< Iudicum 18 >

1 in diebus illis non erat rex in Israhel et tribus Dan quaerebat possessionem sibi ut habitaret in ea usque ad illum enim diem inter ceteras tribus sortem non acceperat
ထို ကာလ အခါ ဣသရေလ ရှင်ဘုရင် မ ရှိစဉ်၊ ဒန် အမျိုးသား တို့သည် အမွေခံ စရာမြေကို ရှာ ကြ၏။ ထို ကာလ တိုင်အောင် အခြားသော ဣသရေလ အမျိုး တို့တွင် ၊ အမွေခံ ထိုက်သည်အတိုင်းမ ခံရ သေး။
2 miserunt igitur filii Dan stirpis et familiae suae quinque viros fortissimos de Saraa et Esthaol ut explorarent terram et diligenter inspicerent dixeruntque eis ite et considerate terram qui cum pergentes venissent in montem Ephraim et intrassent domum Micha requieverunt ibi
သို့ဖြစ်၍ ဒန် အမျိုးသား တို့သည် ပြည် ကို ကြည့်ရှု စူးစမ်း စေခြင်းငှါ မိမိ တို့ အမျိုးသား ခွန်အား ကြီးသော သူရဲ ငါး ယောက်တို့ကို သူတို့နေရာအရပ် ဇောရာ မြို့၊ ဧရှတောလ မြို့မှ စေလွှတ် လျက်၊ ပြည် ကို သွား ၍ စူးစမ်း ကြလော့ဟု မှာ လိုက်ကြသည်အတိုင်း၊ သူတို့သည် ဧဖရိမ် တောင် ၊ မိက္ခါ အိမ် သို့ ရောက် ပြီးလျှင် တည်းခို ၍နေကြ၏။
3 et agnoscentes vocem adulescentis Levitae utentesque illius diversorio dixerunt ad eum quis te huc adduxit quid hic agis quam ob causam huc venire voluisti
မိက္ခါ အိမ် ၌ ရှိစဉ်အခါ၊ လေဝိ လုလင် ၏ စကား သံကို မှတ်မိ ၍ ၊ သူ့နေရာသို့ ဝင် လျှင် ၊ သင်သည် ဤအရပ်သို့ အဘယ်ကြောင့် ရောက်သနည်း။ ဤသူနှင့် အဘယ်သို့ဆိုင်သနည်း။ အဘယ်သို့ လုပ် ၍ နေသနည်းဟုမေးသော်၊
4 qui respondit eis haec et haec praestitit mihi Michas et me mercede conduxit ut sim ei sacerdos
ထိုသူက၊ မိက္ခါ သည် ဤမည်သောအမှု ဤမည်သော အရာကို ပေး၍ ငါ့ ကို ငှါး သဖြင့် ၊ ငါသည် သူ ၏ ယဇ်ပုရောဟိတ် လုပ် နေသည်ဟု ပြန် ပြော၏။
5 rogaveruntque eum ut consuleret Dominum et scire possent an prospero itinere pergerent et res haberet effectum
သူတို့ကလည်း၊ အကျွန်ုပ် တို့သည် ယခု ခရီး သွား ရာတွင် အကြံ မြောက်မည် မမြောက်မည်ကို သိ မည်အကြောင်း ဘုရား သခင်ကို မေးမြန်း ပါလော့ဟု တောင်းပန် သည်အတိုင်း၊
6 qui respondit eis ite cum pace Dominus respicit viam vestram et iter quo pergitis
ယဇ် ပုရောဟိတ်က ငြိမ်ဝပ် စွာသွား ကြလော့။ သင် တို့သွား ရာလမ်း ကို ထာဝရဘုရား ကြည့်ရှုတော်မူသည်ဟု ပြန်ပြော ၏။
7 euntes itaque quinque viri venerunt Lais videruntque populum habitantem in ea absque ullo timore iuxta Sidoniorum consuetudinem securum et quietum nullo eis penitus resistente magnarumque opum et procul a Sidone atque a cunctis hominibus separatum
ထိုလူ ငါး ယောက်တို့သည် ထွက် သွား၍ လဲရှ မြို့သို့ ရောက် သဖြင့် ၊ မြို့သား တို့သည် ဇိဒုန် အမျိုးသားတို့ သတိမရှိသကဲ့သို့ သတိ မရှိ၊ မ စိုးရိမ်ဘဲ ငြိမ်ဝပ် စွာ နေ ကြောင်းကို၎င်း၊ ဆုံးမ ပိုင်သော မင်း မ ရှိ ကြောင်းကို၎င်း၊ ဇိဒုန် အမျိုးသားတို့နှင့် ဝေး ၍ အဘယ်သူ နှင့် မျှ အမှု မ ဆိုင်ကြောင်းကို၎င်းကြည့်ရှု ပြီးမှ၊
8 reversique ad fratres suos in Saraa et Esthaol et quid egissent sciscitantibus responderunt
အမျိုးသားချင်းရှိရာ ဇောရာ မြို့၊ ဧရှတောလ မြို့သို့ ပြန်လာ ၍ အမျိုးသား ချင်းတို့က၊ သင် တို့သည် အဘယ်သို့ ပြောကြမည်နည်းဟုမေး သော်၊
9 surgite et ascendamus ad eos vidimus enim terram valde opulentam et uberem nolite neglegere nolite cessare eamus et possideamus eam nullus erit labor
သူတို့က၊ ထ ၍ သွားတိုက် ကြကုန်အံ့။ ထိုပြည် သည် ကောင်းမွန် သော ပြည်ဖြစ်သည်ကို ငါတို့ မြင် ပြီ။ ငြိမ်ဝပ် စွာနေကြသေးသလော။ ထိုပြည် ကို သိမ်းယူ ဝင်စား ခြင်းငှါ မ ဖင့်နွှဲ ကြနှင့်။
10 intrabimus ad securos in regionem latissimam tradetque nobis Dominus locum in quo nullius rei est penuria eorum quae gignuntur in terra
၁၀သွား လျှင် သတိ မရှိသောလူမျိုး နှင့် ကျယ်ဝန်း သော ပြည် ကို တွေ့ကြလိမ့်မည်။ ဘုရား သခင်သည် သင် တို့လက် ၌ အပ် တော်မူမည်။ ထို ပြည် ၌ မြေကြီးဥစ္စာ စုံလင်လျက်ရှိသည်ဟု ပြောဆို ကြ၏။
11 profecti igitur sunt de cognatione Dan id est de Saraa et Esthaol sescenti viri accincti armis bellicis
၁၁ထိုအခါ ဇောရာ မြို့၊ ဧရှတောလ မြို့မှ ဒန် အမျိုးသား လူ ခြောက် ရာ တို့သည် စစ်တိုက် လက်နက် ပါ လျက် ချီ သွားကြ၏။
12 ascendentesque manserunt in Cariathiarim Iudae qui locus ex eo tempore castrorum Dan nomen accepit et est post tergum Cariathiarim
၁၂သွား ရာတွင်၊ ယုဒ ခရိုင် ကိရယတ်ယာရိမ် မြို့မှာ စားခန်းချ ကြ၏။ ထို အရပ် ကို ယနေ့ တိုင်အောင် ဒန် အမျိုးတပ်ဟူ၍တွင် သတည်း။ ကိရယတ်ယာရိမ် မြို့ နောက် မှာရှိ ၏။
13 inde transierunt in montem Ephraim cumque venissent ad domum Micha
၁၃ထို အရပ်မှ သွား ၍ ဧဖရိမ် တောင် ၌ မိက္ခါ အိမ် သို့ ရောက် ကြ၏။
14 dixerunt quinque viri qui prius missi fuerant ad considerandam terram Lais ceteris fratribus suis nostis quod in domibus istis sit ephod et therafin et sculptile atque conflatile videte quid vobis placeat
၁၄ထိုအခါ လဲရှ မြို့ကို စူးစမ်း ခြင်းငှါ သွား သောသူ ငါး ယောက်တို့က၊ ဤ အိမ် တို့၌ သင်တိုင်း တော်၊ တေရပ်ရုပ်တု ၊ ထုသောရုပ်တု ၊ သွန်းသောရုပ်တု ရှိ ကြောင်း ကို သိ သလော။ အဘယ်သို့ ပြု ရမည်ကို ဆင်ခြင် ကြလော့ဟု အမျိုးသား ချင်းတို့အား ဆို သော်၊
15 et cum paululum declinassent ingressi sunt domum adulescentis Levitae qui erat in domo Micha salutaveruntque eum verbis pacificis
၁၅သူတို့သည် ထို အရပ်သို့ လှည့် သွားသဖြင့် ၊ လေဝိ လုလင် နေရာ မိက္ခါ အိမ် သို့ ရောက် ၍ သူ့ ကို နှုတ်ဆက် ကြ၏။
16 sescenti autem viri ita ut erant armati stabant ante ostium
၁၆စစ်တိုက် လက်နက် ပါ သောဒန် အမျိုးသား ခြောက် ရာ တို့သည် တံခါး ဝ ၌ နေ ကြ၏။
17 at illi qui ingressi fuerant domum iuvenis sculptile et ephod et therafin atque conflatile tollere nitebantur et sacerdos stabat ante ostium sescentis viris fortissimis haut procul expectantibus
၁၇လဲရှမြို့ကို စူးစမ်းသော လူ ငါး ယောက်တို့သည် မိက္ခါ အိမ် သို့ ဝင် ၍၊
18 tulerunt igitur qui intraverant sculptile ephod et idola atque conflatile quibus dixit sacerdos quid facitis
၁၈ထုသောရုပ်တု ၊ သင်တိုင်း တော်၊ တေရပ်ရုပ်တု ၊ သွန်းသောရုပ်တု တို့ကို ယဇ်ပုရောဟိတ်ရှေ့မှာ ယူ ကြ၏။ ယဇ် ပုရောဟိတ်ကလည်း၊ အဘယ်သို့ ပြု ကြသနည်းဟုမေး သော်၊
19 cui responderunt tace et pone digitum super os tuum venique nobiscum ut habeamus te patrem et sacerdotem quid tibi melius est ut sis sacerdos in domo unius viri an in una tribu et familia in Israhel
၁၉သူတို့က တိတ်ဆိတ် စွာနေပါ။ ကိုယ်တော် နှုတ် ကို လက် နှင့်ပိတ် ၍ အကျွန်ုပ် တို့နှင့် ကြွ ပါ။ အကျွန်ုပ် တို့ အဘ လုပ် ပါ။ ယဇ်ပုရောဟိတ် လုပ်ပါ။ တ အိမ်ထောင် ၌ သာ ယဇ်ပုရောဟိတ် လုပ် ကောင်း သလော။ ဣသရေလ အမျိုး အနွှယ် တို့တွင် တမျိုးတနွယ် လုံး၌ ယဇ်ပုရောဟိတ် မလုပ် ကောင်းသလောဟုဆို ကြသော်၊
20 quod cum audisset adquievit sermonibus eorum et tulit ephod et idola ac sculptile et cum eis profectus est
၂၀ယဇ် ပုရောဟိတ်သည် ဝမ်းမြောက် ၍ သင်တိုင်း တော်၊ တေရပ်ရုပ်တု ၊ ထု သောရုပ်တုကို ယူ လျက် ၊ ထိုလူစု ထဲ သို့ ဝင် သွားလေ၏။
21 qui cum pergerent et ante se ire fecissent parvulos et iumenta et omne quod erat pretiosum
၂၁ထိုသူတို့သည် သူငယ် များ၊ တိရစ္ဆာန် များ၊ ဝန်စလယ် များကို အဦး သွားစေသဖြင့် ကိုယ်တိုင်လိုက်လျက် လှည့် သွား ကြ၏။
22 iamque a domo Michae essent procul viri qui habitabant in aedibus Michae conclamantes secuti sunt
၂၂မိက္ခါ အိမ် နှင့် ဝေး သောအခါ၊ မိက္ခါ ၏ အိမ်နီးချင်းတို့သည် စည်းဝေး ၍ ၊ ဒန် အမျိုးသား တို့ကို မှီ အောင် လိုက်ကြ၏။
23 et post tergum clamare coeperunt qui cum respexissent dixerunt ad Micham quid tibi vis cur clamas
၂၃ကြွေးကြော် သောအခါ ၊ ဒန် အမျိုးသား တို့သည် လှည့် ကြည့်လျက် သင် သည် အဘယ် အခင်းရှိ၍ လူအပေါင်းတို့နှင့် လိုက်လာသနည်းဟု မိက္ခါ အား မေး သော်၊
24 qui respondit deos meos quos mihi feci tulistis et sacerdotem et omnia quae habeo et dicitis quid tibi est
၂၄မိက္ခါက၊ သင်တို့သည် ငါလုပ် သော ဘုရား တို့နှင့် ယဇ် ပုရောဟိတ်ကို ယူ သွား ကြသည်တကား။ ထိုအရာမှတပါး ငါ ၌ အဘယ် အရာရှိသေးသနည်း။ သို့သော်လည်းသင်တို့က၊ အဘယ် အခင်း ရှိသနည်း ဟု ငါ့ ကို မေး ကြသည်တကားဟု ဆို လေသော်၊
25 dixeruntque ei filii Dan cave ne ultra loquaris ad nos et veniant ad te viri animo concitati et ipse cum omni domo tua pereas
၂၅ဒန် အမျိုးသား တို့က၊ ငါ တို့တွင် သင့် စကား ကို မ ကြား ပါစေနှင့်။ သို့မဟုတ် စိတ်ဆိုး သောသူ တို့သည် သင့် ကို တိုက် ၍ သင့် အသက် နှင့် သင့် အိမ်သား တို့ အသက် ဆုံး ကောင်းဆုံးလိမ့်မည်ဟု ဆို လျက် ခရီးသွား ကြ၏။
26 et sic coepto itinere perrexerunt videns autem Micha quod fortiores se essent reversus est in domum suam
၂၆မိက္ခါ သည် သူတို့ကို မိမိမနိုင်သည်ကိုသိ ၍ မိမိ အိမ် သို့ ပြန် သွားလေ၏။
27 sescenti autem viri tulerunt sacerdotem et quae supra diximus veneruntque in Lais ad populum quiescentem atque securum et percusserunt eos in ore gladii urbemque incendio tradiderunt
၂၇ဒန် အမျိုးသားတို့သည်၊ မိက္ခါ လုပ် သော အရာတို့နှင့် သူ ၌ နေ သောယဇ် ပုရောဟိတ်ကို ယူ သွား၍ ၊ သတိ မရှိ ငြိမ်ဝပ် စွာနေသောလဲရှ မြို့သားတို့ဆီသို့ ရောက် သဖြင့် ထား နှင့် လုပ်ကြံ ၍ မြို့ ကို မီးရှို့ ကြ၏။
28 nullo penitus ferente praesidium eo quod procul habitarent a Sidone et cum nullo hominum haberent quicquam societatis ac negotii erat autem civitas sita in regione Roob quam rursum extruentes habitaverunt in ea
၂၈ဇိဒုန် မြို့နှင့် ဝေး သောကြောင့် ၎င်း ၊ အဘယ်သူ နှင့် မျှ အမှု မ ဆိုင်သောကြောင့်၎င်း၊ ကယ်နှုတ်သော သူမရှိ။ ထိုမြို့သည် ဗက်ရဟောဘ မြို့အနား မှာရှိသော ချိုင့် ၌ တည်၏။ ထိုအရပ် ၌ မြို့ သစ်ကိုတည် ၍ နေ ကြ၏။
29 vocato nomine civitatis Dan iuxta vocabulum patris sui quem genuerat Israhel quae prius Lais dicebatur
၂၉ထိုမြို့ကို သူ တို့အမျိုး၏ အဘ ဣသရေလ ၏ သား ဒန် အမည် ကို မှီသဖြင့် ဒန် မြို့ ဟူ၍တွင် ကြ၏။ ထိုမြို့ အမည် ဟောင်း ကား လဲရှ တည်း။
30 posueruntque sibi sculptile et Ionathan filium Gersan filii Mosi ac filios eius sacerdotes in tribu Dan usque ad diem captivitatis suae
၃၀ဒန် အမျိုးသား တို့သည် မိက္ခါထု သောရုပ်တုကို တည်ထောင် ၍ မနာရှေ သား ဂေရရှုံ ၏သား ယောနသန် နှင့် သူ ၏သား တို့သည် သေတ္တာ တော်ကို သိမ်း သွားသည့်နေ့ တိုင်အောင် ဒန် အမျိုး ၌ ယဇ်ပုရောဟိတ် လုပ် ကြ၏။
31 mansitque apud eos idolum Michae omni tempore quo fuit domus Dei in Silo in diebus illis non erat rex in Israhel
၃၁ဘုရား သခင်၏ အိမ် တော်သည် ရှိလော မြို့၌ ရှိ သည်ကာလ ပတ်လုံး ၊ မိက္ခါ သွန်း သော ရုပ်တု ကိုလည်း တည်ထောင် ကြ၏။

< Iudicum 18 >