< Salamana Pamācības 7 >

1 Mans bērns, sargi manus vārdus un glabā pie sevis manu mācību.
ငါ့ သား ၊ ငါ့ စကား ကို စေ့စေ့ နားထောင်၍ ၊ ငါ့ ပညတ် တို့ကို သင် ၌ သိုထား လော့။
2 Sargi manu pamācīšanu, tad tu dzīvosi, un manu mācību kā savu acu raugu.
ငါ့ ပညတ် တို့ကို စောင့်ရှောက် ၍ အသက်ရှင် လော့။ ငါ ပေးသောတရား ကို ကိုယ် မျက် ဆန် ကဲ့သို့ စောင့်လော့။
3 Sien to ap saviem pirkstiem, ieraksti to savas sirds galdiņā.
သင် ၏လက် ချောင်းတို့၌ ချည် ထား၍၊ သင် ၏ နှလုံး အင်း စာရင်း၌ ရေးမှတ် လော့။
4 Saki uz gudrību: Tu esi mana māsa! un atzīšanu sauc par savu radinieci,
ပညာ ကို ကိုယ် နှမ ဟူ၍၎င်း၊ ဉာဏ် ကို ကိုယ် ပေါက်ဘော် ဟူ၍၎င်း ခေါ် လော့။
5 Ka tu sevi pasargi no svešas sievas, no svešinieces ar mīkstiem vārdiem.
သို့ပြုလျှင်သူတို့သည် အမျိုး ပျက်သောမိန်းမ ၊ နှုတ် နှင့် ချော့မော့ တတ်သော ပြည်တန်ဆာ မိန်းမလက်မှ သင့် ကို ကယ်တင် ကြလိမ့်မည်။
6 Jo es skatījos pa sava nama logu, caur saviem skadriņiem,
ငါ့ အိမ် ပြတင်း ရွက်ကြားမှ ငါ ကြည့် ၍မြင်ရသောအမှု ဟူမူကား၊
7 Un redzēju nejēgu vidū un ieraudzīju starp zēniem neprātīgu jaunekli.
ဉာဏ် တိမ်သော အမျိုးသားချင်း စုကို ငါကြည့်ရှု စဉ်တွင်၊ ဉာဏ် မ ရှိသော လူ ပျို တယောက်သည်၊
8 Tas gāja pa ielu ap nama stūri, staigāja pa viņas nama ceļu,
ထိုသို့သော မိန်းမ နေရာလမ်း ထောင့် အနား သို့ ရှောက်သွား သဖြင့် ၊
9 Pavakarē, krēslā, nakts vidū un tumsā.
မိုဃ်းချုပ် ၍ ညဦး အချိန် ၊ ညဉ့် နက် သော အချိန် ရောက်သောအခါ ၊ ထိုမိန်းမ နေရာ လမ်း သို့ လိုက် လေ၏။
10 Un redzi, viņu sastapa sieva, maukas apģērbā un viltu sirdī.
၁၀ပြည်တန်ဆာ အဝတ်ကိုဝတ်၍ ၊ ဆန်းပြားသော မိန်းမ သည် ထိုသူ ကို ကြိုဆို ၏။
11 Šī bija trakule un palaidne, viņas kājas nemetās mājā;
၁၁ထို မိန်းမသည် ကျယ် သောအသံနှင့် ခိုင်မာ သောစိတ် သဘောရှိ၏။ ကိုယ် အိမ် ၌ မ နေ ၊ လည် တတ်၏။
12 Te viņa ārā, te uz ielām un glūn aiz visiem stūriem.
၁၂ခဏ အိမ် ပြင်၊ ခဏ လမ်း ထဲမှာနေလျက် ၊ လမ်း ထောင့် အရပ်ရပ် ၌ ချောင်းမြောင်း ၍ကြည့်တတ်၏။
13 Un tā viņu apkampa un skūpstīja kā bezkauņa un uz to sacīja:
၁၃ထို လူပျိုကို တွေ့သောအခါ၊ ရဲ သောမျက်နှာ နှင့် ဘမ်း ဘက်နမ်းရှုပ် လျက်၊
14 „Pateicības upuri man bija jānes; šodien es savu solījumu esmu pildījusi.
၁၄ငါ ၌ မိဿဟာယ ပူဇော် သက္ကာရှိ၏။ ယနေ့ ငါ့ ဂတိ ဝတ်ကို ငါဖြေ ပြီ။
15 Tādēļ esmu izgājusi tev pretī, tavu vaigu meklēt un tevi esmu atradusi.
၁၅ထိုကြောင့် သင့် ကို ကြိုဆို အံ့သောငှါ ငါထွက် လာပြီ။ သင့် မျက်နှာ ကို ကြိုးစားရှာ ၍ တွေ့ ပြီ။
16 Ar apsegiem esmu klājusi savu gultu, ar strīpainiem Ēģiptes palagiem.
၁၆ငါ့ ခုတင် ကိုချယ် လှယ်သော အိပ်ရာခင်း နှင့်၎င်း၊ အဲဂုတ္တု ပိတ်ချော နှင့်၎င်း ပြင်ဆင် ပြီ။
17 Savu gultu esmu izkvēpinājusi ar mirrēm, alvejām un kanēli;
၁၇ငါ့ မွေ့ရာ ကို မုရန် ၊ အကျော် ၊ သစ်ကြံပိုး နှင့် ထုံ ပြီ။
18 Nāc, lai izbaudām kārības līdz rītam, lai izpriecājamies mīlestībā;
၁၈လာ ပါ၊ မိုဃ်းလင်း သည်တိုင်အောင် ကာမ ရာဂ စိတ်ကို ဖြေ ကြကုန်အံ့။ မေထုန် ပြု၍ မွေ့လျော်ကြကုန်အံ့။
19 Jo vīrs nav mājās, viņš aizgājis tālā ceļā,
၁၉ငါ့အရှင် သည် အိမ် မှာ မ ရှိ။ ငွေ အိတ် ကို ဆောင် လျက်ဝေး သော အရပ် သို့ သွား ပြီ။
20 Viņš naudas maku ņēmis līdz, tik uz svētkiem vēl pārnāks mājās.“
၂၀ပွဲ နေ့ ရောက်မှသာ ပြန် လာလိမ့်မည်ဟု၊
21 Viņa to pierunāja ar savu vārdu drūzmu, ar savu mīksto mēli tā viņu aizrāva.
၂၁ချစ် ဘွယ်သော စကားနှင့် ထိုသူ ကို သွေးဆောင် ၍ ချော့မော့ တတ်သောနှုတ်ခမ်းနှင့် နိုင် သဖြင့်၊
22 Uz reizi tas viņai gāja pakaļ, kā vērsis iet pie kaušanas un kā nelietis, saistīts uz sodu,
၂၂နွား သည်အသေခံ ရာသို့ လိုက် သကဲ့သို့ ၎င်း ၊ သမင်ဒရယ်သည် မိမိ အသည်း ၌ မြှား မ ထိုး မှီတိုင်အောင်၊ ဘမ်းမိရာထဲသို့ ဝင်သကဲ့သို့ ၎င်း၊
23 Kamēr bulta viņa aknas pāršķeļ; tā putns skrien sprostā un nezin, ka tas pret viņa dzīvību.
၂၃ငှက် သည် မိမိ အသက် ဆုံးစေခြင်းငှါ ထောင် မှန်းကိုမ ရိပ်မိ ဘဲ၊ ကျော့ကွင်း ထဲသို့ အလျင် အမြန်ဝင်သကဲ့သို့ ၎င်း၊ လူပျိုသည် ထိုမိန်းမ နောက် သို့ ချက်ခြင်း လိုက်သွား တတ်၏။
24 Nu tad, bērni, klausiet mani, un ņemiet vērā manas mutes vārdus.
၂၄သို့ဖြစ်၍ ငါ့သား တို့၊ ငါ့ စကားကို နားထောင် ၍ ငါ ဟောပြော ချက်တို့ကို မှတ် ကျုံးကြလော့။
25 Lai tava sirds nenomaldās uz viņas ceļiem un nenoklīsti uz viņas gaitām;
၂၅ထိုသို့သော မိန်းမ နေရာလမ်း ကို စိတ် မ ငဲ့ကွက် နှင့်။ သူ ကျင်လည်သော လမ်း ခရီးသို့ လွှဲ ၍မ လိုက်နှင့်။
26 Jo daudz ir to nokauto, ko tā gāzusi zemē, un liels pulks, ko viņa nogalinājusi.
၂၆အကြောင်း မူကား၊ သူသည်စစ်သူရဲ အများ တို့ကို လှဲ လေပြီ။ ခွန်အား ကြီးသော သူအများ တို့ကိုသတ် လေပြီ။
27 Viņas nams ir ceļi uz elli, kas novada nāves kambaros. (Sheol h7585)
၂၇သူ ၏အိမ် သည် သေ မင်း၏ဘုံ ဗိမာန်သို့ ဆင်း ၍၊ မရဏာ နိုင်ငံသို့ ရောက်သောလမ်း ဖြစ်၏။ (Sheol h7585)

< Salamana Pamācības 7 >