< Proverbiorum 27 >

1 ne glorieris in crastinum ignorans quid superventura pariat dies
နက်ဖြန် နေ့ ကို အမှီပြု ၍ မ ဝါကြွား နှင့်။ တရက် အတွင်းတွင် အဘယ် သို့ဖြစ်လိမ့်မည်ကို မ သိ နိုင်။
2 laudet te alienus et non os tuum extraneus et non labia tua
ကိုယ်တိုင်ကိုယ်ကိုမချီးမွမ်းဘဲ သူတပါး ချီးမွမ်း ပါလေစေ။ ကိုယ် နှုတ် နှင့် ကိုယ်ကိုမ ချီးမွမ်းဘဲ၊ ကိုယ် နှင့် မ ဆိုင်သော သူတပါး ချီးမွမ်း ပါလေစေ။
3 grave est saxum et onerosa harena sed ira stulti utroque gravior
ကျောက် နှင့် သဲ သည်လေး ၏။ မိုက် သောသူ၏ ဒေါသ သည် ထို နှစ်ပါး ထက် သာ၍လေး ၏။
4 ira non habet misericordiam nec erumpens furor et impetum concitati ferre quis poterit
မာန သည်ကြမ်းကြုတ် သော သဘောရှိ၏။ ဒေါသ သည် ပြင်းထန် တတ်၏။ ငြူစူ သောစိတ်ကို ကား၊ အဘယ်သူ ဆီး ၍ ခံနိုင်သနည်း။
5 melior est manifesta correptio quam amor absconditus
ထင်ရှား စွာဆုံးမ ပြစ်တင်ခြင်းသည် တိတ်ဆိတ် စွာ ချစ် ခြင်းထက် သာ၍ကောင်း ၏။
6 meliora sunt vulnera diligentis quam fraudulenta odientis oscula
အဆွေခင်ပွန်းသည် ဒဏ် ပေး သောအခါ သစ္စာစောင့် လျက်ပေး၏။ ရန်သူ မူကား ၊ နမ်း သောအခါ လှည့်စား တတ်၏။
7 anima saturata calcabit favum anima esuriens et amarum pro dulce sumet
စား ၍ ဝသောသူ သည် ပျားလပို့ ကိုပင် ငြင်းပယ် လိမ့်မည်။ မွတ်သိပ် သောသူ မူကား ၊ ခါး သောအရာကို ချို သည်ဟု ထင်တတ်၏။
8 sicut avis transmigrans de nido suo sic vir qui relinquit locum suum
မိမိ နေရာ ကို စွန့် ၍ လည်သောသူ သည် မိမိ အသိုက် ကို စွန့် ၍လည်သော ငှက် နှင့် တူ၏။
9 unguento et variis odoribus delectatur cor et bonis amici consiliis anima dulcoratur
နံ့သာ ဆီနှင့် နံ့သာ ရည်သည် ရွှင်လန်းစေသကဲ့သို့ ၊ ကြည်ညို သောစိတ်နှင့် အကြံ ပေးတတ်သော အဆွေ ခင်ပွန်း၏ ချစ်ဘွယ် သော လက္ခဏာသည် ရွှင်လန်း စေ တတ်၏။
10 amicum tuum et amicum patris tui ne dimiseris et domum fratris tui ne ingrediaris in die adflictionis tuae melior est vicinus iuxta quam frater procul
၁၀ကိုယ် အဆွေ ခင်ပွန်းနှင့် အဘ ၏ အဆွေ ခင်ပွန်းကို မ စွန့် နှင့်။ အမှု ရောက်သောကာလ ၌၊ ညီအစ်ကို အိမ် သို့မ သွား နှင့်။ နီး သောအိမ်နီးချင်း သည် ဝေး သော ညီအစ်ကို ထက် သာ၍ကောင်း ၏။
11 stude sapientiae fili mi et laetifica cor meum ut possim exprobranti respondere sermonem
၁၁ငါ့ သား ၊ ပညာ ရှိလော့။ ကဲ့ရဲ့ သောသူ၏စကား ကို ငါ ချေ နိုင်အောင်၊ ငါ့ စိတ် ကို ရွှင်လန်း စေလော့။
12 astutus videns malum absconditus est parvuli transeuntes sustinuere dispendia
၁၂သမ္မာ သတိရှိသောသူသည် အမှု ကိုမြော်မြင် ၍၊ ပုန်းရှောင် လျက်နေတတ်၏။ ဉာဏ်တိမ် သောသူမူကား၊ အစဉ်အတိုင်းသွား ၍ အမှု နှင့်တွေ့တတ်၏။
13 tolle vestimentum eius qui spopondit pro extraneo et pro alienis auferto pignus
၁၃မကျွမ်း သော သူအတွက် ၊ အမျိုး ပျက်သော မိန်းမအတွက် ၊ အာမခံ တတ်သောသူသည် အဝတ် အစ ရှိသောဥစ္စာတစုံတခုကို ပေါင် ထားစေ။
14 qui benedicit proximo suo voce grandi de nocte consurgens maledicenti similis erit
၁၄နံနက် စောစော ထ၍၊ မိမိ အဆွေ ခင်ပွန်းကို ကျယ် သောအသံ နှင့် ကောင်းကြီး ပေးသောသူသည် ကျိန်ဆဲ ခြင်းကို ပြု ရာရောက်၏။
15 tecta perstillantia in die frigoris et litigiosa mulier conparantur
၁၅ရန်တွေ့ တတ်သော မယား သည် မိုဃ်း သည်းစွာရွာသောနေ့ ၌ အစက်စက် ကျသော မိုဃ်းပေါက်နှင့် တူ၏။
16 qui retinet eam quasi qui ventum teneat et oleum dexterae suae vocabit
၁၆ထိုမိန်းမ ကို သိမ်း ထားသောသူသည် လေ ကို သိမ်း ထားသောသူနှင့်တူ၏။ လက်ျာ လက်၌ လိမ်းသော နံ့သာ ဆီကို ဝှက် ၍မထားနိုင်။
17 ferrum ferro acuitur et homo exacuit faciem amici sui
၁၇သံ ကို သံ ဖြင့်ထက် စေသကဲ့သို့ ၊ လူ သည်အဆွေ ခင်ပွန်း၏ မျက်နှာ ကို ထက် စေတတ်၏။
18 qui servat ficum comedet fructus eius et qui custos est domini sui glorificabitur
၁၈သင်္ဘောသဖန်း ပင်ကို စောင့် သောသူသည် သင်္ဘောသဖန်းသီး ကို စား ရ၏။ ထိုနည်းတူ ၊ သခင် အမှုကို ဆောင်ရွက် သောသူသည် ဂုဏ်အသရေ ကို ရတတ်၏။
19 quomodo in aquis resplendent vultus prospicientium sic corda hominum manifesta sunt prudentibus
၁၉ရေ ၌လူမျက်နှာ ချင်းတူသကဲ့သို့ ၊ လူ တယောက်နှင့်တယောက်စိတ် သဘောတူကြ၏။
20 infernus et perditio non replentur similiter et oculi hominum insatiabiles (Sheol h7585)
၂၀မရဏာ နိုင်ငံနှင့် အဗဒ္ဒုန် နိုင်ငံသည် အလို မ ပြည့်စုံသကဲ့သို့၊ လူ တို့မျက်စိ သည် အလို မ ပြည့်စုံတတ်။ (Sheol h7585)
21 quomodo probatur in conflatorio argentum et in fornace aurum sic probatur homo ore laudantis
၂၁ငွေ စစ်စရာဘို့ မိုက် ရှိ၏။ ရွှေ စစ်စရာဘို့ မီးဖို ရှိ၏။ လူ ကိုစစ်စရာဘို့ သူတပါးချီးမွမ်း ခြင်းရှိ၏။
22 si contuderis stultum in pila quasi tisanas feriente desuper pilo non auferetur ab eo stultitia eius
၂၂မိုက် သောသူကို စပါး နှင့်အတူ ဆုံ ၌ ကျည်ပွေ့ နှင့် ထောင်း သော်လည်း ၊ မိုက် သောသဘောမ ထွက် တတ်။
23 diligenter agnosce vultum pecoris tui tuosque greges considera
၂၃သင် ၏ သိုးစု အကြောင်း တို့ကို သိ ခြင်းငှါကြိုးစား လော့။ နွားစု တို့ကိုလည်း စေ့စေ့ ကြည့်ရှုလော့။
24 non enim habebis iugiter potestatem sed corona tribuetur in generatione generationum
၂၄စည်းစိမ် သည် အမြဲ မ တည်တတ်။ ရှင် ဘုရင်၏ စည်းစိမ်သော်လည်း ၊ လူမျိုး အစဉ်အဆက် မတည် တတ်။
25 aperta sunt prata et apparuerunt herbae virentes et collecta sunt faena de montibus
၂၅မြက်ပင် ပေါက် တတ်၏။ ပျိုး ပင်လည်း ထင်ရှား တတ်၏။ တောင် ယာအသီး ကိုလည်း သိမ်း ရ၏။
26 agni ad vestimentum tuum et hedi agri pretium
၂၆သိုးသငယ် တို့သည် သင် ဝတ် စရာဘို့ ၊ ဆိတ် တို့သည် လည်း မြေ အဘိုး ကိုဖြေစရာဘို့ ပြစ်၏။
27 sufficiat tibi lac caprarum in cibos tuos in necessaria domus tuae et ad victum ancillis tuis
၂၇သင် စားစရာ ဘို့ ၊ အိမ်သူ အိမ်သားစားစရာ ဘို့ ၊ ကျွန် မိန်းမများကို ကျွေး စရာဘို့ ဆိတ် နို့ လောက် လိမ့်မည်။

< Proverbiorum 27 >