< Thessalonicenses Ii 3 >
1 De cetero fratres orate pro nobis ut sermo Dei currat, et clarificetur, sicut et apud vos:
၁ညီအစ်ကိုတို့၊ နောက်ဆုံးအနေဖြင့်မှာကြား လို၏။ သခင်ဘုရား၏တရားတော်သည်သင် တို့ထံမှာကဲ့သို့အရပ်တကာတွင်လျင်မြန် စွာပျံ့နှံ့၍ ဘုန်းအသရေတော်ထွန်းတောက် နိုင်စေရန်ငါတို့အတွက်ဆုတောင်းကြလော့။-
2 et ut liberemur ab importunis, et malis hominibus: non enim omnium est fides.
၂ဘုရားသခင်သည်ငါတို့အားသူယုတ်မာ များနှင့်ဆိုးညစ်သူတို့၏ဘေးအန္တရာယ်မှ ကယ်ဆယ်တော်မူရန်ကိုလည်းဆုတောင်းကြ လော့။ အဘယ်ကြောင့်ဆိုသော်တရားတော် ကိုလူတိုင်းပင်မယုံကြည်သောကြောင့်ဖြစ် သည်။
3 Fidelis autem Deus est, qui confirmabit vos, et custodiet a malo.
၃သို့ရာတွင်သခင်ဘုရားသည်သစ္စာတော်အရှင် ဖြစ်တော်မူသည်နှင့်အညီ သင်တို့အားကြံ့ခိုင် စေ၍မာရ်နတ်၏ဘေးမှကာကွယ်တော်မူလိမ့်မည်။-
4 Confidimus autem de vobis fratres, in Domino, quoniam quaecumque praecepimus, et facitis, et facietis.
၄သခင်ဘုရားသည်ငါတို့အားသင်တို့အပေါ် တွင်ယုံကြည်စိတ်ချစေတော်မူ၏။ သင်တို့သည် ငါတို့မှာကြားခဲ့သည့်အတိုင်းယခုအခါ ၌ပြုကျင့်လျက်ရှိကြသည်နည်းတူ နောင် အခါ၌လည်းဆက်လက်ပြုကျင့်ကြမည် ကိုငါတို့စိတ်ချယုံကြည်၏။
5 Dominus autem dirigat corda vestra in charitate Dei, et patientia Christi.
၅သင်တို့သည်ဘုရားသခင်၏မေတ္တာတော်ကို ပိုမို၍သိမြင်နားလည်နိုင်ကြစေရန်လည်း ကောင်း၊ ခရစ်တော်နည်းတူသည်းခံနိုင်ကြ စေရန်လည်းကောင်း သခင်ဘုရားသည်သင် တို့ကိုလမ်းညွှန်တော်မူပါစေသော။
6 Denunciamus autem vobis fratres in nomine Domini nostri Iesu Christi, ut subtrahatis vos ab omni fratre ambulante inordinate, et non secundum traditionem, quam acceperunt a nobis.
၆ညီအစ်ကိုတို့၊ အပျင်းကြီးသူညီအစ်ကို အပေါင်းတို့နှင့်လည်းကောင်း၊ ငါတို့ပေးအပ် သည့်ညွှန်ကြားချက်များကိုမလိုက်နာသူ တို့နှင့်လည်းကောင်း မပေါင်းဖော်ကြရန်အရှင် ယေရှုခရစ်၏နာမတော်ကိုအမှီပြုလျက် သင်တို့ကိုငါတို့ပညတ်၏။-
7 Ipsi enim scitis quemadmodum oporteat imitari nos: quoniam non inquieti fuimus inter vos:
၇သင်တို့သည်ငါတို့အလုပ်လုပ်ခဲ့သည့်စံ နမူနာကိုလိုက်၍ပြုကျင့်သင့်သည်ကို သင် တို့ကိုယ်တိုင်ကောင်းစွာသိရှိကြပေသည်။ သင်တို့နှင့်အတူရှိစဉ်အခါကငါတို့သည် အလုပ်မလုပ်ဘဲမနေခဲ့ကြ။-
8 neque gratis panem manducavimus ab aliquo, sed in labore, et in fatigatione, nocte et die operantes, ne quem vestrum gravaremus.
၈ငါတို့စားစရိတ်မှန်သမျှကိုငါတို့ကျခံ ခဲ့ကြ၏။ သင်တို့တစ်ဦးတစ်ယောက်အားမျှ ငါတို့အတွက်တာဝန်မရှိရစေရန် ငါတို့ သည်အလုပ်ကိုပင်ပန်းစွာနေ့ရောညဥ့်ပါ လုပ်ကိုင်ခဲ့ကြ၏။-
9 Non quasi non habuerimus potestatem, sed ut nosmetipsos formam daremus vobis ad imitandum nos.
၉ယင်းသို့ပြုကြခြင်းမှာငါတို့တွင်သင်တို့ ၏အထောက်အပံ့ကိုတောင်းပိုင်ခွင့်မရှိကြ ၍မဟုတ်။ သင်တို့လိုက်လျှောက်ရန်စံနမူနာ ရရှိကြစေရန်သာဖြစ်၏။-
10 Nam et cum essemus apud vos, hoc denunciabamus vobis: quoniam si quis non vult operari, nec manducet.
၁၀သင်တို့နှင့်အတူရှိခဲ့စဉ်အခါကငါတို့ သည်သင်တို့အား``အလုပ်မလုပ်လိုသူသည် အစားအစာလည်းမစားရ'' ဟူ၍သွန်သင် လေ့ရှိ၏။
11 Audivimus enim inter vos quosdam ambulare inquiete, nihil operantes, sed curiose agentes.
၁၁သင်တို့အထဲတွင်အပျင်းကြီးလျက်အလုပ် မလုပ်ဘဲ သူတစ်ပါးတို့၏ကိစ္စများတွင်ဝင် ရောက်စွက်ဖက်နေတတ်သူများရှိကြောင်း သိရပေသည်။-
12 Iis autem, qui eiusmodi sunt, denunciemus, et obsecramus in Domino Iesu Christo, ut cum silentio operantes, suum panem manducent.
၁၂ဤကဲ့သို့သောသူတို့အားငြိမ်ဝပ်စွာနေထိုင် ကာအလုပ်ကိုလုပ်၍အသက်မွေးဝမ်းကျောင်း ကြရန် ငါတို့သည်အရှင်သခင်ယေရှုခရစ် ၏နာမတော်ကိုအမှီပြုလျက်အမိန့်ပေး ၍တိုက်တွန်း၏။
13 Vos autem fratres nolite deficere benefacientes.
၁၃သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့သည်အဘယ် အခါ၌မျှစိတ်မပျက်အားမလျော့ဘဲ ကောင်းသောအကျင့်ကိုပြုကျင့်ကြလော့။-
14 Quod si quis non obedit verbo nostro per epistolam, hunc notate, et ne commisceamini cum illo ut confundatur:
၁၄အကယ်၍လူတစ်စုံတစ်ယောက်သည်ဤစာ တွင်ပါရှိသည့်ညွှန်ကြားချက်များကိုမလိုက် နာသော် ထိုသူကိုသတိပြု၍အရှက်ရစေ ရန်သူနှင့်မပေါင်းဖော်ကြနှင့်။-
15 et nolite quasi inimicum existimare, sed corripite ut fratrem.
၁၅သို့ရာတွင်သူ့အားရန်သူကဲ့သို့သဘောမထား ဘဲ ညီအစ်ကိုကဲ့သို့သဘောထားကာသတိပေး ကြလော့။
16 Ipse autem Deus pacis det vobis pacem sempiternam in omni loco. Dominus sit cum omnibus vobis.
၁၆ငြိမ်သက်ခြင်း၏အရှင်သခင်ဘုရားကိုယ်တော် တိုင်သင်တို့အား အခါခပ်သိမ်းနည်းအမျိုးမျိုး ဖြင့်ငြိမ်သက်ခြင်းကိုပေးသနားတော်မူပါ စေသော။ သခင်ဘုရားသည်သင်တို့နှင့်အတူ ရှိတော်မူပါစေသော။
17 Salutatio, mea manu Pauli: quod est signum in omni epistola. ita scribo.
၁၇ငါ၏လက်ဖြင့်ဤစာလုံးများကိုရေး၏။ ငါ ပေါလုသည်သင်တို့အားနှုတ်ဆက်၏။ ငါပေး ပို့သောစာတိုင်းတွင်ဤအတိုင်းလက်မှတ်ရေး ထိုး၏။ ဤကဲ့သို့ငါရေး၏။
18 Gratia Domini nostri Iesu Christi cum omnibus vobis. Amen.
၁၈ငါတို့အရှင်သခင်ယေရှုခရစ်၏ကျေးဇူး တော်ကိုသင်တို့အားလုံးခံစားရကြပါ စေသတည်း။ သက်သာလောနိတ်သြဝါဒစာဒုတိယစောင်ပြီး၏။