< Ii Samuelis 1 >

1 factum est autem postquam mortuus est Saul ut David reverteretur a caede Amalech et maneret in Siceleg dies duos
ရှောလု သေ သောနောက် ၊ ဒါဝိဒ် သည် အာမလက် လူတို့ကို လုပ်ကြံ ရာမှ ပြန် လာ၍ ၊ ဇိကလတ် မြို့၌ နှစ် ရက် နေ ပြီးလျှင်၊
2 in die autem tertia apparuit homo veniens de castris Saul veste conscissa et pulvere aspersus caput et ut venit ad David cecidit super faciem suam et adoravit
သုံး ရက်မြောက်သောနေ့ တွင် လူ တယောက်သည် မိမိ အဝတ် ကိုဆုတ် လျက် ၊ မိမိ ခေါင်း ပေါ် မှာ မြေမှုန့် ကို တင်လျက်၊ ရှောလု တပ် က လာ ၍ ဒါဝိဒ် ထံသို့ ရောက် သော် ၊ မြေ ပေါ် မှာ ပြပ်ဝပ် လျက် ရှိခိုး ၏။
3 dixitque ad eum David unde venis qui ait ad eum de castris Israhel fugi
ဒါဝိဒ် ကလည်း ၊ အဘယ် အရပ်ကလာ သနည်းဟုမေး လျှင် ၊ ထိုသူက ကျွန်တော်သည် ဣသရေလ တပ် က ပြေး ၍လာပါသည်ဟု လျှောက် လေ၏။
4 et dixit ad eum David quod est verbum quod factum est indica mihi qui ait fugit populus e proelio et multi corruentes e populo mortui sunt sed et Saul et Ionathan filius eius interierunt
ဒါဝိဒ် ကလည်း ၊ အမှု ကားအဘယ်သို့ နည်း။ ငါ့ အား ပြော ပါလော့ဟုမေး လျှင် ၊ သူက ဣသရေလလူ တို့ သည် စစ်တိုက် ရာတွင် ပြေး ၍အများ တို့သည် လဲ လျက် သေ ပါပြီ။ ရှောလု နှင့် သား တော်ယောနသန် လည်း သေ ပါပြီဟု ပြန်လျှောက် လေ၏။
5 dixitque David ad adulescentem qui nuntiabat unde scis quia mortuus est Saul et Ionathan filius eius
ထိုသိတင်းကိုကြားပြော သောလုလင် အား ဒါဝိဒ် က၊ ရှောလု နှင့် သား တော်ယောနသန် သေ ကြောင်း ကို သင်သည်အဘယ်သို့ သိ သနည်းဟုမေး ပြန်လျှင်၊
6 ait adulescens qui narrabat ei casu veni in montem Gelboe et Saul incumbebat super hastam suam porro currus et equites adpropinquabant ei
ထိုလုလင် က၊ ကျွန်တော်သည် ဂိလဗော တောင် ပေါ် သို့ အလိုလိုရောက် သောအခါ၊ ရှောလု သည် လှံ တော်ကို ထောင်၍နေပါ၏။ ရထား စီးသူရဲ မြင်း စီးသူရဲတို့သည် ပြင်းထန်စွာလိုက် ကြ၏။
7 et conversus post tergum suum vidensque me vocavit cui cum respondissem adsum
ရှောလုသည် နောက် တော်သို့ ကြည့် သဖြင့် ကျွန်တော် ကိုမြင် ၍ ခေါ် ပါ၏။
8 dixit mihi quisnam es tu et aio ad eum Amalechites sum
ကျွန်တော် ရှိ ပါသည်ဟု လျှောက် သောအခါ ၊ သင် သည် အဘယ်သူ နည်းဟုမေး လျှင် ၊ ကျွန်တော် သည် အာမလက် လူဖြစ်ပါသည်ဟု ပြန်လျှောက် ပါ၏။
9 et locutus est mihi sta super me et interfice me quoniam tenent me angustiae et adhuc tota anima in me est
ရှောလုကလည်း၊ ငါ့ ထံသို့ လာ၍ ငါ့ ကိုသတ် ပါတော့။ ငါ့ အသက် မသေနိုင်သောကြောင့် ပြင်းစွာ သော ဝေဒနာကို ခံရ ၏ဟုဆို သည်အတိုင်း၊
10 stansque super eum occidi illum sciebam enim quod vivere non poterat post ruinam et tuli diadema quod erat in capite eius et armillam de brachio illius et adtuli ad te dominum meum huc
၁၀လဲ သောနောက် အသက် မ ရှင်နိုင်သည်ကို ကျွန်တော်သိ လျှင် သူ့ ထံသို့သွား၍သတ် ပါ၏။ ခေါင်း တော် ၌ ဆောင်းသောဦးရစ် နှင့် လက်ရုံး တော်၌ ဝတ်သော လက်ကောက် ကို ချွတ်ယူ ပြီးလျှင် ၊ ကျွန်တော် သခင့် ထံ တော်သို့ ဆောင် ခဲ့ပါသည်ဟု လျှောက်လေ၏။
11 adprehendens autem David vestimenta sua scidit omnesque viri qui erant cum eo
၁၁ထိုအခါ ဒါဝိဒ် သည် မိမိ အဝတ် ကိုဆွဲဆုတ် ၍ ၊ သူ ၏လူ အပေါင်း တို့သည် ထိုနည်းတူပြုကြ၏။
12 et planxerunt et fleverunt et ieiunaverunt usque ad vesperam super Saul et super Ionathan filium eius et super populum Domini et super domum Israhel quod corruissent gladio
၁၂ရှောလု မှစ၍သား တော်ယောနသန် ၊ ထာဝရဘုရား ၏လူ များ၊ ဣသရေလ အမျိုးသားတို့သည် ထား ဖြင့် လဲ သေသောကြောင့် ၊ သူတို့အတွက် ညဦး တိုင်အောင် ငိုကြွေး မြည်တမ်း ၍ အစာ ကိုရှောင်ကြ၏။
13 dixitque David ad iuvenem qui nuntiaverat ei unde es qui respondit filius hominis advenae amalechitae ego sum
၁၃ထိုသိတင်းကိုကြား ပြောသော လုလင် အား ဒါဝိဒ် က၊ သင် သည် အဘယ် အရပ်က လာသနည်းဟုမေးလျှင် ၊ ထိုသူက ကျွန်တော် သည် တပါး အမျိုးသားအာမလက် လူ ဖြစ်ပါ၏ဟုပြန်လျှောက် သော်၊
14 et ait ad eum David quare non timuisti mittere manum tuam ut occideres christum Domini
၁၄ဒါဝိဒ် က၊ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသူကို သတ် ခြင်းငှါ သင့် လက် ကိုအဘယ်သို့ ဆန့် ဝံ့သနည်းဟုဆို လျက်၊
15 vocansque David unum de pueris ait accedens inrue in eum qui percussit illum et mortuus est
၁၅လုလင် တယောက် ကိုခေါ် ၍ ၊ သူ့ ကို သွား သတ် တော့ဟုဆို သည်အတိုင်း ၊ လုလင်သည် လုပ်ကြံ ၍ သတ် လေ၏။
16 et ait ad eum David sanguis tuus super caput tuum os enim tuum locutum est adversum te dicens ego interfeci christum Domini
၁၆ဒါဝိဒ် ကလည်း ၊ သင် ၏အသွေး သည် သင့် ခေါင်း ပေါ် မှာတည်စေ။ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသူကို ကျွန်တော် သတ် ပါပြီဟု သင့် နှုတ် သည် သင့် တဘက် ၌ သက်သေခံ လေပြီဟုဆို ၏။
17 planxit autem David planctum huiuscemodi super Saul et super Ionathan filium eius
၁၇ဒါဝိဒ် သည် ရှောလု နှင့် သား တော် ယောနသန် ကြောင့် ငိုကြွေး မြည်တမ်း၍၊
18 et praecepit ut docerent filios Iuda arcum sicut scriptum est in libro Iustorum
၁၈ယုဒ အမျိုးသား တို့အား သင် စေသော လေး သီချင်းတည်းဟူသောယာရှာ စာ ၌ ပါသောသီချင်းစကား ဟူမူကား၊
19 incliti Israhel super montes tuos interfecti sunt quomodo ceciderunt fortes
၁၉အိုဣသရေလ ဂုဏ် အသရေ၊ သင် ၏မြင့် သောအရပ်တို့၌ သင်သည် အသေခံ လေပြီ။ သူရဲ တို့သည် လဲ သေကြပြီတကား။
20 nolite adnuntiare in Geth neque adnuntietis in conpetis Ascalonis ne forte laetentur filiae Philisthim ne exultent filiae incircumcisorum
၂၀ထိုသိတင်းကို ဂါသ မြို့၌ မ ပြော ကြနှင့်။ အာရှကေလုန် မြို့လမ်း တို့၌ မ ကြား မပြောကြနှင့်။ ဖိလိတ္တိ အမျိုးသမီး တို့သည် ဝမ်းမြောက် ၍ အရေဖျား လှီးခြင်းကို မခံသော အမျိုးသမီး တို့သည် ရွှင်လန်း ကြလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
21 montes Gelboe nec ros nec pluviae veniant super vos neque sint agri primitiarum quia ibi abiectus est clypeus fortium clypeus Saul quasi non esset unctus oleo
၂၁အိုဂိလဗော တောင် တို့၊ သင် တို့အပေါ် မှာ နှင်း မ ကျစေနှင့်။ မိုဃ်း မ ရွာစေနှင့်။ ပူဇော် စရာအသီးကိုသီးသော လယ်ကွက် မရှိစေနှင့်။ အကြောင်း မူကား၊ ထို အရပ်၌ သူရဲ ဆောင်သော ဒိုင်း တည်းဟူသောရှောလု ဆောင်သောဒိုင်း လွှား၊ ဆီ နှင့် လိမ်း ပြီးသော လက်နက်တော်ကို ရှုတ်ချ လေပြီတကား။
22 a sanguine interfectorum ab adipe fortium sagitta Ionathan numquam rediit retrorsum et gladius Saul non est reversus inanis
၂၂သူရဲတို့၏အသွေး ၊ ခွန်အား ကြီးသောသူတို့ ၏ ဆီဥ မှ ယောနသန် ၏လေး သည် နောက် သို့မ လှန်။ ရှောလု၏ထား တော်သည် ကိုယ်ချည်း ပြန် ၍ မ လာတတ်။
23 Saul et Ionathan amabiles et decori in vita sua in morte quoque non sunt divisi aquilis velociores leonibus fortiores
၂၃ရှောလု နှင့် ယောနသန် သည် ချစ် တတ်သောသဘောရှိ၍ အသက် ရှင်စဉ် အခါ မိတ်ဆွေဖြစ်လျက် ၊ အသက်သေ သောအခါ တယောက်နှင့် တယောက်မ ကွာ ဘဲလျက်နေကြ၏။ သူတို့သည် ရွှေလင်းတ ထက် မြန် ၍ ခြင်္သေ့ ထက် ခွန်အား ကြီးကြ၏။
24 filiae Israhel super Saul flete qui vestiebat vos coccino in deliciis qui praebebat ornamenta aurea cultui vestro
၂၄အိုဣသရေလ အမျိုးသမီး တို့၊ ရှောလု ကို ငိုကြွေး ကြလော့။ သင် တို့ကို လှသော ကမ္ဗလာ နီ နှင့် ဝတ် စေ၍၊ သင် တို့အဝတ် ၌ လည်း ရွှေ တန်ဆာ နှင့် ဆင်စေတော်မူ ၏။
25 quomodo ceciderunt fortes in proelio Ionathan in excelsis tuis occisus est
၂၅စစ်တိုက် ပွဲ၌ သူရဲ တို့သည် လဲ သေကြပြီ။ အို ယောနသန် ၊ သင် ၏ မြင့် သောအရပ်တို့၌ သင်သည် အသေခံ လေပြီတကား။
26 doleo super te frater mi Ionathan decore nimis et amabilis super amorem mulierum
၂၆ငါ့ ညီ ယောနသန် ၊ သင့် ကြောင့် ငါ ညှိုးငယ် ခြင်းရှိ၏။ သင်သည် ငါ့ မိတ်ဆွေကြီးဖြစ်၍၊ ငါ့ ကို ချစ်သော မေတ္တာ သည် အံ့ဩဘွယ် သောမေတ္တာ၊ မိန်းမ ကို ချစ်တတ်သော မေတ္တာ ထက် သာ၍အားကြီးသောမေတ္တာဖြစ်၏။
27 quomodo ceciderunt robusti et perierunt arma bellica
၂၇သူရဲ တို့သည်လဲ သေကြပြီတကား။ စစ်တိုက် လက်နက် တို့သည် ဆုံး ကြပြီတကားဟု ပါသတည်း။

< Ii Samuelis 1 >