< Hebræos 5 >
1 Omnis namque Pontifex ex hominibus assumptus, pro hominibus constituitur in iis, quæ sunt ad Deum, ut offerat dona, et sacrificia pro peccatis:
၁ယဇ်ပုရောဟိတ်မင်းမည်သည်ကားအပြစ် ဖြေရာယဇ်နှင့် ပူဇော်သကာများကိုဆက်သ ရန်အတွက် လူတို့၏ကိုယ်စားဘုရားသခင် ၏အမှုတော်ကိုထမ်းဆောင်ရန် ရွေးချယ်ခန့် ထားခြင်းခံရသူဖြစ်၏။-
2 qui condolere possit iis, qui ignorant, et errant: quoniam et ipse circumdatus est infirmitate:
၂သူကိုယ်တိုင်၌ပင်လျှင်အားနည်းချက်အမျိုး မျိုးရှိသဖြင့် အသိပညာကင်းမဲ့၍မှားယွင်း သူတို့အားကိုယ်ချင်းစာတရားထားနိုင်၏။-
3 et propterea debet, quemadmodum pro populo, ita etiam et pro semetipso offerre pro peccatis.
၃သူကိုယ်တိုင်အားနည်းချက်ရှိသောကြောင့် အပြစ်ဖြေရာယဇ်ကိုလူတို့၏အတွက် သာမက မိမိ၏အတွက်လည်းဆက်သ ရပေသည်။-
4 Nec quisquam sumit sibi honorem, sed qui vocatur a Deo, tamquam Aaron.
၄အဘယ်သူမျှမိမိကိုယ်ကို ယဇ်ပုရောဟိတ် မင်းအဖြစ်ဖြင့်မခန့်ထားနိုင်။ ဘုရားသခင် သည်အာရုန်အား ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်ထားတော်မူသကဲ့သို့ ကိုယ်တော်၏ရွေး ကောက်ခန့်ထားခြင်းခံရမှသာလျှင် ယဇ် ပုရောဟိတ်မင်းဖြစ်နိုင်ပေသည်။
5 Sic et Christus non semetipsum clarificavit ut pontifex fieret: sed qui locutus est ad eum: Filius meus es tu, ego hodie genui te.
၅ထိုနည်းတူစွာခရစ်တော်သည်လည်းယဇ် ပုရောဟိတ်မင်း၏ဂုဏ်ပုဒ်ကို မိမိအလို အလျောက်ခံယူတော်မူသည်မဟုတ်။ ဘုရား သခင်ကကိုယ်တော်အား၊ ``သင်သည်ငါ၏သားဖြစ်၏။ ယနေ့ပင်လျှင် ငါသည်သင်၏အဖဖြစ်လာ၏'' ဟူ၍လည်းကောင်း၊
6 Quemadmodum et in alio loco dicit: Tu es sacerdos in æternum, secundum ordinem Melchisedech. (aiōn )
၆အခြားကျမ်းချက်တွင်လည်း ``သင်သည်မေလခိဇေဒက်၏အရိုက်အရာကို ဆက်ခံသူ ထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟူ၍လည်းကောင်းမိန့်တော်မူပေသည်။ (aiōn )
7 Qui in diebus carnis suæ preces, supplicationesque ad eum, qui possit illum salvum facere a morte cum clamore valido, et lacrymis offerens, exauditus est pro sua reverentia:
၇ခရစ်တော်သည်လူ့ဇာတိနှင့်သက်တော်ထင်ရှား ရှိစဉ်အခါက မိမိအားသေခြင်းမှကယ်တင် တော်မူနိုင်သောဘုရားသခင်၏ထံတော်သို့ ကြွေးကြော်ကာမျက်ရည်ကျလျက်ဆုတောင်း ပတ္ထနာပြုတော်မူ၏။ ဘုရားသခင်သည်လည်း ကိုယ်တော်၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပေသည်။ အဘယ်ကြောင့်ဆိုသော်ကိုယ် တော်သည်စိတ်နှလုံးနှိမ့်ချလျက် ဘုရား သခင်၏အလိုတော်ကိုဝန်ခံတော်မူသော ကြောင့်တည်း။-
8 Et quidem cum esset Filius Dei, didicit ex iis, quæ passus est, obedientiam:
၈ကိုယ်တော်သည်ဘုရားသခင်၏သားတော် ပင်ဖြစ်သော်လည်း ဆင်းရဲဒုက္ခများကိုခံခြင်း အားဖြင့်နာခံတတ်ရန်သင်ယူတော်မူ၏။-
9 et consummatus, factus est omnibus obtemperantibus sibi, causa salutis æternæ, (aiōnios )
၉ကိုယ်တော်သည်ပြီးပြည့်စုံလင်ခြင်းသို့ရောက် သောအခါ မိမိကိုနာခံသောသူအပေါင်း တို့၏ထာဝရကယ်တင်ခြင်းအရှင်ဖြစ် လာတော်မူ၍၊- (aiōnios )
10 appellatus a Deo pontifex iuxta ordinem Melchisedech.
၁၀ကိုယ်တော်အားမေလခိဇေဒက်၏အရိုက် အရာကိုဆက်ခံသူ ယဇ်ပုရောဟိတ်မင်းဟု အမည်နာမကိုဘုရားသခင်ပေးတော်မူ သတည်း။
11 De quo nobis grandis sermo, et ininterpretabilis ad dicendum: quoniam imbecilles facti estis ad audiendum.
၁၁ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ပြော ဆိုစရာများစွာရှိ၏။ သို့ရာတွင်သင်တို့သည် ဉာဏ်လေးသူများဖြစ်သဖြင့် သင်တို့အား ရှင်းလင်းဖော်ပြရန်ခက်ပေသည်။-
12 Etenim cum deberetis magistri esse propter tempus: rursum indigetis ut vos doceamini quæ sint elementa exordii sermonum Dei: et facti estis quibus lacte opus sit, non solido cibo.
၁၂သင်တို့သည်ယခုအချိန်အခါလောက်ဆိုလျှင် ဋ္ဌမ္မပညာပို့ချသူများဖြစ်သင့်ကြလေပြီ။ သို့ ရာတွင်သင်တို့အားဘုရားသခင်၏တရား တော်အခြေခံကို တစ်စုံတစ်ယောက်ကသင်ကြား ပေးရန်လိုနေသေးပါသည်တကား။ သင်တို့သည် မာသောအစားအစာကိုစားမည့်အစားနို့ ကိုသာလျှင်သောက်နေကြသေး၏။-
13 Omnis enim, qui lactis est particeps, expers est sermonis iustitiæ, parvulus enim est.
၁၃နို့ကိုသောက်သုံး၍အသက်ရှင်သူသည်နို့စို့ သူငယ်ဖြစ်၍ အမှန်နှင့်အမှားကိုကိုယ်တွေ့ သိရှိနားလည်သူမဟုတ်။-
14 Perfectorum autem est solidus cibus: eorum, qui pro consuetudine exercitatos habent sensus ad discretionem boni ac mali.
၁၄မာသောအစားအစာသည်ကားအရွယ်ရောက် ပြီးသူတို့အတွက်ဖြစ်၏။ သူတို့သည်လေ့ကျင့် မှုအားဖြင့် အကောင်းနှင့်အဆိုးကိုပိုင်းခြားသိ ရှိသူများဖြစ်ကြ၏။