< Esdræ 10 >

1 sic ergo orante Ezra et inplorante eo et flente et iacente ante templum Dei collectus est ad eum de Israhel coetus grandis nimis virorum et mulierum puerorumque et flevit populus multo fletu
ထိုသို့ ဧဇရ သည် ဘုရား သခင်၏ အိမ် တော်ရှေ့ မှာ ပြပ်ဝပ် လျက်၊ မျက်ရည် ကျလျက် တောင်းပန် ၍ ပဌနာ ပြုသောအခါ ၊ အလွန် များစွာ သော ပရိသတ် ၊ ဣသရေလ အမျိုး ယောက်ျား ၊ မိန်းမ ၊ သူငယ် တို့သည် ဧဇရ ထံ မှာ စည်းဝေး ၍ အလွန် ငိုကြွေး ကြ၏။
2 et respondit Sechenia filius Iehihel de filiis Helam et dixit Ezrae nos praevaricati sumus in Deum nostrum et duximus uxores alienigenas de populis terrae et nunc si est paenitentia Israhel super hoc
ဧလံ အမျိုး ၊ ယေဟေလ သား ရှေကနိ ကလည်း၊ ငါ တို့သည် ကိုယ် ဘုရား သခင်ကို ပြစ်မှား ၍ ၊ ဤပြည် ၌ နေသောတပါး အမျိုးသားမိန်းမ တို့နှင့် စုံဘက် ကြပြီ။ သို့ရာတွင် ဤ အမှုမှာ ဣသရေလ အမျိုး မြော်လင့် စရာ ရှိ သေး၏။
3 percutiamus foedus cum Deo nostro ut proiciamus universas uxores et eos qui de his nati sunt iuxta voluntatem Domini et eorum qui timent praeceptum Dei nostri secundum legem fiat
သို့ဖြစ်၍ အရှင်ဘုရားအစရှိသော ငါ တို့ ဘုရား သခင်၏ ပညတ် တရားကို ကြောက်ရွံ့ သောသူတို့ သတိ ပေးသည်အတိုင်း ၊ ဤမိန်းမ များနှင့် သူ တို့ သား သမီး များရှိသမျှ ကို စွန့်ပယ် မည်ဟု ငါ တို့၏ဘုရား သခင့် ရှေ့တော်၌ အဓိဋ္ဌာန် ပြု ကြကုန်အံ့။ ဤအမှုကို တရား ရှိသည် အတိုင်း စီရင် ကြကုန်အံ့။
4 surge tuum est decernere nosque erimus tecum confortare et fac
ထ တော်မူပါ။ ဤအမှု ကို ကိုယ်တော် ဆိုင်ပါ၏။ အကျွန်ုပ် တို့သည်လည်း ဝိုင်း၍မစကြပါမည်။ ရဲရင့် သောစိတ် ရှိ၍ ပြု တော်မူပါဟု ဧဇရအားပြန်ပြောကြလျှင်၊
5 surrexit ergo Ezras et adiuravit principes sacerdotum Levitarum et omnem Israhel ut facerent secundum verbum hoc et iuraverunt
ဧဇရ သည်ထ ၍ ယဇ်ပုရောဟိတ် အကြီး ၊ လေဝိ သား၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထို စကား အတိုင်း ပြု ရမည်အကြောင်း သူတို့အား အကျိန် ပေး၍ သူတို့သည် ကျိန်ဆို ကြ၏။
6 et surrexit Ezras ante domum Dei et abiit ad cubiculum Iohanan filii Eliasib et ingressus est illuc panem non comedit et aquam non bibit lugebat enim in transgressione eorum qui de captivitate venerant
ထိုအခါ ဧဇရ သည် ဘုရား သခင်၏ အိမ် တော် ရှေ့ က ထ၍၊ ဧလျာရှိပ် သား ယောဟနန် အခန်း သို့ သွား ၏။ ရောက် သောအခါ မုန့် ကိုမ စား ၊ ရေ ကိုမ သောက် ဘဲ နေ၏။ အကြောင်း မူကား၊ သိမ်း သွားခြင်းကိုခံ ဘူးသောသူတို့ ပြစ်မှားသော အပြစ် ကြောင့် ညည်းတွား မြည်တမ်းလေ၏။
7 et missa est vox in Iuda et in Hierusalem omnibus filiis transmigrationis ut congregarentur in Hierusalem
သိမ်း သွားခြင်းကို ခံရသောအမျိုးသား အပေါင်း တို့သည်၊ ယေရုရှလင် မြို့သို့ စည်းဝေး စေမည်အကြောင်း၊
8 et omnis qui non venerit in tribus diebus iuxta consilium principum et seniorum auferetur universa substantia eius et ipse abicietur de coetu transmigrationis
မင်း များနှင့် အသက် ကြီးသူများ စီရင် သည် အတိုင်း ၊ သုံး ရက် အတွင်းတွင် မ ရောက် သော သူမည်သည် ကား၊ သိမ်း သွားခြင်း အမျိုးသားပရိတ်သတ် ထဲက နှင်ထုတ် ခြင်းကိုခံ၍ ၊ သူ ၏ဥစ္စာ ရှိသမျှ သည် ကျိန်ဆိုအပ်သောဥစ္စာဖြစ်စေမည်အကြောင်း၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်တရှောက်လုံး၌ ကြော်ငြာ ကြ၏။
9 convenerunt igitur omnes viri Iuda et Beniamin in Hierusalem tribus diebus ipse est mensis nonus vicesimo die mensis et sedit omnis populus in platea domus Dei trementes pro peccato et pluviis
ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသားယောက်ျား အပေါင်း တို့သည် သုံး ရက် အတွင်းတွင် ၊ ယေရုရှလင် မြို့မှာ စည်းဝေး ၍ နဝမ လ အရက်နှစ် ဆယ်တွင် ၊ လူ အပေါင်း တို့ သည် ထိုအမှုကြောင့်၎င်း၊ သည်းထန် စွာ မိုဃ်းရွာ သောကြောင့် ၎င်း၊ တုန်လှုပ်လျက် ဘုရားသခင်၏ အိမ်တော်ဦးရှေ့မှာ ထိုင်နေကြ၏။
10 et surrexit Ezras sacerdos et dixit ad eos vos transgressi estis et duxistis uxores alienigenas ut adderetis super delictum Israhel
၁၀ထိုအခါ ယဇ်ပုရောဟိတ် ဧဇရ သည် ထ ၍ ၊ သင် တို့သည် ပြစ်မှား ကြပြီ။ ဣသရေလ အမျိုး၌ အပြစ် လေးစေခြင်းငှါ တပါး အမျိုးသားမိန်းမ တို့နှင့် စုံဘက် ကြ ပြီတကား။
11 et nunc date confessionem Domino Deo patrum vestrorum et facite placitum eius et separamini a populis terrae et ab uxoribus alienigenis
၁၁သို့ဖြစ်၍ ဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား အား တောင်းပန် ကြလော့။ အလို တော်အတိုင်း ပြု လျက် ၊ ဤပြည်သား တို့နှင့်၎င်း၊ တပါး အမျိုးသားမိန်းမ တို့နှင့်၎င်း ကွာ ကြလော့ဟု သူ တို့အား ဆို ၏။
12 et respondit universa multitudo dixitque voce magna iuxta verbum tuum ad nos sic fiat
၁၂ပရိသတ် အပေါင်း တို့ကလည်း ၊ ကိုယ်တော် မိန့်တော်မူသည်အတိုင်း အကျွန်ုပ် တို့သည် ပြု ပါမည်။
13 verumtamen quia populus multus est et tempus pluviae et non sustinemus stare foris et opus non est diei unius vel duorum vehementer quippe peccavimus in sermone isto
၁၃သို့ရာတွင် လူ အများ ရှိပါ၏။ သည်းထန်စွာ မိုဃ်း ရွာ သော ကာလ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အိမ်ပြင် မှာ မ ရပ် မနေနိုင် ပါ။ ဤအမှု သည် တ ရက် နှစ် ရက်တွင် ပြီးနိုင် သော အမှုမ ဟုတ်ပါ။ ပြစ်မှား သောသူ အများ ရှိပါ၏။
14 constituantur principes in universa multitudine et omnes in civitatibus nostris qui duxerunt uxores alienigenas veniant in temporibus statutis et cum his seniores per civitatem et civitatem et iudices eius donec avertatur ira Dei nostri a nobis super peccato hoc
၁၄ငါ တို့ ပရိသတ် အပေါင်း ကို အုပ်ချုပ်သော အကြီးအကဲ တို့သည် စီရင်သဖြင့်၊ တို့နေရာမြို့ ရွာ၌ တပါး အမျိုးသားမိန်းမ နှင့် စုံဘက် သော သူအပေါင်း တို့သည် ချိန်းချက် သောအချိန် တို့၌ မြို့ အသီးအသီးအသက် ကြီးသူများ၊ တရား သူကြီးများနှင့်အတူ လာ ၍ ဤ အမှု ကြောင့် ပြင်းစွာ ထွက်သောငါ တို့ ဘုရား သခင်၏ အမျက် တော်ကို ဖြေကြပါစေဟု ကြီးစွာ သောအသံ နှင့် ပြန်ပြော ကြ၏။
15 igitur Ionathan filius Asahel et Iaazia filius Thecuae steterunt super hoc et Mesollam et Sebethai Levites adiuverunt eos
၁၅အာသဟေလ သား ယောနသန် နှင့် တိကဝ သား ယဟာဇိ သာ လျှင် ထို အမှုကိုပြုစု ကြ၏။ လေဝိ သား မေရှုလံ နှင့် ရှဗ္ဗသဲ တို့သည် ဝိုင်း ညီကြ၏။
16 feceruntque sic filii transmigrationis et abierunt Ezras sacerdos et viri principes familiarum in domum patrum suorum et omnes per nomina sua et sederunt in die primo mensis decimi ut quaererent rem
၁၆သိမ်း သွားခြင်းကို ခံရသောအမျိုးသား တို့သည် ဝန်ခံကြသည်နှင့်အညီ၊ ယဇ်ပုရောဟိတ် ဧဇရ သည် ရွေးချယ် ၍ အဆွေ အမျိုးအလိုက် အမည် များကို မှတ်သားသော အဆွေအမျိုးသူကြီး တို့သည် ဒသမ လ တ ရက် နေ့ တွင် ထိုအမှု ကို စစ်ကြော ခြင်းငှါ ထိုင် နေကြ၏။
17 et consummati sunt omnes viri qui duxerant uxores alienigenas usque ad diem primam mensis primi
၁၇တပါး အမျိုးသားမိန်းမ နှင့်စုံဘက် သောသူ အပေါင်း တို့ကို ပဌမ လ တ ရက် နေ့တိုင်အောင် အကုန်အစင် စစ်ကြောစီရင် ကြ၏။
18 et inventi sunt de filiis sacerdotum qui duxerant uxores alienigenas de filiis Iosue filii Iosedech et fratres eius Maasia et Eliezer et Iarib et Godolia
၁၈တပါး အမျိုးသားမိန်းမ နှင့် စုံဘက် သော ယဇ် ပုရောဟိတ် အမျိုးသား ဟူမူကား၊ ယောရှု အမျိုး ယောဇဒက် သား နှင့် သူ ၏ညီ မာသေယ ၊ ဧလျေဇာ ၊ ယာရိပ် ၊ ဂေဒလိ တည်း။
19 et dederunt manus suas ut eicerent uxores suas et pro delicto suo arietem de ovibus offerrent
၁၉သူ တို့သည် မယား နှင့်ကွာ မည်ဟု ဂတိထားကြ ၏။ ပြုမိသော အပြစ် ကြောင့် သိုး ကိုယဇ် ပူဇော်ကြ၏။
20 et de filiis Emmer Anani et Zebedia
၂၀ထိုမှတပါး၊ ဣမေရ အမျိုး ဟာနန် နှင့် ဇေဗဒိ၊
21 et de filiis Erim Masia et Helia et Semeia et Hiehihel et Ozias
၂၁ဟာရိမ် အမျိုး မာသေယ ၊ ဧလိယ ၊ ရှေမာယ ၊ ယေဟေလ ၊ ဩဇိ၊
22 et de filiis Phessur Helioenai Maasia Ismahel Nathanahel Iozabeth et Elasa
၂၂ပါရှုရ အမျိုး ဧလိဩနဲ ၊ မာသေယ ၊ ဣရှမေလ ၊ နာသနေလ ၊ ယောဇဗဒ် ၊ ဧလာသ။
23 et de filiis Levitarum Iozabeth et Semei et Celaia ipse est Calita Phataia Iuda et Eliezer
၂၃လေဝိ သားယောဇဗဒ် ၊ ရှိမိ ၊ ကေလာယ တည်းဟူသော ကေလိတ ၊ ပေသာဟိ ၊ ယုဒ ၊ ဧလျေဇာ၊
24 et de cantoribus Eliasub et de ianitoribus Sellum et Telem et Uri
၂၄သီချင်း သည် ဧလျာရှိပ် ၊ တံခါး စောင့် ရှလ္လုံ ၊ တေလင် ၊ ဥရိ၊
25 et ex Israhel de filiis Pharos Remia et Ezia et Melchia et Miamin et Eliezer et Melchia et Banea
၂၅ဣသရေလအမျိုးထဲက ပါရုတ် အမျိုး ရာမိ ၊ ယေဇိ ၊ မာလခိ ၊ မျာမိန် ၊ ဧလာဇာ ၊ မာလခိယ ၊ ဗေနာယ၊
26 et de filiis Helam Mathania Zaccharias et Hiehil et Abdi et Irimoth et Helia
၂၆ဧလံ အမျိုး မတ္တနိ ၊ ဇာခရိ ၊ ယေဟေလ ၊ အာဗဒိ ၊ ယေရမုတ် ၊ ဧလျာ၊
27 et de filiis Zethua Helioenai Eliasib Mathania et Ierimuth et Zabeth et Aziza
၂၇ဇတ္တု အမျိုး ဧလိဩနဲ ၊ ဧလျာရှိပ် ၊ မတ္တနိ ၊ ယေရမုတ် ၊ ဇာဗဒ် ၊ အာဇိဇ၊
28 et de filiis Bebai Iohanan Anania Zabbai Athalai
၂၈ဗေဗဲ အမျိုး ယောဟနန် ၊ ဟာနနိ ၊ ဇဗ္ဗဲ ၊ အာသလဲ၊
29 et de filiis Bani Mosollam et Melluch et Adaia Iasub et Saal et Ramoth
၂၉ဗာနိ အမျိုး မေရှုလ ၊ မလ္လုတ် ၊ အဒါယ ၊ ယာရှုပ် ၊ ရှာလ ၊ ရာမုတ်၊
30 et de filiis Phaethmoab Edna et Chalal Banaias Maasias Mathanias Beselehel et Bennui et Manasse
၃၀ပါဟတ်မောဘ အမျိုး အဒန ၊ ခေလာလ ၊ ဗေနာယ ၊ မာသေယ ၊ မတ္တနိ ၊ ဗေဇလေလ ၊ ဗိနွိ ၊ မနာရှေ၊
31 et de filiis Erem Eliezer Iesue Melchias Semeias Symeon
၃၁ဟာရိမ် အမျိုး ဧလျေဇာ ၊ ဣရှိယ ၊ မာလခိ ၊ ရှေမာယ ၊ ရှိမောင်၊
32 Beniamin Maloch Samarias
၃၂ဗင်္ယာမိန် ၊ မလ္လုတ် ၊ ရှေမရိ၊
33 de filiis Asom Matthanai Matthetha Zabed Elipheleth Iermai Manasse Semei
၃၃ဟာရှုံ အမျိုး မတ္တနဲ ၊ မတ္တသ ၊ ဇာဗဒ် ၊ ဧလိဖလက် ၊ ယေရမဲ ၊ မာနရှေ ၊ ရှိမိ၊
34 de filiis Bani Maaddi Amram et Huhel
၃၄ဗာနိ အမျိုး မာဒဲ ၊ အာမရံ ၊ ဝေလ၊
35 Baneas et Badaias Cheiliau
၃၅ဗေနာယ ၊ ပေဒိ ၊ ခေလု၊
36 Vannia Marimuth et Eliasib
၃၆ဝါနိ ၊ မေရမုတ် ၊ ဧလျာရှိပ်၊
37 Matthanias Mathanai et Iasi
၃၇မတ္တနိ ၊ မတ္တနဲ ၊ ယာသော၊
38 et Bani et Bennui Semei
၃၈ထိုမှတပါး၊ ဗာနိ ၊ ဗိနွိ ၊ ရှိမိ၊
39 et Salmias et Nathan et Adaias
၃၉ရှေလမိ ၊ နာသန် ၊ အဒါယ၊
40 Mechnedabai Sisai Sarai
၄၀မာခနဒေဗဲ ၊ ရှာရှဲ ၊ ရှာရံ၊
41 Ezrel et Selemau Semeria
၄၁အာဇရေလ ၊ ရှေလမိ ၊ ရှေမရိ၊
42 Sellum Amaria Ioseph
၄၂ရှလ္လုံ ၊ အာမရိ ၊ ယောသပ်၊
43 de filiis Nebu Iaihel Matthathias Zabed Zabina Ieddu et Iohel Banaia
၄၃နေဗော အမျိုး ယေယေလ ၊ မတ္တိသိ ၊ ဇာဗဒ် ၊ ဇေဗိန ၊ ယာဒေါ ၊ ယောလ ၊ ဗေနာယ တည်း။
44 omnes hii acceperunt uxores alienigenas et fuerunt ex eis mulieres quae pepererant filios
၄၄ဤ သူ အပေါင်း တို့သည် တပါး အမျိုးသားမိန်းမ နှင့် စုံဘက် ၍ သား သမီးကို မြင် ရကြပြီ။

< Esdræ 10 >