< Iohannis I 3 >
1 Videte qualem charitatem dedit nobis Pater, ut filii Dei nominemur et simus. Propter hoc mundus non novit nos: quia non novit eum.
၁ငါတို့သည်ဘုရားသခင်၏သားသမီးများ ဟုအခေါ်ခံရကြသောအခွင့်ကိုရကြသဖြင့် ငါတို့အားခမည်းတော်ဘုရားသည်မည်မျှ ချစ်တော်မူသည်ကိုဆင်ခြင်ကြလော့။ ငါတို့ သည်အကယ်ပင်ဘုရားသခင်၏သားသမီး များဖြစ်ကြ၏။ ဤအကြောင်းကြောင့်ဤလောက သားတို့ကငါတို့ကိုမသိ။ သူတို့သည်ခမည်း တော်ကိုလည်းမသိ။-
2 Charissimi, nunc filii Dei sumus: et nondum apparuit quid erimus. Scimus quoniam cum apparuerit, similes ei erimus: quoniam videbimus eum sicuti est.
၂ချစ်ဆွေတို့၊ ယခုအခါငါတို့သည်ဘုရား သခင်၏သားသမီးများဖြစ်ကြ၏။ သို့ရာ တွင်နောင်အခါအဘယ်သို့သောသူများဖြစ် မည်ကိုသေချာစွာမသိရကြသော်လည်း ခရစ်တော်ကြွလာတော်မူသောအခါကိုယ် တော်ဖြစ်တော်မူသည်အတိုင်းဖူးမြင်ရကြ မည်ဖြစ်၍ ငါတို့သည်ကိုယ်တော်နှင့်တူကြ မည်ကိုသိကြ၏။-
3 Et omnis, qui habet hanc spem in eo, sanctificat se, sicut et ille sanctus est.
၃ခရစ်တော်ကိုအမှီပြု၍ထိုသို့မျှော်လင့် တောင့်တသူသည် ခရစ်တော်သန့်ရှင်းဖြူစင် တော်မူသကဲ့သို့မိမိကိုယ်ကိုသန့်ရှင်းဖြူ စင်စေတတ်၏။
4 Omnis, qui facit peccatum, et iniquitatem facit: et peccatum est iniquitas.
၄အပြစ်ကူးခြင်းသည်ပညတ်တော်ကိုချိုး ဖောက်ခြင်းဖြစ်သဖြင့် အပြစ်ကူးသူမှန် သမျှသည်ပညတ်တော်ကိုချိုးဖောက်သူဖြစ်၏။-
5 Et scitis quia ille apparuit ut peccata nostra tolleret: et peccatum in eo non est.
၅ခရစ်တော်သည်လူတို့၏အပြစ်များကိုဖြေလွှတ် တော်မူရန်ကြွလာတော်မူကြောင်းကိုသင်တို့သိ ကြ၏။ ကိုယ်တော်သည်အပြစ်ကင်းတော်မူသော အရှင်ဖြစ်တော်မူ၏။-
6 Omnis, qui in eo manet, non peccat: et omnis, qui peccat, non vidit eum, nec cognovit eum.
၆ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်းတည်နေသူ သည်အပြစ်မကူးတတ်။ အပြစ်ကူးတတ်သူ မူကားကိုယ်တော်ကိုမသိမမြင်ဘူးသူ ဖြစ်၏။
7 Filioli, nemo vos seducat. Qui facit iustitiam, iustus est: sicut et ille iustus est.
၇သားသမီးတို့၊ အဘယ်သူမျှသင်တို့အား မှောက်မှားလမ်းလွဲအောင်မပြုစေနှင့်။ ခရစ်တော် သည်ဖြောင့်မတ်တော်မူသကဲ့သို့ အမှန်တရားကို ကျင့်သုံးသူသည်လည်းဖြောင့်မတ်သူဖြစ်၏။-
8 Qui facit peccatum, ex diabolo est: quoniam ab initio diabolus peccat. In hoc apparuit Filius Dei, ut dissolvat opera diaboli.
၈အြုပစ်တရားကိုကျင့်သုံးသူသည်မာရ်နတ် ၏ဘက်သားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် မူလအစကတည်းကပင်လျှင် အပြစ်ကူးသူဖြစ်သောကြောင့်တည်း။ ဘုရား သခင်၏သားတော်ပေါ်ထွန်းတော်မူသည့် အကြောင်းမှာ မာရ်နတ်ပြုခဲ့သည့်အမှုကို ချေဖျက်ရန်ပင်ဖြစ်ပေသည်။
9 Omnis, qui natus est ex Deo, peccatum non facit: quoniam semen ipsius in eo manet, et non potest peccare, quoniam ex Deo natus est.
၉ဘုရားသခင်၏သားသမီးဖြစ်လာသူသည် အပြစ်မကူးတတ်။ အဘယ်ကြောင့်ဆိုသော်ထို သူ၌ဘုရားသခင်၏ဇာတိသဘောပါရှိ သောကြောင့်ဖြစ်၏။ သူသည်ဘုရားသခင်၏ သားသမီးဖြစ်သဖြင့်အပြစ်ဒုစရိုက် မပြုနိုင်။-
10 In hoc manifesti sunt filii Dei, et filii diaboli. Omnis qui non est iustus, non est ex Deo, et qui non diligit fratrem suum:
၁၀ဤနည်းအားဖြင့်ဘုရားသခင်၏သားသမီး များနှင့်မာရ်နတ်၏သားသမီးကွာခြားပုံကို သိရ၏။ အမှန်တရားကိုမကျင့်သုံးသူ၊ ညီ အစ်ကိုကိုမချစ်သူသည်ဘုရားသခင်၏ သားသမီးမဟုတ်။
11 quoniam haec est annunciatio, quam audistis ab initio, ut diligatis alterutrum.
၁၁``ငါတို့သည်အချင်းချင်းချစ်ရကြမည်'' ဟူ သောတရားတော်ကိုရှေးမဆွကပင်လျှင် သင်တို့ကြားနာခဲ့ရကြ၏။-
12 Non sicut Cain, qui ex maligno erat, et occidit fratrem suum. Et propter quid occidit eum? Quoniam opera eius maligna erant: fratris autem eius, iusta.
၁၂မာရ်နတ်၏ဘက်သားဖြစ်၍မိမိ၏ညီအာဗေလ ကိုသတ်သူကာဣနကဲ့သို့ ငါတို့မဖြစ်စေကြ နှင့်။ ကာဣနသည်မိမိ၏ညီကိုအဘယ်ကြောင့် သတ်သနည်း။ သူ၏အကျင့်သည်ဆိုးယုတ်၍ သူ့ ညီ၏အကျင့်မူကားဖြောင့်မှန်သောကြောင့် ဖြစ်၏။
13 Nolite mirari fratres, si odit vos mundus.
၁၃သို့ဖြစ်၍ညီအစ်ကိုတို့၊ လောကသားတို့သည် သင်တို့ကိုမုန်းကြလျှင်မအံ့သြကြနှင့်။-
14 Nos scimus quoniam translati sumus de morte ad vitam, quoniam diligimus fratres. Qui non diligit, manet in morte:
၁၄ငါတို့သည်မိမိတို့၏ညီအစ်ကိုများကိုချစ် သည့်အတွက်ကြောင့် သေခြင်းမှအသက်ရှင်ခြင်း သို့ကူးမြောက်ခဲ့ရကြကြောင်းကိုငါတို့သိ ကြ၏။ မိမိ၏ညီအစ်ကိုကိုမချစ်သောသူ သည်သူသေဘဝ၌ပင်ရှိနေသေး၏။-
15 omnis, qui odit fratrem suum, homicida est. Et scitis quoniam omnis homicida non habet vitam aeternam in semetipso manentem. (aiōnios )
၁၅မိမိ၏ညီအစ်ကိုကိုမုန်းသောသူသည်သူ သတ်သမားဖြစ်၏။ သူသတ်သမားသည် ထာဝရအသက်ကိုမရကြောင်းသင်တို့ သိကြ၏။- (aiōnios )
16 In hoc cognovimus charitatem Dei, quoniam ille animam suam pro nobis posuit: et nos debemus pro fratribus animas ponere.
၁၆ခရစ်တော်သည်ငါတို့အတွက်အသက်တော် ကိုစွန့်တော်မူသောကြောင့်မေတ္တာအကြောင်း ကိုငါတို့သိရကြ၏။ ငါတို့သည်လည်းမိမိ တို့၏ညီအစ်ကိုများအတွက်အသက်စွန့် သင့်ကြပေသည်။-
17 Qui habuerit substantiam huius mundi, et viderit fratrem suum necessitatem habere, et clauserit viscera sua ab eo: quomodo charitas Dei manet in eo?
၁၇လောကီစည်းစိမ်ဥစ္စာကြွယ်ဝသူဖြစ်ပါလျက် မိမိ၏ညီအစ်ကိုတစ်စုံတစ်ယောက်ချို့တဲ့မှု ကိုမြင်သောအခါ ကရုဏာစိတ်မရှိသူတွင် အဘယ်သို့လျှင်ဘုရားသခင်၏မေတ္တာတော် ကိန်းအောင်းနိုင်မည်နည်း။-
18 Filioli mei, non diligamus verbo, neque lingua, sed opere et veritate.
၁၈သားသမီးတို့၊ ငါတို့၏မေတ္တာသည်နှုတ်ဖျား ၌သာတည်သောမေတ္တာမဖြစ်သင့်။ လက်တွေ့အား ဖြင့်ဖော်ပြထားသောမေတ္တာစစ်မေတ္တာမှန်ဖြစ် ရမည်။
19 in hoc cognoscimus quoniam ex veritate sumus: et in conspectu eius suadebimus corda nostra.
၁၉သို့ဖြစ်၍ဤနည်းအားဖြင့်ငါတို့သည်သမ္မာ တရားနှင့်ဆိုင်သူများဖြစ်ကြောင်းသိရှိနိုင် မည်။ ဘုရားသခင်၏ရှေ့တော်မှောက်တွင်လည်း စိတ်ချခွင့်ကိုရရှိကြလိမ့်မည်။-
20 Quoniam si reprehenderit nos cor nostrum: maior est Deus corde nostro, et novit omnia.
၂၀မိမိတို့သြတ္တပ္ပစိတ်၏ပြစ်တင်ရှုတ်ချမှုကို ခံရသောအခါ၌လည်း ဘုရားသခင်သည် ငါတို့သြတ္တပ္ပစိတ်ထက်ကြီးမြတ်တော်မူ ကြောင်း၊ ကိုယ်တော်သည်အမှုအရာခပ်သိမ်း ကိုသိတော်မူကြောင်းငါတို့သိကြ၏။-
21 Charissimi, si cor nostrum non reprehenderit nos, fiduciam habemus ad Deum:
၂၁သို့ဖြစ်၍ချစ်ဆွေတို့၊ ငါတို့၏သြတ္တပ္ပစိတ် ကငါတို့အားပြစ်တင်ရှုတ်ချမှုမပြုလျှင် ငါတို့သည်ဘုရားသခင်ထံတော်၌ရဲဝံ့ ခွင့်ရရှိကြ၏။-
22 et quidquid petierimus, accipiemus ab eo: quoniam mandata eius custodimus, et ea, quae sunt placita coram eo, facimus.
၂၂ငါတို့သည်ကိုယ်တော်၏ပညတ်တော်တို့ကို စောင့်ထိန်းသူများ၊ ကိုယ်တော်နှစ်သက်တော် မူသောအမှုတို့ကိုပြုသူများဖြစ်သဖြင့် ငါတို့တောင်းလျှောက်သမျှသောအရာတို့ ကိုအထံတော်မှရရှိကြ၏။-
23 Et hoc est mandatum eius: Ut credamus in nomine Filii eius Iesu Christi: et diligamus alterutrum, sicut dedit mandatum nobis.
၂၃ကိုယ်တော်၏ပညတ်တော်ဟူမူကားငါတို့ သည်ဘုရားသခင်၏သားတော်ယေရှုခရစ် ကိုယုံကြည်ရကြမည်။ ထိုအရှင်မိန့်တော်မူ သည်အတိုင်း အချင်းချင်းတစ်ယောက်ကို တစ်ယောက်ချစ်ရကြမည်ဟူ၍ဖြစ်ပေသည်။-
24 Et qui servat mandata eius, in illo manet, et ipse in eo: et in hoc scimus quoniam manet in nobis de Spiritu, quem dedit nobis.
၂၄ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း သူသည် ဘုရားသခင်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်၍ ဘုရားသခင်သည်လည်းထိုသူနှင့်တစ်လုံး တစ်ဝတည်းဖြစ်တော်မူ၏။ ယင်းသို့ဖြစ်တော်မူ ကြောင်းကို ကိုယ်တော်ပေးသနားတော်မူသော ဝိညာဉ်တော်အားဖြင့်ငါတို့သိရကြ၏။