< 1 Whakapapa 10 >

1 Na kua whawhai nga Pirihitini ki a Iharaira; a ka whati nga tangata o Iharaira i te aroaro o nga Pirihitini, a hinga ana, mate rawa, i Maunga Kiripoa.
ဖိလိတ္တိ လူတို့သည် ဣသရေလ လူတို့ကို စစ်တိုက် ၍ ၊ ဣသရေလ လူ တို့သည် ရန်သူရှေ့ မှာ ပြေး သဖြင့်၊ ဂိလဗော တောင် ပေါ် မှာ အထိအခိုက် နှင့် လဲ ၍သေကြ၏။
2 Na ka whaia e nga Pirihitini a Haora ratou ko ana tama; a patua iho e nga Pirihitini a Honatana ratou ko Apinarapa, ko Marikihua, nga tama a Haora.
ဖိလိတ္တိ လူတို့သည် ရှောလု မင်းနှင့် သူ ၏သား တို့ကို ပြင်းထန် စွာ လိုက်၍ ၊ ရှောလု ၏သား ယောနသန် ၊ အဘိနဒပ် ၊ မေလခိရွှ တို့ကိုသတ် ကြ၏။
3 Na kua taikaha haere te whawhai ki a Haora, a kua mau ia i nga kaikopere; a kua he tona manawa i nga kaikopere.
စစ်တိုက် ရာတွင် ရှောလု သည် အလွန် ခံရ၏။ လေး သမားတို့ ပစ် သောမြှား မှန် ၍ အလွန်နာ သောကြောင့်၊
4 Katahi a Haora ka mea ki tana kaimau patu, Unuhia tau hoari, werohia hoki ahau; kei haere mai tenei hunga kokotikore, kei whakatupu kino i ahau. Otiia kihai i pai tana kaimau patu; he nui hoki no tona hopohopo. Heoi ka mau a Haora ki tana hoari, hinga iho ana ki runga.
လက်နက် ဆောင် လုလင်ကို ခေါ်ပြီးလျှင် ၊ သင့် ထား ကို ထုတ် ၍ ငါ့ ကိုထိုး လော့။ သို့မဟုတ် အရေဖျား လှီးခြင်းကို မခံသောလူတို့သည်လာ ၍ ၊ ငါ့ ကိုမရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟုဆို သော်လည်း ၊ လက်နက် ဆောင် လုလင်သည် အလွန် ကြောက် ၍ မ ပြုဘဲနေသောကြောင့် ၊ ရှောလု သည် ထိုထား ကို ယူ ၍ ထောင်ပြီးလျှင်၊ ထား ဖျား ပေါ် မှာ လှဲ ၍သေ၏။
5 A, no te kitenga o tana kaimau patu kua mate a Haora, ka hinga hoki ia ki runga ki tana hoari, a ka mate.
ရှောလု သေ သည်ကို လက်နက် ဆောင် လုလင် မြင် လျှင် ၊ သူ သည်လည်း ထိုထားကို ထောင်၍ထား ဖျား ပေါ် မှာ လှဲ ၍ သေ ၏။
6 Heoi ka mate a Haora me ana tama tokotoru; mate tahi ana tona whare katoa.
ထိုသို့ ရှောလု နှင့် သူ ၏သား သုံး ယောက်မှစ၍နန်းတော် သားအပေါင်း တို့သည် အတူ သေ ကြ၏။
7 A, no te kitenga o nga tangata katoa o Iharaira i te raorao kua whati ratou, kua mate hoki a Haora ratou ko ana tama, whakarerea ake e ratou o ratou pa, a rere ana; na ka haere mai nga Pirihitini, a nohoia iho e ratou.
ဣသရေလလူပြေး ကြောင်း ၊ ရှောလု နှင့် သူ ၏ သား များသေ ကြောင်း ကို၊ ချိုင့် ၌ နေသော ဣသရေလ လူ အပေါင်း တို့သည် သိမြင် လျှင် ၊ မြို့ ရွာတို့ကို စွန့်ပစ် သဖြင့် ၊ ဖိလိတ္တိ လူတို့သည်လာ ၍ နေ ကြ၏။
8 A, i te aonga ake, i te haerenga mai o nga Pirihitini ki te muru i te hunga i patua, na ka kitea a Haora ratou ko ana tama e takoto ana i runga i Maunga Kiripoa.
နက်ဖြန် နေ့၌ ဖိလိတ္တိ လူတို့သည် အသေကောင် တို့၌၊ အဝတ်တန်ဆာကို ချွတ် ခြင်းငှါ လာ သောအခါ ၊ ဂိလဗော တောင် ပေါ် မှာ ရှောလု နှင့် သူ ၏သား သုံး ယောက်တို့သည် သေ လျက်ရှိသည်ကို တွေ့မြင် ကြ၏။
9 Na huia ana ona e ratou, tangohia ana tona upoko me ana patu, tukua ana kia kawea puta noa i te whenua o nga Pirihitini a tawhio noa, kia kauwhautia ki a ratou whakapakoko, ki te iwi.
အဝတ်တန်ဆာတော်ကို ချွတ် ပြီးမှ ခေါင်း တော်၊ လက်နက် တော်ကို ယူ ၍ သူတို့ရုပ်တု အိမ်များ၌ ၎င်း ၊ လူ များတို့၌ ၎င်း၊ သိတင်း ကျော်စောစေခြင်းငှါ ၊ ဖိလိတ္တိ ပြည် အရပ်ရပ်သို့ ပေး လိုက်ကြ၏။
10 I whakatakotoria hoki e ratou ana patu ki te whare o o ratou atua, a ko tona upoko titia ake e ratou ki te whare o Rakono.
၁၀လက်နက် တော်ကိုလည်း သူ တို့ဘုရား ကျောင်း ၌ ထား ၍ ၊ ခေါင်း တော်ကို ဒါဂုန် ဗိမာန် ၌ ဆွဲ ထားကြ၏။
11 A, no te rongonga o Iapehe Kireara katoa ki nga mea katoa i mea ai nga Pirihitini ki a Haora,
၁၁ဖိလိတ္တိ လူတို့သည် ရှောလု ၌ ပြု သမျှ ကို ဂိလဒ် ပြည် ယာဗက်မြို့သားများကြား လျှင်၊
12 Ka whakatika nga marohirohi katoa, tangohia iho e ratou te tinana o Haora, me nga tinana o ana tama, kawea ana ki Iapehe, tanumia ana o ratou wheua ki raro i tetahi oki i Iapehe, a e whitu nga ra i nohopuku ai ratou.
၁၂သူရဲ အပေါင်း တို့သည် ရှောလု ၏ အလောင်း နှင့် သူ ၏သား အလောင်း တို့ကို ယူ သွား၍ ၊ ယာဗက် မြို့သို့ ဆောင် ခဲ့သဖြင့် ၊ အရိုး တို့ကို ယာဗက် မြို့မှာ သပိတ် ပင် အောက် ၌ သင်္ဂြိုဟ် ပြီးမှ ခုနစ် ရက် ပတ်လုံးအစာရှောင် ကြ ၏။
13 Heoi kua mate a Haora mo tona he i he ai ia ki a Ihowa, mo te kupu a Ihowa kihai nei i puritia e ia; mona hoki i ui ki tetahi, i a ia nei te atua maori, he rapu whakaaro,
၁၃ထိုသို့ ရှောလု သည် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်၊ လွန်ကျူး ၍ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၎င်း၊
14 A kihai i rapu whakaaro i a Ihowa: no reira i whakamatea ai ia e ia, a hurihia ketia ana te kingitanga ki a Rawiri tama a Hehe.
၁၄ထာဝရဘုရား ကို မ မေးမြန်း ဘဲနတ်ဝင် မိန်းမကို ရှာဖွေ မေးမြန်း သောကြောင့် ၎င်း၊ ထာဝရဘုရားသည် သူ့ ကိုကွပ်မျက် ၍ ၊ နိုင်ငံ တော်ကို ယေရှဲ သား ဒါဝိဒ် ၌ လွှဲအပ် တော်မူ၏။

< 1 Whakapapa 10 >