< I Regum 3 >

1 confirmatum est igitur regnum in manu Salomonis et adfinitate coniunctus est Pharaoni regi Aegypti accepit namque filiam eius et adduxit in civitatem David donec conpleret aedificans domum suam et domum Domini et murum Hierusalem per circuitum
ရှောလမုန် သည် အဲဂုတ္တု ဖာရော ဘုရင် နှင့် မိတ်ဆွေ ဖွဲ့လျက် ၊ သမီး တော်နှင့်စုံဘက် ၍ နန်း တော်၊ ဗိမာန် တော်၊ ယေရုရှလင် မြို့ရိုး ကို မပြီး မှီတိုင်အောင် ဒါဝိဒ် မြို့ ၌ နေရာပေး တော်မူ၏။
2 et tamen populus immolabat in excelsis non enim aedificatum erat templum nomini Domini usque in die illo
ထို ကာလ ၌ ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို မ တည် သေးသောကြောင့် ၊ လူ များတို့သည် မြင့် သောအရပ်တို့၌ ယဇ် ပူဇော်တတ်ကြ၏။
3 dilexit autem Salomon Dominum ambulans in praeceptis David patris sui excepto quod in excelsis immolabat et accendebat thymiama
ရှောလမုန် သည် ထာဝရဘုရား ကို ချစ် ၍ ခမည်းတော် ဒါဝိဒ် ၏စီရင် ချက်တို့ကို စောင့်ရှောက် တတ်၏။ သို့ရာတွင် မြင့် သောအရပ်တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်း ကို မီးရှို့၏။
4 abiit itaque in Gabaon ut immolaret ibi illud quippe erat excelsum maximum mille hostias in holocaustum obtulit Salomon super altare illud in Gabaon
တရံရောအခါ၊ ရှင် ဘုရင်သည် ယဇ် ပူဇော်ခြင်းငှါ အလွန် မြင့် မြတ်သော အရပ်တည်းဟူသောဂိဗောင် မြို့သို့ သွား ၍ ထို ယဇ် ပလ္လင်ပေါ် မှာ မီးရှို့ ရာယဇ်တထောင် ကို ပူဇော် လေ၏။
5 apparuit Dominus Salomoni per somnium nocte dicens postula quod vis ut dem tibi
ထိုမြို့၌ ထာဝရဘုရား သည် ညဉ့် အခါ အိပ်မက် တွင် ရှောလမုန် အား ထင်ရှား လျက် ၊ ငါပေး ရမည်ဆုကို တောင်း လော့ဟု ဘုရား သခင်မိန့် တော်မူ၏။
6 et ait Salomon tu fecisti cum servo tuo David patre meo misericordiam magnam sicut ambulavit in conspectu tuo in veritate et iustitia et recto corde tecum custodisti ei misericordiam tuam grandem et dedisti ei filium sedentem super thronum eius sicut et hodie
ရှောလမုန် ကလည်း ၊ ကိုယ်တော် ၏ ကျွန် အကျွန်ုပ် ၏အဘ ဒါဝိဒ် သည် ရှေ့ တော်၌ သဘော ဖြောင့် ၍ သမ္မာ တရား၊ ဖြောင့်မတ် ခြင်းတရားအတိုင်း ကျင့် သည်နှင့်အညီ၊ သူ၌များစွာ သော ကျေးဇူး ကို ပြု တော်မူပြီ။ ယနေ့ တွင်ရှိသည်အတိုင်း ၊ သူ ၏ရာဇ ပလ္လင်ပေါ် မှာ ထိုင် ရသောသား ကိုသူ့ အား ပေး သနားတော်မူသဖြင့် ၊ သူ့ အဘို့ ကျေးဇူး တရားကို စောင့်ရှောက် တော်မူပြီ။
7 et nunc Domine Deus tu regnare fecisti servum tuum pro David patre meo ego autem sum puer parvus et ignorans egressum et introitum meum
ယခု မှာ အကျွန်ုပ် ၏ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ကျွန် ကို အဘ ဒါဝိဒ် ၏ကိုယ်စား ရှင် ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ် သည် သူငယ် ဖြစ်ပါ၏။ ထွက် ဝင် ခြင်းငှါမ တတ်နိုင် ပါ။
8 et servus tuus in medio est populi quem elegisti populi infiniti qui numerari et supputari non potest prae multitudine
ရွေးချယ် တော်မူ၍ အရေအတွက် အားဖြင့် အတိုင်း မ သိများပြား စွာသော ကိုယ်တော် ၏လူမျိုး ကြီး အလယ် ၌ ကိုယ်တော် ကျွန် ရှိပါ၏။
9 dabis ergo servo tuo cor docile ut iudicare possit populum tuum et discernere inter malum et bonum quis enim potest iudicare populum istum populum tuum hunc multum
သို့ဖြစ်၍ ကိုယ်တော် ကျွန် သည် ကိုယ်တော် ၏ လူ တို့ကို တရားစီရင် နိုင်မည်အကြောင်း ကောင်း မကောင်း ကို ပိုင်းခြား ၍ သိ တတ်သောဉာဏ် ကိုပေး သနားတော်မူ ပါ။ ဤ မျှလောက်များစွာ သော ကိုယ်တော် ၏ လူ တို့ကို အဘယ်သူ သည် ကိုယ်အလိုအလျောက်တရား စီရင်နိုင် ပါ မည်နည်းဟု တောင်းလျှောက် ၏။
10 placuit ergo sermo coram Domino quod Salomon rem huiuscemodi postulasset
၁၀ထိုသို့ ရှောလမုန် တောင်း လျှောက်သော ပဌနာ စကား ကို ထာဝရ ဘုရားသည် နှစ်သက် တော်မူ၏။
11 et dixit Deus Salomoni quia postulasti verbum hoc et non petisti tibi dies multos nec divitias aut animam inimicorum tuorum sed postulasti tibi sapientiam ad discernendum iudicium
၁၁ဘုရား သခင်ကလည်း ၊ သင်သည်တာရှည် သော အသက် ကို မ တောင်း ၊ စည်းစိမ် ကိုလည်း မ တောင်း ၊ ရန်သူ တို့ ၏အသက် ကိုလည်း မ တောင်း ၊ တရား စီရင်ခြင်းငှါ တတ်နိုင်သောဉာဏ် ကိုသာ ကိုယ် အဘို့ တောင်း လျှောက် သောကြောင့်၊
12 ecce feci tibi secundum sermones tuos et dedi tibi cor sapiens et intellegens in tantum ut nullus ante te similis tui fuerit nec post te surrecturus sit
၁၂သင် တောင်း လျှောက်သည်အတိုင်း ငါပေး ၏။ ရှေး ကာလ၌သင် နှင့် တူသောသူတယောက်မျှမ ဖြစ် ၊ နောင် ကာလ၌မ ဖြစ် နိုင်အောင် ဉာဏ် ပညာနှင့်ပြည့်စုံသောစိတ် ဝိညာဉ်ကို သင့် အား ငါပေး ၏။
13 sed et haec quae non postulasti dedi tibi divitias scilicet et gloriam ut nemo fuerit similis tui in regibus cunctis retro diebus
၁၃ထိုမှတပါးသင် နှင့် တူသော ရှင်ဘုရင် တယောက် ကိုမျှ သင့် လက်ထက် ၌ မ ရှိ စေခြင်းငှါ၊ သင်မ တောင်း သော ဆု၊ စည်းစိမ် ဥစ္စာ၊ ဂုဏ် အသရေကို ငါပေး ၏။
14 si autem ambulaveris in viis meis et custodieris praecepta mea et mandata mea sicut ambulavit pater tuus longos faciam dies tuos
၁၄သင့် အဘ ဒါဝိဒ် ကျင့် သည်အတိုင်း ငါ့ လမ်း သို့ လိုက် ၍ ငါ စီရင် ချက်ပညတ် တရားတို့ကို စောင့်ရှောက် လျှင် ၊ တာရှည် သော အသက် ကိုလည်း ငါပေးမည်ဟု မိန့် တော်မူ၏။
15 igitur evigilavit Salomon et intellexit quod esset somnium cumque venisset Hierusalem stetit coram arca foederis Domini et obtulit holocausta et fecit victimas pacificas et grande convivium universis famulis suis
၁၅ရှောလမုန် သည် နိုး ၍ အိပ်မက် ဖြစ်မှန်းကိုသိ၏။ တဖန် ယေရုရှလင် မြို့သို့သွား ၍ ထာဝရ ဘုရား၏ ပဋိညာဉ် သေတ္တာ တော်ရှေ့ မှာ ရပ် လျက်၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ၍ ကျွန် အပေါင်း တို့အဘို့ ပွဲ ကို စီရင် တော်မူ၏။
16 tunc venerunt duae mulieres meretrices ad regem steteruntque coram eo
၁၆ထိုအခါ ပြည်တန်ဆာ မိန်းမ နှစ် ယောက်သည် လာ ၍ ရှေ့ တော်၌ ရပ် လျက်၊
17 quarum una ait obsecro mi domine ego et mulier haec habitabamus in domo una et peperi apud eam in cubiculo
၁၇မိန်းမ တယောက် က အို အရှင် ၊ ကျွန်တော်မ နှင့် ဤ မိန်းမ သည် တ အိမ် တည်းနေ ကြပါ၏။ တအိမ်တည်း နေလျက် ကျွန်တော်မသည် သား မျက်နှာကိုမြင်ပါ၏။
18 tertia vero die postquam ego peperi peperit et haec et eramus simul nullusque alius in domo nobiscum exceptis nobis duabus
၁၈သုံး ရက် လွန်မှ တဖန် ဤ မိန်းမ သည် သား မျက်နှာကိုမြင်ပါ၏။ ထိုအိမ် ၌ အဘယ်ဧည့်သည် မျှ မ ရှိ။ သူနှင့်ကျွန်တော်မနှစ် ယောက်တည်း သာ ရှိပါ၏။
19 mortuus est autem filius mulieris huius nocte dormiens quippe oppressit eum
၁၉ဤ မိန်းမ သည် ညဉ့် အခါ မိမိသားငယ်ကို ဖိ၍ အိပ် မိသောကြောင့် သား ငယ်သေ ပါ၏။
20 et consurgens intempesta nocte silentio tulit filium meum de latere meo ancillae tuae dormientis et conlocavit in sinu suo suum autem filium qui erat mortuus posuit in sinu meo
၂၀သန်းခေါင်ယံ ၌ သူသည်ထ ၍ ကျွန်တော်မ အိပ်ပျော် စဉ်အခါ ကျွန်တော်မ သား ငယ်ကိုယူ ၍ မိမိ ရင်ခွင် ၌ ထား ပါ၏။ သူ ၏ သားငယ် အသေ ကောင်ကိုမူကား ၊ ကျွန်မ ၏ရင်ခွင် ၌ ထား ပါ၏။
21 cumque surrexissem mane ut darem lac filio meo apparuit mortuus quem diligentius intuens clara luce deprehendi non esse meum quem genueram
၂၁နံနက် အချိန်၌ ကျွန်တော်မသည်သား ငယ်ကို နို့ တိုက်မည်ထ သောအခါ၊ သားငယ်သည် သေ လျက် ရှိပါ၏။ သို့ရာတွင်ကျွန်တော်မသည် သေသောသူငယ် ကို စေ့စေ့ ကြည့်ရှုသောအခါ ၊ ကျွန်တော်မဘွားမြင် သော သား မ ဟုတ်ပါဟုလျှောက် ၏။
22 responditque altera mulier non est ita sed filius tuus mortuus est meus autem vivit e contrario illa dicebat mentiris filius quippe meus vivit et filius tuus mortuus est atque in hunc modum contendebant coram rege
၂၂အခြား သော မိန်းမ ကလည်း မ ဟုတ်ဘူး။ အသက် ရှင်သော သူငယ်သည် ငါ့ သား ၊ သေ သောသူငယ် သည် သင် ၏သား ဖြစ်၏ဟု ငြင်းလေ၏။ အရင်မိန်းမကလည်း ထိုသို့ မ ဟုတ်။ သေ သောသူငယ်သည် သင် ၏သား ၊ အသက် ရှင်သောသူငယ်သည် ငါ့ သား ဖြစ်၏ဟုဆို လေ၏။ ထိုသို့ရှေ့ တော်၌ လျှောက် ဆိုကြလျှင်၊
23 tunc rex ait haec dicit filius meus vivit et filius tuus mortuus est et ista respondit non sed filius tuus mortuus est et filius meus vivit
၂၃ရှင်ဘုရင် က၊ မိန်းမတယောက်က အသက် ရှင်သော သူငယ်သည် ငါ့ သား ၊ သေ သော သူငယ်သည် သင် ၏သား ဖြစ်၏ဟုဆို လျက်၊ တယောက်ကထိုသို့ မ ဟုတ်။ သင် ၏သား သေ ပြီ။ ငါ့ သား အသက် ရှင်သည်ဟု ဆို သည် ဖြစ်၍၊
24 dixit ergo rex adferte mihi gladium cumque adtulissent gladium coram rege
၂၄ထား ယူ ခဲ့ဟု မိန့် တော်မူသည်အတိုင်း ၊ ထား ကို ရှေ့ တော်သို့ ယူ ခဲ့ကြ၏။
25 dividite inquit infantem vivum in duas partes et date dimidiam partem uni et dimidiam partem alteri
၂၅ရှင်ဘုရင် ကလည်း ၊ အသက် ရှင်သော သူငယ် ကို ခွဲ ၍ ထိုမိန်းမတို့အား တယောက် တဝက် စီပေး လော့ဟု မိန့် တော်မူသော်၊
26 dixit autem mulier cuius filius erat vivus ad regem commota sunt quippe viscera eius super filio suo obsecro domine date illi infantem vivum et nolite interficere eum contra illa dicebat nec mihi nec tibi sit dividatur
၂၆အသက် ရှင်သောသူငယ်၏ အမိသည် မိမိ သား ကို အလွန်သနား ၍ ၊ အို အရှင် ၊ အသက် ရှင်သောသူငယ်ကို မ သတ် ပါနှင့်။ ဤမိန်းမ အား ပေး တော်မူပါဟု တောင်းပန် လေ၏။ အခြားမိန်းမက ငါ မ ပိုင် စေနှင့်။ သင် လည်း မပိုင်စေနှင့်။ ခွဲ ပါလေစေဟုဆို ၏။
27 respondens rex ait date huic infantem vivum et non occidatur haec est mater eius
၂၇ထိုအခါ ရှင်ဘုရင် က၊ အသက် ရှင်သော သူငယ် ကို မ သတ် နှင့်။ အရင်မိန်းမ အား ပေး လော့။ သူ သည် အမိ မှန်သည်ဟု မိန့် တော်မူ၏။
28 audivit itaque omnis Israhel iudicium quod iudicasset rex et timuerunt regem videntes sapientiam Dei esse in eo ad faciendum iudicium
၂၈ထိုသို့ရှင်ဘုရင် စီရင် တော်မူသည် အရာကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြား သိကြသောအခါ ၊ တရား စီရင်စေခြင်းငှါ ဘုရား သခင်ပေးတော်မူသော ဉာဏ် နှင့် ရှင်ဘုရင် ပြည့်စုံကြောင်းကို သိမြင် ၍ ၊ ကိုယ်တော်ကို ကြောက်ရွံ့ ရိုသေကြ၏။

< I Regum 3 >