< Leviticus 13 >

1 locutus est Dominus ad Mosen et Aaron dicens
တဖန် ထာဝရဘုရား သည်၊ မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
2 homo in cuius carne et cute ortus fuerit diversus color sive pustula aut quasi lucens quippiam id est plaga leprae adducetur ad Aaron sacerdotem vel ad unum quemlibet filiorum eius
လူ သည် ကိုယ် အရေ ၌ အဖူး ဖြစ်စေ ၊ ယားနာ ဖြစ်စေ ၊ နူကွက် ဖြစ်စေ၊ နူ သောလက္ခဏာပေါ် လျှင် ၊ ထိုသူကို ယဇ်ပုရောဟိတ် အာရုန် ထံ သို့ဖြစ်စေ ၊ သူ ၏သား ယဇ်ပုရောဟိတ် တစုံ တယောက်ထံ သို့ဖြစ်စေခေါ် ခဲ့ရမည်။
3 qui cum viderit lepram in cute et pilos in album mutatos colorem ipsamque speciem leprae humiliorem cute et carne reliqua plaga leprae est et ad arbitrium eius separabitur
ယဇ် ပုရောဟိတ်သည်၊ ထိုသူ၏ အရေ ၌ ပေါ်သော အနာ ကို ကြည့်ရှုသောအခါ၊ အနာ ၌ ရှိသောအမွေး သည် ဖြူ လျှင် ၎င်း၊ အနာ သည် အရေ အောက်၌ စွဲဟန် ရှိလျှင်၎င်း နူနာ မှန်၏။ ယဇ် ပုရောဟိတ်သည် ထိုသူ ကို ကြည့်ရှု ပြီးမှ ၊ မ စင်ကြယ်ဟု စီရင်ရမည်။
4 sin autem lucens candor fuerit in cute nec humilior carne reliqua et pili coloris pristini recludet eum sacerdos septem diebus
ကိုယ် အရေ ၌ ရှိသောနူကွက် သည် ဖြူ လျှင် ၎င်း၊ အရေ အောက်၌ စွဲဟန် မ ရှိ၊ အမွေး မ ဖြူ လျှင်၎င်း၊ ယဇ် ပုရောဟိတ်သည်၊ အနာ ရှိသောသူကို ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
5 et considerabit die septimo et siquidem lepra ultra non creverit nec transierit in cute priores terminos rursum includet eum septem diebus aliis
သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ အနာ သည် အရေ ၌ မ တိုးမလျော့နေလျှင် ၊ တဖန် ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
6 et die septimo contemplabitur si obscurior fuerit lepra et non creverit in cute mundabit eum quia scabies est lavabitque homo vestimenta sua et mundus erit
တဖန် သတ္တမ နေ့ ၌ ကြည့်ရှု ၍ အနာ သည် အရေ ၌ မ တိုးပွား ၊ ခပ်မည်းမည်း ဖြစ်လျှင် ၊ ထိုသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ ယားနာသက်သက် ဖြစ်၏။ မိမိ အဝတ် ကို လျှော် ၍ စင်ကြယ် ရ၏။
7 quod si postquam a sacerdote visus est et redditus munditiae iterum lepra creverit adducetur ad eum
စင်ကြယ် စေခြင်းငှါ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ပြီးမှ ၊ နောက်တဖန် ယားနာ တိုးပွား ပြန်လျှင် ၊ ယဇ် ပုရောဟိတ် ကြည့်ရှု ပြန်၍၊
8 et inmunditiae condemnabitur
ယားနာ တိုးပွား သည်ကိုမြင် သောအခါ ၊ ထိုသူ သည် မ စင်ကြယ်ဟု စီရင်ရမည်။ နူနာ ဖြစ်၏။
9 plaga leprae si fuerit in homine adducetur ad sacerdotem
နူနာ စွဲသောသူ ကို ယဇ်ပုရောဟိတ် ထံ သို့ခေါ် ခဲ့ရမည်။
10 et videbit eum cumque color albus in cute fuerit et capillorum mutarit aspectum ipsa quoque caro viva apparuerit
၁၀ယဇ်ပုရောဟိတ် ကြည့်ရှု ၍ ၊ အရေ ၌ ထ သော အဖူးနှင့်တကွ အမွေး သည် ဖြူ လျှင် ၎င်း၊ အဖူး ၌ အသား စို ရှိလျှင်၎င်း၊
11 lepra vetustissima iudicabitur atque inolita cuti contaminabit itaque eum sacerdos et non recludet quia perspicue inmunditia est
၁၁ကိုယ် အရေ ၌ ဟောင်း သော နူနာ ဖြစ်၏။ ထိုသူသည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်၍ ချုပ် ထားသဖြင့် ၊ သူ သည် မ စင်ကြယ်ဘဲနေရမည်။
12 sin autem effloruerit discurrens lepra in cute et operuerit omnem carnem a capite usque ad pedes quicquid sub aspectu oculorum cadit
၁၂နူနာ သည် အရေ ၌ တိုးပွား ၍ အနာ စွဲသော သူတကိုယ်လုံး ၊ ခေါင်း ထိပ်မှ သည် ခြေဘဝါး တိုင်အောင် ၊ ယဇ်ပုရောဟိတ် ကြည့်ရှု လေရာရာ ၌ နူနာ နှံ့ပြား လျှင်၊
13 considerabit eum sacerdos et teneri lepra mundissima iudicabit eo quod omnis in candorem versa sit et idcirco homo mundus erit
၁၃ထိုသို့ တကိုယ်လုံး အနာ နှံ့ပြား သောသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် ဆင်ခြင် ၍ စီရင်ရမည်။ တကိုယ်လုံး ဖြူ သည်ဖြစ်၍စင်ကြယ် ၏။
14 quando vero caro vivens in eo apparuerit
၁၄သို့မဟုတ် အသား စို ပေါ် လျှင် မ စင်ကြယ်။
15 tunc sacerdotis iudicio polluetur et inter inmundos reputabitur caro enim viva si lepra aspergatur inmunda est
၁၅ယဇ် ပုရောဟိတ်သည် အသား စို ကို ကြည့်ရှု ၍ ထိုသူ သည် မ စင်ကြယ်ဟု စီရင်ရမည်။ အသား စို သည် မ စင်ကြယ်။ နူနာ အမှန်ဖြစ်၏။
16 quod si rursum versa fuerit in alborem et totum hominem operuerit
၁၆အသား စို သည် ခြားနား ၍ ဖြူ ပြန်လျှင် ၊ ယဇ်ပုရောဟိတ် ထံ သို့တဖန် လာ ရမည်။
17 considerabit eum sacerdos et mundum esse decernet
၁၇ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ အနာ ဖြူ ပြန်သည်ကိုမြင် လျှင် ၊ ထိုအနာ ရှိသောသူ စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရသဖြင့် သူ သည် စင်ကြယ် ၏။
18 caro et cutis in qua ulcus natum est et sanatum
၁၈ကိုယ် အရေ ၌ အနာစိမ်း ဖြစ် ၍ ပျောက် ပြီးမှ၊
19 et in loco ulceris cicatrix apparuerit alba sive subrufa adducetur homo ad sacerdotem
၁၉အနာ ရွတ်၌ ဖြူ သောအဖူး ဖြစ်စေ ၊ ဖြူ နီ သော အနူ ကွက်ဖြစ်စေ၊ ပေါ် လာသည်ကို ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍၊
20 qui cum viderit locum leprae humiliorem carne reliqua et pilos versos in candorem contaminabit eum plaga enim leprae orta est in ulcere
၂၀အရေ အောက်၌ စွဲဟန် ရှိ၍ အမွေး ဖြူ လျှင် ၊ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ အနာစိမ်း ထဲက ထွက်သော နူနာ ဖြစ်၏။
21 quod si pilus coloris est pristini et cicatrix subobscura et vicina carne non est humilior recludet eum septem diebus
၂၁ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ ဖြူ သောအမွေး မ ရှိ၊ အရေ အောက်၌ မ စွဲ၊ ခပ်မည်းမည်း ဖြစ်လျှင် ၊ ယဇ် ပုရောဟိတ်သည် ထိုသူ ကို ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
22 et siquidem creverit adiudicabit eum leprae
၂၂အရေ ၌ တိုးပွား လျှင် ၊ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာ ဖြစ်၏။
23 sin autem steterit in loco suo ulceris est cicatrix et homo mundus erit
၂၃သို့မဟုတ် နူကွက် မ ရွေ့၊ မ တိုးပွား လျှင် အနာစိမ်း ရွတ် ဖြစ်၏။ ထိုသူ စင်ကြယ် ၏ဟု စီရင်ရမည်။
24 caro et cutis quam ignis exuserit et sanata albam sive rufam habuerit cicatricem
၂၄အရေ အသား ၌ မီး လောင် နာရှိ ၍ ၊ မီးလောင်နာ အသားစို၌ ဖြူ နီ သော နူကွက် ရှိ လျှင်၊
25 considerabit eam sacerdos et ecce versa est in alborem et locus eius reliqua cute humilior contaminabit eum quia plaga leprae in cicatrice orta est
၂၅ယဇ် ပုရောဟိတ်သည် ကြည့်ရှု ရမည်။ နူကွက် အမွေး ဖြူ ၍ အရေ အောက်၌ စွဲဟန် ရှိလျှင် ၊ မီး လောင်နာ ထဲက ထွက် သော နူနာ ဖြစ်၏။ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာ မှန်၏။
26 quod si pilorum color non fuerit inmutatus nec humilior plaga carne reliqua et ipsa leprae species fuerit subobscura recludet eum septem diebus
၂၆ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ နူကွက် ၌ ဖြူ သော အမွေး မ ရှိ၊ အရေ အောက်၌ မ စွဲ၊ ခပ်မည်းမည်း ဖြစ်လျှင် ၊ ယဇ် ပုရောဟိတ်သည် ထိုသူ ကို ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
27 et die septimo contemplabitur si creverit in cute lepra contaminabit eum
၂၇သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ နူကွက်သည် အရေ ၌ တိုးပွား လျှင် ၊ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာ ဖြစ်၏။
28 sin autem in loco suo candor steterit non satis clarus plaga conbustionis est et idcirco mundabitur quia cicatrix est conbusturae
၂၈သို့မဟုတ် နူကွက် မ ရွေ့ အရေ ၌ မ တိုးပွား ခပ်မည်းမည်း ဖြစ်လျှင် ၊ မီ လောင်နာ အဖူး ဖြစ်၏။ ထိုသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ မီး လောင်သော အနာရွတ် သက်သက်ဖြစ်၏။
29 vir sive mulier in cuius capite vel barba germinarit lepra videbit eos sacerdos
၂၉ယောက်ျား မိန်းမ သည်လည်း ၊ ခေါင်း ၌ ဖြစ်စေ ၊ မေး ၌ ဖြစ်စေ၊ အနာ ပေါက်၍၊
30 et siquidem humilior fuerit locus carne reliqua et capillus flavus solitoque subtilior contaminabit eos quia lepra capitis ac barbae est
၃၀ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ အရေ အောက်၌ စွဲဟန် နှင့်တကွ အမွေး ဝါဝါ ပါးပါး ရှိလျှင် ၊ ထိုသူ မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ ခေါင်း ၌ဖြစ်စေ ၊ မေး ၌ဖြစ်စေ၊ ဗောက်နူနာ ဖြစ်၏။
31 sin autem viderit et locum maculae aequalem vicinae carni et capillum nigrum recludet eos septem diebus
၃၁ထိုအနာ ကို ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ အရေ အောက်၌ စွဲဟန် မ ရှိ၊ နက် သော အမွေး လည်း မ ရှိလျှင် ၊ ထိုအနာ ပေါက်သောသူကို၊ ယဇ် ပုရောဟိတ်သည် ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
32 et die septimo intuebitur si non creverit macula et capillus sui coloris est et locus plagae carni reliquae aequalis
၃၂သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ အနာ မ တိုးပွား ၊ ပါးသောအမွှေး မ ရှိ ၊ အရေ အောက်၌ စွဲဟန် လည်း မ ရှိလျှင်၊
33 radetur homo absque loco maculae et includetur septem diebus aliis
၃၃ထိုသူ၏ အမွေးကိုရိတ် ရမည်။ အနာ အမွေးကိုကား မ ရိတ် ရ။ တဖန် ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။
34 si die septimo visa fuerit stetisse plaga in loco suo nec humilior carne reliqua mundabit eum lotisque vestibus mundus erit
၃၄သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ အရေ ၌ အနာ မ တိုးပွါး ၊ အရေ အောက်၌ မ စွဲလျှင် ၊ ထိုသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ မိမိ အဝတ် ကို လျှော် ၍ စင်ကြယ် ရ၏။
35 sin autem post emundationem rursus creverit macula in cute
၃၅စင်ကြယ် စေပြီးမှ ၊ နောက်တဖန် ဗောက်နူနာ တိုးပွါး လျှင်၊
36 non quaeret amplius utrum capillus in flavum colorem sit commutatus quia aperte inmundus est
၃၆ယဇ် ပုရောဟိတ်သည် ကြည့်ရှု ပြန်၍ အနာ တိုးပွါး သည်မှန်လျှင် ၊ ယဇ် ပုရောဟိတ်သည် ဝါ သောအမွေး ကို မ ရှာ ရ။ ထိုသူ သည် မ စင်ကြယ်။
37 porro si steterit macula et capilli nigri fuerint noverit hominem esse sanatum et confidenter eum pronuntiet mundum
၃၇သို့မဟုတ် ဗောက်နူနာ သည် ရပ် နေဟန်ရှိ၍ နက် သော အမွေး ပေါက် လျှင် ၊ အနာ ပျောက် ၍ ထိုသူ သည် စင်ကြယ် သောကြောင့် ၊ ယဇ် ပုရောဟိတ်က ထိုသူ သည် စင်ကြယ် ၏ဟု စီရင်ရမည်။
38 vir et mulier in cuius cute candor apparuerit
၃၈ယောက်ျား မိန်းမ သည်လည်း ၊ ကိုယ် အရေ ၌ ဖြူ သောနူကွက် ရှိ ၍၊
39 intuebitur eos sacerdos si deprehenderit subobscurum alborem lucere in cute sciat non esse lepram sed maculam coloris candidi et hominem mundum
၃၉ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ မွဲ သောအဆင်းရှိလျှင်၊ အရေ ၌ ပေါက် သော ညှင်း ဖြစ်၏။ ထိုသူ သည် စင်ကြယ် ၏။
40 vir de cuius capite capilli fluunt calvus ac mundus est
၄၀ဆံပင် ကျွတ် သောသူ သည်၊ ခေါင်းပြောင် သော်လည်း စင်ကြယ် ၏။
41 et si a fronte ceciderint pili recalvaster et mundus est
၄၁နဖူး ဆံ ကျွတ် သောသူ သည် နဖူးပြောင် သော်လည်းစင်ကြယ် ၏။
42 sin autem in calvitio sive in recalvatione albus vel rufus color fuerit exortus
၄၂ပြောင် သောခေါင်း၌ ဖြစ်စေ ၊ ပြောင် သောနဖူး၌ ဖြစ်စေ၊ ဖြူ နီ သောအနာ ပေါက် လျှင် ၊ ထိုပြောင်ရာ၌ ပေါက်သော နူနာဖြစ်၏။
43 et hoc sacerdos viderit condemnabit eum haut dubiae leprae quae orta est in calvitio
၄၃ထိုအခါ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ ကိုယ် အရေ ၌ နူနာ ထင် သကဲ့သို့ ၊ ပြောင် ရာ၌ ပေါက်သော အနာ ၏အဖူး ဖြူ နီ လျှင်၊
44 quicumque ergo maculatus fuerit lepra et separatus ad arbitrium sacerdotis
၄၄ထိုသူ သည် မ စင်ကြယ်။ လူ နူ ဖြစ်၏။ ခေါင်း ၌ အနာ ပေါက်သောကြောင့်၊ အလျှင်းမ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။
45 habebit vestimenta dissuta caput nudum os veste contectum contaminatum ac sordidum se clamabit
၄၅နူနာ စွဲသောသူသည် စုတ် သော အဝတ် ကို ဝတ် ရမည်။ ခေါင်း ကို မ ဖုံး၊ အထက် နှုတ်ခမ်းကို ဖုံး လျက် ၊ မ စင်ကြယ်၊ မ စင်ကြယ်ဟု ဟစ်ကြော် ရမည်။
46 omni tempore quo leprosus est et inmundus solus habitabit extra castra
၄၆ထိုအနာ စွဲသည် ကာလ ပတ်လုံး ၊ သူသည် ညစ်ညူး ၏ မ စင်ကြယ်သည်ဖြစ်၍တယောက် တည်းနေ ရမည်။ သူ့ နေရာ သည် တပ် ပြင် မှာ ရှိရမည်။
47 vestis lanea sive linea quae lepram habuerit
၄၇၎င်း နည်းနူနာ စွဲသော အဝတ် သည်၊ ပိတ် အဝတ် ဖြစ်စေ ၊ သိုးမွေး အဝတ်ဖြစ်စေ၊
48 in stamine atque subtemine aut certe pellis vel quicquid ex pelle confectum est
၄၈ရက်ကန်း ပင်ဖြစ်စေ ၊ ရက်ကန်း သားဖြစ်စေ၊ သားရေ ဖြစ်စေ၊ သားရေ နှင့်လုပ် သော အသုံးအဆောင် ဖြစ်စေ၊
49 si alba aut rufa macula fuerit infecta lepra reputabitur ostendeturque sacerdoti
၄၉အဝတ် ၌ စွဲသောအနာသည် ခပ်စိမ်းစိမ်း ၊ ခပ်နီနီ ရှိလျှင်၊ နူနာ ဖြစ် ၏။ ယဇ်ပုရောဟိတ် အား ပြ ရမည်။
50 qui consideratam recludet septem diebus
၅၀ယဇ် ပုရောဟိတ်သည် အနာ စွဲသော အဝတ်ကို ကြည့်ရှု ၍ ခုနစ် ရက် ပတ်လုံးလုံခြုံ စွာ ထားရမည်။
51 et die septimo rursus aspiciens si crevisse deprehenderit lepra perseverans est pollutum iudicabit vestimentum et omne in quo fuerit inventa
၅၁သတ္တမ နေ့ ၌ တဖန်ကြည့်ရှု ၍ အဝတ် ၌ အနာ တိုးပွါး လျှင် ၊ ရက်ကန်း ပင်ဖြစ်စေ ၊ ရက်ကန်း သားဖြစ်စေ၊ သားရေ ဖြစ်စေ ၊ သားရေနှင့် လုပ် သော အရာ ဖြစ်စေ၊ မ စင်ကြယ်။ စားတတ်သော နူနာ စွဲပြီ။
52 et idcirco conburetur flammis
၅၂ထိုအဝတ် ကို မီး ရှို့ရမည်။ စားတတ်သော နူနာ စွဲသော ရက်ကန်း ပင်၊ ရက်ကန်း သား၊ ပိတ် အဝတ်၊ သိုးမွေး အဝတ်၊ သားရေ အသုံး အဆောင်ကို မီး ရှို့ ရမည်။
53 quod si eam viderit non crevisse
၅၃ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ ရက်ကန်း ပင်၊ ရက်ကန်း သားအဝတ် ၊ သားရေ အသုံး အဆောင်၌ အနာ မ တိုးပွါး လျှင်၊
54 praecipiet et lavabunt id in quo lepra est recludetque illud septem diebus aliis
၅၄အနာ စွဲသောအရာကို ဆေး လျော်စေမည်အကြောင်း ၊ ယဇ်ပုရောဟိတ် စီရင် ၍ တဖန် ခုနစ် ရက် ပတ်လုံး လုံခြုံ စွာ ထားရမည်။
55 et cum viderit faciem quidem pristinam non reversam nec tamen crevisse lepram inmundum iudicabit et igne conburet eo quod infusa sit in superficie vestimenti vel per totum lepra
၅၅ဆေး လျှော် ပြီးမှ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ပြန်၍ ၊ အနာ မ တိုးပွါး သော်လည်း ၊ အဆင်း မ ခြားနား လျှင် ၊ မ စင်ကြယ်။ မီး ရှို့ ရမည်။ အတွင်း ၌ ဖြစ်စေ ၊ ပြင် ၌ ဖြစ်စေ၊ ဆွေးမြေ့ခြင်းရှိ၏။
56 sin autem obscurior fuerit locus leprae postquam vestis est lota abrumpet eum et a solido dividet
၅၆ဆေး လျှော်ပြီးမှ ၊ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ အနာ သည် ခပ်မည်းမည်း ဖြစ်လျှင် ၊ အဝတ် ၊ သားရေ ၊ ရက်ကန်း ပင်၊ ရက်ကန်း သားထဲက အနာကွက်ကို ဆုတ် ဖဲ့ရမည်။
57 quod si ultra apparuerit in his locis quae prius inmaculata erant lepra volatilis et vaga debet igne conburi
၅၇နောက် တဖန် ထိုရက်ကန်း ပင်၊ ရက်ကန်း သားအဝတ် ၊ သားရေ အသုံး အဆောင်၌ အနာပေါ် ပြန်လျှင် ၊ တိုးပွား တတ်သောအနာ ဖြစ်၏။ ထိုသို့အနာ စွဲသောဥစ္စာကို မီး ရှို့ ရမည်။
58 si cessaverit lavabit ea quae pura sunt secundo et munda erunt
၅၈ရက်ကန်း ပင်၊ ရက်ကန်း သားအဝတ် ၊ သားရေ အသုံး အဆောင်ဟူသမျှ ကို ဆေး လျှော်၍ အနာ ပျောက် လျှင် ၊ ဒုတိယ အကြိမ် ဆေး လျှော်၍ စင်ကြယ် ရ၏။
59 ista est lex leprae vestimenti lanei et linei staminis atque subteminis omnisque supellectilis pelliciae quomodo mundari debeat vel contaminari
၅၉ဤရွေ့ကား ၊ စင်ကြယ် သည်၊ မ စင်ကြယ်သည်ကို စီရင်စေခြင်းငှါ ၊ နူနာ စွဲသော ပိတ် အဝတ်၊ သိုးမွေး အဝတ် ၊ ရက်ကန်း ပင်၊ ရက်ကန်း သား၊ သားရေ အသုံး အဆောင်တို့နှင့်ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။

< Leviticus 13 >