< 1 Whakapapa 19 >

1 Na i muri i tenei ka mate a Nahaha kingi o nga tama a Amona, a ko tana tama te kingi i muri i a ia.
ထိုနောက် အမ္မုန် ရှင်ဘုရင် နာဟတ် သည် သေ ၍ ၊ သား တော်ဟာနုန်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏။
2 Na ka mea a Rawiri, Ka puta toku aroha ki a Hanunu tama a Nahaha; i puta hoki te aroha o tona papa ki ahau. Na ka unga e Rawiri etahi tangata ki te whakamarie i a ia mo tona papa. Na kua tae nga tangata a Rawiri ki te whenua o nga tama a Amona ki a Hanunu, ki te whakamarie i a ia.
ဒါဝိဒ် ကလည်း၊ ဟာနုန် အဘ နာဟတ် သည် ငါ့ အား ကျေးဇူး ပြု သောကြောင့် ၊ သူ၏သား ၌ ကျေးဇူး ပြု မည်ဟုဆို လျက် ၊ သူ ၏အဘ သေရာတွင် နှစ်သိမ့် စေခြင်းငှါ သံတမန် တို့ကိုစေလွှတ် ၍ ၊ ဒါဝိဒ် ၏ကျွန် တို့သည် ဟာနုန် မင်းကို နှစ်သိမ့် စေခြင်းငှါ သူရှိရာ အမ္မုန် ပြည် သို့ ရောက် ကြ၏။
3 Otiia ka mea nga rangatira o nga tama a Amona ki a Hanunu, Ki tou whakaaro he whakahonore na Rawiri i tou papa i tonoa mai ai e ia nga kaiwhakamarie ki a koe? he teka ianei he titiro, he whakangaro, he tutei i te whenua te mea i haere mai ai ana tangata ki a koe?
အမ္မုန် အမျိုး မှူးမတ် တို့သည် ဟာနုန် မင်းထံသို့ ဝင်၍၊ ဒါဝိဒ် သည် စိတ်တော်ကို နှစ်သိမ့် စေသောသူတို့ကို စေလွှတ် ရာတွင်၊ ခမည်းတော် ကို ရိုသေ စွာပြုသည်ဟု ထင်မှတ်တော်မူသလော။ ပြည် တော်ကို စစ်ဆေး စူးစမ်း ၍ ဖျက်ဆီး ခြင်းငှါ သာ၊ သူ ၏ကျွန် တို့သည် အထံ တော် သို့ ရောက် သည် မ ဟုတ်လော ဟု လျှောက် ကြလျှင်၊
4 Heoi ka mau a Hanunu ki nga tangata a Rawiri, heua ana e ia, tapahia ana o ratou kakahu ki waenga, i te ritenga iho o o ratou papa, a tonoa atu ana ratou.
ဟာနုန် သည် ဒါဝိဒ် ၏ ကျွန် တို့ကို ယူ ပြီးလျှင် ၊ မုဆိတ်ကိုရိတ် ၍ အဝတ် ကိုတင်ပါး တိုင်အောင်ဖြတ် ပြီးမှ လွှတ်လိုက် လေ၏။
5 Katahi ka haere etahi, ka korero ki a Rawiri i te meatanga ki aua tangata. Na ka tono tangata ia ki te whakatau i a ratou; he nui hoki te whakama o aua tangata. A ka mea te kingi, Hei Heriko koutou noho ai, kia tupu ra ano o koutou pahau, ko reir a hoki mai ai.
ထိုသူ တို့၌ အဘယ်သို့ပြုသည်ကို ဒါဝိဒ် သည် သိတင်း ကြားသောအခါ ၊ သူတို့သည် အလွန် ရှက် သောကြောင့် ဆီးကြို စေခြင်းငှါ စေလွှတ် ၍ ၊ သင် တို့သည် မုဆိတ် မ ရှည် မှီတိုင်အောင်ယေရိခေါ မြို့မှာ နေ ကြလော့။ ထိုနောက်မှ ပြန်လာ ကြလော့ဟု မှာထား တော်မူ၏။
6 A, no te kitenga o nga tama a Amona e piro ana ratou ki a Rawiri, ka hoatu e Hanunu ratou ko nga tama a Amona etahi taranata hiriwa kotahi mano kia kawea hei utu hariata, kaieke hoiho, i Mehopotamia, i Aramamaaka, i Topa.
ဟာနုန် မင်းနှင့် အမ္မုန် အမျိုးသား တို့က၊ ငါတို့ သည် ဒါဝိဒ် ရှေ့ မှာ စက်ဆုပ် ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိ လျှင် ၊ မေသောပေါတာမိ ပြည်၊ ရှုရိမာခါ ပြည်၊ ဇောဘ ပြည်တို့၌ မြင်း ရထားတို့ကိုငှါး ခြင်းငှါ ငွေ အခွက် တသောင်းကို ထုတ်၍၊
7 Heoi e toru tekau ma rua mano hariata i utua e ratou, me te kingi ano o Maaka ratou ko ana tangata; a haere mai ana ratou, noho ana ki mua i Merepa. Na ka huihui nga tama a Amona i o ratou pa, haere ana mai ki te whawhai.
မြင်း ရထားသူရဲသုံးသောင်း နှစ်ထောင်ကို၎င်း ၊ မာခါ မင်းကြီး နှင့် သူ ၏လူ တို့ကို၎င်းငှါး သဖြင့်၊ ထိုသူတို့ သည် မေဒဘ မြို့ရှေ့ မှာ တပ်ချ ကြ၏။ အမ္မုန် အမျိုးသား တို့သည်လည်း စုဝေး ၍ အမြို့မြို့ တို့မှ စစ် ချီ ကြ၏။
8 A, i te rongonga o Rawiri, ka tonoa e ia a Ioapa ratou ko te ope katoa, ara nga marohirohi.
ထိုသိတင်းကို ဒါဝိဒ် သည် ကြား လျှင် ယွာဘ နှင့် ခွန်အား ကြီးသော သူရဲ အလုံးအရင်းအပေါင်း ကို စေလွှတ် ၏။
9 Na ka puta nga tama a Amona ki waho, a whakatakotoria ana o ratou ngohi ki te kuwaha o te pa. Na, ko nga kingi i haere nei, he mea motu ke ratou i te parae.
အမ္မုန် အမျိုးသား တို့သည် ထွက် ၍ မြို့ တံခါးဝ မှာ စစ် ခင်းကျင်း ကြ၏။ စစ်ကူသော မင်းကြီး တို့သည် လွင်ပြင် ၌ တခြားစီ နေကြ၏။
10 A, no te kitenga o Ioapa e akina ana a mua, a muri ona e te hoariri, ka whiriwhiria e ia etahi i roto i te hunga whiriwhiri katoa o Iharaira, a whakaritea ana e ia hei tu i nga Hiriani:
၁၀ယွာဘ သည်လည်း ရှေ့ ၌၎င်း ၊ နောက် ၌၎င်း၊ စစ် မျက်နှာ နှစ်ဘက်ရှိ သည်ကို မြင် လျှင်၊ ဣသရေလ လူတို့ တွင် သန်မြန်သောသူရှိသမျှ တို့ကို ရွေးကောက် ၍ ရှုရိ လူ တို့တဘက်၌ စစ်ခင်းကျင်း ၏။
11 Ko te nuinga atu hoki o te iwi i tukua e ia ki te ringa o Apihai, o tona teina, a ka whakatikaia ratou e ratou hei tu i nga tama a Amona.
၁၁ကြွင်း သောသူ တို့ကို အမ္မုန် အမျိုးသား တို့ တဘက်၌ စစ်ခင်းကျင်း စေခြင်းငှါညီ အဘိရှဲ လက် သို့ အပ် လျက်၊
12 I mea ano ia, Ki te kaha nga Hiriani i ahau, me awhina mai ahau e koe; ki te kaha ia nga tama a Amona i a koe, na maku koe e awhina atu.
၁၂ရှုရိ လူတို့သည် ငါ့ ကိုနိုင် လျှင် ငါ့ အား ကူ ရမည်။ အမ္မုန် အမျိုးသား တို့သည် သင့် ကိုနိုင် လျှင် သင့် အား ငါကူ မည်။
13 Kia maia, kia whakatane tatou; me whakaaro ki to tatou iwi, ki nga pa o to tatou Atua, a ma Ihowa e mea te mea e pai ana ki tana titiro.
၁၃ရဲရင့် သောစိတ် ရှိ၍ ငါ တို့လူမျိုး နှင့် ငါ တို့ ဘုရားသခင့် မြို့ ရွာတို့အဘို့ အားထုတ် ၍ တိုက်ကြကုန်အံ့။ ထာဝရဘုရား သည် အလို တော်ရှိသည်အတိုင်း စီရင် တော်မူစေသတည်းဟုဆို ပြီးမှ၊
14 Heoi, ko te whakatatanga o Ioapa ratou ko tona nuinga ki te whawhai ki nga Hiriani, na, rere ana ratou i tona aroaro.
၁၄သူ ၌ ပါသော လူ များနှင့်တကွ၊ ရှုရိ လူတို့ကို စစ်တိုက် ခြင်းငှါ ချဉ်းသွား သောအခါ ၊ ရှုရိလူတို့သည် ပြေး ကြ၏။
15 A, no te kitenga o nga tama a Amona kua rere nga Hiriani, na, ka rere ano ratou i te aroaro o tona teina, o Apihai, a haere ana ki roto ki te pa. Katahi ka haere a Ioapa ki Hiruharama.
၁၅ရှုရိ လူတို့ပြေး သည်ကို အမ္မုန် အမျိုးသား တို့သည် မြင် လျှင် ၊ သူ တို့သည်လည်း ညီ အဘိရှဲ ရှေ့ မှာပြေး ၍ မြို့ ထဲသို့ ဝင် ကြ၏။ ယွာဘ သည်လည်း ယေရုရှလင် မြို့သို့ ပြန်သွား လေ၏။
16 A, no te kitenga o nga Hiriani kua patua ratou e Iharaira, ka tono tangata a ka tikina atu nga Hiriani i tawahi o te awa: a ko Topaka rangatira o te ope a Hararetere ki mua i a ratou.
၁၆ရှုရိ လူတို့သည် ဣသရေလ အမျိုးသားရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင် ၊ သံတမန် တို့ကို စေလွှတ် ၍ မြစ် တဘက် ၌နေသော ရှုရိ လူတို့ကို ခေါ်သဖြင့် ၊ ဟာဒဒေဇာ ခန့်ထားသော ဗိုလ်ချုပ် မင်းရှောဗက် သည်လည်း အုပ်ရ၏။
17 Na ka korerotia ki a Rawiri, a ka huihuia e ia a Iharaira katoa, a whiti ana ki tawahi o Horano, whakaekea ana e ia, whakatikaia ana e ia nga ngohi hei tu i a ratou. Na, ka oti nga ngohi te whakatika e Rawiri hei tu i nga Hiriani, ka whawhai rat ou ki a ia.
၁၇ထိုသိတင်းကိုကြား လျှင် ဒါဝိဒ် သည် ဣသရေလ အမျိုးသားအပေါင်း တို့ကို စုဝေး စေ၍ ယော်ဒန် မြစ်ကို ကူး သဖြင့် ၊ ရန်သူတပ်သို့ ရောက် ၍ စစ်ခင်းကျင်း လေ၏။ ထိုသို့ဒါဝိဒ် သည် စစ်ခင်းကျင်း ၍ ရှုရိ လူတို့သည် တိုက် သောအခါ၊
18 Na ka rere nga Hiriani i te aroaro o Iharaira; a patua iho o nga Hiriani e Rawiri nga tangata o nga hariata e whitu mano, e wha tekau mano nga tangata haere i raro; i patua ano e ia a Topaka te rangatira ope.
၁၈ဣသရေလ အမျိုးသားရှေ့ မှာ ပြေး ကြ၏။ ဒါဝိဒ် သည်လည်း ရှုရိ မြင်း ရထားစီးသူရဲခုနစ် ထောင် ၊ ခြေသည် သူရဲလေးသောင်း တို့ကိုသတ် ၍ ဗိုလ်ချုပ် မင်းရှောဗက် ကိုလည်း လုပ်ကြံ လေ၏။
19 A, i te kitenga o nga tangata a Hararetere kua mate ratou i a Iharaira, ka houhia e ratou te rongo ki a Rawiri, a ka meinga ratou te rongo ki a Rawiri, a ka meinga ratou hei tangata mana: kihai hoki nga Hiriani i pai ki te awhina i nga tama a Am ona i muri atu.
၁၉ဟာဒဒေဇာ မင်း၏ ကျွန် တို့သည် ဣသရေလ အမျိုးသားရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင် ၊ ဒါဝိဒ် နှင့် မိဿဟာယ ဖွဲ့၍ ကျွန်ခံ ကြ၏။ နောက် တဖန် ရှုရိ လူတို့ သည် အမ္မုန် အမျိုးသား တို့ကို စစ်မ ကူ ကြ။

< 1 Whakapapa 19 >