< Isaia 44 >

1 Fa ankehitriny dia mihainoa, ry Jakoba, mpanompoko, sy ry Isiraely, izay nofidiko;
ယခုမူကား၊ ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက် သောသူ ဣသရေလ၊ နားထောင်လော့။
2 Izao no lazain’ i Jehovah Izay nahary anao sy namorona anao hatrany am-bohoka sady mamonjy anao: Aza matahotra, ry Jakoba mpanompoko, Ary ianao, ry Jesorona, izay nofidiko;
သင့်ကို ဖန်ဆင်းတော်မူသော ဘုရား၊ ဘွားစ ကပင် သင့်ကို ပြုပြင်၍၊ နောင်၌လည်း မစလတံ့သော ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ကျွန် ယာကုပ်၊ ငါရွေးကောက်သောသူ ယေရှုရုန်၊ မစိုးရိမ်နှင့်။
3 Fa handatsaka rano amin’ izay mangetaheta Aho, ary riaka ho amin’ izay tany karankaina; Eny, handatsaka ny Fanahiko amin’ ny taranakao Aho, ary ny fitahiako ho amin’ ny terakao;
အကြောင်းမူကား၊ ရေငတ်သော သူအပေါ်မှာ ရေကို ငါသွန်းလောင်း၍၊ သွေ့ခြောက်သော မြေကို ရေလွှမ်းမိုးစေမည်။ သင်၏ အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကို၎င်း၊ သင်၏အနွှယ်အပေါ်မှာ ငါ့ကောင်းကြီးမင်္ဂလာကို ၎င်း ငါသွန်းလောင်းမည်။
4 Dia haniry eny amin’ ny ahitra tahaka ny hazomalahelo eny anilan’ ny rano mandeha ireny.
သူတို့သည်လည်း ရေမြောင်းအနားမှာ မိုဃ်းမခ ပင်ကဲ့သို့၊ မြက်ပင်ထဲတွင် ပေါက်ကြလိမ့်မည်။
5 Ny anankiray hilaza hoe: An’ i Jehovah aho: Ary ny anankiray koa hankalaza ny anarana hoe Jakoba; Ary ny anankiray koa indray hanoratra amin’ ny tànany hoe: An’ i Jehovah, Ary ny anarana hoe Isiraely dia hotononiny amim-panajana.
တယောက်က၊ ငါသည် ထာဝရဘုရား၏ လူဖြစ် သည်ဟု ဆိုလိမ့်မည်။ တယောက်သည်လည်း၊ ယာကုပ် အမည်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည်။ တယောက်သည် လည်း၊ ထာဝရဘုရား၏ လူဟူ၍ မိမိလက်တွင် စာထိုး လျက်၊ ဣသရေလအမည်သစ်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည်။
6 Izao no lazain’ i Jehovah, Mpanjakan’ ny Isiraely, dia Jehovah, Tompon’ ny maro, Mpanavotra azy: Izaho no voalohany, ary Izaho no farany: Ka tsy misy Andriamanitra afa-tsy Izaho.
ဣသရေလအမျိုး၏ ရှင်ဘုရင် ထာဝရဘုရား၊ ဣသရေလအမျိုးကို ရွေးနှုတ်သော၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။
7 Ary iza moa no mba mahantso tahaka Ahy (Aoka hanambara sy handahatra izany amiko izy) hatrizay nampitoerako ny firenena fony fahagola? Ary ny zavatra ho avy sy ny mbola ho tonga, dia aoka hambarany koa izany.
ရှေးလူမျိုးကို ငါခန့်ထားသည်မှစ၍၊ ငါကဲ့သို့ အဘယ်သူသည် ဤအမှုတို့ကို ငါ့အဘို့ ခေါ်၍ ထုတ်ဘော် စီရင်နိုင်မည်နည်း။ ဖြစ်ဆဲသောအမှုနှင့် ဖြစ်လတံ့သော အမှုတို့ကို သူတို့အား ဘော်ပြကြစေ။
8 Aza matahotra na mangovitra ianareo; Tsy efa nampandre anareo hatramin’ ny fahiny va Aho ka nanambara taminareo? Eny, ianareo no vavolombeloko; Misy Andriamanitra afa-tsy Izaho va? Tsia, tsy misy Vatolampy, tsy hitako izany.
မစိုးရိမ်ကြနှင့်။ မကြောက်ကြနှင့်။ အထက်က ငါဟောပြောပြသသည်မဟုတ်လော။ သင်တို့သည် ငါ၏ သက်သေဖြစ်ကြ၏။ ငါမှတပါး အခြားသော ဘုရားသခင် ရှိသလော။ ငါမှတပါး အခြားသော မူလအမြစ်မရှိ။ တစုံတဦးကိုမျှ ငါမသိ။
9 Izay mamorona sarin-javatra voasokitra dia zava-poana avokoa; Ary ny zavatra tiany indrindra dia tsy mahasoa; Ny vavolombelon’ ireny dia tsy mahita na mahalala, mba hahamenatra azy.
ရုပ်တုဆင်းတုကို လုပ်သောသူအပေါင်းတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ သူတို့နှမြောသောအရာ တို့သည် အကျိုးကို မပေးနိုင်ကြ။ ငါတို့သည် မမြင်တတ်၊ နားမလည်တတ်ဟု ရှက်စရာအကြောင်းကို ကိုယ်တိုင် သက်သေခံကြ၏။
10 Iza no namorona andriamanitra, na nanao sarin-javatra an-idina izay tsy mahasoa akory?
၁၀ဘုရားကို လုပ်သောသူ၊ အကျိုးမပေးနိုင်သော ရုပ်တုဆင်းတုကို သွန်းသောသူကား အဘယ်သူနည်း။
11 Indro, ho menatra ny namany rehetra; Fa ny mpiasa dia olona ihany; Aoka hivory izy rehetra ka handroso; Aoka ho raiki-tahotra sy ho menatra avokoa izy.
၁၁ထိုသူ၏အပေါင်းအဘော်ရှိသမျှတို့သည် ရှက်ကြလိမ့်မည်။ လုပ်သောသူတို့သည် လူသက်သက်ဖြစ် ကြ၏။ ရှိသမျှတို့သည် စုဝေး၍ ထကြစေ။ တပြိုင်နက် ထိတ်လန့်ရှက်ကြောက်ကြလိမ့်မည်။
12 Ny mpanefy manamboatra fiasana; Miasa amin’ ny arina izy ary manamboatra azy amin’ ny tantanana sy miasa azy amin’ ny sandriny matanjaka; Eny, noana izy, ka ketraka ny heriny; Tsy misotro rano izy ka reraka.
၁၂ပန်းပဲသမားသည် ပုဆိန်ကိုလုပ်ခြင်းငှါ မီးခဲ၌ ဖုတ်၍၊ လက်ရုံးအားထုတ်လျက် သံတူနှင့်ထုတတ်၏။ အကယ်၍ မွတ်သိပ်သော အခါအားလျော့တတ်၏။ ရေမသောက်ရသောအခါ မောတတ်၏။
13 Ny mpandrafitra manenjana ny kofehy sy manamarika azy amin’ ny fitsipihana; Manamboatra azy amin’ ny vankona izy, dia manamarika azy amin’ ny kompà ary mahavita azy ho tahaka ny endrik’ olona, dia tahaka ny hatsaran-tarehin’ ny olona, Mba hampitoerina ao an-trano.
၁၃လက်သမားသည် မျဉ်းချလျက် စူးနှင့် မှတ်သား ၍၊ လက်သမားတန်ဆာနှင့် လုပ်ပြီးလျှင်၊ အိမ်၌နေစေ ခြင်းငှါ ကွန်ပါနှင့် ရေးသား၍၊ လူအသရေပါအောင် လူပုံသဏ္ဌာန်နှင့်အညီ ထုလုပ်တတ်၏။
14 Tsy maintsy mijinja ny sedera izy ary maka ny hazo ileksa sy ôka Ary mifidy hazo any an’ ala; Mamboly ny hazo orno izy, ka ampanirin’ ny ranonorana izany;
၁၄ကိုယ်အဘို့အလိုငှါ အာရဇ်ပင်တို့ကို ခုတ်၍ ကုပရုပင်၊ သပိတ်ပင်တို့ကို ရွေးယူသဖြင့်၊ တောပင်အမျိုး မျိုးတို့ကို ဆည်းဖူးတတ်၏။ အာရဇ်ပင်ကိုစိုက်၍ မိုဃ်း ရေလည်း မွေးတတ်၏။
15 Ary dia anaovan’ ny olona kitay izany ka analany hamindroany; Eny, ampirehetiny izany mba hanendasany mofo; Anaovany andriamanitra izany, ka dia ivavahany; Eny, anaovany sarin-javatra voasokitra koa izany, ka dia iankohofany.
၁၅လူသုံးရန် ထင်းဖြစ်၏။ လူလည်း ယူ၍ မီးလှုံ တတ်၏။ တဖန် မီးမွှေး၍ မုန့်ကို ပေါင်းတတ်၏။ တဖန် ဘုရားကိုလုပ်၍ ကိုးကွယ်တတ်၏။ ရုပ်တုကို ထုလုပ်၍ ရုပ်တုရှေ့မှာ ပြပ်ဝပ်တတ်၏။
16 Ny sasany dorany amin’ ny afo, eny, ny sasany ahandroany hena; Manatsatsika hena izy, ka dia voky; Eny, mamindro izy ka manao hoe: Aha! mafana aho izany! nahita afo aho lahy!
၁၆ထိုသစ်သားတပိုင်းနှင့် မီးမွေးတတ်၏။ တပိုင်းနှင့် အမဲသားကိုချက်၍ စားတတ်၏။ ဖုတ်ကင်ပြီးမှဝစွာ စား တတ်၏။ တဖန်မီးလှုံ၍အယ်၊ ငါနွေးပြီ။ မီးကို တွေ့ပြီဟု ဆိုတတ်၏။
17 Ary ny sisan’ izany dia amboariny ho andriamanitra, ho sarin-javatra voasokitra, Ary miondrika sy miankohoka eo anatrehany izy ka mivavaka aminy hoe: Vonjeo aho, fa andriamanitro ianao.
၁၇ကျန်သောအပိုင်းကိုလည်း ယူ၍ ရုပ်တုတည်း ဟူသော ဘုရားကို လုပ်တတ်၏။ ထိုရုပ်တုရှေ့မှာ ပြပ်ဝပ် ၍ ကိုးကွယ်တတ်၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားဖြစ်တော်မူ၏။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ ဟူ၍ ဆုတောင်းတတ်၏။
18 Tsy mahalala na mahafantatra ireny; Fa voatampina ny masony ka tsy mahita, Ary ny fony, ka tsy mahalala.
၁၈ထိုသို့သော သူသည် ပညာမရှိ။ ဉာဏ်မရှိ။ မမြင် နိုင်အောင် မျက်စိကို၎င်း၊ နားမလည်နိုင်အောင် စိတ်နှလုံး ကို၎င်း ပိတ်၏။
19 Tsy misy mieritreritra ao am-pony, na mba manana fahalalana na saina akory hanao hoe: Ny sasany mantsy nodorako tamin’ ny afo; Eny, efa nanendy mofo tamin’ ny vainafony aho: Efa nanatsatsika hena aho ka nihinana; Koa ny sisa va hataoko fahavetavetana, Hiankohofako eo anatrehan’ izay vatan-kazo?
၁၉ငါသည် တပိုင်းနှင့် မီးမွေးပြီး။ မုန့်ကိုလည်း ထိုမီးခဲပေါ်မှာ ဖုတ်လေပြီ။ အမဲသားကိုလည်း ကင်၍ စားလေပြီ။ ကြွင်းသော အပိုင်းကို စက်ဆုပ်ရွံ့ရှာဘွယ် ဖြစ်စေရမည်လော။ သစ်သားရှေ့မှာ ငါပြပ်ဝပ်ရမည် လောဟု စိတ်နှလုံးထဲမှာ အောက်မေ့ဆင်ခြင်နိုင်သော ဉာဏ်ပညာအလျှင်းမရှိပါတကား။
20 Homan-davenona izy; Voafitaka ny fony ka nampivily azy, ka dia tsy mahavonjy ny fanahiny izy na mahalaza hoe: Moa tsy lainga va no eto an-tanako ankavanana?
၂၀သူသည် မီးဖိုပြာကို ကျက်စားတတ်၏။ မိုက် သော စိတ်နှင့်လမ်းလွဲပြီ။ ထို့ကြောင့်၊ ကိုယ်ဝိညာဉ်ကို ကိုယ်မချွတ်နိုင်။ မိမိလက်ျာလက်၌ မိစ္ဆာဒိဌိပါသလော ဟု မအောက်မေ့နိုင်ပါတကား။
21 Tsarovy izany, ry Jakoba, dia ianao, ry Isiraely, fa mpanompoko ianao; Noforoniko ianao ka mpanompoko; Tsy hohadinoiko ianao, ry Isiraely ô,
၂၁အိုယာကုပ်အမျိုး၊ ဤအရာတို့ကို ဆင်ခြင် လော့။ အိုဣသရေလအမျိုး၊ သင်သည် ငါ့ကျွန်ဖြစ်၏။ သင့်ကို ငါဖန်ဆင်းသည်ဖြစ်၍၊ သင်သည် ငါ့ကျွန်ဖြစ် ၏။ အိုဣသရေလအမျိုး၊ သင့်ကို ငါမမေ့မလျော့။
22 Izaho efa nandevona ny fahadisoanao tahaka ny fandevona ny zavona, ary ny fahotanao tahaka ny rahona; Koa miverena amiko, fa efa nanavotra anao Aho.
၂၂သင်၏ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့၎င်း၊ သင်၏ အပြစ်တို့ကို တိမ်လွှာကဲ့သို့၎င်း ငါချေပြီ။ ငါ့ထံသို့ ပြန်လာလော့။ သင့်ကိုငါ ရွေးနှုတ်ပြီ။
23 Mihobia, ry lanitra; Fa Jehovah no nanao izany; Manaova feo fifaliana ianareo, ry fitoerana lalina any ambanin’ ny tany; Velomy ny hoby, ry tendrombohitra, ary ianao, ry ala mbamin’ izay hazo rehetra ao; Fa Jehovah efa nanavotra an’ i Jakoba sy mampiseho ny voninahiny eo amin’ Isiraely.
၂၃အိုမိုဃ်းကောင်းကင်တို့၊ သီချင်းဆိုကြလော့။ ထာဝရဘုရား ပြုတော်မူပြီ။ မြေကြီးအောက်အရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များ၊ တောနှင့်တကွ သစ်ပင် များတို့၊ ကျူးဧသော အသံကို ပေးကြလော့။ ထာဝရဘုရား သည် ယာကုပ်ကို ရွေးနှုတ်တော်မူပြီ။ ဣသရေလအားဖြင့် ဘုန်းထင်ရှားတော်မူပြီ။
24 Izao no lazain’ i Jehovah, izay nanavotra anao sady namorona anao hatrany am-bohoka: Izaho no Jehovah Izay manao ny zavatra rehetra, Izaho irery no manenjana ny lanitra; Ny tenako ihany no mamelatra ny tany;
၂၄သင့်ကို ရွေးနှုတ်တော်မူ၍၊ ဘွားစကပင် သင့်ကို ပြုပြင်တော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ မိုဃ်းကောင်းကင်ကို ငါတပါးတည်း ကြက်လျက်၊ မြေကြီး ကို အဘော်မရှိဘဲ ခင်းလျက်၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းသော ထာဝရဘုရားဖြစ်၏။
25 Izaho mahafoana ny famantarana lazain’ ny mpibedibedy sy mampahavery saina ny mpanao fankatovana ary mampihemotra ny olon-kendry ka mampody ny fahalalany ho fahadalana,
၂၅ငါသည် မိစ္ဆာဆရာတို့၏ ပုပ္ပနိမိတ်များကို ပယ်ဖျောက်တတ်၏။ ဗေဒင်သမားတို့ကို ရူးသွပ်စေတတ် ၏။ ပညာရှိတို့ကို လှန်၍ သူတို့၏ပညာကို မိုက်စေတတ် ၏။
26 Ary mahatò ny tenin’ ny mpanompoko sy mahatanteraka ny saina atolotry ny irako, ary manao amin’ i Jerosalema hoe: Honenana ianao, sy amin’ ny tanànan’ ny Joda hoe: Hatsangana ianareo, ka hamboariko izay rava eo,
၂၆ငါသည် ငါ့ကျွန်၏ စကားကို တည်စေ၍၊ ငါ့တမန်တို့ ဟောပြောသည်အတိုင်း ပြုတတ်၏။ ယေရု ရှလင်မြို့ကို သင်သည် လူနေရာဖြစ်လိမ့်မည်ဟူ၍၎င်း၊ ယုဒမြို့တို့ကို သင်တို့သည် တည်ဆောက်လျက်ရှိကြလိမ့် မည်။ ပြိုပျက်ရာများကို ငါပြုပြင်မည်ဟူ၍၎င်း ဆို၏။
27 Ary milaza amin’ ny rano lalina hoe: Tankina, Fa hataoko tankina ny oninao,
၂၇ပင်လယ်ကိုလည်း ရေကုန်စေ။ သင်၏ မြစ် အပေါင်းကို ငါခန်းခြောက်စေမည်ဟူ၍၎င်း၊
28 Ary milaza an’ i Kyrosy hoe: Izy no mpiandry ondriko, ka izay sitrako rehetra dia hotanterahiny; Ary izy hanao amin’ i Jerosalema hoe: Hatsangana ianao, ary amin’ ny tempoly hoe: Haorina indray ny fanorenanao.
၂၈ကုရုမင်းကိုလည်း၊ သင်သည် ငါ့သိုးထိန်း ဖြစ်၏။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက်၊ ယေရုရှလင်မြို့ တည်ဆောက်စေ၊ ဗိမာန်တော်တိုက်မြစ်ကျစေဟု စီရင် လိမ့်မည်ဟူ၍၎င်း ငါဆို၏။

< Isaia 44 >