< Hiezechielis Prophetæ 39 >

1 tu autem fili hominis vaticinare adversum Gog et dices haec dicit Dominus Deus ecce ego super te Gog principem capitis Mosoch et Thubal
သို့ဖြစ်၍ ၊ အချင်းလူသား ၊ ဂေါဂ တဘက် ၌ပရောဖက်ပြု ၍ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ရောရှ၊ မေရှက် ၊ တုဗလ ပြည်တို့ကို အစိုးရ သောအိုဂေါဂ မင်း ၊ ငါ သည်သင့် တဘက် ၌ နေ၏။
2 et circumagam te et seducam te et ascendere faciam de lateribus aquilonis et adducam te super montes Israhel
သင့် ကို ငါလှည့် ၍ သွေးဆောင် မည်။ မြောက် မျက်နှာ မှ ချီ လာ၍ ဣသရေလ တောင် တို့အပေါ်သို့ ရောက် စေမည်။
3 et percutiam arcum tuum in manu sinistra tua et sagittas tuas de manu dextera tua deiciam
ထိုအခါ သင့် လက်ဝဲ လက် မှ လေး ကို၎င်း ၊ လက်ျာ လက် မှ မြှား တို့ကို၎င်း ငါရိုက် ၍ကျ စေမည်။
4 super montes Israhel cades tu et omnia agmina tua et populi qui sunt tecum feris avibus omnique volatili et bestiis terrae dedi te devorandum
သင် နှင့် သင် ၌ပါသောတပ်သား အပေါင်း တို့ သည် ဣသရေလ တောင် တို့အပေါ်မှာ လဲ ၍ သေကြလိမ့်မည်။ သင့်ကို အမျိုးမျိုး သော ငှက်ရဲ ၊ သားရဲ တို့ကိုက်စား စရာဘို့ ငါအပ် မည်။
5 super faciem agri cades quia ego locutus sum ait Dominus Deus
သင်သည် လွင်ပြင် ၌ လဲ ၍သေလိမ့်မည်။ ငါ ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
6 et emittam ignem in Magog et in his qui habitant in insulis confidenter et scient quia ego Dominus
မာဂေါဂ ပြည်နှင့် ပင်လယ် ကမ်းနားမှာ ငြိမ်ဝပ် စွာနေ သောသူတို့ အပေါ်သို့ မီး ကိုငါလွှတ် လိုက်၍ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။
7 et nomen sanctum meum notum faciam in medio populi mei Israhel et non polluam nomen sanctum meum amplius et scient gentes quia ego Dominus Sanctus Israhel
ထိုသို့ ငါ ၏ နာမ မြတ် ကိုငါ ၏ လူ ဣသရေလ အမျိုးသားတို့တွင် ထင်ရှား စေမည်။ နောက် တဖန်သူတို့ သည် ငါ ၏နာမ မြတ် ကိုမ ရှုတ်ချ ရကြ။ ငါ သည်ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရား၊ ထာဝရဘုရား ဖြစ်ကြောင်း ကို တပါးအမျိုးသား တို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
8 ecce venit et factum est ait Dominus Deus haec est dies de qua locutus sum
တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ အမှုရောက် လေပြီ။ ပြည့်စုံ လေပြီ။ ယခု နေ့ရက်သည် ငါမိန့်မြွက် နှင့်ပြီးသော နေ့ ရက်ဖြစ်၏။
9 et egredientur habitatores de civitatibus Israhel et succendent et conburent arma clypeum et hastas arcum et sagittas et baculos manus et contos et succendent ea igne septem annis
ဣသရေလ မြို့ တို့၌ နေ သောသူတို့သည် ထွက်သွား ၍ ၊ စစ်တိုက် လက်နက်၊ ဒိုင်း ၊ လွှား ၊ လေး ၊ မြှား ၊ တုတ် ၊ လှံ များကို ခုနစ် နှစ် ပတ်လုံးမီး ရှို့ ကြလိမ့်မည်။
10 et non portabunt ligna de regionibus neque succident de saltibus quoniam arma succendent igne et depraedabuntur eos quibus praedae fuerant et diripient vastatores suos ait Dominus Deus
၁၀ထိုကာလတွင် ဥယျာဉ် ၌ ထင်း မ ခွေ၊ တော ၌ ထင်းမ ခုတ် မလှဲ၊ စစ်တိုက် လက်နက်တို့နှင့် မီးမွှေး ကြ လိမ့်မည်။ ဖျက်ဆီး သောသူတို့ကို ဖျက်ဆီး ကြလိမ့်မည်။ လုယူ သောသူတို့၏ ဥစ္စာကိုလည်းလုယူ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
11 et erit in die illa dabo Gog locum nominatum sepulchrum in Israhel vallem Viatorum ad orientem maris quae obstupescere facit praetereuntes et sepelient ibi Gog et omnem multitudinem eius et vocabitur vallis Multitudinis Gog
၁၁ထို ကာလ တွင် ဣသရေလ ပြည်၊ အိုင် အရှေ့ ၊ ခရီးသွား ရာချိုင့် ၌ ထင်ရှားသော သင်္ချိုင်း ကိုဂေါဂ အား ငါပေး မည်။ ခရီသွား သောသူတို့ သည် နှာခေါင်းကို ပိတ် ရကြ လိမ့်မည်။ ထို အရပ်၌ ဂေါဂ နှင့် သူ ၏လူ အလုံးအရင်းရှိသမျှ ကိုမြေ၌ မြှုပ် ၍၊ ထိုချိုင့်သည် ဟာမုန် ဂေါဂ ချိုင့်အမည် ဖြင့် တွင်လိမ့်မည်။
12 et sepelient eos domus Israhel ut mundent terram septem mensibus
၁၂ဣသရေလ အမျိုးသား တို့သည် ပြည် ကို သန့်ရှင်း စေခြင်းငှါ ခုနစ် နှစ် ပတ်လုံးမြေ ၌မြှုပ်ကြ လိမ့်မည်။
13 sepeliet autem omnis populus terrae et erit eis nominata dies in qua glorificatus sum ait Dominus Deus
၁၃ပြည်သား အပေါင်း တို့သည် ဝိုင်း၍မြေ၌မြှုပ် သဖြင့် ၊ ငါ ၏ဘုန်း ပွင့်သော ထိုနေ့ ရက်၌ သူတို့သည်လည်း ကျော်စော ခြင်းသို့ ရောက် ကြလိမ့်မည် ဟုအရှင် ထာဝရဘုရား မိန့် တော်မူ၏။
14 et viros iugiter constituent lustrantes terram qui sepeliant et requirant eos qui remanserant super faciem terrae ut emundent eam post menses autem septem quaerere incipient
၁၄အရပ်ရပ် လှည့်လည် ၍ အခြားသောခရီးသည်တို့နှင့် ဝိုင်းလျက်၊ မြေ ပေါ်၌ ကြွင်း သေးသော အသေကောင်တို့ကို မြှုပ် ၍၊ ထိုပြည် ကို သန့်ရှင်း စေခြင်းငှါ အစဉ် အမှုစောင့်သောသူတို့ ကိုရွေးကောက်၍ ခန့်ထား ရကြလိမ့်မည်။ ထိုသူတို့သည် ခုနစ် လ မက ရှာဖွေ ကြစဉ်တွင်၊
15 et circumibunt peragrantes terram cumque viderint os hominis statuent iuxta illud titulum donec sepeliant illud pollinctores in valle Multitudinis Gog
၁၅လှည့်လည် ၍ ခရီးသွားသောသူတို့သည် အသေကောင် ၏ အရိုး ကိုတွေ့မြင် လျှင် ၊ မြေ ၌မြှုပ်သောသူတို့ သည် ဟာမုန် ဂေါဂချိုင့်၌ မ မြှုပ် မှီတိုင်အောင်၊ အရိုး ၏အနား မှာမှတ်တိုင် ကို စိုက် ရကြမည်။
16 nomen autem civitatis Amona et mundabunt terram
၁၆ထိုအရပ်၌ တည်သောမြို့သည်လည်း ဟာမုန် မြို့ ဟူ၍တွင် သဖြင့် ၊ ထိုသို့ပြည် တော်ကို သန့်ရှင်း စေကြ လိမ့်မည်။
17 tu ergo fili hominis haec dicit Dominus Deus dic omni volucri et universis avibus cunctisque bestiis agri convenite properate concurrite undique ad victimam meam quam ego immolo vobis victimam grandem super montes Israhel ut comedatis carnes et bibatis sanguinem
၁၇အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ငှက် အမျိုးမျိုး တို့နှင့် မြေ တိရစ္ဆာန် ခပ်သိမ်း တို့အား ဆင့်ဆိုရမည်မှာ၊ စည်းဝေး ၍ လာ ကြလော့။ ဣသရေလ တောင် တို့အပေါ်၌ သင် တို့အဘို့ ငါစီရင်သော ယဇ် ပွဲကြီး သို့ အရပ်ရပ် တို့က စည်းဝေး ၍၊ အသား အသွေး ကို သောက် စား ခြင်းငှါလာကြလော့။
18 carnes fortium comedetis et sanguinem principum terrae bibetis arietum agnorum et hircorum taurorumque altilium et pinguium omnium
၁၈သင်တို့သည် အားကြီး သောသူတို့၏ အသား ၊ လောကီ မင်း တို့၏အသွေး ၊ ဗာရှန် ပြည်၌ ဆူ အောင်ကျွေး သော သိုးထီး ၊ ဆိတ်ထီး ၊ နွားလားဥဿဘ တို့၏ အသား အသွေးကို သောက် စား ရကြလိမ့်မည်။
19 et comedetis adipem in saturitate et bibetis sanguinem in ebrietate de victima quam ego immolabo vobis
၁၉သင် တို့အဘို့ ငါစီရင် သော ယဇ် ပွဲ၌ ဆီဥ ကိုဝ စွာ စား ရကြလိမ့်မည်။ အသွေး နှင့်ယစ်မူး သည်တိုင်အောင် သောက် ရကြလိမ့်မည်။
20 et saturabimini super mensam meam de equo et de equite forti et de universis viris bellatoribus ait Dominus Deus
၂၀ထိုသို့စားပွဲ ၌ မြင်း ၊ မြင်းစီး သူရဲ၊ ခွန်အား ကြီးသောသူ၊ စစ်တိုက် သောသူ အမျိုးမျိုး တို့ကို ဝ စွာစားရကြ လိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
21 et ponam gloriam meam in gentibus et videbunt omnes gentes iudicium meum quod fecerim et manum meam quam posuerim super eos
၂၁ငါ့ ဘုန်း ကိုလည်း တပါးအမျိုးသား တို့တွင် ငါထင်ရှား စေ၍ ၊ ငါစီရင် သော တရားမှု နှင့် ၊ သူ တို့၌ ငါတင် သော လက် ကို တပါးအမျိုးသား အပေါင်း တို့သည် မြင် ရကြလိမ့်မည်။
22 et scient domus Israhel quia ego Dominus Deus eorum a die illa et deinceps
၂၂ငါ သည်သူ တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်း ကို ဣသရေလ အမျိုးသား တို့သည် ထို နေ့ မှစ၍ သိ ရကြလိမ့်မည်။
23 et scient gentes quoniam in iniquitate sua capta sit domus Israhel eo quod reliquerint me et absconderim faciem meam ab eis et tradiderim eos in manu hostium et ceciderint in gladio universi
၂၃ဣသရေလ အမျိုးသား တို့သည် မိမိ အမျိုးတို့ အပြစ် ကြောင့် သိမ်း သွားခြင်းခံရကြောင်း ကို တပါး အမျိုးသား တို့သည် သိ ရကြလိမ့်မည်။ ငါ့ ကိုပြစ်မှား သောကြောင့် ၊ ငါသည် မျက်နှာ လွှဲ ၍ ရန်သူ တို့လက် သို့ အပ် သဖြင့် ၊ ထိုသူ အပေါင်း တို့သည် ထား ဖြင့် လဲ ၍ သေရ ကြပြီ။
24 iuxta inmunditiam eorum et scelus feci eis et abscondi faciem meam ab illis
၂၄သူ တို့ညစ်ညူး သောအမှု၊ လွန်ကျူး ခြင်းအမှုတို့ အတိုင်း ငါသည် ပြု ၍ မျက်နှာ ကိုလွှဲ ပြီ။
25 propterea haec dicit Dominus Deus nunc reducam captivitatem Iacob et miserebor omnis domus Israhel et adsumam zelum pro nomine sancto meo
၂၅ဤ အမှုတွင် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သိမ်း သွားခြင်းကို ခံရသောယာကုပ် အမျိုးကို ငါတဖန်ဆောင် ခဲ့၍ ၊ ဣသရေလ အမျိုးသား အပေါင်း တို့ကို ကယ်မ သနားသဖြင့် ၊ ငါ ၏နာမ မြတ် အဘို့ အလိုငှါ စိတ် အားကြီးမည်။
26 et portabunt confusionem suam et omnem praevaricationem quam praevaricati sunt in me cum habitaverint in terra sua confidenter neminem formidantes
၂၆သူ တို့ကို လူ အမျိုးမျိုးထဲက ငါ ခေါ် ခဲ့၍၊
27 et reduxero eos de populis et congregavero de terris inimicorum suorum et sanctificatus fuero in eis in oculis gentium plurimarum
၂၇ရန်သူ နေရာပြည် တို့မှ စုဝေး စေလျက် ၊ သူ တို့ အားဖြင့် များစွာ သော လူမျိုး တို့ရှေ့မှာ ငါသည်ချီးမြှောက် ခြင်းသို့ရောက်သောအခါ၊ သူတို့သည် ကြောက် စေသော သူမ ရှိ၊ ငြိမ်ဝပ် စွာနေ ကြစဉ်တွင် ခံရဘူးသောအရှက်ကွဲ ခြင်းနှင့် ၊ ငါ့ အား ပြစ်မှား ခြင်းအပြစ် များကို အောက်မေ့ ကြ ရလိမ့်မည်။
28 et scient quia ego Dominus Deus eorum eo quod transtulerim eos in nationes et congregavero eos super terram suam et non dereliquerim quemquam ex eis ibi
၂၈ငါသည်သူ တို့ကို တပါးအမျိုးသား တို့၏ သိမ်း သွားခြင်းကို ခံစေသောကြောင့်၎င်း ၊ နောက်တဖန် နေရင်းပြည် ၌ စုဝေး စေ၍ နေရာချသောကြောင့်၎င်း ၊ သူ တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်။
29 et non abscondam ultra faciem meam ab eis eo quod effuderim spiritum meum super omnem domum Israhel ait Dominus Deus
၂၉ငါသည် ကိုယ် ဝိညာဉ် ကို ဣသရေလ အမျိုးသား အပေါ်သို့ သွန်းလောင်း သောအခါ၊ သူ တို့တွင် တယောက် ကိုမျှ နောက် တဖန်ငါမစွန့်ပစ် ၊ ငါ့ မျက်နှာ ကိုလည်း မ လွှဲ ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။

< Hiezechielis Prophetæ 39 >