< 1 Whakapapa 6 >

1 Ko nga tama a Riwai; ko Kerehona, ko Kohata, ko Merari.
လေဝိသားကားဂေရရှုံ၊ ကောဟတ်၊ မေရာရိ တည်း။
2 A, ko nga tama a Kohata; ko Amarama, ko Itihara, ko Heperona, ko Utiere.
ကောဟတ်သားကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။
3 Na, ko nga tama a Amarama; ko Arona, ko Mohi, ko Miriama. A, ko nga tama a Arona; ko Natapa, ko Apihu, ko Ereatara. ko Itamara.
အာမရံသားကားအာရုန်၊ မောရှေ၊ မိရိအံ တည်း။ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။
4 Na Ereatara ko Pinehaha, na Pinehaha ko Apihua.
ဧလာဇာသားကား ဖိနဟတ်၊
5 Na Apihua ko Puki, a na Puki ko Uti.
ဖိနဟတ်သား အဘိရွှ၊ အဘိရွှသား ဗုက္ကိ၊
6 Na Uti ko Terahia, a na Terahia ko Meraioto;
ဗုက္ကိသားဩဇိ၊ ဩဇိသား ဇေရဟိ၊ ဇေရဟိသား မေရာယုတ်၊
7 Na Meraioto ko Amaria, a na Amaria ko Ahitupu;
မေရာယတ်သား အာမရိ၊ အာမရိသား အဟိတုပ်၊
8 Na Ahitupu ko Haroko, a na Haroko ko Ahimaata;
အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သားအဟိမတ်၊
9 Na Ahimaata hoki ko Ataria, a na Ataria ko Iohanana;
အဟိမတ်သား အာဇရိ၊ အာဇရိသား ယောဟန် တည်း။
10 Na Iohanana ko Ataria, ko ia nei te tohunga i mahi i roto i te whare i hanga e Horomona ki Hiruharama:
၁၀ယောဟန်သားကား၊ ယေရုရှလင်မြို့မှာ ရှောလ မုန်တည်သော ဗိမာန်တော်၌ ယဇ်ပုရောဟိတ်ပြုသော အာဇရိတည်း။
11 A na Ataria ko Amaria, na Amaria ko Ahitupu;
၁၁အာဇရိသားကား အာမရိ၊ အာမရိသား အဟိတုပ်၊
12 Na Ahitupu ko Haroko, na Haroko ko Harumu;
၁၂အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သား ရှလ္လုံ၊
13 Na Harumu ko Hirikia, a na Hirikia ko Ataria;
၁၃ရှလ္လုံသား ဟိလခိ၊ ဟိလခိသား အာဇရိ၊
14 Na Ataria ko Heraia, a ko ta Heraia ko Iohereke;
၁၄အာဇရိသား စရာယ၊ စရာယသား ယောဇဒက် တည်း။
15 I whakaraua atu a Iohereke i te mauranga atu a Ihowa i a Hura, i Hiruharama hoki, na te ringa o Nepukaneha.
၁၅ယောဇဒက်သည် နေဗုခဒ်နေဇာလက်ဖြင့် ယုဒ ပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ထာဝရဘုရား သိမ်းသွားစေတော်မူသောအခါ ပါသွားသတည်း။
16 Ko nga tama a Riwai; ko Kerehoma, ko Kohata, ko Merari.
၁၆လေဝိသား ဂေရရှုံ၊ ကောဟတ်၊ မေရာရိတို့တွင်၊
17 A ko nga ingoa enei o nga tama a Kerehoma: ko Ripini, ko Himei.
၁၇ဂေရရှုံသားကား လိဗနိနှင့် ရှိမိတည်း။
18 Na, ko nga tama a Kohata, ko Amarama, ko Itihara, ko Heperona, ko Utiere.
၁၈ကောဟတ်သားကားအာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။
19 Ko nga tama a Merari; ko Mahari, ko Muhi. Ko nga hapu ano enei o nga Riwaiti i te tikanga iho o nga whare o o ratou matua.
၁၉မေရာရိသားကား မဟာလိနှင့် မုရှိတည်း ဟူသော လေဝိအဆွေအမျိုးအသီးအသီးဖြစ်သတည်း။
20 Na Kerehoma; ko tana tama ko Ripini, ko tana tama ko Iahata, ko tana tama ko Tima;
၂၀ဂေရရှုံသားကားလိဗနိ၊ လိဗနိသားယာဟတ်၊ ယာဟတ်သား ဇိမ္မ၊
21 Ko tana tama ko Ioaha, ko tana tama ko Iro, ko tana tama ko Tera, ko tana tama ko Teaterai.
၂၁ဇိမ္မသားယောအာ၊ ယောအာသား ဣဒ္ဒေါ၊ ဣဒေါသားဇေရ၊ ဇေရသားယာတရဲတည်း။
22 Ko nga tama a Kohata; ko tana tama ko Aminarapa, ko tana tama ko Koraha, ko tana tama ko Ahiri;
၂၂ကောဟတ်သားကား ဣဇဟာတည်းဟူသော အမိနဒပ်၊ အမိနဒပ်သား ကောရ၊ ကောရသားအဿိရ၊
23 Ko tana tama ko Erekana, ko tana tama ko Epiahapa, ko tana tama ko Ahiri;
၂၃အဿိရသား ဧလကာန၊ ဧလကာနသား ဧဗျာသပ်၊ ဧဗျာသပ် သားအဿိရ၊
24 Ko tana tama ko Tahata, ko tana tama ko Uriere, ko tana tama ko Utia, ko tana tama ko Haora.
၂၄အဿိရသားတာဟတ်၊ တာဟတ်သားဥရေလ၊ ဥရေလသား ဩဇိ၊ ဩဇိသားရှောလ၊
25 Na ko nga tama a Erekana; ko Amahai, ko Ahimoto.
၂၅ရှောလသား ဧလကာန၊ ဧလကာနသား အာမသဲ နှင့် အဟိမုတ်၊
26 Na, mo Erekana: ko nga tama a Erekana; ko tana tama ko Towhai, ko tana tama ko Nahata;
၂၆အာမသဲသား ဇောဖဲ၊ ဇောဖဲသား နာဟတ်၊
27 Ko tana tama ko Eriapa, ko tana tama ko Ierohama, ko tana tama ko Erekana.
၂၇နာဟတ်သား ဧလျာဘ၊ ဧလျာဘသား ယေရော ဟံ၊ ယေရောဟံသား ဧလကာန၊ ဧလကာနသား ရှမွေလတည်း။
28 Na, ko nga tama a Hamuera; ko te matamua ko Hoera, a ko te tuarua ko Apia.
၂၈ရှမွေလသားဦးကား ယောလ၊ ဒုတိယသား အဘိယတည်း။
29 Ko nga tama a Merari; ko Mahari, ko tana tama ko Ripini, ko tana tama ko Himei, ko tana tama ko Uha;
၂၉မေရာရိသားကားမဟာလိ၊ မဟာလိသား လိဗနိ၊ လိဗနိသား ရှိမိ၊ ရှိမိသားဩဇ၊
30 Ko tana tama ko Himea, ko tana tama ko Hakia, ko tana tama ko Ahaia.
၃၀ဩဇသားရှိမာ၊ ရှိမာသား ဟဂ္ဂျာ၊ ဟဂ္ဂျာသား အသာယတည်း။
31 A ko te hunga tenei i whakaritea e Rawiri mo te mahi waiata i te whare o Ihowa, i te mea ka whai okiokinga te aaka.
၃၁ထာဝရဘုရား၏ သေတ္တာတော်သည် ငြိမ်ဝပ် သောအခါ၊ အိမ်တော်၌ သီချင်းဆိုရာ အမှုတော်ကို စောင့်စေခြင်းငှါ၊ ဒါဝိဒ်မင်းခန့်ထား သောသူတို့သည်၊
32 I minita ano ratou ki te ritenga atu o te nohoanga o te tapenakara o te whakaminenga, i waiata, a taea noatia te hanganga a Horomona i te whare o Ihowa ki Hiruharama: katahi ratou ka tuturu ki ta ratou mahi i whakaritea ma ratou.
၃၂ယေရုရှလင်မြို့၌ ဗိမာန်တော်ကို ရှောလမုန် မတည်မှီ ကာလပတ်လုံး၊ ပရိသတ်စည်းဝေးရာ တဲတော် တည်ရာအရပ်၌ သီချင်းဆိုလျက် အမှုတော်ကို စောင့်ကြ ၏။ ဗိမာန်တော်ကို တည်ပြီးသောနောက်၊ မိမိတို့ အလှည့် အတိုင်း စောင့်ရသောအမှုကို စောင့်လျက်နေကြ၏။
33 Na ko te hunga tenei i tuturu, me a ratou tama. No nga tama a nga Kohati; ko Hemana, he kaiwaiata, he tama na Hoera, tama a Hamuera,
၃၃ထိုအမှုတော်ကို စောင့်သောသူတို့နှင့် သားစဉ် မြေးဆက်ဟူမူကား၊ ဣသရေလ၊ လေဝိ၊ ကောဟတ်၊ ဣဇဟာ၊ ကောရ၊ ဧဗျာသပ်၊ အဿိရ၊ တာဟတ်၊ ဇေဖနိ၊ အာဇရိ၊ ယောလ၊ ဧလကာန၊ အမာသဲ၊ မာဟတ်၊ ဧလကာန၊ ဇောဖဲ၊ တောအာ၊ ဧလျာဘ၊ ယေရောဟံ၊ ဧလကာန၊ ရှမွေလ၊ ယောလတို့မှ ဆင်းသက်သော ကောဟတ်အမျိုး၊ သီချင်းသည် ဟေမန်တပါး။
34 Tama a Erekana, tama a Ierohama, tama a Eriere, tama a Toaha,
၃၄
35 Tama a Tupu, tama a Erekana, tama a Mahata, tama a Amahai,
၃၅
36 Tama a Erekana, tama a Hoera tama a Ataria, tama a Tepania,
၃၆
37 Tama a Tahata, tama a Ahiari tama a Epiahapa, tama a Koraha,
၃၇
38 Tama a Itihara, tama a Kohata, tama a Riwai, tama a Iharaira.
၃၈
39 Ko tona teina ano hoki ko Ahapa, i tu nei ki tona ringa matau, ara a Ahapa, tama a Perakia, tama a Himea,
၃၉လေဝိ၊ ဂေရရှုံ၊ ယာဟတ်၊ ရှိမိ၊ ဇိမ္မ၊ ဧသန်၊ အဒါယ၊ ဇေရ၊ ဧသနိ၊ မာလခိ၊ ဗာသေယ၊ မိက္ခေလ၊ ရှိမာ၊ ဗေရခိတို့မှ ဆင်းသက်သော အာသပ်၊ ဟေမန် လက်ျာဘက်မှာ နေရာရှိသော အပေါင်းအဘော် အာသပ် တပါး၊
40 Tama a Mikaera, tama a Paaheia, tama a Marakia,
၄၀
41 Tama a Eteni, tama a Tera, tama a Araia,
၄၁
42 Tama a Etana, tama a Tima, tama a Himei,
၄၂
43 Tama a Iahata, tama a Kerehoma, tama a Riwai.
၄၃
44 Na i te taha ki maui ko o ratou teina, ko nga tama a Merari: ko Etana tama a Kihihi, tama a Apari, tama a Maruku,
၄၄လေဝိ၊ မေရာရိ၊ မုရှိ၊ မဟာလိ၊ ရှမေရ၊ ဗာနိ၊ အံဇိ၊ ဟိလခိ၊ အာမဇိ၊ ဟာရှဗိ၊ မလ္လုတ်၊ အာဖဒိ၊ ကိရှိတို့မှ ဆင်းသက်သော ဧသန်တပါးမှစ၍ လက်ဝဲဘက်မှာ နေရာရှိသော အပေါင်းအဘော်၊ မေရာရိအမျိုးသား များတည်း။
45 Tama a Hahapia, tama a Amatia, tama a Hirikia,
၄၅
46 Tama a Amati, tama a Pani, tama a Hamere,
၄၆
47 Tama a Mahari, tama a Muhi, tama a Merari, tama a Riwai.
၄၇
48 I whakaritea ano hoki o ratou tuakana, teina, nga Riwaiti, ki nga mahi katoa o te tapenakara o te whare o te Atua.
၄၈သူတို့၏ညီအစ်ကိုဖြစ်သော လေဝိသားတို့သည် ဘုရားသခင် ကျိန်းဝပ်တော်မူရာ တဲတော်အမှုအမျိုးမျိုး စောင့်သောအရာ၌ ခန့်ထားခြင်းကို ခံကြ၏။
49 Ko Arona ia i mea whakahere, ratou ko ana tama, ki runga ki te aata tahunga tinana, ki runga hoki ki te aata tahu whakakakara; ko ta ratou ko nga mahi katoa o te whare tino tapu, ko te whakamarie mo Iharaira; ko nga mea katoa i whakahaua e Mohi pononga a te Atua.
၄၉အာရုန်နှင့်သူ၏ သားစဉ်မြေးဆက်မူကား၊ ယဇ်ကောင်ကို မီးရှို့ရာပလ္လင်နှင့်၊ နံ့သာပေါင်းကို မီးရှို့ရာ ပလ္လင်ပေါ်မှာပူဇော်လျက်၊ အလွန်သန့်ရှင်းရာဌာနတော် အမှုအလုံးစုံကိုစောင့်လျက်၊ ဘုရားသခင်၏ ကျွန်မောရှေ မှာထားသမျှအတိုင်း၊ ဣသရေလအမျိုး၏ အပြစ်ကို ဖြေရသော သူဖြစ်ကြ၏။
50 Na ko nga tama enei a Arona; ko tana tama ko Ereatara, ko tana tama ko Pinehaha, ko tana tama ko Apihua,
၅၀အာရုန်၏ သားမြေးမှာ၊ အာရုန်သားကား ဧလာဇာ၊ ဧလာဇာ သား ဖိနဟတ်၊ ဖိနဟတ်သား အဘိရွှ၊
51 Ko tana tama ko Puki, ko tana tama ko Uti, ko tana tama ko Terahia,
၅၁အဘိရွှသားဗုက္ကိ၊ ဗုက္ကိသား ဩဇိ၊ ဩဇိသား ဇေရဟိ၊
52 Ko tana tama ko Meraioto, ko tana tama ko Amaria, ko tana tama ko Ahitupu,
၅၂ဇေရဟိသားမရာယုတ်၊ မရာယုတ်သားအာမရိ၊ အာမရိသား အဟိတုပ်၊
53 Ko tana tama ko Haroko, ko tana tama ko Ahimaata.
၅၃အဟိတုပ်သားဇာဒုတ်၊ ဇာဒုတ်သားအဟိမတ် တည်း။
54 Na ko o ratou nohoanga enei i te tatai o o ratou puni i roto i o ratou rohe: i nga tama a Arona, o nga whanau o nga Kohati, no ratou nei hoki te rota tuatahi,
၅၄အာရုန်၏သား မြေးဖြစ်သော ကောဟတ် အဆွေအမျိုးတို့သည်၊ စာရေးတံပြုသောအားဖြင့် ရ၍ နေရသောမြို့နှင့် မြို့နယ်များဟူမူကား၊
55 I hoatu ki a ratou a Heperona i te whenua o Hura, me nga wahi i waho ake o tera a whawhe noe;
၅၅ယုဒခရိုင်၌ ဟေဗြုန်မြို့နှင့် မြို့နယ်ကိုရကြ၏။
56 Ko nga mara ia o te pa, me ona pa ririki, i hoatu ki a Karepe tama a Iepune.
၅၆သို့ရာတွင် မြို့နှင့်ဆိုင်သောလယ်များ၊ ရွာများတို့ကို ယေဖုန္နသား ကာလက်သည်ရ၏။
57 A i hoatu ki nga tama a Arona, o nga pa o Hura, ko Heperona, ko te pa whakaora; ko Ripina me ona wahi o waho ake, ko Iatiri, ko Ehetemoa me nga wahi o waho ake;
၅၇ပြေး၍မှီခိုရာဟေဗြုန်မြို့မှတပါး၊ ယုဒခရိုင်ထဲက လိဗနမြို့နှင့် မြို့နယ်၊ ယတ္တိရမြို့နှင့်မြို့နယ်၊ ဧရှတမောမြို့ နှင့်မြို့နယ်၊
58 Ko Hirene me ona wahi o waho ake, ko Repiri me ona wahi o waho ake;
၅၈ဟောလုန်မြို့နှင့် မြို့နယ်၊ ဒေဗိရမြို့နှင့် မြို့နယ်၊
59 Ko Ahana me ona wahi o waho ake, ko Petehemehe me ona wahi o waho ake:
၅၉အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့်မြို့နယ်၊ ဗက် ရှေမက်မြို့နှင့် မြို့နယ်တို့ကို၎င်း၊
60 A, no o te iwi o Pineamine; ko Kepa me ona wahi o waho ake, ko Aremete me ona wahi o waho ake, ko Anatoto me ona wahi o waho ake. Ko a ratou pa katoa i o ratou hapu katoa, kotahi tekau ma toru pa.
၆၀ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့်မြို့နယ်၊ ဂေဗမြို့နှင့်မြို့နယ်၊ အာလမက်မြို့နှင့် မြို့နယ်၊ အာနသုတ်မြို့နှင့် မြို့နယ်တို့ကို၎င်း၊ အာရုန်၏သားမြေးတို့သည် အဆွေ အမျိုးအလိုက်ရ၍၊ မြို့ပေါင်းကား တဆယ်သုံးမြို့တည်း။
61 A ki te toenga atu o nga tama a Kohata i hoatu, he mea na te rota, no roto i o tetahi hapu o te iwi, no tetahi tanga o te iwi, te tanga o Manahi, tekau nga pa.
၆၁ကြွင်းသော ကောဟတ်သားအဆွေအမျိုးတို့ သည် စာရေးတံအားဖြင့်၊ မနာရှေခရိုင်ဝက်ထဲက မြို့ဆယ်မြို့တို့ကို ရကြ၏။
62 A, ki nga tama a Kerehoma i o ratou hapu, tekau ma toru nga pa, no te iwi o Ihakara, no te iwi o Ahera, no te iwi o Napatari, no te iwi o Manahi i Pahana.
၆၂ဂေရရှုံသား အဆွေအမျိုးတို့သည် ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်မနာရှေခရိုင်ထဲ က မြို့တဆယ်သုံးမြို့တို့ကို ရကြ၏။
63 A ki nga tama a Merari i o ratou hapu, i hoatu tekau ma rua nga pa, he mea rota; no te iwi o Reupena, no te iwi o Kara, no te iwi o Hepurona.
၆၃မေရာရိသားအဆွေအမျိုးတို့သည် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက မြို့တဆယ်နှစ်မြို့တို့ကို ရကြ၏။
64 Na, he mea hoatu enei pa me nga wahi o waho ake e nga tama a Iharaira ki nga Riwaiti.
၆၄ဤမည်သော မြို့တို့ကို မြို့နယ်နှင့်တကွ၊ ဣသ ရေလအမျိုးသားတို့သည် လေဝိသားတို့အား ပေးကြ၏။
65 I hoatu ano e ratou, he mea rota, enei pa kua huaina nei nga ingoa, no roto i o te iwi o nga tama a Hura, i o te iwi ano hoki o nga tama a Himiona, i o te iwi ano hoki o nga tama a Pineamine.
၆၅အထက်ဆိုခဲ့ပြီးသော မြို့တို့ကို စာရေးတံပြု၍၊ ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်၊ ဗင်္ယာမိန် အမျိုးသားခရိုင်ထဲကပေးကြ၏။
66 Na ko etahi o nga hapu o nga tama a Kohata i a ratou etahi pa i o ratou rohe, no o te iwi o Eparaima.
၆၆ကြွင်းသော ကောဟတ်သား အဆွေအမျိုးတို့ သည် ဧဖရိမ်ခရိုင်ထဲကရသည်အတိုင်း၊
67 A i hoatu e ratou ki a ratou nga pa whakaora, a Hekeme i te whenua pukepuke o Eparaima me nga wahi o waho ake ona; a Ketere hoki me ona wahi o waho ake;
၆၇ပြေး၍ခိုနေရာ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ ကို မြို့နယ်နှင့်တကွ ပေးကြ၏။
68 A Iokomeama me ona wahi o waho ake, a Petehorono me ona wahi o waho ake;
၆၈ထိုမှတပါး၊ ဂေဇာမြို့နှင့်မြို့နယ်၊ ယောကမံမြို့ နှင့်မြို့နယ်၊ ဗက်ဟောရုန်မြို့နှင့်မြို့နယ်တို့ကို၎င်း၊
69 A Atarono, me ona wahi o waho ake, a Katarimono me ona wahi o waho ake;
၆၉ဒန်ခရိုင်ထဲကဧလတေကမြို့နှင့်မြို့နယ်၊ ဂိဗ္ဗသုန် မြို့နှင့်မြို့နယ်၊ အာဇလုန်မြို့နှင့်မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တို့ကို၎င်း၊
70 A, no tetahi tanga o te iwi o Manahi; ko Anere me ona wahi o waho ake, ko Pireama me ona wahi o waho ake; mo te hapu o nga mea i mahue o nga tama a Kohata.
၇၀မနာရှေခရိုင်ဝက်ထဲက အနေရမြို့နှင့်မြို့နယ်၊ ဗိလံမြို့နှင့်မြို့နယ်တို့ကို၎င်း၊ ကြွင်းသောကောဟတ်သား အဆွေအမျိုးတို့အား ပေးကြ၏။
71 A ki nga tama a Kerehoma i hoatu i roto i o tetahi tanga o te iwi o Manahi, ko Korana i Pahana me ona wahi o waho ake, ko Ahataroto me ona wahi o waho ake;
၇၁ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲ က ဗာရှန်ပြည် ဂေါလန်မြို့နှင့် မြို့နယ်၊ အာရှတရုတ် မြို့နှင့် မြို့နယ်တို့ကို၎င်း၊
72 No roto i o te iwi o Ihakara; ko Kerehe me ona wahi o waho ake, ko Taperata me ona wahi o waho ake;
၇၂ဣသခါခရိုင်ထဲက ကေဒေရှမြို့နှင့်မြို့နယ်၊ ဒါဗရတ် မြို့နှင့်မြို့နယ်၊
73 Ko Ramoto me ona wahi o waho ake, ko Aneme me ona wahi o waho ake;
၇၃ရာမုတ်မြို့နှင့်မြို့နယ်၊ အာနင်မြို့နှင့်မြို့နယ် တို့ကို၎င်း၊
74 A no o te iwi o Ahera; ko Mahara me ona wahi o waho ake, ko Aparono me ona wahi o waho ake;
၇၄အာရှာခရိုင်ထဲက မိရှလမြို့နှင့် မြို့နယ်၊ အာဗ ဒုန်မြို့နှင့် မြို့နယ်၊
75 Ko Hukoko me ona wahi o waho ake, ko Rehopo me ona wahi o waho ake:
၇၅ဟုကုတ်မြို့နှင့်မြို့နယ်၊ ရဟောဘမြို့နှင့် မြို့နယ် တို့ကို၎င်း၊
76 A no o te iwi o Napatari; ko Kerehe i Kariri me ona wahi o waho ake, ko Hamono me ona wahi o waho ake, ko Kiriataima me ona wahi o waho ake.
၇၆နဿလိခရိုင်ထဲက ဂါလိလဲပြည်ကေဒေရှမြို့နှင့် မြို့နယ်၊ ဟမ္မုန်မြို့နှင့်မြို့နယ်၊ ကိရယသိမ်မြို့နှင့်မြို့နယ် တို့ကို၎င်း ပေးကြ၏။
77 Ki era atu o nga Riwaiti, ki nga tama a Merari, i hoatu, no o te iwi o Hepurona, ko Rimono me ona wahi o waho ake, ko Taporo me ona wahi o waho ake:
၇၇ကြွင်းသောမေရာရိသားတို့အားလည်း၊ ဇာဗုလုန် ခရိုင်ထဲက ရိမ္မုန်မြို့နှင့်မြို့နယ်၊ တာဗော်မြို့နှင့်မြို့နယ် တို့ကို၎င်း၊
78 A i tera taha o Horano, i te ritenga o Heriko, i te taha ki te rawhiti o Horano i hoatu ki a ratou etahi pa no o te iwi o Reupena, ko Petere i te koraha me ona wahi o waho ake, ko Iahata me ona wahi o waho ake,
၇၈ယေရိခေါမြို့အရှေ့၊ ယော်ဒန်မြစ်တဘက်၊ ရုဗင် ခရိုင်ထဲက တော၌ဗေဇာမြို့နှင့်မြို့နယ်၊ ယာဇမြို့နှင့် မြို့နယ်၊
79 Ko Keremoto me ona wahi o waho ake, ko Hepaata me ona wahi o waho ake;
၇၉ကေဒမုတ်မြို့နှင့်မြို့နယ်၊ မေဖတ်မြို့နှင့် မြို့နယ် တို့ကို၎င်း၊
80 A, no o te iwi o Kara; ko Ramoto i Kireara me ona wahi o waho ake, ko Mahanaima me ona wahi o waho ake,
၈၀ဂဒ်ခရိုင်ထဲက ဂိလဒ်ပြည်၌ ရာမုတ်မြို့နှင့် မြို့နယ်၊ မဟာနိမ်မြို့နှင့်မြို့နယ်၊
81 Ko Hehepona me ona wahi o waho ake, ko Iatere me ona wahi o waho ake.
၈၁ဟေရှဘုန်မြို့နှင့်မြို့နယ်၊ ယာဇာမြို့နှင့် မြို့နယ်တို့ကို၎င်း ပေးကြ၏။

< 1 Whakapapa 6 >