< Isaiæ 22 >

1 onus vallis Visionis quidnam tibi quoque est quia ascendisti et tu omnis in tecta
ဗျာဒိတ် ရူပါရုံချိုင့် နှင့် ဆိုင်သော ဗျာဒိတ် တော် ကား၊ သင့် တမြို့လုံး သည် အိမ်မိုး ပေါ် သို့ တက် ရမည် အကြောင်း ၊ အဘယ် အမှု ရောက်သနည်း။
2 clamoris plena urbs frequens civitas exultans interfecti tui non interfecti gladio nec mortui in bello
အထက်က အသံ ဗလံများ ၍ အုတ်အုတ် ကျက်ကျက်ပြုတတ်သောမြို့ ၊ ရွှင်လန်း သောမြို့ ၊ သင်၏ လူသေ တို့သည် ထား လက်နက်ကြောင့် ဆုံး ကြသည်မ ဟုတ်။ စစ် တိုက်ရာမှာ သေ ကြသည် မ ဟုတ်။
3 cuncti principes tui fugerunt simul dureque ligati sunt omnes qui inventi sunt vincti sunt pariter procul fugerunt
သင် ၏ မင်း အပေါင်း တို့သည် အတူ ပြေး ကြ၏။ လေး သမားတို့ လက်၌ ချည်နှောင် လျက်ရှိကြ၏။ တွေ့ သမျှ သောသင် ၏ လူတို့သည် အဝေး သို့ ပြေး သော်လည်း၊ အတူ ချည်နှောင် လျက်ရှိကြ၏။
4 propterea dixi recedite a me amare flebo nolite incumbere ut consolemini me super vastitate filiae populi mei
ထိုကြောင့် ငါဆို သည်ကား၊ ငါ့ ကိုမကြည့် ပါနှင့်။ ပြင်း စွာငို ရမည်။ ငါ့ အမျိုး သတို့သမီး ပျက်စီး သည်ဖြစ်၍၊ ငါ့ စိတ် ပြေစေခြင်းငှါ မ ကြိုးစား ပါနှင့်။
5 dies enim interfectionis et conculcationis et fletuum Domino Deo exercituum in valle Visionis scrutans murum et magnificus super montem
ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား သည်၊ ဗျာဒိတ် ရူပါရုံချိုင့် တွင် စီရင်တော်မူသဖြင့် ၊ ဒုက္ခခံ ရာကာလ ၊ နှိပ်စက် နှောင့်ရှက် ရာကာလ၊ မြို့ရိုး ကို ဖြို ၍ တောင် တို့ကို အော်ဟစ် ရာကာလသည် ရောက်လေပြီ။
6 et Aelam sumpsit faretram currum hominis equitis et parietem nudavit clypeus
ဧလံ အမျိုးသည် မြှားတောင့် ကို ဆောင် လျက်၊ ရထား စီးသူရဲ ၊ မြင်း စီးသူရဲ တို့နှင့်တကွ လာ၏။ ကိရ အမျိုးသည် ဒိုင်း လွှားကို ထုတ် လေ၏။
7 et erunt electae valles tuae plenae quadrigarum et equites ponent sedes suas in porta
သင် ၏ အမြတ်ဆုံးသော ချိုင့် တို့သည် ရထား နှင့် ပြည့် ကြ၏။ မြင်း စီးသူရဲတို့သည် မြို့တံခါး ရှေ့ မှာ တပ် ချ ကြ၏။
8 et revelabitur operimentum Iudae et videbis in die illa armamentarium domus saltus
ယုဒ ပြည်ကို ဖွင့်လှစ် သည် ဖြစ်၍ ၊ သင်သည် ထို အခါ လက်နက် စုံ သိုထားရာ၊ တော နန်း တော်သို့ ကြည့် ရှုလိမ့်မည်။
9 et scissuras civitatis David videbitis quia multiplicatae sunt et congregastis aquas piscinae inferioris
ဒါဝိဒ် ၏မြို့ အပြို အပျက်များ သည်ကို သင်၏ လူတို့သည် မှတ် ရကြလိမ့်မည်။ အောက် ရေကန် မှထွက် သော ရေ ကို စုဝေး စေကြလိမ့်မည်။
10 et domos Hierusalem numerastis et destruxistis domos ad muniendum murum
၁၀ယေရုရှလင် မြို့၌ ရှိသောအိမ် များကို ရေတွက် ကြလိမ့်မည်။ မြို့ရိုး ကို ပြုပြင် လိုသောငှါ ၊ အိမ် များကို ဖြိုဖျက် ကြလိမ့်မည်။
11 et lacum fecistis inter duos muros et aquam piscinae veteris et non suspexistis ad eum qui fecerat eam et operatorem eius de longe non vidistis
၁၁ရေကန် ဟောင်း မှထွက်သော ရေ စုဝေးရာကို လည်း၊ မြို့ရိုး နှစ်ထပ်စပ်ကြား တွင် လုပ် ကြလိမ့်မည်။ သို့ရာတွင် ၊ ဤအမှု ကို စီရင် တော်မူသောသူကို သင်တို့သည် မ ကြည့် မမှတ် တတ်ကြ။ ရှေး က ဖန်ဆင်း တော်မူသောသူကို ပမာဏ မ ပြု တတ်ကြ။
12 et vocavit Dominus Deus exercituum in die illa ad fletum et ad planctum ad calvitium et ad cingulum sacci
၁၂ထို ကာလ ၌ ငိုကြွေး မြည်တမ်း ခြင်း၊ ဆံပင် ကို ပယ်ဖြတ်ခြင်း၊ လျှော်တေ အဝတ်ကို ဝတ် စည်းခြင်း အလိုငှါ ၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား သည် နှိုးဆော် တိုက်တွန်းတော်မူသော်လည်း၊
13 et ecce gaudium et laetitia occidere vitulos et iugulare arietes comedere carnes et bibere vinum comedamus et bibamus cras enim moriemur
၁၃ကြည့် ပါ။ ဝမ်းမြောက် ရွှင်လန်း ခြင်းအမှု၊ သိုး နွား များကိုသတ် ခြင်း၊ အမဲသား စား ခြင်း၊ စပျစ်ရည် သောက် ခြင်း အမှုကို ပြုလျက်၊ ငါတို့သည် စား ကြကုန်အံ့၊ သောက် ကြကုန်အံ့၊ နက်ဖြန် သေ ရ ကြမည်ဟု ပြောဆို ကြသည် တကား။
14 et revelata est in auribus meis Domini exercituum si dimittetur iniquitas haec vobis donec moriamini dicit Dominus Deus exercituum
၁၄ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ငါ့ နား ၌ ဗျာဒိတ် ပေးတော်မူသည်ကား၊ အကယ် စင်စစ်သင် တို့အပြစ် သည် သင်တို့မသေ မချင်းတိုင်အောင် မ ပြေ မရှင်းရဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရ ဘုရား မိန့် တော်မူ၏။
15 haec dicit Dominus Deus exercituum vade ingredere ad eum qui habitat in tabernaculo ad Sobnam praepositum templi
၁၅ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရ ဘုရား မိန့် တော်မူသည်ကား၊ ဘဏ္ဍာ တော်စိုး၊ နန်းတော် အုပ် ရှေဗန အိမ်သို့ သွား ပြီးလျှင်၊
16 quid tu hic aut quasi quis hic quia excidisti tibi hic sepulchrum excidisti in excelso memoriam diligenter in petra tabernaculum tibi
၁၆မြင့် သော အရပ်၌ ကိုယ် သင်္ချိုင်း တွင်းကို ထွင်း ၍၊ ကိုယ် နေရာ ကို ကျောက် ၌ ထုလုပ် သောသူ၊ သင်သည် ဤ အရပ်၌ သင်္ချိုင်း တွင်းကို ကိုယ် အဘို့ ထွင်း စေခြင်းငှါ ၊ ဤ အရပ် နှင့် အဘယ် သို့ဆိုင်သနည်း။
17 ecce Dominus asportari te faciet sicut asportatur gallus gallinacius et quasi amictum sic sublevabit te
၁၇ထာဝရဘုရား သည် ပြင်းစွာ သော နှင်ထုတ် ခြင်း ဖြင့် သင့် ကို နှင်ထုတ် တော်မူလိမ့်မည်။ သင့် ကို အမှန် ကိုင် ဘမ်း၍၊
18 coronans coronabit te tribulatione quasi pilam mittet te in terram latam et spatiosam ibi morieris et ibi erit currus gloriae tuae ignominia domus Domini tui
၁၈တလိမ့်လိမ့် လှိမ့် လျက်၊ လောက်လွှဲစာကဲ့သို့ ကျယ် သောပြည် သို့ ပစ်လိုက်တော်မူလိမ့်မည်။ သင်သည် ထို ပြည်၌ သေ ရလိမ့်မည်။ ထို ပြည်၌ လည်း သင် ၏ ကြက်သရေ ရထား တို့သည်၊ သင့် အရှင် ၏ အမျိုး အရှက်ကွဲ စရာ ဖြစ်ရကြလိမ့်မည်။
19 et expellam te de statione tua et de ministerio tuo deponam te
၁၉ငါသည်လည်း သင် ၏ အရာ ကို နှုတ် မည်။ သင် ၏ နေရာ မှ သင့် ကိုချ မည်။
20 et erit in die illa vocabo servum meum Eliachim filium Helciae
၂၀ထို ကာလ ၌ ငါ့ ကျွန် ၊ ဟိလခိ ၏ သား ဧလျာကိမ် ကို ငါခေါ် ၍၊
21 et induam illum tunicam tuam et cingulo tuo confortabo eum et potestatem tuam dabo in manu eius et erit quasi pater habitantibus Hierusalem et domui Iuda
၂၁သင် ၏ဝတ်လုံ နှင့် ဝတ်ဆင် စေမည်။ သင် ၏ ခါးစည်း နှင့် ချီးမြှောက် ၍ ၊ သင် ၏ အစိုးရ သောအခွင့်ကို အပ် ပြီးလျှင် ၊ သူသည် ယေရုရှလင် မြို့သူ၊ ယုဒ အမျိုးသား တို့၏ အဘ ဖြစ် လိမ့်မည်။
22 et dabo clavem domus David super umerum eius et aperiet et non erit qui claudat et claudet et non erit qui aperiat
၂၂ဒါဝိဒ် မင်းမျိုး ၏ တံခါးသော့ ကိုသူ ၏ ပခုံး ပေါ် မှာ ငါတင် ထားသဖြင့် ၊ သူသည် အဘယ် သူမျှမပိတ် နိုင် အောင် ဖွင့် လိမ့်မည်။ အဘယ်သူမျှမ ဖွင့် နိုင်အောင် ပိတ် လိမ့်မည်။
23 et figam illum paxillum in loco fideli et erit in solium gloriae domui patris sui
၂၃မြဲ သော အရပ် ၌ စွဲသောတံစို့ ကဲ့သို့သူ့ ကိုငါစွဲ စေမည်။ သူသည် မိမိ အဘ ၏ အိမ် ၌ ကြက်သရေ ပလ္လင် ဖြစ် လိမ့်မည်။
24 et suspendent super eum omnem gloriam domus patris eius vasorum diversa genera omne vas parvulum a vasis craterarum usque ad omne vas musicorum
၂၄သူ ၏ အဘ အိမ် ၌ ရှိသမျှ သော ဘုန်း အသရေ၊ အမျိုး အနွယ်၊ အမြတ်အယုတ် ၊ ခွက်ဖလားရှိသမျှ ၊ အင်တုံ ၊ အိုး အမျိုးမျိုး တို့ကို သူ ၌ ဆွဲ ထားကြလိမ့်မည်။
25 in die illo dicit Dominus exercituum auferetur paxillus qui fixus fuerat in loco fideli et frangetur et cadet et peribit quod pependerat in eo quia Dominus locutus est
၂၅ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ တွင် မြဲ သောအရပ် ၌ အရင်စွဲ သောတံစို့ သည် နေရာမှရွှေ့ ၍ ၊ ခုတ် လှဲခြင်းကိုခံရလိမ့်မည်။ သူ ၌ ဆွဲထားသော ဥစ္စာ သည်လည်း ၊ ခုတ် ပယ်ခြင်းကိုခံရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။

< Isaiæ 22 >