< Esdræ 1 >

1 in anno primo Cyri regis Persarum ut conpleretur verbum Domini ex ore Hieremiae suscitavit Dominus spiritum Cyri regis Persarum et transduxit vocem in universo regno suo etiam per scripturam dicens
ယေရမိ ဆင့်ဆိုသော ထာဝရဘုရား ၏ အမိန့် တော်ကို ပြည့်စုံ စေခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု နန်းစံပဌမ နှစ် တွင် ၊ ထာဝရဘုရား နှိုးဆော် တော်မူသော အားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာ ကို ထုတ်ပြီးလျှင်၊ ပေရသိနိုင်ငံအရပ်ရပ် တို့၌ ကြော်ငြာ စေ၍၊
2 haec dicit Cyrus rex Persarum omnia regna terrae dedit mihi Dominus Deus caeli et ipse praecepit mihi ut aedificarem ei domum in Hierusalem quae est in Iudaea
ပေရသိ ရှင်ဘုရင် ကုရု မင်းမိန့် တော်မူသည် ကား၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင်ထာဝရဘုရား သည်၊ မြေကြီး ပေါ်မှာ တိုင်း နိုင်ငံရှိသမျှ တို့ကို ငါ့ အား ပေး တော်မူသည်ဖြစ်၍၊ ယုဒ ပြည်ယေရုရှလင် မြို့၌ အိမ် တော်ကို ငါ တည် ဆောက်ရမည်အကြောင်း မှာ ထား တော်မူပြီ။
3 quis est in vobis de universo populo eius sit Deus illius cum ipso ascendat Hierusalem quae est in Iudaea et aedificet domum Domini Dei Israhel ipse est Deus qui est in Hierusalem
သင် တို့တွင် အဘယ်သူ သည် ဘုရား သခင်၏ လူ ဖြစ်သနည်း။ ထိုသူ နှင့်အတူ ဘုရား သခင်ရှိ တော်မူပါစေသော။ ယုဒ ပြည်ယေရုရှလင် မြို့သို့ သွား ၍ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော် ကို တည် ဆောက်စေ။ ယေရုရှလင် မြို့၌ ရှိတော်မူသော ဘုရားသည် ဘုရား သခင်ဖြစ်တော်မူ၏။
4 et omnes reliqui in cunctis locis ubicumque habitant adiuvent eum viri de loco suo argento et auro et substantia et pecoribus excepto quod voluntarie offerunt templo Dei quod est in Hierusalem
ဘုရားသခင်၏လူ တည်းခို ရာ အရပ်ရပ် ၌ နေ သောသူတို့သည်၊ ယေရုရှလင် မြို့မှာ ရှိတော်မူသော ဘုရား သခင်၏ အိမ် တော်အဘို့ အလိုလို လှူသော အလှူမှတပါး၊ ရွှေ ၊ ငွေ ၊ ဥစ္စာ ၊ တိရစ္ဆာန် နှင့် မစ စေဟု မိန့်တော်မူ၏။
5 et surrexerunt principes patrum de Iuda et Beniamin et sacerdotes et Levitae omnis cuius suscitavit Deus spiritum ut ascenderent ad aedificandum templum Domini quod erat in Hierusalem
ထိုအခါ ယုဒ အဆွေအမျိုးနှင့် ဗင်္ယာမိန် အဆွေအမျိုးသူကြီး များ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားများနှင့်တကွ ၊ ဘုရား သခင်နှိုးဆော် တော်မူသောသူ အပေါင်း တို့ သည်၊ ယေရုရှလင် မြို့၌ ရှိတော်မူသော ထာဝရဘုရား ၏ အိမ် တော်ကို တည် ဆောက်ခြင်းငှါထ ကြ၏။
6 universique qui erant in circuitu adiuverunt manus eorum in vasis argenteis et aureis in substantia in iumentis in supellectili exceptis his quae sponte obtulerunt
အိမ်နီးချင်း ရှိသမျှ တို့သည်၊ အလိုလိုလှူ သော အလှူမှတပါး၊ ငွေ တန်ဆာ နှင့် ရွှေ အစရှိသော ဥစ္စာ များ၊ တိရစ္ဆာန် များ၊ အဘိုး ထိုက်သော အရာတို့နှင့် မစ ကြ၏။
7 rex quoque Cyrus protulit vasa templi Domini quae tulerat Nabuchodonosor de Hierusalem et posuerat ea in templo dei sui
ထိုမှတပါး၊ ယေရုရှလင် မြို့မှ နေဗုခဒ်နေဇာ သိမ်း သွား၍၊ မိမိ ဘုရား တို့ဗိမာန် ၌ သွင်း ထားသော ဗိမာန် တော်တန်ဆာ တို့ကို၊
8 protulit autem ea Cyrus rex Persarum per manum Mitridatis filii Gazabar et adnumeravit ea Sasabassar principi Iudae
ပေရသိ ရှင်ဘုရင် ကုရု သည် ရွှေတိုက် စိုး မိသရေဒတ် လက် ဖြင့် ထုတ် ၍ ၊ ယုဒ မင်း ရှေရှဗာဇာ ၌ ရေတွက် လျက် အပ်တော်မူ၏။
9 et hic est numerus eorum fialae aureae triginta fialae argenteae mille cultri viginti novem scyphi aurei triginta
ဗိမာန်တော် တန်ဆာစာရင်း ဟူမူကား၊ ရွှေ ဖလား သုံး ဆယ်၊ ငွေ ဖလား တ ထောင်၊ ထား နှစ် ဆယ်ကိုး စင်း၊
10 scyphi argentei secundi quadringenti decem vasa alia mille
၁၀ရွှေ အိုး သုံး ဆယ်၊ ခြားနားသောငွေ အိုး လေး ရာ တ ဆယ်၊ အခြား သောတန်ဆာ တ ထောင်၊
11 omnia vasa aurea et argentea quinque milia quadringenta universa tulit Sasabassar cum his qui ascendebant de transmigratione Babylonis in Hierusalem
၁၁ရွှေ တန်ဆာ ၊ ငွေ တန်ဆာအရေအတွက်ပေါင်း ကား၊ ငါး ထောင် လေး ရာ တည်း။ ထိုတန်ဆာများကို ရှေရှဗာဇာ သည် ယူ၍၊ အချုပ် ခံရသောလူစုထဲက၊ ဗာဗုလုန် မြို့မှ ယေရုရှလင် မြို့သို့ ခေါ် သွားသောသူတို့ နှင့်အတူ ဆောင် ခဲ့၏။

< Esdræ 1 >