< Esdræ 7 >

1 post haec autem verba in regno Artarxersis regis Persarum Ezras filius Saraiae filii Azariae filii Helciae
နှစ်​ပေါင်း​များ​စွာ​ကြာ​သော​အ​ခါ ပေ​ရ​သိ ဧ​က​ရာဇ်​ဘု​ရင်​အာ​တ​ဇေ​ရဇ်​လက်​ထက်​၌ ဧ​ဇ​ရ​နာ​မည်​ရှိ​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​အာ​ရုန်​မှ​ဆင်း​သက် လာ​ကြောင်း အောက်​ပါ​အ​တိုင်း​သိ​နိုင်​ပေ​သည်။ ဧ​ဇ​ရ​၏​အ​ဖ​သည်​စ​ရာ​ယ၊ စ​ရာ​ယ​၏ အ​ဖ​မှာ​အာ​ဇ​ရိ၊ အာ​ဇ​ရိ​၏​အ​ဖ​ကား ဟိ​လ​ခိ​ဖြစ်​၏။-
2 filii Sellum filii Sadoc filii Achitob
ဟိ​လ​ခိ​၏​အ​ဖ​သည်​ရှလ္လုံ၊ ရှလ္လုံ​၏​အ​ဖ မှာ​ဇာ​ဒုတ်၊ ဇာ​ဒုတ်​၏​အ​ဖ​ကား​အ​ဟိ တုတ်​ဖြစ်​၏။-
3 filii Amariae filii Azariae filii Maraioth
အ​ဟိ​တုတ်​၏​အ​ဖ​သည်​အာ​မ​ရိ၊ အာ​မ​ရိ ၏​အ​ဖ​မှာ​အာ​ဇ​ရိ၊ အာ​ဇ​ရိ​၏​အ​ဖ​ကား မေ​ရာ​ယုတ်​ဖြစ်​၏။-
4 filii Zaraiae filii Ozi filii Bocci
မေ​ရာ​ယုတ်​၏​အ​ဖ​သည်​ဇေ​ရ​ဟိ၊ ဇေ​ရ​ဟိ ၏​အ​ဖ​မှာ​သြ​ဇိ၊ သြ​ဇိ​၏​အ​ဖ​ကား​ဗုက္ကိ ဖြစ်​၏။-
5 filii Abisue filii Finees filii Eleazar filii Aaron sacerdotis ab initio
ဗုက္ကိ​၏​အ​ဖ​သည်​အ​ဘိ​ရွှ၊ အ​ဘိ​ရွှ​၏​အ​ဖ သည် ဖိ​န​ဟတ်၊ ဖိ​န​ဟတ်​၏​အ​ဖ​မှာ​ဧ​လာ​ဇာ၊ ဧ​လ​ဇာ​၏​အ​ဖ​ကား​အာ​ရုန်​ဖြစ်​သ​တည်း။
6 ipse Ezras ascendit de Babylone et ipse scriba velox in lege Mosi quam dedit Dominus Deus Israhel et dedit ei rex secundum manum Domini Dei eius super eum omnem petitionem eius
ဧ​ဇ​ရ​သည်​မော​ရှေ​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​တော်​မူ​သည့်​ပ​ညတ်​ကျမ်း​ကို​ကြေ ညက်​စွာ​တတ်​မြောက်​သူ​ပ​ညာ​ရှိ​ကြီး​ဖြစ် ၏။ ဧ​ဇ​ရ​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး မင်္ဂ​လာ​ကို​ခံ​စား​ရ​သူ​ဖြစ်​သ​ဖြင့် မင်း ကြီး​သည်​သူ​တောင်း​သ​မျှ​သော​အ​ရာ တို့​ကို​ပေး​သ​နား​တော်​မူ​လေ​သည်။-
7 et ascenderunt de filiis Israhel et de filiis sacerdotum et de filiis Levitarum et de cantoribus et de ianitoribus et de Nathinneis in Hierusalem anno septimo Artarxersis regis
ဧ​ဇ​ရ​သည်​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ အ​နွယ်​ဝင်​များ၊ ဗိ​မာန်​တော်​ဂီ​တ​ပညာ​သည် များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​နှင့် အ​လုပ်​သ​မား​များ​ပါ​ဝင်​သည့်​ဣ​သ​ရေ​လ အ​မျိုး​သား​များ​နှင့်​အ​တူ အာ​တ​ဇေ​ရဇ် မင်း​နန်း​စံ​ခု​နစ်​နှစ်​မြောက်​၌ ဗာ​ဗု​လုန်​မြို့ မှ​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​လာ​ခဲ့​၏။-
8 et venerunt in Hierusalem mense quinto ipse est annus septimus regis
ထို​သူ​တို့​သည်​ပ​ထ​မ​လ၊ တစ်​ရက်​နေ့​၌ ဗာ​ဗု​လုန်​မြို့​မှ​ထွက်​ခွာ​လာ​ကြ​ရာ ထာ​ဝ​ရ ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ကြောင့်​ပဉ္စမ​လ၊ တစ်​ရက်​နေ့​၌​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက် ရှိ​ကြ​လေ​သည်။-
9 quia in primo die mensis primi coepit ascendere de Babylone et in primo mensis quinti venit in Hierusalem iuxta manum Dei sui bonam super se
10 Ezras enim paravit cor suum ut investigaret legem Domini et faceret et doceret in Israhel praeceptum et iudicium
၁၀ဧ​ဇ​ရ​သည်​တစ်​သက်​ပတ်​လုံး ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​ကျမ်း​ကို​လေ့​လာ​ဆည်း ပူး​လိုက်​နာ​ကျင့်​သုံး​ကာ ထို​ကျမ်း​တွင်​ပါ ရှိ​သည့်​ပ​ညတ်​များ​နှင့်​စည်း​မျဉ်း​များ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သင် ကြား​ပို့​ချ​ပေး​၏။
11 hoc est autem exemplar epistulae edicti quod dedit rex Artarxersis Ezrae sacerdoti scribae erudito in sermonibus et praeceptis Domini et caerimoniis eius in Israhel
၁၁အာ​တ​ဇေ​ရဇ်​မင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော် မူ​သည့်​တ​ရား​တော်​များ​နှင့် ပ​ညတ်​တော်​တို့ ကို​ကြေ​ညက်​စွာ​တတ်​မြောက်​သော​ယဇ်​ပု​ရော ဟိတ်​ဧ​ဇ​ရ​အား အ​မိန့်​တော်​စာ​ကို​ပေး​တော် မူ​၏။ ထို​စာ​တွင်၊
12 Artarxersis rex regum Ezrae sacerdoti scribae legis Dei caeli doctissimo salutem
၁၂``ဧ​က​ရာဇ်​မင်း​အာ​တ​ဇေ​ရဇ် ထံ​မှ​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​၏ ပ​ညတ်​ကျမ်း​တတ်​မြောက်​သော​ယဇ်​ပု​ရော ဟိတ်​ဧ​ဇ​ရ​ထံ​သို့၊
13 a me decretum est ut cuicumque placuerit in regno meo de populo Israhel et de sacerdotibus eius et de Levitis ire in Hierusalem tecum vadat
၁၃``ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တော်​တစ်​လျှောက်​လုံး တွင်​ရှိ​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​များ၊ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ သည်​ယေ​ရု​ရှ​လင်​မြို့​သို့ သင်​နှင့်​အ​တူ​သွား လို​ပါ​က​သွား​ခွင့်​ပြု​သည်။ ဤ​ကား​ငါ​၏ အ​မိန့်​တော်​ဖြစ်​သည်။-
14 a facie enim regis et septem consiliatorum eius missus es ut visites Iudaeam et Hierusalem in lege Dei tui quae est in manu tua
၁၄ငါ​ဘု​ရင်​မင်း​မြတ်​နှင့်​ငါ​၏​အ​တိုင်​ပင်​ခံ​အ မတ်​ခု​နစ်​ဦး​တို့​သည် သင့်​အား​ယေ​ရု​ရှ​လင် မြို့​နှင့်​ယု​ဒ​ပြည်​အ​ခြေ​အ​နေ​ကို​စုံ​စမ်း​ရန် စေ​လွှတ်​သည်။ သင်​သည်​သင့်​အား​ပေး​အပ်​ထား တော်​မူ​သည့် သင့်​ဘု​ရား​သ​ခင်​၏​တ​ရား တော်​ကို​လူ​တို့​အ​ဘယ်​မျှ​လိုက်​နာ​ကျင့် သုံး​ကြ​သည်​ကို​စုံ​စမ်း​လော့။-
15 et ut feras argentum et aurum quod rex et consiliatores eius sponte obtulerunt Deo Israhel cuius in Hierusalem tabernaculum est
၁၅သင်​သည်​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​တွင်​စံ တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အား ငါ​နှင့်​ငါ​၏​အ​တိုင်​ပင်​ခံ အ​မတ်​များ​လှူ​ဒါန်း​သည့်​ရွှေ​နှင့်​ငွေ​ကို​ယူ ဆောင်​သွား​လော့။-
16 et omne argentum et aurum quodcumque inveneris in universa provincia Babylonis et populus offerre voluerit et de sacerdotibus qui sponte obtulerint domui Dei sui quae est in Hierusalem
၁၆ထို့​အ​ပြင်​သင်​သည်​ဗာ​ဗု​လုန်​ပြည်​နယ်​တစ် ခု​လုံး​မှ​ကောက်​ခံ​ရ​သ​မျှ​ရွှေ​ငွေ​ကို​လည်း ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​ယဇ် ပု​ရော​ဟိတ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​စံ တော်​မူ​သည့် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​အား ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​လည်း ကောင်း​ယူ​ဆောင်​သွား​လော့။
17 libere accipe et studiose eme de hac pecunia vitulos arietes agnos et sacrificia et libamina eorum et offer ea super altare templi Dei vestri quod est in Hierusalem
၁၇``သင်​သည်​ဤ​ငွေ​ကို​သ​တိ​နှင့်​သုံး​စွဲ​၍ နွား၊ သိုး​ထီး၊ သိုး​သား​ငယ်၊ ဂျုံ​စ​ပါး​နှင့်​စ​ပျစ် ရည်​တို့​ကို​ဝယ်​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့ ဗိ​မာန်​တော်​ယဇ်​ပလ္လင်​တွင်​တင်​လှူ​ပူ​ဇော် လော့။-
18 sed et si quid tibi et fratribus tuis placuerit de reliquo argento et auro ut faciatis iuxta voluntatem Dei vestri facite
၁၈ကြွင်း​ကျန်​သည့်​ရွှေ​ငွေ​ကို သင်​နှင့်​သင်​၏​အ​မျိုး သား​များ​ဆန္ဒ​ရှိ​သည့်​အ​တိုင်း သင်​တို့​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​သုံး​စွဲ​နိုင် သည်။-
19 vasa quoque quae dantur tibi in ministerium domus Dei tui trade in conspectu Dei Hierusalem
၁၉ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​မှု​တွင်​အ​သုံး ပြု​ရန် သင့်​အား​ပေး​အပ်​လိုက်​သည့်​အ​သုံး အ​ဆောင်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​စံ​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​လော့။-
20 sed et cetera quibus opus fuerit in domo Dei tui quantumcumque necesse est ut expendas dabis de thesauro et de fisco regis
၂၀ထို့​ပြင်​ဗိ​မာန်​တော်​အ​တွက်​လို​သေး​သော အ​ရာ​များ​ကို ဘဏ္ဍာ​တော်​တိုက်​မှ​ငွေ​ကို ထုတ်​၍​ဝယ်​နိုင်​သည်။
21 et a me ego Artarxersis rex statui atque decrevi omnibus custodibus arcae publicae qui sunt trans Flumen ut quodcumque petierit a vobis Ezras sacerdos scriba legis Dei caeli absque mora detis
၂၁``ငါ​အာ​တ​ဇေ​ရဇ်​မင်း​သည်​ကောင်း​ကင်​ဘုံ ရှင် ဘု​ရား​သ​ခင်​၏​ပ​ညတ်​ကျမ်း​တတ်​မြောက် သော​ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ တောင်း​သ​မျှ သော​အ​ရာ​တို့​ကို​အ​လျင်​အ​မြန်​ထုတ် ပေး​ကြ​ရန် ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက် ဘက်​ပြည်​နယ်​ရှိ​ငွေ​တိုက်​စိုး​အ​ပေါင်း တို့​အား​အ​မိန့်​တော်​ရှိ​သည်။-
22 usque ad argenti talenta centum et usque ad frumenti choros centum et usque ad vini batos centum et usque ad batos olei centum sal vero absque mensura
၂၂သင်​တို့​သည်​ငွေ​ပေါင်​ခု​နစ်​ထောင့်​ငါး​ရာ၊ ဂျုံ ဆန်​တင်း​ငါး​ရာ၊ စ​ပျစ်​ရည်​ဂါ​လံ​ငါး​ရာ့ ငါး​ဆယ်၊ သံ​လွင်​ဆီ​ဂါ​လံ​ငါး​ရာ့​ငါး ဆယ်​အ​ထိ​လို​သ​မျှ​ဆား​ကို​ထုတ်​ပေး ကြ​စေ။-
23 omne quod ad ritum Dei caeli pertinet tribuatur diligenter in domo Dei caeli ne forte irascatur contra regnum regis et filiorum eius
၂၃ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရင်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​ဗိ​မာန်​တော်​အ​တွက်​လို​အပ်​သည့် အ​ရာ​ဟူ​သ​မျှ​ကို​ပေး​ရန် သင်​တို့​သ​တိ ပြု​ကြ​ရ​မည်။ သို့​မှ​သာ​လျှင်​ကိုယ်​တော် သည် ငါ​နှင့်​ငါ​၏​နောက်​တွင်​အုပ်​စိုး​မည့် ဘု​ရင်​များ​အား​အ​မျက်​ထွက်​တော်​မ​မူ ဘဲ​နေ​လိမ့်​မည်။-
24 vobisque notum facimus de universis sacerdotibus et Levitis cantoribus ianitoribus Nathinneis et ministris domus Dei huius ut vectigal et tributum et annonas non habeatis potestatem inponendi super eos
၂၄သင်​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ အ​နွယ်​ဝင်​များ၊ ဂီ​တ​ပ​ညာ​သည်​များ၊ အ​စောင့် တပ်​သား​များ​နှင့်​အ​လုပ်​သ​မား​များ​ထံ​မှ သော်​လည်း​ကောင်း၊ ဗိ​မာန်​တော်​နှင့်​သက်​ဆိုင် သည့်​အ​ခြား​သူ​များ​ထံ​မှ​သော်​လည်း​ကောင်း အ​ဘယ်​အ​ခွန်​တော်​ကို​မျှ​မ​ကောက်​မ​ခံ ကြ​ရ။
25 tu autem Ezras secundum sapientiam Dei tui quae est in manu tua constitue iudices et praesides ut iudicent omni populo qui est trans Flumen his videlicet qui noverunt legem Dei tui sed et inperitos docete libere
၂၅``သင်​ဧ​ဇ​ရ​သည်​သင့်​အား​ဘု​ရား​သ​ခင်​ပေး အပ်​တော်​မူ​သည့်​ပ​ညာ​ဉာဏ်​ကို​အ​သုံး​ပြု လျက် ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည် နယ်​တွင် သင့်​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို လိုက်​နာ​ကျင့်​သုံး​ကြ​သူ​လူ​အ​ပေါင်း​တို့​အား အုပ်​စိုး​ရန်​အ​တွက်​အုပ်​ချုပ်​ရေး​မှူး​များ​နှင့် တ​ရား​သူ​ကြီး​များ​ကို​ခန့်​ထား​လော့။ ထို တ​ရား​တော်​ကို​မ​သိ​သူ​ကို​သင်​သည်​သင် ကြား​ပို့​ချ​ပေး​လော့။-
26 et omnis qui non fecerit legem Dei tui et legem regis diligenter iudicium erit de eo sive in mortem sive in exilium sive in condemnationem substantiae eius vel certe in carcerem
၂၆အ​ကယ်​၍​သင့်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော် များ​ကို​ဖြစ်​စေ၊ အင်​ပါ​ယာ​နိုင်​ငံ​တော်​၏ တ​ရား​ဥ​ပ​ဒေ​များ​ကို​ဖြစ်​စေ​ချိုး​ဖောက် သူ​အား​သေ​ဒဏ်၊ ပြည်​နှင်​ဒဏ်၊ ထို​သူ​ပိုင်​ပစ္စည်း များ​ကို​သိမ်း​ယူ​ခြင်း​ဒဏ်၊ သို့​မ​ဟုတ်​ထောင် ဒဏ်​အ​လျင်​အ​မြန်​ခံ​စေ'' ဟူ​၍​ဖော်​ပြ ပါ​ရှိ​၏။
27 benedictus Dominus Deus patrum nostrorum qui dedit hoc in corde regis ut glorificaret domum Domini quae est in Hierusalem
၂၇ဧ​ဇ​ရ​က``ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု ကြ​လော့။ ကိုယ်​တော်​သည်​မင်း​ကြီး​အား ယေ​ရု ရှ​လင်​မြို့​ရှိ​ထာ​ဝ​ရ​ဘု​ရား​ဗိ​မာန်​တော်​ကို ဤ​သို့​ဂုဏ်​ပြု​စိတ်​ကို​ပေး​တော်​မူ​ပါ​တ​ကား။-
28 et in me inclinavit misericordiam coram rege et consiliatoribus eius et universis principibus regis potentibus et ego confortatus manu Domini Dei mei quae erat in me congregavi de Israhel principes qui ascenderent mecum
၂၈ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့်​ငါ​သည် မင်း​ကြီး​နှင့်​တ​ကွ သူ​၏​အ​တိုင်​ပင်​ခံ​အ​မတ် များ၊ တန်​ခိုး​ကြီး​သည့်​အ​ရာ​ရှိ​များ​၏​ရှေ့ တွင်​မျက်​နှာ​သာ​ရ​စေ​တော်​မူ​သည်။ ဘု​ရား​သ​ခင်​သည်​ငါ့​အား​ရဲ​စွမ်း​သတ္တိ​ကို​ပေး​တော် မူ​၍ ငါ​သည်​ဣ​သ​ရေ​လ​သား​ချင်း​စု​ခေါင်း ဆောင်​အ​မြောက်​အ​မြား​ကို ငါ​နှင့်​အ​တူ လိုက်​ကြ​ရန်​စု​ရုံး​နိုင်​လေ​ပြီ'' ဟု​ဆို​၏။

< Esdræ 7 >