< Jeremijas 16 >
1 Un Tā Kunga vārds uz mani tā notika:
၁ထိုနောက်တစ်ဖန်ထာဝရဘုရားသည် ငါ့ အားဗျာဒိတ်ပေးတော်မူပြန်၏။-
2 Tev nebūs sievu ņemt, tev arī nebūs šinī vietā dzemdināt ne dēlus ne meitas.
၂ကိုယ်တော်က``ဤသို့သောအရပ်တွင်သင်သည် အိမ်ထောင်သားမွေးမှုတို့ကိုမပြုနှင့်။-
3 Jo tā saka Tas Kungs par tiem dēliem un par tām meitām, kas šai vietā piedzimuši, ir par viņu mātēm, kas tos dzemdē un par viņu tēviem, kas tos dzemdina šai zemē:
၃ဤအရပ်တွင်မွေးဖွားသည့်သားသမီးများနှင့် သူတို့၏မိဘတို့သည်အဘယ်သို့အမှုရောက် ရကြမည်ကိုသင့်အားငါဖော်ပြမည်။-
4 Tie nomirs ar nāvīgām sērgām, tie netaps apraudāti nedz aprakti, tie būs par mēsliem virs zemes; tie taps aprīti caur zobenu un caur badu, un viņu miesas būs par barību putniem apakš debess un zvēriem virs zemes.
၄ထိုသူတို့သည်ကြောက်မက်ဖွယ်ကောင်းသည့် အနာရောဂါဘေးသင့်၍သေရကြလိမ့်မည်။ အဘယ်သူမျှသူတို့အတွက်ငိုကြွေးမြည် တမ်းကြလိမ့်မည်မဟုတ်။ သူတို့၏အလောင်း များကိုလည်းသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ ထို အလောင်းတို့သည်မြေပေါ်တွင်နောက်ချေးပုံ များကဲ့သို့ရှိနေကြလိမ့်မည်။ ထိုသူတို့သည် စစ်ပွဲတွင်ကျဆုံးရကြလိမ့်မည်။ သို့မဟုတ် လျှင်လည်းအစာငတ်မွတ်ခေါင်းပါးခြင်းဘေး သင့်၍သေရကြလျက် သူတို့၏အလောင်း များသည်ငှက်များနှင့်တောသားရဲများ ၏အစာဖြစ်လိမ့်မည်။''
5 Jo tā saka Tas Kungs: tev nebūs iet raudu namā, un neej gaust nedz par tiem žēloties. Jo tā saka Tas Kungs: No šiem ļaudīm Es esmu atņēmis Savu mieru, žēlastību un apžēlošanu,
၅ထာဝရဘုရားက``သင်သည်ငိုကြွေးမြည် တမ်းလျက်နေသည့် အိမ်သို့မဝင်ရ။ မည်သူ အတွက်မျှလည်းဝမ်းနည်းပူဆွေးမှုမဖြစ် နှင့်၊ မသနားနှင့်။ ငါသည်သူတို့အားငြိမ်း ချမ်းသာယာမှုကိုပေးတော့မည်မဟုတ်။ မေတ္တာကရုဏာကိုလည်းပြတော့မည် မဟုတ်။-
6 Tā ka lieli un mazi šai zemē nomirs un netaps aprakti, tie arī netaps apraudāti un nevienam nebūs graizīties, nedz apcirpties viņu dēļ.
၆ဆင်းရဲချမ်းသာမရွေးပြည်သူတို့သည်သေ ကြလိမ့်မည်။ သို့ရာတွင်အဘယ်သူမျှသူ တို့အားသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ သူတို့ အတွက်လည်းငိုကြွေးမြည်တမ်းကြလိမ့် မည်မဟုတ်။ ဝမ်းနည်းမှုကိုပြသည့်အနေ နှင့်မည်သူမျှမိမိကိုယ်ကိုအနာတရ ဖြစ်စေခြင်း၊ ခေါင်းရိတ်ခြင်းပြုကြမည် မဟုတ်။-
7 Tiem arī nebūs lauzt sēru maizi, tos iepriecināt par mirušu, un tos nebūs dzirdināt ar iepriecināšanas biķeri par tēvu vai māti.
၇ချစ်မြတ်နိုးသူတစ်စုံတစ်ယောက်သေဆုံးသည့် အတွက်နှစ်သိမ့်မှုရရှိစေရန်အဘယ်သူမျှ မသာရှင်နှင့်အတူစားသောက်ကြလိမ့်မည် မဟုတ်။ မိဘသေဆုံးသူများပင်လျှင်အဘယ် သူမျှကရုဏာသက်မှုကိုပြသကြလိမ့် မည်မဟုတ်။''
8 Tāpat neej dzīru namā pie tiem sēdēt ēst un dzert.
၈``သင်သည်သူတို့စားသောက်ပွဲကျင်းပနေ သည့်အိမ်သို့မဝင်နှင့်။ ထိုသူတို့နှင့်အတူ ထိုင်၍မစားမသောက်နှင့်၊-
9 Jo tā saka Tas Kungs Cebaot, Israēla Dievs: redzi, šinī vietā priekš jūsu acīm un jūsu dienās Es likšu mitēties prieka balsij un līksmības balsij, brūtgāna balsij un brūtes balsij.
၉ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ငါထာဝရဘုရားမိန့်တော် မူသည့်စကားကိုနားထောင်လော့။ ငါသည်သူ တို့၏ဝမ်းမြောက်ရွှင်လန်းသံများနှင့်မင်္ဂလာ ပွဲများ၏ပျော်ရွှင်သံများကို ဤအရပ်တွင် ဆိတ်သုဉ်းစေမည်။ ဤအမှုအရာများဖြစ် ပျက်သည်ကိုဤအရပ်ရှိလူတို့တွေ့မြင် ရကြလိမ့်မည်။''
10 Un kad tu šiem ļaudīm visus šos vārdus teiksi un tie uz tevi saka: Kāpēc Tas Kungs pret mums runā visu šo lielo ļaunumu? Un kas ir mūsu noziegums, un kas ir mūsu grēks, ar ko esam apgrēkojušies pret To Kungu, savu Dievu?
၁၀``ဤအကြောင်းအရာများကိုပြည်သူတို့အား သင်ပြောပြသောအခါသူတို့က`ထာဝရ ဘုရားသည်အဘယ်ကြောင့်အကျွန်ုပ်တို့အား ဤမျှပြင်းထန်စွာအပြစ်ဒဏ်ခတ်ရန်ဆုံး ဖြတ်တော်မူပါသနည်း။ အကျွန်ုပ်တို့သည် အဘယ်ရာဇဝတ်မှုကိုကူးလွန်မိပါသ နည်း။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအား အဘယ်သို့ပြစ်မှားမိပါ သနည်း' ဟုသင့်အားမေးမြန်းကြလိမ့်မည်။-
11 Tad tev uz tiem būs sacīt: tādēļ ka jūsu tēvi Mani atstājuši, saka Tas Kungs, un citiem dieviem dzinušies pakaļ un tiem kalpojuši un tos pielūguši, bet Mani atstājuši un nav turējuši Manu bauslību.
၁၁ထိုအခါသူတို့အားထာဝရဘုရားက`သင် တို့ဘိုးဘေးများသည် ငါ့ကိုစွန့်ပစ်၍အခြား ဘုရားများကိုဝတ်ပြုကိုးကွယ်ကြ၏။ သူ တို့သည်ငါ့ကိုစွန့်ပစ်ကာငါ၏သြဝါဒ များကိုမလိုက်နာကြ။-
12 Un jūs esat niknāki darījuši nekā jūsu tēvi. Jo redzi, jūs staigājat ikviens pēc savas niknās sirds stūrgalvības un Mani neklausiet.
၁၂သင်တို့သည်မိမိတို့ဘိုးဘေးများထက် ပင်ဆိုးရွားစွာပြုကျင့်ကြလေပြီ။ သင်တို့ အားလုံးသည်ခေါင်းမာဆိုးညစ်လျက် ငါ၏ စကားကိုနားမထောင်ကြ။-
13 Un tā tad Es jūs izmetīšu no šīs zemes uz zemi, ko nepazināt, ne jūs ne jūsu tēvi, un tur jūs kalposiet citiem dieviem dienām naktīm, tādēļ ka Es jums neparādīšu žēlastību.
၁၃ထို့ကြောင့်ငါသည်သင်တို့အားသင်တို့နှင့်သင် တို့ဘိုးဘေးများမရောက်ဘူးသည့်ပြည်သို့ နှင်ထုတ်မည်။ ထိုပြည်တွင်သင်တို့သည်အခြား ဘုရားများကို နေ့ရောညဥ့်ပါဝတ်ပြုကိုး ကွယ်ကြလိမ့်မည်။ ငါ၏ကျေးဇူးကရုဏာ တော်ကိုအဘယ်သို့မျှ သင်တို့ခံစားရကြ လိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ပြောကြားလော့'' ဟုမိန့်တော်မူ၏။
14 Tādēļ redzi, nāks dienas, saka Tas Kungs, ka vairs nesacīs: „Tik tiešām kā Tas Kungs dzīvo, kas Israēla bērnus no Ēģiptes zemes izvedis, “-
၁၄ထာဝရဘုရားက``အဘယ်သူမျှငါ့အား ဣသရေလပြည်သားတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်လာသူ၊ အသက်ရှင်တော်မူသော ဘုရားသခင်အဖြစ်ဖြင့်တိုင်တည်ကျိန်ဆို မှုမပြုကြတော့မည့်အချိန်ကျရောက်လာ လိမ့်မည်။-
15 Bet: „Tik tiešām kā Tas Kungs dzīvo, kas Israēla bērnus no ziemeļu zemes izvedis un no visām zemēm, kurp viņš tos bija aizdzinis“; jo Es tos atkal atvedīšu viņu zemē, ko esmu devis viņu tēviem.
၁၅ယင်းသို့ကျိန်ဆိုမည့်အစားလူတို့သည်ငါ့ အားဣသရေလပြည်သားတို့ကိုမြောက် ပြည်မှလည်းကောင်း၊ သူတို့အားငါကွဲလွင့် စေရာအခြားပြည်အပေါင်းမှလည်းကောင်း ပြန်လည်ခေါ်ဆောင်လာသည့်အသက်ရှင် တော်မူသောဘုရားသခင်အဖြစ်ဖြင့် တိုင်တည်ကျိန်ဆိုကြလိမ့်မည်။ ငါသည် သူတို့အားမိမိတို့ပိုင်သောပြည်၊ သူတို့ ဘိုးဘေးများအားငါပေးအပ်ခဲ့သည့် ပြည်သို့ပြန်လည်ခေါ်ဆောင်လာတော်မူ မည်'' ဟုမိန့်တော်မူ၏။
16 Redzi, Es sūtīšu pēc daudz zvejniekiem, saka Tas Kungs, - tiem tos būs zvejot, un pēc tam Es sūtīšu pēc daudz medniekiem, tie tos medīs pa visiem kalniem un pa visiem pakalniem, un pat akmens kalnu plaisumos.
၁၆ထာဝရဘုရားက``ငါသည်ဤသူတို့ကို ဖမ်းရန် တံငါသည်အမြောက်အမြားကိုပို့ မည်။ တောင်ကြီးတောင်ငယ်ရှိသမျှတို့နှင့် ကျောက်ဆောင်များအကြား၌ သူတို့အား လိုက်လံရှာဖွေရန်မုဆိုးအမြောက် အမြားကိုပို့မည်။-
17 Jo Manas acis redz visus viņu ceļus, Manā priekšā tie nav apslēpti, nedz viņu noziegums apklāts priekš Manām acīm.
၁၇သူတို့ပြုသမျှသောအမှုတို့ကိုငါမြင် ၏။ ငါမမြင်သည့်အရာတစ်စုံတစ်ခုမျှ မရှိ။ သူတို့၏အပြစ်များသည်ငါ၏ မြင်ကွင်းနှင့်မလွတ်။-
18 Bet papriekš Es viņu noziegumu un viņu grēku atmaksāšu divkārtīgi, tāpēc ka tie Manu zemi sagānījuši ar savu elka dievu maitām un Manu mantas tiesu piepildījuši ar savām negantībām.
၁၈သူတို့အားမိမိတို့အပြစ်နှင့်ယုတ်မာမှု များအတွက် နှစ်ဆမျှကြီးလေးသည့်အပြစ် ဒဏ်ကိုငါပေးမည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်လူသေသဖွယ်အသက်မရှိသည့် ရုပ်တုများအားဖြင့် ငါ၏ပြည်တော်ကိုညစ် ညမ်းစေလေပြီ။ မိမိတို့အားငါပေးအပ် သည့်ပြည်ကိုဘုရားအတုအယောင်များ နှင့်ပြည့်နှက်စေလေပြီ'' ဟုမိန့်တော်မူ၏။
19 Ak Kungs, tu esi mans spēks un mans stiprums un mans patvērums bēdu dienā. Pie tevis nāks tautas no pasaules galiem un sacīs: tiešām, mūsu tēvi turējuši viltīgus un nelietīgus dievekļus, kas nekā nevarēja palīdzēt.
၁၉အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကွယ်ကာစောင့်ထိန်းတော်မူ၍ ခွန်အား ကိုပေးတော်မူပါ၏။ ဒုက္ခရောက်ချိန်၌ကူမတော် မူပါ၏။ ကမ္ဘာမြေကြီးစွန်းမှလူမျိုးတကာတို့ သည် အထံတော်သို့လာ၍``ကျွန်တော်မျိုးတို့ ဘိုးဘေးများကိုးကွယ်ခဲ့သည့်ဘုရားတို့သည် အတုအယောင်များသာလျှင်ဖြစ်ပါ၏။ အသုံး မဝင်အကျိုးမပေးသောရုပ်တုများသာဖြစ် ပါ၏။-
20 Vai tad cilvēkam sev būs dievus taisīt, kas dievi nav?
၂၀လူသည်မိမိကိုးကွယ်ရန်ဘုရားများကို ပြုလုပ်နိုင်ပါသလော။ မပြုလုပ်နိုင်ပါ။ ပြု လုပ်လျှင်လည်းယင်းတို့သည် ဘုရားသခင် အမှန်ဖြစ်လိမ့်မည်မဟုတ်'' ဟုယေရမိ လျှောက်ထားလေ၏။
21 Tādēļ redzi, Es, šim brīdim, tiem darīšu zināmu, Es tiem darīšu zināmu Savu roku un Savu varu, un tiem būs atzīt, ka Mans vārds ir: Tas Kungs.
၂၁ထာဝရဘုရားက``ဤသို့ဖြစ်ပါမူငါသည် မိမိ၏ဘုန်းတန်ခိုးအာနုဘော်တော်ကို သူတို့ အားသိစေတော်မူမည်။ အပြီးအပိုင်သိစေ တော်မူမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းကို သူတို့သိရှိကြလိမ့်မည်'' ဟုမိန့် တော်မူ၏။