< Psalmorum 100 >

1 Psalmus in confessione.
မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။
2 Iubilate Deo omnis terra: servite Domino in lætitia. Introite in conspectu eius, in exultatione.
ထာဝရဘုရား၏ အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့။ ရွှင်လန်းစွာ သီချင်းဆိုလျက်၊ အထံတော်သို့ ဝင်ကြလော့။
3 Scitote quoniam Dominus ipse est Deus: ipse fecit nos, et non ipsi nos: Populus eius, et oves pascuæ eius:
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ သည်ဟု သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏အရှင် ဖြစ်တော်မူ၏။ ငါတို့ သည်လည်း၊ ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသော သိုးစုလည်း ဖြစ်ကြ၏။
4 introite portas eius in confessione, atria eius in hymnis: confitemini illi. Laudate nomen eius:
ကျေးဇူးတော် ကြီးပါသည်ဟု ဝန်ခံလျက်၊ တံခါး တော်တို့ကို၎င်း၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တန်တိုင်း တော်တို့ကို၎င်း ဝင်ကြလော့။ ကျေးဇူး တော်ကိုချီးမွမ်း၍ နာမတော်ကို ကောင်းကြီးပေးကြလော့။
5 quoniam suavis est Dominus, in æternum misericordia eius, et usque in generationem et generationem veritas eius.
အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်း မြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲရှိ၍၊ သစ္စာတော်သည် ကာလအဆက်ဆက် တည်လေ သတည်း။

< Psalmorum 100 >