< Jeremiæ 31 >

1 in tempore illo dicit Dominus ero Deus universis cognationibus Israhel et ipsi erunt mihi in populum
ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ ငါသည် ဣသရေလ အဆွေ အမျိုးအပေါင်း တို့၏ ဘုရား သခင်ဖြစ် ၍ ၊ သူတို့သည် ငါ ၏ လူ ဖြစ် ကြလိမ့်မည်။
2 haec dicit Dominus invenit gratiam in deserto populus qui remanserat gladio vadet ad requiem suam Israhel
တဖန် မိန့်တော်မူသည်ကား၊ ထား ဘေးနှင့်လွတ် သောသူ တို့ သည် တော ၌ ကျေးဇူး ကိုခံရ ကြပြီ။ ငါသည် ကြွသွား ၍ ဣသရေလ အမျိုးကို ချမ်းသာ ပေးမည်။
3 longe Dominus apparuit mihi et in caritate perpetua dilexi te ideo adtraxi te miserans
ထာဝရဘုရား သည် အဝေးက ထင်ရှား ၍ မိန့်တော်မူသည်ကား၊ အကယ် စင်စစ်ထာဝရ မေတ္တာ နှင့် သင့် ကိုငါချစ် ၏။ ထိုကြောင့် ၊ ကရုဏာ ကျေးဇူးကို သင် ၌ကြာမြင့်စွာပြ ၏။
4 rursumque aedificabo te et aedificaberis virgo Israhel adhuc ornaberis tympanis tuis et egredieris in choro ludentium
အို ဣသရေလ သတို့သမီး ကညာ၊ သင့် ကိုတဖန် ငါတည်ဆောက် သောကြောင့် ၊ သင်သည် တည်ဆောက် ခြင်းသို့ ရောက်လိမ့်မည်။ သင်သည် တဖန် ပတ်သာ နှင့် တန်ဆာ ဆင်လျက် ၊ ရွှင်မြူး ခြင်းကို ပြုသောသူတို့နှင့် အတူက ခုန်လျက်သွား လိမ့်မည်။
5 adhuc plantabis vineas in montibus Samariae plantabunt plantantes et donec tempus veniat non vindemiabunt
ရှမာရိ တောင် ပေါ် မှာ စပျစ် ဥယျာဉ်ကို တဖန် စိုက် လိမ့်မည်။ ဥယျာဉ်လုပ် သောသူတို့သည် စိုက်ပျိုး ၍ ၊ အသီးကို ကိုယ်အလိုအလျောက်စား ရကြလိမ့်မည်။
6 quia erit dies in qua clamabunt custodes in monte Ephraim surgite et ascendamus in Sion ad Dominum Deum nostrum
ဧဖရိမ် တောင် ပေါ် မှာ ကင်းစောင့် တို့က၊ ထ ကြ လော့။ ငါ တို့ ဘုရား သခင်ထာဝရဘုရား ရှိတော်မူရာ ဇိအုန် တောင်သို့ သွား ကြကုန်အံ့ဟု ကြွေးကြော် ရသောအချိန် ကာလသည် ရောက် လိမ့်မည်။
7 quia haec dicit Dominus exultate in laetitia Iacob et hinnite contra caput gentium personate canite et dicite salva Domine populum tuum reliquias Israhel
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယာကုပ် အမျိုးအား၊ ရွှင်လန်း စွာ သီချင်း ဆိုကြလော့။ လူမျိုး တို့၏ အထွဋ် ၌ ကြွေးကြော် ကြလော့။ အို ထာဝရဘုရား ၊ ကိုယ်တော် ၏ လူမျိုး တည်းဟူသော၊ ကျန် ကြွင်းသော ဣသရေလ အမျိုးသားကို ကယ်တင် တော်မူပြီဟု မြွက် ဆိုလျက် သိတင်း ကြားလိုက်၍ ချီးမွမ်း ကြလော့။
8 ecce ego adducam eos de terra aquilonis et congregabo eos ab extremis terrae inter quos erunt caecus et claudus et praegnans et pariens simul coetus magnus revertentium huc
သူ တို့ကို မြောက် ပြည် မှ ငါ ဆောင် ခဲ့၍၊ မြေကြီး စွန်း မှ စုသိမ်း မည်။ မျက်စိ ကန်းသောသူ၊ ခြေဆွံ့ သောသူ၊ ကိုယ်ဝန် ဆောင်သောမိန်းမ၊ သားဘွား ခြင်းဝေဒနာကို ခံရသောမိန်းမများလည်းပါ လျက်၊ ကြီး စွာသော အစည်း အဝေးတို့သည် ပြန် လာကြလိမ့်မည်။
9 in fletu venient et in precibus deducam eos et adducam eos per torrentes aquarum in via recta et non inpingent in ea quia factus sum Israheli pater et Ephraim primogenitus meus est
ငိုကြွေး လျက် လာ ကြလိမ့်မည်။ ဆုတောင်း ပဌနာပြုလျက်ရှိသောထိုသူ တို့ကို ငါပို့ဆောင် မည်။ မြစ် နား မှာ ရှောက်သောလမ်း၊ ထိမိ ၍ မလဲရသော လမ်း ဖြောင့် တို့၌ ငါသွေးဆောင် မည်။ အကြောင်း မူကား၊ ငါသည် ဣသရေလ အမျိုး၏ အဘ ဖြစ် ၏။ ဧဖရိမ် အမျိုး သည် ငါ ၏ သားဦး ဖြစ်၏။
10 audite verbum Domini gentes et adnuntiate insulis quae procul sunt et dicite qui dispersit Israhel congregabit eum et custodiet eum sicut pastor gregem suum
၁၀အိုလူမျိုးတို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ ဝေး သောအရပ် ရပ်တို့၌ ကြွေးကြော် ၍၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြား စေသောသူသည် တဖန်စုသိမ်း ပြီးလျှင် ၊ သိုးထိန်း သည် မိမိ သိုးစု ကိုစောင့်တတ်သကဲ့သို့ စောင့် တော်မူမည်ဟု ကြား ပြောကြလော့။
11 redemit enim Dominus Iacob et liberavit eum de manu potentioris
၁၁အကြောင်း မူကား၊ ထာဝရဘုရား သည် ယာကုပ် အမျိုးကို ရွေးနှုတ် တော်မူပြီ။ သူ့ ထက် အားကြီး သောသူ ၏လက် မှ ကယ်လွှတ် တော်မူပြီ။
12 et venient et laudabunt in monte Sion et confluent ad bona Domini super frumento et vino et oleo et fetu pecorum et armentorum eritque anima eorum quasi hortus inriguus et ultra non esurient
၁၂ထိုကြောင့် အမျိုးသားတို့သည် လာ ၍ ၊ ဇိအုန် တောင်ထိပ် ၌ သီချင်းဆို ကြလိမ့်မည်။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူး တည်းဟူသောဆန် စပါး၊ စပျစ်ရည် ၊ ဆီ ၊ သိုး သငယ် ၊ နွား သငယ်တို့ကို ရအံ့သောငှါ စည်းဝေးကြလိမ့်မည်။ သူ တို့စိတ် ဝိညာဉ်သည် ရေ လောင်းသော ဥယျာဉ် ကဲ့သို့ ဖြစ်၍ ၊ နောက် တဖန် ညှိုးငယ် ခြင်းမ ရှိရ။
13 tunc laetabitur virgo in choro iuvenes et senes simul et convertam luctum eorum in gaudium et consolabor eos et laetificabo a dolore suo
၁၃ထိုအခါ သမီး ကညာသည် က ခုန်လျက် ၊ လူပျို ၊ လူအို တို့နှင့်တကွပျော်မွေ့ လိမ့်မည်။ သူ တို့ညည်းတွား ခြင်း အရာ၌ ဝမ်းမြောက် ခြင်းကို ငါဖြစ် စေမည်။ သူ တို့သည် ဝမ်းနည်း ခြင်းကို ခံရသောနောက်၊ စိတ် သက်သာ၍ ရွှင်လန်း မည်အကြောင်းကို ငါပြုမည်။
14 et inebriabo animam sacerdotum pinguedine et populus meus bonis meis adimplebitur ait Dominus
၁၄ယဇ် ပုရောဟိတ်တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့်ဝစွာ ကျွေး မည်။ ငါ ၏လူ တို့သည်လည်း ငါ့ ကျေးဇူး နှင့် ဝပြော ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
15 haec dicit Dominus vox in excelso audita est lamentationis fletus et luctus Rachel plorantis filios suos et nolentis consolari super eis quia non sunt
၁၅ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ရာမ အရပ် ၌ သည်း စွာသော ညည်းတွား ငိုကြွေး ခြင်းအသံ ကို ကြား ရ ၍၊ ရာခေလ သည် မိမိ သား တို့မ ရှိသောကြောင့် ၊ ငို ၍ စိတ် မပြေနိုင်။
16 haec dicit Dominus quiescat vox tua a ploratu et oculi tui a lacrimis quia est merces operi tuo ait Dominus et revertentur de terra inimici
၁၆ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် သည် ငိုကြွေးသံ ကို ချုပ် လော့၊ မျက်ရည် မကျစေနှင့်။ သင်သည် ကိုယ် ကျင့်သောအကျင့် ၏ အကျိုး ကိုခံရ လိမ့်မည်။ သင်၏ သားတို့သည် ရန်သူ ပြည် မှ ပြန် လာကြလိမ့်မည်။
17 et est spes novissimis tuis ait Dominus et revertentur filii ad terminos suos
၁၇သင် ၏အဆုံး ၌ မြော်လင့် စရာအကြောင်းရှိ ၏။ သင်၏ သား တို့သည် နေရင်းပြည် သို့ ပြန် လာကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
18 audiens audivi Ephraim transmigrantem castigasti me et eruditus sum quasi iuvenculus indomitus converte me et revertar quia tu Dominus Deus meus
၁၈ဧဖရိမ် က၊ ကိုယ်တော်သည် အကျွန်ုပ် ကို ဆုံးမ တော်မူပြီ။ အကျွန်ုပ်သည် ရိုင်း သောနွားလား ကဲ့သို့ ဆုံးမ ခြင်းကိုခံရပါပြီ။ အကျွန်ုပ် ကိုသွေးဆောင် တော်မူ ပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် ပြန် လာပါမည်။ အို ထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား သခင် ဖြစ်တော်မူ၏။
19 postquam enim convertisti me egi paenitentiam et postquam ostendisti mihi percussi femur meum confusus sum et erubui quoniam sustinui obprobrium adulescentiae meae
၁၉ပြန်လာသောနောက် ၊ အကျွန်ုပ်သည် အမှန် နောင်တရ ပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အကျွန်ုပ်သည် ကိုယ်ပေါင် ကို ရိုက် ပါ၏။ အသက် ငယ်စဉ် ပြုမိသော အပြစ်ကြောင့် အသရေပျက် ခြင်းကို ခံရသဖြင့် ၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကို အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက်ဆက်ကြားရပြီ။
20 si filius honorabilis mihi Ephraim si puer delicatus quia ex quo locutus sum de eo adhuc recordabor eius idcirco conturbata sunt viscera mea super eum miserans miserebor eius ait Dominus
၂၀ဧဖရိမ် သည် ငါ ၏ ချစ် သား ဖြစ်သလော ။ ချစ်ဘွယ် သော သူငယ် ဖြစ်သလော။ သူ ၏အကြောင်းကို ငါ ပြော လေ ရာရာ၌ ငါသည် အလွန်တရာ အောက်မေ့ လျက်နေ၏။ ထိုကြောင့် ၊ ငါ သည် သူ့ အတွက် စိတ် ကြင်နာ ခြင်းရှိ၏။ အကယ်စင်စစ်သူ့ ကိုငါကယ်မ သနားမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
21 statue tibi speculam pone tibi amaritudines dirige cor tuum in viam directam in qua ambulasti revertere virgo Israhel revertere ad civitates tuas istas
၂၁လမ်း၌မှတ်တိုင် တို့ကိုစိုက် လော့။ အလံတိုင် တို့ကို ထူ လော့။ လိုက်သွား သောလမ်းမ ကို စိတ် စွဲလမ်းလော့။ အိုဣသရေလ သတို့သမီး ကညာ၊ ပြန် လာလော့။ သင် ၏ နေရာ ဤ မြို့ များသို့ ပြန်လာ လော့။
22 usquequo deliciis dissolveris filia vaga quia creavit Dominus novum super terram femina circumdabit virum
၂၂အိုဖောက်ပြန် သော သတို့သမီး ၊ သင်သည် အဘယ် မျှကာလပတ်လုံးလှည့်လည် ၍ နေလိမ့်မည်နည်း။ ထာဝရဘုရား သည် မြေကြီး ပေါ် မှာ ထူးဆန်း သော အမှုကို စီရင် တော်မူ၍၊ မိန်းမ သည် ယောက်ျား ကို ပတ်ဝိုင်း လိမ့်မည်။
23 haec dicit Dominus exercituum Deus Israhel adhuc dicent verbum istud in terra Iuda et in urbibus eius cum convertero captivitatem eorum benedicat tibi Dominus pulchritudo iustitiae mons sanctus
၂၃ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိမ်း သွားခြင်းကို ခံရသောသူ တို့ကို ငါ ဆောင် ခဲ့ပြန်သောအခါ ၊ ယုဒ ပြည် ၏မြို့ ရွာတို့၌ နေသောသူတို့က၊ အို ဖြောင့်မတ် ခြင်းနေရာအရပ်၊ အိုသန့်ရှင်း ခြင်း နေရာ တောင် ၊ ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူစေသတည်း ဟူသောစကား ကို တဖန် သုံး ကြလိမ့်မည်။
24 et habitabunt in eo Iudas et omnes civitates eius simul agricolae et minantes greges
၂၄ထိုအရပ် ၌ ယုဒ ပြည်သူ၊ ယုဒ မြို့ ရွာသား အပေါင်း တို့သည်၊ လယ်လုပ် သောသူနှင့် သိုး ထိန်းသော သူများပါလျက် ၊ အတူ နေ ရကြလိမ့်မည်။
25 quia inebriavi animam lassam et omnem animam esurientem saturavi
၂၅ငတ်မွတ် သော သူ အပေါင်းတို့ကို ငါကျွေးမွေး မည်။ ညှိုးငယ် သော သူ အပေါင်း တို့ကို ငါသက်သာ စေမည် ဟု မိန့်တော်မူ၏။
26 ideo quasi de somno suscitatus sum et vidi et somnus meus dulcis mihi
၂၆ထိုနောက်၊ ငါသည် နိုး ၍ ကြည့်ရှု သောအခါ ၊ အိပ်ပျော် ခြင်းအားဖြင့်အားရ လျက်ရှိ၏။
27 ecce dies veniunt dicit Dominus et seminabo domum Israhel et domum Iuda semine hominis et semine iumentorum
၂၇ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ဣသရေလ ပြည် ၊ ယုဒ ပြည် ၌ လူ မျိုးစေ့ နှင့် တိရစ္ဆာန် မျိုးစေ့ ကို ကြဲ ရသော အချိန် ကာလရောက် လိမ့်မည်။
28 et sicut vigilavi super eos ut evellerem et demolirer et dissiparem et disperderem et adfligerem sic vigilabo super eos ut aedificem et plantem ait Dominus
၂၈ငါသည် သူ တို့ကို နှုတ်ပယ် ဖြိုချ မှောက်လှန် ဖျက်ဆီး ညှဉ်းဆဲ ခြင်းအမှုကို ပြု ဘူးသည်နည်းတူ ၊ တဖန် တည်ဆောက် စိုက်ပျိုး ခြင်းအမှုကို ပြု ဦးမည်ဟု မိန့် တော်မူ ၏။
29 in diebus illis non dicent ultra patres comederunt uvam acerbam et dentes filiorum obstipuerunt
၂၉ထို ကာလ ၌ အဘ သည် ချဉ်သောစပျစ် သီးကို စား သောကြောင့် ၊ သား သည် သွား ကျိန်း ခြင်းကို ခံရ၏ ဟု မ ဆို ရကြ။
30 sed unusquisque in iniquitate sua morietur omnis homo qui comederit uvam acerbam obstupescent dentes eius
၃၀လူတိုင်း မိမိ အပြစ် ကြောင့် မိမိသေ ရမည်။ ချဉ်သောစပျစ် သီးကို စား သောသူတိုင်း သွား ကျိန်း ခြင်းကိုခံရမည်။
31 ecce dies veniunt dicit Dominus et feriam domui Israhel et domui Iuda foedus novum
၃၁ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ဤလူမျိုး ၏ဘိုးဘေး တို့ကိုလက်ဆွဲ ၍ အဲဂုတ္တု ပြည် မှ ဆောင်သွား သောအခါ၊ သူတို့၌ငါပေးသောပဋိညာဉ်တရားနှင့် ခြားနားသောပဋိညာဉ်တရား သစ် ကို ဣသရေလ အမျိုးသား ၊ ယုဒ အမျိုးသား တို့၌ ငါပေး သောအချိန် ကာလရောက် လိမ့်မည်။
32 non secundum pactum quod pepigi cum patribus vestris in die qua adprehendi manum eorum ut educerem eos de terra Aegypti pactum quod irritum fecerunt et ego dominatus sum eorum dicit Dominus
၃၂အရင်ငါ ပေးဘူးသောပဋိညာဉ်တရား ကို သူတို့သည်ဖျက် ၍၊ ငါ သည်လည်း သူတို့ကိုရွံရှာ၏။
33 sed hoc erit pactum quod feriam cum domo Israhel post dies illos dicit Dominus dabo legem meam in visceribus eorum et in corde eorum scribam eam et ero eis in Deum et ipsi erunt mihi in populum
၃၃နောက် ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေး အံ့သော ပဋိညာဉ် တရားဟူမူကား ၊ ငါထာဝရ ဘုရားသည် ငါ ၏ပညတ် တရားကို သူ တို့အတွင်း ထဲ သို့ သွင်း မည်။ သူ တို့နှလုံး ပေါ် မှာ ရေး ထားမည်။ ငါသည် သူ တို့၏ ဘုရား ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏ လူ ဖြစ် ကြလိမ့်မည်။
34 et non docebunt ultra vir proximum suum et vir fratrem suum dicens cognoscite Dominum omnes enim cognoscent me a minimo eorum usque ad maximum ait Dominus quia propitiabor iniquitati eorum et peccati eorum non ero memor amplius
၃၄ထိုသူတို့က၊ ထာဝရဘုရား ကို သိ လော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်းတယောက်ကို တယောက်ဆုံးမ ဩဝါဒမပေးရကြ။ အကြောင်း မူကား၊ အငယ်ဆုံး သော သူမှစ၍ အကြီးဆုံး သောသူတိုင်အောင် ၊ ထိုသူ အပေါင်း တို့သည် ငါ့ ကိုသိ ကြလိမ့်မည်။ ထိုအခါ ငါသည် သူ တို့အပြစ် များကို သည်းခံ မည်။ သူ တို့ပြုသောဒုစရိုက် များကို မ အောက်မေ့ ဘဲနေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
35 haec dicit Dominus qui dat solem in lumine diei ordinem lunae et stellarum in lumine noctis qui turbat mare et sonant fluctus eius Dominus exercituum nomen illi
၃၅နေ့ အချိန်၌ လင်း စရာဘို့ နေ ကိုခန့် ထား၍၊ ညဉ့် အချိန်၌ လင်း စရာဘို့ လ နှင့် ကြယ် တို့ကို စီရင် တော်မူထသော၊ သမုဒ္ဒရာ ကိုဆုံးမ ၍ လှိုင်း တံပိုးကို ဟုန်း စေတော်မူထသော၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟူသော ဘွဲ့ နာမရှိတော်မူသောထာဝရဘုရား မိန့် တော်မူ သည်ကား ၊
36 si defecerint leges istae coram me dicit Dominus tunc et semen Israhel deficiet ut non sit gens coram me cunctis diebus
၃၆ထို တရား တို့သည် ငါ့ ရှေ့ မှာ ကွယ်ပျောက် လျှင် ၊ ဣသရေလ အမျိုး သည် ငါ့ ရှေ့ မှာ အမျိုး တိမ်မြုပ် ၍ အစဉ် ကွယ်ပျောက်လိမ့်မည်ဟု မိန့် တော်မူ၏။
37 haec dicit Dominus si mensurari potuerint caeli sursum et investigari fundamenta terrae deorsum et ego abiciam universum semen Israhel propter omnia quae fecerunt dicit Dominus
၃၇တဖန်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အထက် မိုဃ်းကောင်းကင် ကို တိုင်းထွာ နိုင်လျှင် ၎င်း ၊ မြေကြီး အောက် ဆုံးအမြစ် တို့ကိုလိုက်၍ စစ် နိုင်လျှင်၎င်း ၊ ဣသရေလ အမျိုးသား အပေါင်း တို့ကို သူတို့ပြု မိသမျှ သော အပြစ်တို့ကြောင့် ငါ စွန့်ပစ် မည်ဟု မိန့် တော်မူ၏။
38 ecce dies veniunt dicit Dominus et aedificabitur civitas Domino a turre Ananehel usque ad portam Anguli
၃၈တဖန်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဟာနနေလ ရဲတိုက် မှစ၍ မြို့ထောင့် တံခါး တိုင်အောင်၊ မြို့ တော်ကို ထာဝရဘုရား အဘို့ တည်ထောင် ရသောအချိန် ကာလသည် ရောက် လိမ့်မည်။
39 et exibit ultra norma mensurae in conspectu eius super collem Gareb et circuibit Goatha
၃၉ဂါရက် တောင် ကို လွန်၍ မျဉ်းကြိုး နှင့်တန်းချ လိမ့်မည်။ ဂေါသ တောင်ကိုလည်း ဝိုင်း မိလိမ့်မည်။
40 et omnem vallem cadaverum et cineris et universam regionem mortis usque ad torrentem Cedron et usque ad angulum portae Equorum orientalis sanctum Domini non evelletur et non destruetur ultra in perpetuum
၄၀အရှေ့ ဘက်မြင်း တံခါး ရှိသောမြို့ထောင့် တိုင်အောင် ၊ အသေ ကောင်များ၊ ပြာ များစွန့်ပစ်ရာ ချိုင့် တရှောက် လုံးနှင့်၊ ကေဒြုန် ချောင်း အတွင်းတွင် ၊ လယ်ပြင် ရှိသမျှတို့သည် ထာဝရဘုရား အဘို့ သန့်ရှင်း ကြ လိမ့်မည်။ နောက် တဖန် နှုတ်ပယ် ဖြိုချ ခြင်း အလျှင်း မ ရှိရဟု မိန့်တော်မူ၏။

< Jeremiæ 31 >