< Iudicum 5 >

1 cecineruntque Debbora et Barac filius Abinoem in die illo dicentes
ထို နေ့ ၌ ဒေဗောရ နှင့် အဘိနောင် ၏ သား ဗာရက် တို့ဆို သော သီချင်းစကားဟူမူကား၊
2 qui sponte obtulistis de Israhel animas vestras ad periculum benedicite Domino
ဣသရေလ အမျိုး၌ မင်း တို့သည် အဦးပြုသောကြောင့်၎င်း၊ ဆင်းရဲသားတို့သည် စေတနာစိတ်နှင့် မိမိကိုယ်ကိုလှူ သောကြောင့်၎င်း၊ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
3 audite reges percipite auribus principes ego sum ego sum quae Domino canam psallam Domino Deo Israhel
အိုရှင်ဘုရင် တို့ ကြား ကြလော့။ အိုမင်းသား တို့ နားထောင် ကြလော့။ ငါသီချင်းဆို မည်။ ထာဝရဘုရား အား သီချင်းဆိုမည်။ ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား ၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း မည်။
4 Domine cum exires de Seir et transires per regiones Edom terra mota est caelique ac nubes stillaverunt aquis
အိုထာဝရဘုရား ၊ ကိုယ်တော် သည် စိရ တောင်ရိုးပေါ်မှ ကြွ ၍ ဧဒုံ တော မှ စစ်ချီ တော်မူသောအခါ ၊ မြေကြီး လှုပ် ၍ မိုဃ်း ရွာသဖြင့် မိုဃ်းတိမ် တို့မှ မိုဃ်းရေ သည် စီး ပါ၏။
5 montes fluxerunt a facie Domini et Sinai a facie Domini Dei Israhel
တောင်ရိုး တို့သည် ထာဝရဘုရား ရှေ့ တော်၌ ၎င်း၊ သိနာ တောင်သည်လည်း ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ၎င်း တုန်လှုပ် ပါ၏။
6 in diebus Samgar filii Anath in diebus Iahel quieverunt semitae et qui ingrediebantur per eas ambulaverunt per calles devios
အာနတ် သား ရှံဂါ မင်းလက်ထက် ၌ ၎င်း၊ ယေလ မင်းလက်ထက် ၌ ၎င်း၊ လမ်းမ တို့သည် ဆိတ်ညံ လျက် ရှိ၍ ခရီးသွား သောသူတို့သည် လမ်းကြားတို့၌ လိုက် သွားရကြ၏။
7 cessaverunt fortes in Israhel et quieverunt donec surgeret Debbora surgeret mater in Israhel
ဣသရေလ အမျိုး၌ မင်းဆက်ပြတ် လျက်ရှိ၏။ ငါဒေဗောရ သည် မပေါ် ၊ ငါသည် ဣသရေလ အမျိုး၌ အမိ မပေါ်ထွန်း မှီတိုင်အောင် မင်းဆက်ပြတ် လျက် ရှိ၏။
8 nova bella elegit Dominus et portas hostium ipse subvertit clypeus et hasta si apparuerint in quadraginta milibus Israhel
ဣသရေလအမျိုးသားတို့သည် ဘုရား သစ် တို့ကို ရွေး ယူကြ၏။ ထိုအခါ သူတို့မြို့ များကို ရန်သူတို့သည် တိုက်လာကြ၏။ ဣသရေလ အမျိုးသားလေးသောင်း တွင် ဒိုင်းလွှား တခု၊ လှံ တစင်းမျှ မရှိ။
9 cor meum diligit principes Israhel qui propria voluntate obtulistis vos discrimini benedicite Domino
စေတနာစိတ်ရှိ၍ ဆင်းရဲသား တို့တွင် မိမိကိုယ်ကို လှူ သော ဣသရေလ အမျိုး မင်း တို့အား ငါ စိတ် နူးညွတ်၏။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
10 qui ascenditis super nitentes asinos et sedetis in iudicio et ambulatis in via loquimini
၁၀ဖြူ သော မြည်း ကို စီး သောသူ၊ တရားမှု ကို စီရင် သောသူ၊ လမ်း ၌ သွား သောသူတို့၊
11 ubi conlisi sunt currus et hostium est suffocatus exercitus ibi narrentur iustitiae Domini et clementia in fortes Israhel tunc descendit populus Domini ad portas et obtinuit principatum
၁၁ရေကျင်း များအနား မှာ လက်ရဥစ္စာကို ဝေမျှသောသူတို့၏အသံ ကိုကြားသောအခါ သီချင်းဆိုကြလော့။ ထာဝရဘုရား ၏ တရား သောအမှု၊ ဣသရေလ မြို့ရွာတို့၌ တရား သဖြင့် ပြုတော်မူသောအမှုတို့ကို ထို အရပ်တို့တွင် ချီးမွမ်း ကြလိမ့်မည်။ ထိုအခါ ထာဝရဘုရား ၏ လူ တို့သည် မိမိတို့နေသောမြို့ သို့ ပြန် သွားကြလိမ့်မည်။
12 surge surge Debbora surge surge et loquere canticum surge Barac et adprehende captivos tuos fili Abinoem
၁၂နိုး ပါ၊ နိုး ပါ၊ ဒေဗောရ ။ နိုး ပါ၊ နိုး ပါ၊ သီချင်း ဆို ပါ၊ အိုဗာရက် ၊ ထ ပါ၊ အဘိနောင် သား ၊ သင် ဘမ်းဆီး ချုပ် ထားသောသူတို့ကို ထုတ်ပြပါ။
13 salvatae sunt reliquiae populi Dominus in fortibus dimicavit
၁၃ထိုအခါ ကျန်ကြွင်း သောသူတို့သည် သူရဲကြီး တို့ထံသို့ ဆင်း ကြ၏။ ထာဝရဘုရား ၏လူ တို့သည် အစွမ်း တန်ခိုးကြီးသောသူတို့ထံသို့ ငါ့ အဘို့ ဆင်း ကြ၏။
14 ex Ephraim delevit eos in Amalech et post eum ex Beniamin in populos tuos o Amalech de Machir principes descenderunt et de Zabulon qui exercitum ducerent ad bellandum
၁၄အာမလက် လူနေရာအနားမှာ နေရာကျသောသူတို့သည် ဧဖရိမ် ခရိုင်ထဲက ထွက်လာကြ၏။ သူတို့နောက်မှာ သင်၏ ဗိုလ်ခြေတို့တွင် ဗင်္ယာမိန် အမျိုးသားတို့သည် လိုက်ကြ၏။ မာခိရ အမျိုးထဲက မင်းများ၊ ဇာဗုလုန် အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာ ကြ၏။
15 duces Isachar fuere cum Debbora et Barac vestigia sunt secuti qui quasi in praeceps ac baratrum se discrimini dedit diviso contra se Ruben magnanimorum repperta contentio est
၁၅ဣသခါ မင်း တို့သည်လည်း ၊ ဒေဗောရ ၌ ပါ၍ ဣသခါ အမျိုးသည် ဗာရက် ၏ လက်ရုံးဖြစ်၏။ ဗာရက် နောက် မှာ ချိုင့် ထဲ သို့ ပြေးလိုက်ကြ၏။ ရုဗင် အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံး ပြဌာန်း ခြင်း များ ကြ၏။
16 quare habitas inter duos terminos ut audias sibilos gregum diviso contra se Ruben magnanimorum repperta contentio est
၁၆နောက်တဖန်သင်သည် သိုး မြည်သံ ကို နားထောင် ခြင်းငှါ တောင် ကြား မှာ အဘယ်ကြောင့် ထိုင် နေသနည်း။ ရုဗင် အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံး တွန့်တို ခြင်းများ ကြသည်တကား။
17 Galaad trans Iordanem quiescebat et Dan vacabat navibus Aser habitabat in litore maris et in portibus morabatur
၁၇ဂိလဒ် ပြည်သားတို့သည် ယော်ဒန် မြစ်တစ်ဘက် ၌ ငြိမ်ဝပ်စွာနေ ကြ၏။ ဒန် အမျိုးသည် သင်္ဘော ဆိပ် အနားမှာ အဘယ်ကြောင့် နေ ရစ်သနည်း။ အာရှာ အမျိုးသည်လည်း ပင်လယ် ကမ်းနား သင်္ဘောဆိုက်ရာ ကွေ့ တို့၌ မလှုပ်ဘဲငြိမ်ဝပ်စွာနေ သည်တကား။
18 Zabulon vero et Nepthalim obtulerunt animas suas morti in regione Merome
၁၈ဇာဗုလုန် အမျိုး သည် အသက် ကို စွန့်စား သည်တိုင်အောင်ရဲရင့်၍ နဿလိ အမျိုးသည် မြင့် သော တော အရပ်၌ ထိုနည်းတူပြု၏။
19 venerunt reges et pugnaverunt pugnaverunt reges Chanaan in Thanach iuxta aquas Mageddo et tamen nihil tulere praedantes
၁၉ရှင်ဘုရင် တို့သည် လာ ၍ စစ်တိုက် ကြ၏။ ခါနနိ ရှင်ဘုရင် တို့သည် မေဂိဒ္ဒေါ အိုင် ၊ တာနက် မြို့အနား မှာ တိုက် သော်လည်း၊ ငွေ ကို လုယူ ၍ မ ရ ကြ။
20 de caelo dimicatum est contra eos stellae manentes in ordine et cursu suo adversum Sisaram pugnaverunt
၂၀ကောင်းကင် မှ စစ်ကူ ကြ၏။ ကြယ် တို့သည် လှည့်ပတ် စဉ်အခါသိသရ ကို စစ်တိုက် ကြ၏။
21 torrens Cison traxit cadavera eorum torrens Cadumim torrens Cison conculca anima mea robustos
၂၁ကိရှုန် မြစ် ၊ စစ်မှုကြောင့် ကျော်စောသောမြစ် ၊ ကိရှုန် မြစ် သည် ရန်သူ တို့ကို ပယ် သွား၏။ အိုငါ့ ဝိညာဉ် ၊ သင်သည် ခွန်အားကြီး သောသူကို နှိပ် နင်းပြီ။
22 ungulae equorum ceciderunt fugientibus impetu et per praeceps ruentibus fortissimis hostium
၂၂ထိုအခါ မြင်းစီးသူရဲ တို့သည် မြင်း ကို နှင် လျက် နှင် လျက် စီးသောကြောင့်၊ မြင်းတို့သည် မြေကို ခွာ နှင့် ထိခိုက် လျက် ပြေးကြ၏။
23 maledicite terrae Meroz dixit angelus Domini maledicite habitatoribus eius quia non venerunt ad auxilium Domini in adiutorium fortissimorum eius
၂၃မေရောဇမြို့သားတို့သည် ထာဝရ ဘုရားဘက်၊ စစ်သူရဲ တို့နှင့် ဝိုင်း၍ ထာဝရ ဘုရားဘက်သို့ မ ကူ ကြသောကြောင့် ၊ မေရောဇ မြို့ကို ကျိန် ကြလော့။ မြို့ သားတို့ကို ပြင်းစွာကျိန် ကြလော့ဟု ထာဝရဘုရား ၏ကောင်းကင်တမန် သည် မှာ ထား၏။
24 benedicta inter mulieres Iahel uxor Aber Cinei benedicatur in tabernaculo suo
၂၄ကေနိ အမျိုးသားဟေဗာ ၏မယား ယေလ သည်၊ မိန်းမ တကာတို့ထက် မြတ်စွာသော မင်္ဂလာ ရှိ၏။ တဲ ၌ နေသောမိန်းမ တကာတို့ထက် မြတ်စွာသော မင်္ဂလာ ရှိ၏။
25 aquam petenti lac dedit et in fiala principum obtulit butyrum
၂၅ထိုသူသည် ရေ ကို တောင်း ၍ ယေလသည် နို့ ကိုပေး ၏။ မင်း သုံးသော ဖလား နှင့် နို့ဓမ်း ကို ဆက် လေ၏။
26 sinistram manum misit ad clavum et dexteram ad fabrorum malleos percussitque Sisaram quaerens in capite vulneri locum et tempus valide perforans
၂၆တဲတံသင် ကို ယူ ၍ လက်ျာ လက်နှင့် လက်ရိုက် ကို ကိုင်လျက် သိသရ ကို ရိုက် လေ၏။ သူ ၏ ခေါင်း ကို ထိုး ရိုက်၍ နားပန်း ကို ထုတ်ချင်း ခွင်းဖောက် လေ၏။
27 inter pedes eius ruit defecit et mortuus est ante pedes illius volvebatur et iacebat exanimis et miserabilis
၂၇သူသည် ယေလ ခြေရင်း ၌ ကျ ၍ လဲ လျက် တုံးလုံးနေ၏။ ခြေရင်း ၌ ကျ လဲ ၍ ကျ ရာအရပ် ၌ သေ လျက် လဲ နေ၏။
28 per fenestram prospiciens ululabat mater eius et de cenaculo loquebatur cur moratur regredi currus eius quare tardaverunt pedes quadrigarum illius
၂၈သိသရ အမိ သည် ပြတင်းပေါက် ဝဖြင့် ကြည့် ၍ ကုလားကာ အတွင်း ၌ နေလျက်၊ သူ ၏ ရထား သည် အဘယ်ကြောင့် လာ ခဲ သနည်း။ ရထား ဘီး တို့သည် အဘယ်ကြောင့် နှေး သနည်းဟု မြည်တမ်း လေ၏။
29 una sapientior ceteris uxoribus eius haec socrui verba respondit
၂၉ပညာရှိ သော မင်းသမီး တို့သည် ပြန် လျှောက်သည်သာမက ၊ သူ့ကိုယ်တိုင်ပြန် ပြောသည်ကား၊
30 forsitan nunc dividit spolia et pulcherrima feminarum eligitur ei vestes diversorum colorum Sisarae traduntur in praedam et supellex varia ad ornanda colla congeritur
၃၀သူတို့သည် တွေ့ ၍ရသောဥစ္စာ ကို ဝေဖန် လျက် နေကြသည်မဟုတ် လော။ စစ်သူရဲ တို့အား အပျိုကညာ တယောက်နှစ်ယောက်စီ၊ သိသရ ဘို့ ပန်းဆိုးသော အဝတ် ၊ ပန်းဆိုး၍ ချယ်လှယ် သော အဝတ် တန်ဆာ၊ အောင် သောသူတို့၏ လည်ပင်း ၌ ဆင်စရာဘို့ ပန်းဆိုး၍ ချယ်လှယ် လျက် အဆင်းအရောင်ထူးခြားသော အဝတ် တန်ဆာကို လုယူ၍ ဝေဖန်လျက် နေကြသည် မဟုတ်လောဟု သိသရ၏ အမိသည် ဆိုတတ်၏။
31 sic pereant omnes inimici tui Domine qui autem diligunt te sicut sol in ortu suo splendet ita rutilent quievitque terra per quadraginta annos
၃၁အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ရန်သူ အပေါင်း တို့သည် ထိုသို့ ပျက်စီး ခြင်းသို့ ရောက်ကြပါစေသော။ ထာဝရ ဘုရားကို ချစ် သောသူတို့သည် အရှိန် တန်ခိုးနှင့် ထွက် သွားသော နေ မင်းကဲ့သို့ ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထို့နောက် အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း လေ၏။

< Iudicum 5 >