန်ုပ်​သည်​ဤ​ဥ​ယျာဉ်​ကို ဘိုး​ဘေး​များ​ထံ​မှ​အ​မွေ​ရ​ရှိ​ထား​သ​ဖြင့် အ​ရှင့်​အား​ဆက်​သ​မှု​ကို​ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​၏။-
4 Na haere ana a Ahapa ki tona whare; pouri ana, riri ana, mo te kupu i korero ai a Napoto Ietereeri ki a ia; mo tana i mea ra, E kore e hoatu e ahau te kainga tupu o oku matua ki a koe. Na takoto ana ia ki tona moenga, me te ahu ke ano tona mata, kihai hoki i kai taro.
အာ​ဟပ်​သည်​နာ​ဗုတ်​၏​စ​ကား​ကြောင့်​စိတ် မ​ချမ်း​မ​သာ​ဖြစ်​၏။ အ​မျက်​ထွက်​၍​နန်း​တော် သို့​ပြန်​တော်​မူ​၏။ သူ​သည်​နံ​ရံ​ဘက်​သို့​လှည့်​၍ အိပ်​ရာ​ပေါ်​တွင်​လှဲ​လျောင်း​ကာ​ပွဲ​တော်​မ​တည် ဘဲ​နေ​၏။-
5 Katahi tana wahine, a Ietepere, ka haere mai ki a ia, ka mea ki a ia, He aha tou wairua i pouri ai, te kai taro ai koe?
သူ​၏​မိ​ဖု​ရား​ယေ​ဇ​ဗေ​လ​သည်​သူ့​ထံ​သို့ လာ​၍ ``အ​ရှင်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ် မ​ချမ်း​မ​သာ​ဖြစ်​လျက်​နေ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ပွဲ​တော်​မ​တည်​ဘဲ​နေ​တော်​မူ ပါ​သ​နည်း'' ဟု​မေး​လျှောက်​လေ​သည်။
6 Na ka mea tera ki a ia, I korero ahau ki a Napoto Ietereeri, i mea ki a ia, Homai tau mara waina ki ahau, me utu ki te moni: ki te pai ranei koe, me hoatu e ahau tetahi atu mara ki a koe hei utu. Na ka mea mai ia, E kore e hoatu e ahau taku mara waina ki a koe.
မင်း​ကြီး​က``ငါ​သည်​နာ​ဗုတ်​အား​သူ​၏​ဥ​ယျာဉ် ကို​ရောင်း​ချ​ရန် အ​ကယ်​၍​သူ​အ​လို​ရှိ​ပါ​လျှင် အ​ခြား​ဥ​ယျာဉ်​နှင့်​လဲ​လှယ်​ရန်​ပြော​ဆို​သော် လည်း၊ နာ​ဗုတ်​က`ဤ​ဥ​ယျာဉ်​ကို​အ​ရှင့်​အား​မ ဆက်​သ​နိုင်​ပါ' ဟု​ဆို​ချေ​သည်။ ထို့​ကြောင့်​ငါ သည်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​နေ​သည်'' ဟု​မိန့် တော်​မူ​၏။
7 Na ka ki atu a Ietepere, tana wahine, ki a ia, Ko koe ranei te kaiwhakahaere o te kingitanga o Iharaira? Whakatika ki te kai taro mau, kia koa tou ngakau. Maku e hoatu te mara waina a taua Ietereeri, a Napoto, ki a koe.
ယေ​ဇ​ဗေ​လ​က``အ​ရှင်​သည်​ဣ​သ​ရေ​လ​ဘု​ရင် ဖြစ်​သည်​မ​ဟုတ်​ပါ​လော။ အိပ်​ယာ​မှ​ထ​တော်​မူ ၍​ရွှင်​လန်း​စွာ​စား​တော်​ခေါ်​တော်​မူ​ပါ။ နာ​ဗုတ် ၏​ဥ​ယျာဉ်​ကို​အ​ရှင်​၏​လက်​တော်​သို့​ကျွန်​မ အပ်​ပါ​မည်'' ဟု​လျှောက်​၏။
8 Heoi tuhituhia ana etahi pukapuka e ia, no Ahapa te ingoa, hiri rawa ki tana hiri; a tukua ana aua pukapuka ki nga kaumatua, ki nga rangatira i roto i tona pa, a e noho tahi ana me Napoto.
ထို​နောက်​ယေ​ဇ​ဗေ​လ​သည်​စာ​များ​ကို​ရေး ပြီး​လျှင် အာ​ဟပ်​အ​မည်​ဖြင့်​လက်​မှတ်​ရေး​ထိုး ကာ ဘု​ရင့်​တံ​ဆိပ်​ခပ်​နှိပ်​၍​ယေ​ဇ​ရေ​လ​မြို့ ရှိ​မြို့​မိ​မြို့​ဖ​များ​နှင့်​မှူး​မတ်​များ​ထံ​သို့ ပေး​ပို့​လိုက်​လေ​သည်။-
9 I tuhituhi ia ki te pukapuka, i mea, Karangatia he nohopuku, ka whakanoho i a Napoto ki runga ake i te iwi:
ထို​အ​မိန့်​တော်​စာ​ကား``သင်​တို့​သည်​အ​စာ​ရှောင် ရန်​နေ့​ရက်​တစ်​ရက်​ကို​ကြေ​ညာ​ကာ ပြည်​သူ​တို့ အား​စု​ဝေး​စေ​၍​နာ​ဗုတ်​အား​ဂုဏ်​ထူး​ဆောင် နေ​ရာ​ထိုင်​ခင်း​ကို​ပေး​ကြ​လော့။-
10 Ka whakanoho ano i etahi tangata, he tama na Periara, kia tokorua, ki tona aroaro, hei whakaatu i tona he, hei ki, Nau i kanga te Atua raua ko te kingi. Katahi ka kawe i a ia ki waho, ka aki ki te kohatu, kia mate.
၁၀ထို​နောက်​သူ့​ကို​မျက်​နှာ​ပြောင်​တိုက်​၍`ဤ​သူ​သည် ဘု​ရား​သ​ခင်​နှင့်​ဘု​ရင်​မင်း​မြတ်​အား​ပုတ်​ခတ် ပြော​ဆို​သူ​ဖြစ်​ပါ​သည်' ဟု​မ​သ​မာ​သူ​လူ​နှစ် ယောက်​ကို​ပြစ်​တင်​စွပ်​စွဲ​ခိုင်း​ကြ​လော့။ ထို့​နောက် သူ့​အား​မြို့​ပြင်​သို့​ထုတ်​၍​ခဲ​နှင့်​ပေါက်​သတ်​ကြ လော့'' ဟူ​သ​တည်း။
11 Na ka meatia e nga tangata o tona pa, ara e nga kaumatua ratou ko nga rangatira e noho ana i tona pa, te mea i tono tangata ai a Ietepere ki a ratou, te mea i tuhituhia ki nga pukapuka i tukua nei e ia ki a ratou.
၁၁မှူး​မတ်​များ​နှင့်​ယေ​ဇ​ရေ​လ​မြို့​ရှိ မြို့​မိ​မြို့​ဖ များ​သည်​လည်း​ယေ​ဇ​ဗေ​လ​အ​မိန့်​ပေး​သည့် အ​တိုင်း​ပြု​ကြ​၏။-
12 I karangatia he nohopuku, a whakanohoia ana a Napoto ki runga ake i te iwi.
၁၂သူ​တို့​သည်​အ​စာ​ရှောင်​ရာ​နေ့​တစ်​နေ့​ကို​ကြေ​ညာ ပြီး​လျှင် ပြည်​သူ​တို့​အား​စု​ဝေး​စေ​လျက်​နာ​ဗုတ် အား​ဂုဏ်​ထူး​ဆောင်​နေ​ရာ​ထိုင်​ခင်း​ကို​ပေး​ကြ​၏။-
13 Na ka haere mai nga tangata tokorua, nga tama a Periara, ka noho i tona aroaro: a ka whakaatu aua tangata a Periara i te he mona, ara mo Napoto i te aroaro o te iwi; i mea raua, I kanga e Napoto te Atua raua ko te kingi. Na kawea ana ia e ratou ki waho o te pa, a akina ana ki te kohatu, a mate noa ia.
၁၃မ​သ​မာ​သူ​လူ​နှစ်​ယောက်​က​လည်း​ဘု​ရား​သ​ခင် နှင့် မင်း​ကြီး​အား​ပုတ်​ခတ်​ပြော​ဆို​မှု​နှင့်​နာ​ဗုတ် အား​လူ​ပုံ​အ​လယ်​တွင်​ပြစ်​တင်​စွပ်​စွဲ​ကြ​လေ သည်။ ထို့​ကြောင့်​လူ​တို့​သည်​သူ့​ကို​မြို့​ပြင်​သို့ ထုတ်​ပြီး​လျှင်​ခဲ​နှင့်​ပေါက်​သတ်​ကြ​၏။-
14 Katahi ratou ka tono tangata ki a Ietepere, ka mea, Kua oti a Napoto te aki ki te kohatu, a kua mate.
၁၄နာ​ဗုတ်​အား​သေ​ဒဏ်​ခတ်​ပြီး​ကြောင်း​ကို​လည်း ယေ​ဇ​ဗေ​လ​ထံ​သ​တင်း​ပေး​ပို့​ကြ​လေ​သည်။
15 A, i te rongonga o Ietepere kua oti a Napoto te aki ki te kohatu, a kua mate, na ka mea a Ietepere ki a Ahapa, Whakatika, tangohia te mara a taua Ietereeri, a Napoto, kihai na ia i pai kia homai ki a koe hei utu moni; kahore hoki a Napoto i te o ra, kua mate.
၁၅ထို​သ​တင်း​ကို​ရ​လျှင်​ရ​ခြင်း​ယေ​ဇ​ဗေ​လ​သည် အာ​ဟပ်​အား``နာ​ဗုတ်​သေ​ပြီ​ဖြစ်​၍​ယ​ခု​အ​ရှင် သွား​၍​သူ​မ​ရောင်း​လို​သော​စ​ပျစ်​ဥ​ယျာဉ်​ကို သိမ်း​ယူ​တော်​မူ​ပါ​လော့'' ဟု​လျှောက်​၏။-
16 A ka rongo a Ahapa kua mate a Napoto, na whakatika ana a Ahapa, haere ana ki raro, ki te mara waina a taua Ietereeri, a Napoto, kia tangohia e ia.
၁၆အာ​ဟပ်​သည်​လည်း​ထို​ဥ​ယျာဉ်​ကို​သိမ်း​ယူ ရန်​ချက်​ချင်း​ထ​၍​သွား​တော်​မူ​၏။
17 Na ka puta te kupu a Ihowa ki a Iraia Tihipi; i ki ia,
၁၇ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​သည်​တိ​ရှ​ဘိ​မြို့​သား ပ​ရော​ဖက်​ဧ​လိ​ယ​အား၊-
18 Whakatika, haere ki raro, ki te whakatau i a Ahapa kingi o Iharaira i Hamaria: kei te mara waina ia a Napoto, kua riro hoki ki reira ki te tango.
၁၈``သင်​သည်​ရှ​မာ​ရိ​မြို့​ရှိ​အာဟပ်​မင်း​ထံ​သို့​သွား လော့။ သူ​သည်​နာ​ဗုတ်​၏​ဥယျာဉ်​ကို​သိမ်း​ယူ​ရန် ထို​ဥ​ယျာဉ်​ထဲ​၌​ရှိ​နေ​သည်​ကို​တွေ့​လိမ့်​မည်။-
19 Korero ki a ia, mea atu, Ko te kupu tenei a Ihowa, Kua patu iana koe? kua riro ano i a koe? Ki atu ano ki a ia, mea atu, Ko te kupu tenei a Ihowa, Ko te wahi i mitikia ai e nga kuri nga toto o Napoto, ka mitikia ano e nga kuri ki reira ou toto, ae ra, ou ano.
၁၉ငါ​ထာ​ဝ​ရ​ဘုရား​က`သင်​သည်​လူ​ကို​သတ်​ပြီး နောက် ထို​သူ​၏​ဥစ္စာ​ကို​သိမ်း​ယူ​ပါ​မည်​လော' ဟု မိန့်​တော်​မူ​ကြောင်း​သူ့​အား​ပြော​ကြား​လော့။ `ခွေး တို့​သည်​နာ​ဗုတ်​၏​သွေး​ကို​လျက်​ကြ​သည့်​အ​ရပ် ၌​ပင်​လျှင် သင်​၏​သွေး​ကို​လျက်​ကြ​လိမ့်​မည်' ဟု ငါ​မိန့်​တော်​မူ​ကြောင်း​ကို​လည်း​သူ့​အား​ပြော ကြား​လော့'' ဟု​မိန့်​မှာ​တော်​မူ​၏။
20 Na ka mea a Ahapa ki a Iraia, Kua mau ahau i a koe, e toku hoariri? Ano ra ko tera, Kua mau ano, no te mea kua hoko koe i a koe ki te mahi i te kino ki te aroaro o Ihowa.
၂၀အာ​ဟပ်​သည်​ဧ​လိ​ယ​ကို​မြင်​သော​အ​ခါ``ငါ ၏​ရန်​သူ၊ သင်​သည်​ငါ့​ကို​တွေ့​ပြီ​လော'' ဟု မေး​၏။ ဧ​လိ​ယ​က​လည်း``တွေ့​ပြီ။ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​မျက်​နှာ​တော်​တွင်​ဒု​စ​ရိုက်​ကို သာ​ပြု​လို​၏။-
21 Nana, tenei ahau te tari kino atu nei ki runga ki a koe, a ka tahia atu ou uri; ka hautopea atu nga tamariki tane katoa i a Ahapa, me nga mea i tutakina ki roto, me nga mea i mahue i roto i a Iharaira.
၂၁ထို့​ကြောင့်​ထာ​ဝရ​ဘု​ရား​က`ငါ​သည်​သင့် အား​ဘေး​ဒဏ်​သင့်​စေ​မည်။ သင့်​ကို​သုတ်​သင် ပယ်​ရှင်း​၍​သင်​၏​အိမ်​ထောင်​စု​သား​ယောကျာ်း ဟူ​သ​မျှ​ကို​လည်း​ဖယ်​ရှား​ပစ်​မည်။-
22 Ka meinga ano e ahau tou whare kia rite ki te whare o Ieropoama tama a Nepata, ki te whare o Paaha tama a Ahia, mo te whakapataritari i whakapataritari ai koe i ahau, mou i hara ai a Iharaira.
၂၂သင်​သည်​ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​သည်​ဖြစ်​၍ သင်​၏ အိမ်​ထောင်​စု​သည်​နေ​ဗက်​၏​သား​ယေ​ရော​ဗောင် မင်း​၏​အိမ်​ထောင်​စု​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟိ​ယ ၏​သား​ဗာ​ရှာ​မင်း​၏​အိမ်​ထောင်​စု​ကဲ့​သို့​လည်း ကောင်း​ဖြစ်​လိမ့်​မည်။'-
23 I korerotia ano a Ietepere e Ihowa, i mea ia, Ka kainga a Ietepere e nga kuri ki te parepare o Ietepere.
၂၃ယေဇ​ဗေ​လ​နှင့်​ပတ်​သက်​၍​ထာ​ဝ​ရ​ဘု​ရား က`ယေ​ဇ​ရေ​လ​မြို့​တွင်​ထို​အ​မျိုး​သ​မီး​၏ အ​လောင်း​သည်​ခွေး​စာ​ဖြစ်​လိမ့်​မည်။ သူ​၏ ဆွေ​မျိုး​မှန်​သ​မျှ​တို့​သည်​လည်း​မြို့​တွင်း ၌​သေ​လျှင်​ခွေး​စာ၊-
24 Ko te hunga o Ahapa e mate ki te pa ma nga kuri e kai; ko nga mea hoki e mate ki te parae ma nga manu o te rangi e kai.
၂၄မြို့​ပြင်​၌​သေ​လျှင်​လင်း​တ​စာ​ဖြစ်​ကြ​လိမ့် မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။
25 Heoi kahore he rite mo Ahapa, i hoko nei i a ia ki te mahi kino ki te aroaro o Ihowa; he mea akiaki na tana wahine, na Ietepere.
၂၅(ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် အာ​ဟပ်​ကဲ့ သို့​ဒု​စ​ရိုက်​ကို​လွန်​ကဲ​စွာ​ပြု​သူ​တစ်​ယောက်​မျှ မ​ရှိ။ သူ​ပြု​သော​အ​မှု​အ​ရာ​မှန်​သ​မျှ​မှာ​မိ ဖု​ရား​ယေ​ဇ​ဗေ​လ​၏​တိုက်​တွန်း​ချက်​အ​ရ ဖြစ်​သည်။-
26 Whakarihariha rawa tana haere ki te whai i nga whakapakoko: rite tonu tana ki nga mea katoa i mea ai nga Amori i peia nei e Ihowa i te aroaro o nga tama a Iharaira.
၂၆သူ​သည်​အာ​မော​ရိ​ပြည်​သား​တို့​ပြု​သည့်​အ​တိုင်း ရုပ်​တု​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့် အ​လွန်​ရှက်​ကြောက်​ဖွယ်​ကောင်း​သည့်​အ​ပြစ်​များ ကို​ပြု​လေ​သည်။ အာ​မော​ရိ​ပြည်​သူ​တို့​ကား ခါ​နာန်​ပြည်​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ဝင်​ရောက်​လာ​ချိန်​၌ ထာ​ဝရ​ဘု​ရား​နှင်​ထုတ် တော်​မူ​သော​သူ​များ​ဖြစ်​သ​တည်း။)
27 A, no te rongonga o Ahapa i enei kupu, na haea ana e ia ona kakahu, meatia ana he kakahu taratara ki tona kiri, a nohopuku ana, takoto ana ko taua mea taratara nei te kakahu, a mahaki ana te haere.
၂၇ဧ​လိ​ယ​ဆင့်​ဆို​ပြော​ကြား​သော​အ​ခါ အာ​ဟပ် သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​ပြီး​လျှင် လျှော်​တေ​ကို​ဝတ်​၏။ သူ​သည်​စား​တော်​မ​ခေါ် ဘဲ​လျှော်​တေ​ဝတ်​၍​အိပ်​၏။ သွား​လာ​ရာ​၌ လည်း​မှိုင်​တွေ​လျက်​နေ​၏။
28 Na ka puta te kupu a Ihowa ki a Iraia Tihipi, i mea ia,
၂၈ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​ဧ​လိ​ယ​အား၊-
29 Kua kite koe i ta Ahapa whakangohengohe nei i a ia ki toku aroaro, na e kore e taria e ahau tenei kino i ona ra: engari hei nga ra o tana tama ahau tari ai i te kino ki tona whare.
၂၉``ငါ​၏​ရှေ့​မှောက်​တွင်​အ​ဘယ်​မျှ​အာ​ဟပ်​နှိမ့်​ချ လျက်​နေ​သည်​ကို​သင်​မြင်​သ​လော။ ဤ​သို့​နှိမ့်​ချ သည့်​အ​တွက်​ငါ​သည်​သူ​၏​လက်​ထက်​၌​ဘေး​ဒဏ် သင့်​စေ​မည်​မ​ဟုတ်။ သူ​၏​သား​လက်​ထက်​သူ​၏ အိမ်​ထောင်​စု​အ​ပေါ်​တွင်​သင့်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။

< 1 Kingi 21 >