< I Regum 1 >

1 Et rex David senuerat, habebatque ætatis plurimos dies: cumque operiretur vestibus, non calefiebat.
ဒါဝိဒ် မင်းကြီး သည် အသက် ကြီးရင့်၍ အို သောအခါ အဝတ် ခြုံ ၍ မ နွေး နိုင်။
2 Dixerunt ergo ei servi sui: Quæramus domino nostro regi adolescentulam virginem, et stet coram rege, et foveat eum, dormiatque in sinu suo, et calefaciat dominum nostrum regem.
သို့ဖြစ်၍ ကျွန် တို့က၊ အသက် ပျိုသော ကညာ ကို အရှင် မင်းကြီး အဘို့ ရှာ ပါရစေ။ သူသည်မင်းကြီး ကို ခစား ၍ ပြုစုပါစေ။ အရှင် မင်းကြီး ကို နွေး စေခြင်းငှါရင်ခွင် တော်၌ အိပ် ပါစေဟုလျှောက် ကြ၏။
3 Quæsierunt igitur adolescentulam speciosam in omnibus finibus Israel, et invenerunt Abisag Sunamitidem, et adduxerunt eam ad regem.
ထိုသို့နှင့်အညီအဆင်း လှသောအပျိုမ ကို ဣသရေလ ပြည် တရှောက်လုံး တွင် ရှာ ၍ ၊ ရှုနင် မြို့သူအဘိရှက် ကို တွေ့ သဖြင့် အထံတော်သို့ ဆောင် ခဲ့ကြ၏။
4 Erat autem puella pulchra nimis, dormiebatque cum rege, et ministrabat ei, rex vero non cognovit eam.
ထိုမိန်းမ သည် အလွန် အဆင်းလှ ၏။ ရှင်ဘုရင် ကို လည်း လုပ်ကျွေး ပြုစု လေ၏။ သို့ရာတွင် ရှင်ဘုရင် သိမ်း တော်မ မူ။
5 Adonias autem filius Haggith elevabatur, dicens: Ego regnabo. Fecitque sibi currus et equites, et quinquaginta viros, qui currerent ante eum.
ထိုနောက် ဟဂ္ဂိတ် သား အဒေါနိယ သည် ရှင် ဘုရင် လုပ်မည်ဟု အကြံရှိလျက်၊ ကိုယ်ကိုချီးမြှောက် ၍ ရထား များနှင့် မြင်း များကို၎င်း ၊ မိမိ ရှေ့ ၌ပြေး ရသောလူ ငါး ဆယ်ကို၎င်း၊ ပြင်ဆင် လေ၏။
6 Nec corripuit eum pater suus aliquando, dicens: Quare hoc fecisti? Erat autem et ipse pulcher valde, secundus natu post Absalom.
ခမည်းတော် က၊ သင်သည် အဘယ်ကြောင့် ဤသို့ ပြု သနည်းဟု သူ့စိတ်နာ အောင် တခါမျှမ ပြောစဖူး။ ထိုသူ သည် အဆင်း လည်း အလွန် လှ၏။
7 Et sermo ei cum Ioab filio Sarviæ, et cum Abiathar sacerdote, qui adiuvabant partes Adoniæ.
အဗရှလုံ ညီ လည်း ဖြစ်၏။ သူသည်ဇေရုယာ သား ယွာဘ ၊ ယဇ်ပုရောဟိတ် အဗျာသာ နှင့် တိုင်ပင်၍ သူတို့သည် အဒေါနိယ ဘက် မှာ နေကြ၏။
8 Sadoc vero sacerdos, et Banaias filius Ioiadæ, et Nathan propheta, et Semei et Rei, et robur exercitus David non erat cum Adonia.
ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ယောယဒ သား ဗေနာယ ၊ ပရောဖက် နာသန် ၊ ရှိမိ ၊ ရေဣ အစရှိသော ဒါဝိဒ် ၏ မှူးကြီး မတ်ကြီးများမူကား ၊ အဒေါနိယ ဘက်သို့ မ ဝင်ကြ။
9 Immolatis ergo Adonias arietibus et vitulis, et universis pinguibus iuxta Lapidem zoheleth, qui erat vicinus Fonti rogel, vocavit universos fratres suos filios regis, et omnes viros Iuda servos regis.
အဒေါနိယ သည် အင်္ရောဂေလ မြို့နယ်အတွင်း ၊ ဇောဟေလက်ကျောက်နား မှာ သိုး ၊ နွား မှစ၍ဆူဖြိုး သော အကောင်တို့ကိုသတ် ပြီးလျှင် ၊ ရှင်ဘုရင် သား မိမိ ညီ များနှင့် ရှင်ဘုရင် ၏ ကျွန် ယုဒ လူ များအပေါင်း တို့ကို ခေါ်ဘိတ် လေ၏။
10 Nathan autem prophetam, et Banaiam, et robustos quosque, et Salomonem fratrem suum non vocavit.
၁၀ပရောဖက် နာသန် ၊ ဗေနာယ ၊ မှူးကြီး မတ်ကြီးမှစသောညီ ရှောလမုန် ကိုကား မ ခေါ် မဘိတ်။
11 Dixit itaque Nathan ad Bethsabee matrem Salomonis: Num audisti, quod regnaverit Adonias filius Haggith, et dominus noster David hoc ignorat?
၁၁ထိုအခါ နာသန် သည် ရှောလမုန် အမိ ဗာသရှေဘ ထံသို့ သွား၍၊ ဟဂ္ဂိတ် ၏သား အဒေါနိယ သည် ရှင် ဘုရင်လုပ်ကြောင်း ကို ကြား ပြီ လော။ တို့ အရှင် ဒါဝိဒ် သည် မ သိ ပါတကား။
12 Nunc ergo veni, accipe consilium a me, et salva animam tuam, filiique tui Salomonis.
၁၂ယခု မှာသင် ၏ အသက် နှင့် ရှောလမုန် ၏ အသက် ကို ချမ်းသာ စေခြင်းငှါကျွန်ုပ်သည် အကြံ ပေးပါရစေ။
13 Vade, et ingredere ad regem David, et dic ei: Nonne tu domine mi rex iurasti mihi ancillæ tuæ, dicens: Salomon filius tuus regnabit post me, et ipse sedebit in solio meo? quare ergo regnat Adonias?
၁၃ဒါဝိဒ် မင်းကြီး ထံ တော်သို့ဝင် ၍ ၊ အိုအရှင် မင်းကြီး ၊ ကိုယ်တော် က သင် ၏သား ရှောလမုန် သည် ငါ့ အရာ ၌ စိုးစံ ၍ နန်း ထိုင် ရမည်ဟု ကိုယ်တော် ကျွန် မအား ကျိန်ဆို တော်မူပြီမ ဟုတ်လော။ သို့ဖြစ်လျှင် အဒေါနိယ သည် အဘယ်ကြောင့် စိုးစံ ရပါသနည်းဟု လျှောက် လော့။
14 Et adhuc ibi te loquente cum rege, ego veniam post te, et complebo sermones tuos.
၁၄ထိုသို့အထံတော်၌ လျှောက် စဉ် တွင်၊ ကျွန်ုပ် ဝင် ၍ သင် ၏စကား ကိုထောက်မ မည်ဟု အကြံပေးသည် အတိုင်း၊
15 Ingressa est itaque Bethsabee ad regem in cubiculum: rex autem senuerat nimis, et Abisag Sunamitis ministrabat ei.
၁၅ဗာသရှေဘ သည်ရှင်ဘုရင် ရှိ ရာ အခန်း ထဲသို့ ဝင် လေ၏။ ရှင် ဘုရင်သည်အလွန် အို ၍ ရှုနင် မြို့သူအဘိရှက် သည် လုပ်ကျွေး လျက်နေ၏။
16 inclinavit se Bethsabee, et adoravit regem. Ad quam rex, Quid tibi, inquit, vis?
၁၆ဗာသရှေဘ သည်ဦးချ ၍ ရှင်ဘုရင် အား ရှိခိုး လျှင် ၊ ရှင်ဘုရင် က အဘယ် အလိုရှိသနည်းဟုမေး တော်မူ၏။
17 Quæ respondens, ait: Domine mi, tu iurasti per Dominum Deum tuum ancillæ tuæ, Salomon filius tuus regnabit post me, et ipse sedebit in solio meo.
၁၇ဗာသရှေဘကလည်း၊ ကျွန်မ သခင် ၊ ကိုယ်တော် က သင် ၏သား ရှောလမုန် သည်ငါ့ အရာ ၌ စိုးစံ ၍ နန်း ထိုင် ရမည်ဟု ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ကို တိုင်တည် ၍ ကိုယ်တော် ကျွန် မအား ကျိန်ဆိုတော်မူပြီ။
18 Et ecce nunc Adonias regnat, te, domine mi rex, ignorante.
၁၈ယခု မှာ အဒေါနိယ သည်စိုးစံ ပါ၏။ ကိုယ်တော်အရှင် မင်းကြီး လည်း သိ တော်မ မူ။
19 Mactavit boves, et pinguia quæque, et arietes plurimos, et vocavit omnes filios regis, Abiathar quoque sacerdotem, et Ioab principem militiæ: Salomonem autem servum tuum non vocavit.
၁၉အဒေါနိယသည် သိုး နွား မှစ၍ဆူဖြိုး သော အကောင်များ တို့ကို သတ် ပြီးလျှင် ၊ မင်းကြီး ၏ သား တော်အပေါင်း တို့နှင့်တကွ ယဇ်ပုရောဟိတ် အဗျာသာ ၊ ဗိုလ်ချုပ် မင်းယွာဘ တို့ကို ခေါ်ဘိတ် ပါ၏။ ကိုယ်တော် ကျွန် ရှောလမုန် ကို ကား မ ခေါ် မဘိတ်ပါ။
20 Verumtamen domine mi rex, in te oculi respiciunt totius Israel, ut indices eis, quis sedere debeat in solio tuo domine mi rex post te.
၂၀အိုအရှင် မင်းကြီး ၊ ကျွန်မ အရှင် မင်းကြီး ၏ အရာ ၌စိုးစံ၍ အဘယ်သူ သည် နန်း ထိုင် ရမည်ကို မိန့် တော်မူမည်ဟု ဣသရေလ အမျိုးသားအပေါင်း တို့သည် ကိုယ်တော်ကို မြော်ကြည့်လျက်နေကြပါ၏။
21 Eritque cum dormierit dominus meus rex cum patribus suis, erimus ego et filius meus Salomon peccatores.
၂၁သို့မဟုတ် ကျွန်မ အရှင် မင်းကြီး သည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက် တော်မူသောအခါ ၊ ကျွန်တော်မ နှင့် သား ရှောလမုန် သည် ရာဇဝတ် ခံရသောသူဖြစ် ပါလိမ့်မည်ဟု လျှောက်လေ၏။
22 Adhuc illa loquente cum rege, Nathan propheta venit.
၂၂ထိုသို့ အထံတော်၌ လျှောက် စဉ် တွင်၊ ပရောဖက် နာသန် သည် ဝင် လျှင် ပရောဖက် နာသန် လာပါသည်ဟု လျှောက် ကြ၏။
23 Et nunciaverunt regi, dicentes: Adest Nathan propheta. Cumque introisset in conspectu regis, et adorasset eum pronus in terram,
၂၃နာသန်သည်လည်း ရှေ့ တော်သို့ ရောက် သောအခါ ဦးချ ပြပ်ဝပ်လျက်၊
24 dixit Nathan: Domine mi rex, tu dixisti: Adonias regnet post me, et ipse sedeat super thronum meum?
၂၄အိုအရှင် မင်းကြီး ၊ ကိုယ်တော် က ငါ့ အရာ ၌ အဒေါနိယ စိုးစံ ၍ နန်း ထိုင် ရမည်ဟု မိန့် တော်မူသလော။
25 Quia descendit hodie, et immolavit boves, et pinguia, et arietes plurimos, et vocavit universos filios regis et principes exercitus, Abiathar quoque sacerdotem: illisque vescentibus, et bibentibus coram eo, et dicentibus: Vivat rex Adonias:
၂၅သူသည် ယနေ့ ဆင်း သွား၍ ၊ ဆူဖြိုး သော သိုး နွား များ တို့ကို သတ် ပြီးလျှင် မင်းကြီး ၏သား တော်အပေါင်း တို့ကို ၎င်း၊ ဗိုလ် များနှင့် ယဇ်ပုရောဟိတ် အဗျာသာ ကို ၎င်း ခေါ်ဘိတ် ပါပြီ။ သူ တို့သည် အဒေါနိယရှေ့ မှာ စား သောက် လျက် ၊ အဒေါနိယ မင်းကြီး သည် အသက် တော်ရှင်စေသတည်းဟု ကြွေးကြော် လျက် ယခုရှိကြပါ၏။
26 Me servum tuum, et Sadoc sacerdotem, et Banaiam filium Ioiadæ, et Salomonem famulum tuum non vocavit.
၂၆ကိုယ်တော် ကျွန် အကျွန်ုပ် ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ယောယဒ သား ဗေနာယ ၊ ကိုယ်တော် ကျွန် ရှောလမုန် တို့ကို ကား မ ခေါ် မဘိတ်ပါ။
27 Numquid a domino meo rege exivit hoc verbum, et mihi non indicasti servo tuo quis sessurus esset super thronum domini mei regis post eum?
၂၇အရှင် မင်းကြီး ၏အရာ ၌ အဘယ်သူ နန်း ထိုင် ရမည်ကို ကိုယ်တော် ကျွန် အားပြ တော်မ မူဘဲ ဤ အမှု ကို အရှင် မင်းကြီး စီရင် တော်မူပြီလောဟု လျှောက်လေ၏။
28 Et respondit rex David, dicens: Vocate ad me Bethsabee. Quæ cum fuisset ingressa coram rege, et stetisset ante eum,
၂၈ထိုအခါ ဒါဝိဒ် မင်းကြီး က၊ ဗာသရှေဘ ကို ခေါ် ခဲ့ ပါဟု မိန့် တော်မူသည်အတိုင်း ၊ ဗာသရှေဘသည်လာ ၍ ရှေ့ တော်၌ ရပ် နေ၏။
29 iuravit rex, et ait: Vivit Dominus, qui eruit animam meam de omni angustia,
၂၉ရှင်ဘုရင် ကလည်း၊ ငါ့ အသက် ဝိညာဉ်ကို ခပ်သိမ်း သော ဒုက္ခ ထဲက ကယ်နှုတ် တော်မူသော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊
30 quia sicut iuravi tibi per Dominum Deum Israel, dicens: Salomon filius tuus regnabit post me, et ipse sedebit super solium meum pro me: sic faciam hodie.
၃၀သင် ၏သား ရှောလမုန် သည် ငါ့ အရာ ၌စိုးစံ ၍ ငါ့ ကိုယ်စား နန်း ထိုင် ရမည်ဟု ဣသရေလ အမျိုး၏ ဘုရား သခင် ထာဝရဘုရား ကို ငါတိုင်တည် ၍ သင့် အား ကျိန်ဆိုသည် နှင့်အညီ ယနေ့ ငါပြု မည်ဟု တဖန်ကျိန်ဆို တော်မူ၏။
31 Summissoque Bethsabee in terram vultu, adoravit regem, dicens: Vivat dominus meus David in æternum.
၃၁ဗာသရှေဘ သည် ဦးချ ပြပ်ဝပ်လျက် ၊ ရှင်ဘုရင် အား ရှိခိုး လျက် ၊ အရှင် ဒါဝိဒ် မင်းကြီး သည် အသက် တော် အစဉ်အမြဲ ရှင်စေသတည်းဟု မြွက်ဆို ၏။
32 Dixit quoque rex David: Vocate mihi Sadoc sacerdotem, et Nathan prophetam, et Banaiam filium Ioiadæ. Qui cum ingressi fuissent coram rege,
၃၂ဒါဝိဒ် မင်းကြီး ကလည်း ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ပရောဖက် နာသန် ၊ ယောယဒ သား ဗေနာယ တို့ကို ခေါ် ခဲ့ပါဟု မိန့် တော်မူသည်အတိုင်း ၊ သူတို့သည် ရှေ့ တော်သို့ ဝင် လာကြ၏။
33 dixit ad eos: Tollite vobiscum servos domini vestri, et imponite Salomonem filium meum super mulam meam: et ducite eum in Gihon.
၃၃ရှင်ဘုရင် ကလည်း ၊ သင် တို့အရှင် ၏ ကျွန် များကို ခေါ်၍ ငါ သား ရှောလမုန် ကို ငါ ၏မြင်းလား တော်ပေါ် မှာ စီး စေလျက် ၊ ဂိဟုန် မြို့သို့ ဆောင် သွားကြလော့။
34 et ungat eum ibi Sadoc sacerdos, et Nathan propheta in regem super Israel: et canetis buccina, atque dicetis: Vivat rex Salomon.
၃၄ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် ပရောဖက် နာသန် သည် ထို မြို့မှာ ဘိသိက် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ပြီးလျှင်၊ တံပိုး မှုတ် ၍ ရှောလမုန် မင်းကြီး သည် အသက် တော်ရှင်စေသတည်းဟု ကြွေးကြော် ကြလော့။
35 Et ascendetis post eum, et veniet, et sedebit super solium meum, et ipse regnabit pro me: illique præcipiam ut sit dux super Israel, et super Iudam.
၃၅ထိုနောက် သင်တို့လိုက် လျက် ငါ့သားသည်လာ ၍ နန်း ထိုင် ရမည်။ ငါ့ ကိုယ်စား ရှင် ဘုရင်ဖြစ်ရမည်။ ထိုသူ ကို ဣသရေလ မင်း ၊ ယုဒ မင်းအရာ၌ ငါခန့် ထားသည်ဟု မိန့် တော်မူ၏။
36 Et respondit Banaias filius Ioiadæ, regi, dicens: Amen: sic loquatur Dominus Deus domini mei regis.
၃၆ယောယဒ သား ဗေနာယ က အာမင်။ အရှင် မင်းကြီး ကိုးကွယ်သော ဘုရား သခင်ထာဝရဘုရား သည် လည်း ထိုသို့မိန့် တော်မူပါစေသော။
37 Quomodo fuit Dominus cum domino meo rege, sic sit cum Salomone, et sublimius faciat solium eius a solio domini mei regis David.
၃၇ထာဝရဘုရား သည် အရှင် မင်းကြီး ဘက် မှာ ရှိ တော်မူသည်နည်းတူ ရှောလမုန် ဘက် မှာ ရှိ တော်မူပါစေသော။ အရှင် မင်းကြီး ဒါဝိဒ် ၏ ရာဇပလ္လင် ထက် သား တော်၏ ရာဇပလ္လင် သည်သာ၍ဘုန်းကြီး မည် အကြောင်းစီရင်တော်မူပါစေသောဟု ရှင်ဘုရင် ကို ပြန်လျှောက် လေ၏။
38 Descendit ergo Sadoc sacerdos, et Nathan propheta, et Banaias filius Ioiadæ, et Cerethi, et Phelethi: et imposuerunt Salomonem super mulam regis David, et adduxerunt eum in Gihon.
၃၈ထိုအခါ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ပရောဖက် နာသန် ၊ ယောယဒ သား ဗေနာယ ၊ ခေရသိ လူ၊ ပေလသိ လူတို့သည် ထွက် ၍ ရှောလမုန် ကို ဒါဝိဒ် မင်းကြီး ၏ မြင်းလား ပေါ် မှာ စီး စေလျက် ဂိဟုန် မြို့သို့ ဆောင် သွားကြ၏။
39 Sumpsitque Sadoc sacerdos cornu olei de tabernaculo, et unxit Salomonem: et cecinerunt buccina, et dixit omnis populus: Vivat rex Salomon.
၃၉ယဇ်ပုရောဟိတ် ဇာဒုတ် သည် တဲ တော်ထဲက ဆီ ဘူး ကိုယူ ၍ ရှောလမုန် ကိုဘိသိက် ပေးပြီးမှ ၊ သူတို့သည် တံပိုး မှုတ် ၍ ၊ ရှောလမုန် မင်းကြီး သည် အသက် တော်ရှင် စေသတည်းဟု လူ အပေါင်း တို့သည် ဟစ်ကြော် ကြ၏။
40 Et ascendit universa multitudo post eum, et populus canentium tibiis, et lætantium gaudio magno, et insonuit terra a clamore eorum.
၄၀လူ အပေါင်း တို့သည် တီးမှုတ် လျက် နောက် တော်သို့လိုက် ၍၊ မြေကြီး ကွဲ မတတ်ရှိသည်တိုင်အောင် အလွန် ဝမ်းမြောက် သောအသံ ကို ပြုကြ၏။
41 Audivit autem Adonias, et omnes, qui invitati fuerant ab eo, iamque convivium finitum erat: sed et Ioab, audita voce tubæ, ait: Quid sibi vult clamor civitatis tumultuantis?
၄၁အဒေါနိယ နှင့် သူ ၏အပေါင်းအဘော်တို့သည် စားသောက် ပွဲ ပြီး သောအခါ ထိုအသံကို ကြား ကြ၏။ တံပိုး မှုတ်သံ ကိုယွာဘ ကြား လျှင် ၊ တမြို့လုံး အုတ်အုတ်ကျက်ကျက် ပြုသံ ကား၊ အဘယ်သို့ နည်းဟုမေး စဉ် ပင်၊
42 Adhuc illo loquente, Ionathas filius Abiathar sacerdotis venit: cui dixit Adonias: Ingredere, quia vir fortis es, et bona nuncians.
၄၂ယဇ်ပုရောဟိတ် အဗျာသာ ၏သား ယောနသန် သည်လာ လျှင် ၊ အဒေါနိယ ကဝင် ပါ။ သင် သည် လူ ကောင်းဖြစ်၍ ၊ ကောင်း သောသိတင်း ကို ကြားပြောလိမ့်မည်ဟု ဆိုလျှင်၊
43 Responditque Ionathas Adoniæ: Nequaquam: Dominus enim noster rex David regem constituit Salomonem:
၄၃ယောနသန် က၊ အကယ်စင်စစ်ငါ တို့အရှင် ဒါဝိဒ် မင်းကြီး သည် ရှောလမုန် ကို ရှင် ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။
44 misitque cum eo Sadoc sacerdotem, et Nathan prophetam, et Banaiam filium Ioiadæ, et Cerethi, et Phelethi, et imposuerunt eum super mulam regis.
၄၄ရှင် ဘုရင်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ပရောဖက် နာသန် ၊ ယောယဒ သား ဗေနာယ ၊ ခေရသိ လူ၊ ပေလသိ လူတို့ကို ရှောလမုန် နှင့်အတူ စေလွှတ် တော်မူ၍ မြင်းလား တော်ပေါ် မှာ စီး စေကြပါပြီ။
45 Unxeruntque eum Sadoc sacerdos, et Nathan propheta regem in Gihon: et ascenderunt inde lætantes, et insonuit civitas: hæc est vox, quam audistis.
၄၅ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် ပရောဖက် နာသန် တို့သည် ရှောလမုန်ကို ဂိဟုန် မြို့၌ ရာဇ ဘိသိက်ပေးပါပြီ။ ထို မြို့မှ ဝမ်းမြောက် စွာ လာ ပြန်၍ ၊ တမြို့လုံး အုတ်အုတ်ကျက်ကျက် သောအသံ ကို ကိုယ်တော်ကြား ရပါ၏။
46 Sed et Salomon sedet super solium regni.
၄၆ရှောလမုန် သည်လည်း ရာဇ ပလ္လင်တော်ပေါ် မှာ ထိုင် ပါ၏။
47 Et ingressi servi regis benedixerunt domino nostro regi David, dicentes: Amplificet Deus nomen Salomonis super nomen tuum, et magnificet thronus eius super thronum tuum. Et adoravit rex in lectulo suo:
၄၇ရှင်ဘုရင် ၏ ကျွန် တို့သည်လည်း တို့ အရှင် ဒါဝိဒ် မင်းကြီး ကို ကောင်းကြီး ပေးခြင်းငှါ သွား ၍ ဘုရား သခင် သည် ရှောလမုန် ၏နာမ ကိုခမည်းတော်၏နာမ ထက် သာ၍ချီးမြှောက် တော်မူပါစေသော။ သူ ၏ရာဇ ပလ္လင် ကို ခမည်းတော်၏ ရာဇ ပလ္လင်ထက် သာ၍ဘုန်းကြီး မည်အကြောင်းစီရင်တော်မူပါစေသောဟု လျှောက်လျှင်၊ ရှင် ဘုရင်သည် သာလွန် တော်ပေါ် မှာ ဦးချ လျက်၊
48 et locutus est: Benedictus Dominus Deus Israel, qui dedit hodie sedentem in solio meo, videntibus oculis meis.
၄၈ငါသည် ကိုယ် မျက်စိ နှင့်မြင် စေခြင်းငှါ၊ ငါ့ နန်း ပေါ် မှာ ထိုင် ရသောသူကို ယနေ့ ပေး သနားတော်မူသော ဣသရေလ အမျိုး၏ရှင်ဘုရင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်းဟု မိန့်တော်မူကြောင်းကို အဒေါနိယ အား ပြန်လျှောက် လေ၏။
49 Territi sunt ergo, et surrexerunt omnes, qui invitati fuerant ab Adonia, et ivit unusquisque in viam suam.
၄၉ထိုအခါ အဒေါနိယ နှင့် ပေါင်းဘော် သော သူအပေါင်း တို့သည် ကြောက်ရွံ့ သဖြင့် ထ ၍ တယောက် တခြားစီ သွား ကြ၏။
50 Adonias autem timens Salomonem, surrexit, et abiit, tenuitque cornu altaris.
၅၀အဒေါနိယ သည်လည်း ရှောလမုန် ကို ကြောက် သဖြင့် ထ သွား ၍ ယဇ် ပလ္လင်ဦးချို တို့ကို ကိုင် လျက်နေ၏။
51 Et nunciaverunt Salomoni, dicentes: Ecce Adonias timens regem Salomonem, tenuit cornu altaris, dicens: Iuret mihi rex Salomon hodie, quod non interficiat servum suum gladio.
၅၁အဒေါနိယ သည် ရှောလမုန် မင်းကြီး ကို ကြောက် ၍ ယဇ် ပလ္လင်ဦးချို တို့ကို ကိုင် လျက်၊ ရှောလမုန် မင်းကြီး သည် ကျွန်တော် ကို မ ကွပ်မျက် မည်အကြောင်းယနေ့ ကျိန်ဆို တော်မူပါစေဟုဆို ကြောင်းကို ရှောလမုန် အား လျှောက် လေသော်၊
52 Dixitque Salomon: Si fuerit vir bonus, non cadet ne unus quidem capillus eius in terram: sin autem malum inventum fuerit in eo, morietur.
၅၂ရှောလမုန် က၊ သူသည်လူ ကောင်း ဖြစ် လျှင် ၊ ဆံခြည် တပင်မျှ မြေ သို့ မ ကျ ရ။ အပြစ် ရှိ လျှင် အသေခံ ရမည် ဟု အမိန့် တော်ရှိ၍၊
53 Misit ergo rex Salomon, et eduxit eum ab altari: et ingressus adoravit regem Salomonem: dixitque ei Salomon: Vade in domum tuam.
၅၃လူကိုစေလွှတ် သဖြင့် ၊ အဒေါနိယကို ယဇ် ပလ္လင်မှ ခေါ် ခဲ့သည်အတိုင်း ၊ သူသည်လာ ၍ ရှောလမုန် မင်းကြီး ရှေ့ မှာ ဦးချ လေ၏။ ရှောလမုန် ကလည်း ၊ သင့် အိမ် သို့ သွား လော့ဟု မိန့် တော်မူ၏။

< I Regum 1 >