< Isaiæ 26 >

1 in die illa cantabitur canticum istud in terra Iuda urbs fortitudinis nostrae salvator ponetur in ea murus et antemurale
ထို ကာလ ၌ ယုဒ ပြည် မှာ သီချင်း ဆို လတံ့သောစကားဟူမူကား၊ ငါ တို့၌ ခိုင်ခံ့ သော မြို့ ရှိ၏။ ကယ်တင် ခြင်း ကျေးဇူးကို ပြအိုး ၊ ရင်တား အရာ၌ စီရင် ခန့်ထားတော်မူလိမ့်မည်။
2 aperite portas et ingrediatur gens iusta custodiens veritatem
တံခါး တို့ကို ဖွင့် ကြလော့။သစ္စာ စောင့် ၍ဖြောင့်မတ် သောလူမျိုး ဝင် ပါစေ။
3 vetus error abiit servabis pacem pacem quia in te speravimus
စိတ် နှလုံးတည်ကြည် သောသူသည် ကိုယ်တော် ၌ ခိုလှုံ သောကြောင့် ၊ ငြိမ်သက် ခြင်း သက်သက်ရှိမည့် အကြောင်းစောင့်ရှောက် တော်မူလိမ့်မည်။
4 sperastis in Domino in saeculis aeternis in Domino Deo forti in perpetuum
ထာဝရဘုရား ၌ အစဉ် အမြဲခိုလှုံ ကြလော့။ ထာဝရ ဘုရား သည် နိစ္စ ထာဝရ ခိုလှုံ ရာဖြစ်တော်မူ၏။
5 quia incurvabit habitantes in excelso civitatem sublimem humiliabit humiliabit eam usque ad terram detrahet eam usque ad pulverem
မြင့် သောအရပ်၌ နေ သောသူတို့ကို ရှုတ်ချ တော်မူ ၏။ မြင့်မြတ် သောမြို့ ကိုဖြို၍၊ မြေ တိုင်အောင် နှိမ့်ချ လျက် မြေမှုန့် ထဲမှာ ထား တော်မူ၏။
6 conculcabit eam pes pedes pauperis gressus egenorum
ကျော်နင်းခြင်းကိုခံရလိမ့်မည်။ ဆင်းရဲ သောသူ နှင့် ငတ်မွတ် သောသူတို့သည် ကျော် နင်းကြလိမ့်မည်။
7 semita iusti recta est rectus callis iusti ad ambulandum
ဖြောင့်မတ် သောသူသည် ဖြောင့် သောလမ်း ၌ သွားတတ်၏။ အိုဖြောင့်မတ် တော်မူသောဘုရား၊ ကိုယ်တော် သည် ဖြောင့်မတ် သောသူ၏ လမ်း ခရီးကို ပြင်ဆင် တော်မူ၏။
8 et in semita iudiciorum tuorum Domine sustinuimus te nomen tuum et memoriale tuum in desiderio animae
အိုထာဝရဘုရား ၊ အကျွန်ုပ်တို့သည် တရား တော် လမ်း ၌ သွားလျက်၊ ကိုယ်တော် ကို မြော်လင့် ၍၊ ကိုယ်တော် ၏အမည် ၊ ဘွဲ့ နာမတော်ကို စိတ် နှလုံး၌ တသ လျက်ရှိပါ ၏။
9 anima mea desideravit te in nocte sed et spiritu meo in praecordiis meis de mane vigilabo ad te cum feceris iudicia tua in terra iustitiam discent habitatores orbis
ညဉ့် အခါ အကျွန်ုပ် သည် စိတ် နှလုံးနှင့် ကိုယ်တော် ကို တောင့်တ ပါ၏။ နံနက်အခါ အကျွန်ုပ် သည် အတွင်း ဝိညာဉ် အားဖြင့်ကိုယ်တော် ကိုရှာ ပါ၏။ မြေ ပေါ် မှာ အမှုကို စစ်ကြော စီရင်တော်မူသောအခါ ၊ လောကီ သား တို့သည် တရား ကိုသင် ကြ၏။
10 misereamur impio et non discet iustitiam in terra sanctorum inique gessit et non videbit gloriam Domini
၁၀မတရား သောသူသည် ကျေးဇူး ကိုခံရသော်လည်း၊ တရား ကို မ သင် တတ်ပါ။ တရား ကျင့်ရာပြည် ၌ ပင် အဓမ္မ ပြု၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်ကို ပမာဏ မ ပြု တတ်ပါ။
11 Domine exaltetur manus tua et non videant videant et confundantur zelantes populi et ignis hostes tuos devoret
၁၁အိုထာဝရဘုရား ၊ လက် တော်ကိုချီ တော်မူသော်လည်း၊ သူတို့သည် မ မြင် မမှတ်ကြပါ။ သို့သော်လည်း၊ ကိုယ်တော်၏ လူ တို့အဘို့ စိတ်အားကြီး တော်မူကြောင်းကို၊ သူတို့သည် မြင် ၍ အရှက်ကွဲ ကြပါလိမ့်မည်။ ကိုယ်တော် ၏ ရန်သူ တို့ကို မီး လောင် ရပါလိမ့်မည်။
12 Domine dabis pacem nobis omnia enim opera nostra operatus es nobis
၁၂အိုထာဝရ ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် တို့အား ငြိမ်သက် ခြင်းကိုပေး တော်မူလိမ့်မည်။ အကြောင်း မူကား၊ အကျွန်ုပ် တို့၏ အမှု ရှိသမျှ တို့ကို အကျွန်ုပ် တို့အဘို့ ပြု တော်မူ၏။
13 Domine Deus noster possederunt nos domini absque te tantum in te recordemur nominis tui
၁၃အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် မှတပါး အခြားသောသခင် တို့သည် အကျွန်ုပ် တို့ကို အစိုး ရကြပြီ။ ယခုမူကား၊ ကိုယ်တော် အားဖြင့် သာ နာမ တော်ကို ချီးမွမ်း ကြပါမည်။
14 morientes non vivant gigantes non resurgant propterea visitasti et contrivisti eos et perdidisti omnem memoriam eorum
၁၄ထိုသခင်တို့သည် သေ ကြပါပြီ။ တဖန် အသက် မ ရှင်ရကြပါ။ သင်္ချိုင်းသားဖြစ်၍ထ မြောက်ခြင်းမ ရှိရကြ ပါ။ သူ တို့ကို ကြည့်ရှုဖျက်ဆီး ၍ ၊ သူ တို့၏အမှတ် မျှ မရှိစေခြင်းငှါပယ်ရှင်း တော်မူပြီ။
15 indulsisti genti Domine indulsisti genti numquid glorificatus es elongasti omnes terminos terrae
၁၅အိုထာဝရဘုရား ၊ အကျွန်ုပ်တို့အမျိုး ကို တိုး ပွါးစေတော်မူပြီ။ အကျွန်ုပ်တို့ အမျိုး ကိုတိုး ပွါးစေသဖြင့်၊ ဘုန်း ကြီးတော်မူ၏။ ပြည် တော်ကို ပတ်ဝန်းကျင် ၌ ကျယ် စေတော်မူပြီ။
16 Domine in angustia requisierunt te in tribulatione murmuris doctrina tua eis
၁၆အိုထာဝရဘုရား ၊ သူတို့သည် ဆင်းရဲ ခံရသောအခါ ၊ ကိုယ်တော် ၌ ဆည်းကပ် ကြပါပြီ။ ဆုံးမ တော်မူသောအခါ၊ ဆုတောင်း ပဌနာ စကားကိုသွန်းလောင်းကြပါပြီ။
17 sicut quae concipit cum adpropinquaverit ad partum dolens clamat in doloribus suis sic facti sumus a facie tua Domine
၁၇ကိုယ်ဝန် ဆောင်သောမိန်းမသည် သားဘွား ချိန် နီး သောအခါ နာကျင် ၍၊ နာကျင်ခြင်းဝေဒနာ ကြောင့် အော်ဟစ် သကဲ့သို့၊ ထိုအတူ ၊ အိုထာဝရဘုရား ၊ အကျွန်ုပ် တို့သည် ရှေ့ တော်၌ ဖြစ် ကြပါပြီ။
18 concepimus et quasi parturivimus et peperimus spiritum salutes non fecimus in terra ideo non ceciderunt habitatores terrae
၁၈အကျွန်ုပ်တို့သည် ကိုယ်ဝန် ဆောင်၍ နာကျင် ခြင်း ဝေဒနာ ကို ခံရသော်လည်း ၊ လေ ကို ဘွား သကဲ့သို့ဖြစ်ကြပါပြီတကား။ ပြည် သားတို့သည် ကယ်တင် ခြင်းသို့ မ ရောက် ကြ။ လောကီ သား တို့သည် မ လဲ ကြပါ။
19 vivent mortui tui interfecti mei resurgent expergiscimini et laudate qui habitatis in pulvere quia ros lucis ros tuus et terram gigantum detrahes in ruinam
၁၉ကိုယ်တော် ၏လူသေ တို့သည် အသက်ရှင် ကြပါ လိမ့်မည်။ ငါ ၏အသေ ကောင်တို့သည်လည်း ထ မြောက်ကြပါလိမ့်မည်။ မြေမှုန့် ၌နေ သောသူတို့၊ နိုး ၍ သီချင်း ဆို ကြလော့။ အကြောင်း မူကား၊ ကိုယ်တော် ၏ နှင်း သည် မြက်ပင် တို့ကို ပေါက်စေသော နှင်း ကဲ့သို့ဖြစ်၍၊ မြေ သည် လည်း မိမိသင်္ချိုင်း သားတို့ကို ထုတ် ဘော်ရပါလိမ့်မည်။
20 vade populus meus intra in cubicula tua claude ostia tua super te abscondere modicum ad momentum donec pertranseat indignatio
၂၀ငါ ၏လူ တို့၊ လာ ကြ။ အတွင်းအခန်း ထဲသို့ ဝင် ၍ ၊ သင်တို့ကို ကွယ်ကာသော တံခါး များကို ပိတ် ထားကြ။ အမျက် ကာလ လွန် သည်တိုင်အောင် ခဏ သာပုန်း ရှောင် ၍ နေကြလော့။
21 ecce enim Dominus egreditur de loco suo ut visitet iniquitatem habitatoris terrae contra eum et revelabit terra sanguinem suum et non operiet ultra interfectos suos
၂၁အကြောင်း မူကား၊ ထာဝရဘုရား သည် မြေကြီး သား တို့ကို၊ သူတို့ဒုစရိုက် ကြောင့် အပြစ် ပေးလိုသောငှါ ၊ မိမိ အရပ် ဌာနထဲ က ထွက် တော်မူ၏။ ထိုအခါ မြေကြီး သည် မိမိ ၌ရှိသောအသွေး ကိုဘော် ပြရလိမ့်မည်။ မိမိ ၌ အသေခံ ရသောသူတို့ကို နောက် တဖန် ဝှက် ၍မ ထားရ။

< Isaiæ 26 >